View Point Hotel 1 Aungban

View Point Hotel 1 Aungban ရှုခင်းသာ​ဟော်တယ် (၁) မှ ​နွေး​ထွေးပျူငှာစွာကြိုဆိုပါတယ်

29ရတနာ​ရွှေဆိုင်မှာ view point hotel မှ ယ​နေ့ထပ်ပြီး ဝယ်ယူအား​ပေးဖြစ်တဲ့ ပစ္စည်း​လေးပါရှင့်🎉
04/12/2024

29ရတနာ​ရွှေဆိုင်မှာ view point hotel မှ ယ​နေ့ထပ်ပြီး ဝယ်ယူအား​ပေးဖြစ်တဲ့ ပစ္စည်း​လေးပါရှင့်🎉

29ရတနာ​ရွှေဆိုင်မှာ view point hotel မှ ယ​နေ့ဝယ်ယူအား​ပေးဖြစ်တဲ့ ပစ္စည်း​လေးပါရှင့်29 ရတနာအ​ရောင်းပြပွဲကို 1.12.2024 မှ ...
01/12/2024

29ရတနာ​ရွှေဆိုင်မှာ view point hotel မှ ယ​နေ့ဝယ်ယူအား​ပေးဖြစ်တဲ့ ပစ္စည်း​လေးပါရှင့်
29 ရတနာအ​ရောင်းပြပွဲကို 1.12.2024 မှ 5.12.2024 ထိ view point hotel(1)တွင်ဆက်လက်​ရောင်းချသွားမှာဖြစ်လို့ ရတနာချစ်သူများမှ လာ​ရောက်အား​ပေးကြဖို့ ဖိတ်​ခေါ်ပါတယ်ရှင်🥰

 #တောင်ကြီးတန်ဆောင်တိုင်ညလည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်) #ဒီနှစ်ပွဲတော်ရက် စောပါတယ်Nov 21 ရက်ကနေ 27 ရ...
29/10/2023

#တောင်ကြီးတန်ဆောင်တိုင်ညလည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)

#ဒီနှစ်ပွဲတော်ရက် စောပါတယ်
Nov 21 ရက်ကနေ 27 ရက်အထိပါ

(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။ ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာများ ယူသွားနိုင်ပါသည်။ ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။

(2) ဆိုင်ခန်းခ စျေးကြီးသောကြောင့် ပွဲတော်ထဲက ဆိုင်လေးတွေတော့ ဈေးအနည်းငယ်များပါတယ်နော် ။ ပွဲလည်ပြီးတာနဲ ညစျေးမှာ ဝင်စားလို့ရပါတယ် ညလုံးပေါက်ဖွင့်ပါတယ်။

(2) ရာသီဥတုအေးတာကြောင့် မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင် ပို၍သင့်တော်ပါမည်။ မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။ ခါးပတ်နိူက် သတိပြုပါ။ မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။ တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။ စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့် ညမီးကြီး(မီးရူးမီးပန်း) အမြိုးအစားတှကေ ညလွှတ်များဖြစ်သည်။

(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ စောစော ပွဲခင်းသို့ သွားသင့်သည်။ ၆ နာရီ ၇ နာရီခန့် ။ ဖွင့်ပွဲနေ့တွင် 3 နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။ အဖိတ်နေ့နဲလပြည့်နေ့ကားနဲသွားမယ်ဆို နေ့လည် ၁၂နာရီလောက်ကတည်းကသွားမှ အဆင်ပြေပါ့မယ်(နောက်ကျရင်မိုးလင်းသွားမယ် ကွင်းထဲမရောက်ဘူးဖြစ်မယ်) ။ တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့ အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ) လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။

(4) ပွဲစျေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။ ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။ လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။ သွားမှရသည်။

(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင် သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။) အိပ်နေသူများအား နိုးပါ သတိရှိပါ။ ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။ ကျောပေးပြီး လျှောက်မပြေးပါနှင့်။(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး:D)။ မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။ စိန်နပန်းမီးပုံးပျံက တော့ အန္တရယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။

(6) အပျော်တမ်းလောင်းကစားဝိုင်းတွေရှိပါတယ် အပျော်တမ်း ဆော့ရုံသာကောင်းပါတယ်။ လောင်းကစား အစား ဒေသအစားအစာများ၊ အဝတ်အထည်များ၊ စျေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သော ဒေသအား အထောက်အကူပြုပါစေ။

(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့် ကြုံဖူးမှ သိလိမ့်မယ် တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။ လူများပါက ဦးဆောင်သူ လူတလောက်အား မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ (သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုံးတွဲခြင်းများလုပ်ပါ။ (ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)

(8) တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။ ပခုံးမတိုက်မိပါစေနှင့် ။အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။ပြဿနာ လာရှာပါက ရှောင်ပါ။ သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။

(9) အစားလျော့စားပါ။ ရေလျော့သောက်ပါ။မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။ ဝေးလံသည်။ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။ မသောက်လျှင်အကောင်းဆုံးပေါ့။

(10) မီးပုံးပျံ အဖွဲ့များအားမသိလျှင် ဝင်မရောပါနှင့်။ လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ ယမ်းခွေကား အနီး မကပ်ပါနှင့်။ မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။ ကြိုးကွင်းထဲ မဝင်ပါနှင့် ၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။ တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။ စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။ မိမိနှင့် မသက်ဆိုင်တဲ့ ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။

(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ၅လ ခန့်အချိန်ယူရသည်။ ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။ လူကော စိတ်ပါပင်ပန်းရပြီ အသက်အန္တရယ်များလှသည်။ စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ အမှားမခံ ကြပါဘူး။ တခုခုဖြစ်ခဲ့သော် ၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။

(13) သူတို့မီး တစ်ခုခု ဖြစ်လို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန် က တာတို့ စောင်းမြောင်းပြောတာတို့ မြောက်ကြွ မြောက်ကြွ လုပ်တာတို့ သွားမလုပ်ပါနဲ ပျားအုပ်ကို တုတ်နဲထိုးသလိုဖြစ်ပြီး ဆွမ်းအကြီးကြီးအလောင်းခံရပါမယ်(လွှတ်အောင်ပြေးပေတော့)
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။ မြေပြန့်က ဧည့်သည်များအတွက် အန္တရာယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ အရမ်းလဲ မစိုးရိမ်ပါနှင့်။ ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။ လုပ်သင့်တာ မလုပ်သင့်တာ ဆောင်ရန် ရှောင်ရန်လေးတွေ သိထားတော့ လည်လို့ကောင်းတာပေါ့။

ပျော်ရွှင်ဖွယ်ရာခရီးသွားအားလပ်ရပ်များဖြစ်ပါစေ

Original Post ကို Credit ပေးပါတယ်နော်

ခရီးသွားမိဘပြည်သူတို့သိကြတဲ့အတိုင်း အင်းလေးဖောင်တော်ဦးဘုရားဟာဆိုရင် လက်ရှိအချိန်မှာ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိပါတယ်နေ...
25/10/2023

ခရီးသွားမိဘပြည်သူတို့သိကြတဲ့အတိုင်း အင်းလေးဖောင်တော်ဦးဘုရားဟာဆိုရင် လက်ရှိအချိန်မှာ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိပါတယ်နော် 🙏🙏🙏
ဒေစာရီကြွချီအပူဇော်ခံမယ့် အစီအစဉ်လေးတွေကို ခရီးသွားမိဘပြည်သူတို့ သိရှိစေဖို့အတွက် တဆင့်ပြန်လည် မျှဝေလိုက်ရပါတယ်ရှင့်.... 🙏🙏🙏

မတူကွဲပြားတဲ့ ဒေသတွေကို လေ့လာလည်ပတ်ရင်း ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို လေ့လာတွေ့မြင်ရတာ အလွန်ပျော်စရာကောင်းပါတယ် 🙏
တစ်နှစ်မှာ တစ်ကြိမ်သာ ပြုလုပ်တဲ့ ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲ ဟာဆိုရင်လည်း တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ အလှတွေ၊ အင်းလေးရေပြင်ပေါ်မှာ ဖောင်တော်ဦးဘုရား ကြွချီအပူဇော်ခံနေတာတွေနဲ့ နောက်ခံသဘာဝရှုခင်းတွေဟာ အရမ်းကို ပနံတင့်လှပါတယ်
မမေ့ရက်နိုင်လောက်တဲ့ မြင်ကွင်း၊ သဘာဝ အလှအပ၊ အခိုက်အတန့်တွေကို လိုက်ပါခံစားကြည့်ဖို့အတွက် ခရီးသွားမိဘပြည်သူတို့ကို ဖိတ်ခေါ်လိုက်ပါရစေနော်

မကြာခင်မှာလည်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးလည်း ရောက်ရှိလာတော့မှာဖြစ်ပါတယ်နော် 😊

ယခုလိုခရီးသွားရာသီလေးတွေမှာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အခိုက်အတန့်လေးတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်မတို့ရဲ့ View Point Hotel (1) မှ ဆုမွန်တောင်းပို့သအပ်ပါတယ်ရှင့် 🙏🙏🙏

🙏သာယာတဲ့ သီတင်းကျွတ်အခါသမလေးဖြစ်ပါစေရှင့်🙏

မကြာခင် သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ရောက်ရှိတော့မှာ ဖြစ်ပါတယ်နော် ရှမ်းပြည်နယ်ရဲ့ အစည်ကားဆုံးပွဲတော်တွေဖြစ်တဲ့ "ဖေ...
08/10/2023

မကြာခင် သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ရောက်ရှိတော့မှာ ဖြစ်ပါတယ်နော်

ရှမ်းပြည်နယ်ရဲ့ အစည်ကားဆုံးပွဲတော်တွေဖြစ်တဲ့ "ဖောင်တော်ဦးဘုရားပွဲ" "တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ" တွေမှာ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်
အေးချမ်းတဲ့ရာသီဥတုလေးမှာ ဒေသပွဲတော်တွေကို လိုက်ပါခံစားကြည့်ရတာက တကယ်ပျော်ဖို့ကောင်းပါတယ်

ခရီးသွားကာလဖြစ်တဲ့ သီတင်းကျွတ် တန်ဆောင်တိုင် ပွဲတော်တွေမှာ မမေ့နိုင်စရာ အမှတ်တရတွေအဖြစ် ကျန်ရစ်စေဖို့ ရှမ်းပြည်နယ်ဘက်ကို လာရောက်လည်ပတ်ကြမယ်ဆိုရင် အောင်ပန်းမြို့မှာရှိတဲ့ ကျွန်မတို့ရဲ့ ရှုခင်းသာဟော်တယ် (၁) / View Point Hotel (1) က နွေးနွေးထွေးထွေးကြိုဆိုပါတယ်နော်

ခရီးသွားကာလဖြစ်တာမို့ အခန်းတွေကို ကြိုတင်ဘိုကင် (Booking) လုပ်ထားကြဖို့လည်း အကြံပြုလိုက်ပါတယ်နော်

"သာယာလှပတဲ့ ခရီးသွားနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ"

ခရီးဘာ့ကြောင့်ထွက်ကြသလဲ???- မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့တွေ၊ ဒေသအလှအပတွေ ဒါတွေကို ခံစားလေ့လာဖို့ ......- မွန်းကျပ်တဲ့ မြ...
05/07/2023

ခရီးဘာ့ကြောင့်ထွက်ကြသလဲ???

- မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့တွေ၊ ဒေသအလှအပတွေ ဒါတွေကို ခံစားလေ့လာဖို့ ......

- မွန်းကျပ်တဲ့ မြို့ပြပတ်ဝန်းကျင်ကနေ ခဏတာ ထွက်ခွာပြီး အပန်းဖြေအနားယူဖို့.....

- သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေ၊ မိသားစုနဲ့အတူ ပျော်စရာအမှတ်တရလေးတွေ ဖန်တီးဖို့ ...

- ကျန်းမာရေးအရ လေကောင်းလေသန့် ရှူရှိုက်ဖို့....

စတဲ့အချက်တွေကြောင့် လူအများစုက ခရီးထွက်လေ့ရှိပါတယ်နော်​

ဒါ့အပြင်....

- လုပ်ငန်းကိစ္စနဲ့ ခရီးထွက်ကြတဲ့သူတွေလည်း ရှိတတ်ပါသတဲ့....

ခရီးသွားမိဘပြည်သူတွေအနေနဲ့ ဘယ်လိုအကြောင်းကိစ္စနဲ့ပဲဖြစ်ဖြစ် ခရီးသွားရင်းလာရင်း အခါအခွင့်သင့်တဲ့အခါ ကျွန်မတို့ရဲ့ View Point Hotel (1) မှာ လာရောက်အပန်းဖြေအနားယူလေ့ရှိပါတယ် 🙏

ထူးခြားတာကတော့ တစ်ခါလာရောက်တည်းခိုဖူးသူတိုင်း အခန်းသန့်ရှင်းမှုတွေနဲ့ စိတ်ချမ်းသာမှုအပြည့်အဝရရှိကြလို့ နောက်တစ်ကြိမ် လာရောက်တည်းခိုလေ့ရှိကြပါတယ်နော် 😊

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ သာယာလှပတဲ့ သဘာဝအလှတရားတွေနဲ့အတူ ကျွန်မတို့ရဲ့ View Point Hotel (1) က အစဉ်အမြဲ ကြိုဆိုလျက်ပါနော် 🙏🙏🙏

(1)


#အိုစည်တောင်

ကလောဘက်ကိုသွားပြီး ဗျိုက်တောင် မြင်းမထိ ထိ သွားရောက်လည်ပတ်မလား 🥰ဒါမှမဟုတ် ဟဲဟိုးဘက်ကိုဆင်းပြီး အင်းလေးကန်ပြာပြာကို သွားလ...
27/06/2023

ကလောဘက်ကိုသွားပြီး ဗျိုက်တောင် မြင်းမထိ ထိ သွားရောက်လည်ပတ်မလား 🥰
ဒါမှမဟုတ် ဟဲဟိုးဘက်ကိုဆင်းပြီး အင်းလေးကန်ပြာပြာကို သွားလည်မလား 😍
ပင်းတယဘက်ကိုတက်ပြီး ရေပြာအိုင်နဲ့ ပင်းတယဘက် ဘုရားဖူးထွက်မလား 😊

ဘယ်လိုပဲဖြစ်ဖြစ် အောင်ပန်းမြို့လေးက အချက်အချာကျတဲ့နေရာမှာ ရှိနေတာဆိုတော့ ခရီးတစ်ထောက်အနားယူပြီး သွာရောက်လည်ပတ်လို့ရတယ်နော် 👌

အဲ့ဒီလို လည်ပတ်အနားယူရင်း အောင်ပန်းမြို့လေးမှာ ခရီးတစ်ထောက်အနားယူခဲ့မယ်ဆိုရင် ကျွန်မတို့ရဲ့ View Point Hotel (1) လေးက အသင့်စောင့်ကြိုနေပါတယ်နော့် 🙏🙏🙏

ကျွန်မတို့ရဲ့ View Point Hotel (1)မှာ ခုလို Family Room (မိသားစု အခန်း) လေးတွေလဲရှိပါတယ်နော်👪👌 အခန်းအတွင်း ဆက်တီ ကုတင်တွ...
21/06/2023

ကျွန်မတို့ရဲ့ View Point Hotel (1)မှာ ခုလို Family Room (မိသားစု အခန်း) လေးတွေလဲရှိပါတယ်နော်
👪👌
အခန်းအတွင်း ဆက်တီ ကုတင်တွေဟာဆိုရင်လည်း တကယ့်ကို luxury ဆန်တာမို့လို့ ခရီးသွားမိဘပြည်သူတွေ လာရောက်အပန်းဖြေတဲ့အခါသက်တောင့်သက်သာရှိစေမှာ အမှန်ပါ 😊
ဒါ့အပြင် နွေးထွေးပျူငှာတဲ့ဝန်ထမ်းလေးတွေကလည်း အမြဲကြိုဆိုနေမှာဆိုတော့ ကိုယ့်အိမ်ကိုယ့်ယာမှာ တည်းခိုနေရသလို နွေးထွေးတဲ့ခံစားမှုတွေ ရရှိစေမှာပါ 🥰

ဒါ့ကြောင့် တောင်ပေါ်ဒေသကို အလည်အပတ်နဲ့ဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် ခရီးထွက်ရလို့ အောင်ပန်းမြို့လေးကိုရောက်ရှိခဲ့မယ်ဆိုရင် ကျွန်မတို့ရဲ့ View Point Hotel (1) လေးဆီ တစ်ခေါက်လောက် လာရောက်တည်းခိုကြည့်ကြပါလို့ ဖိတ်ခေါ်လိုက်ပါရစေရှင့် 🙏🙏🙏

ကျွန်းဆက်တီ/ ကျွန်းကုတင်တွေနဲ့ တင့်တယ် သန့်ရှင်းနေတဲ့ မင်မင်တို့ရဲ့ View Point Hotel (1) ရဲ့ အခန်းလေးတွေပါTwin Room လား ...
20/06/2023

ကျွန်းဆက်တီ/ ကျွန်းကုတင်တွေနဲ့ တင့်တယ် သန့်ရှင်းနေတဲ့ မင်မင်တို့ရဲ့ View Point Hotel (1) ရဲ့ အခန်းလေးတွေပါ
Twin Room လား ??? Double Room လား ???
စိတ်ကြိုက်ရွေးလို့ရတယ်နော်
တစ်ခုပဲ...........🤔

ကိုယ်လိုချင်တဲ့ အခန်းလေးရဖို့ဆိုရင်တော့ ဖုန်းလေးနဲ့ ကြိုတင်ဆက်သွယ်ထားမှ စိတ်ချရမယ်နော် 🤗

📞 09775280555

View Point Hotel (1) မှ နွေးထွေးစွာ ကြိုဆိုလျက်ပါရှင့် 🙏🙏🙏

မိုင်ဆွန်ခ 🙏မင်္ဂလာညချမ်းလေးပါနော်🙏အေးချမ်းလှတဲ့ အောင်ပန်းမြို့လေးနဲ့အတူ ရပ်နီးရပ်ဝေး ခရီးသွားဧည့်သည်တွေ စိတ်အေးချမ်းသာစ...
19/06/2023

မိုင်ဆွန်ခ 🙏မင်္ဂလာညချမ်းလေးပါနော်🙏
အေးချမ်းလှတဲ့ အောင်ပန်းမြို့လေးနဲ့အတူ
ရပ်နီးရပ်ဝေး ခရီးသွားဧည့်သည်တွေ စိတ်အေးချမ်းသာစွာ လာရောက်အပန်းပြေ အနားယူဖို့
မင်မင်တို့ရဲ့ View Point Hotel (1) ကနေနွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်ပါရစေနော် 😊

ဧည့်သည်တော်များအားလုံး မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေနော်ကျွန်မတို့ရဲ့ အောင်ပန်းမြို့လေးဟာဆိုရင် လက်ရှိရာသီဥတုသာယာလျက်ရှ...
19/06/2023

ဧည့်သည်တော်များအားလုံး မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေနော်
ကျွန်မတို့ရဲ့ အောင်ပန်းမြို့လေးဟာဆိုရင် လက်ရှိရာသီဥတုသာယာလျက်ရှိပါတယ်နော် 😊
ခရီးသွားမိဘပြည်သူတွေအနေနဲ့ အောင်ပန်းမြို့ကို အလည်လာမယ်ဆိုရင် ဈေးနှုန်းလေးတွေ အဆင်ပြေပြီး သက်သောင့်သက်သာရှိစေမယ့် အခန်းလေးတွေနဲ့အတူ
View Point Hotel (1) က အမြဲကြိုဆိုနေပါတယ်နော်
🙏🙏🙏

ကျွန်မနှင့်ချစ်​သောဝန်ထမ်းများ မြန်မာနိုင်ငံ(Golf)အဖွဲ့အား နွေးထွေးပျူငှာစွာ ကြိုဆို​နေပါတယ်ရှင့် 🙏🙏🙏
14/02/2023

ကျွန်မနှင့်ချစ်​သောဝန်ထမ်းများ မြန်မာနိုင်ငံ(Golf)အဖွဲ့အား နွေးထွေးပျူငှာစွာ ကြိုဆို​နေပါတယ်ရှင့် 🙏🙏🙏

Address

Pindaya Road
Aungban

Telephone

+959775280555

Website

Alerts

Be the first to know and let us send you an email when View Point Hotel 1 Aungban posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category