အာကာကျော် တည်းခိုခန်းနှင့်စတိုး

  • Home
  • Myanmar
  • Bogale
  • အာကာကျော် တည်းခိုခန်းနှင့်စတိုး

အာကာကျော် တည်းခိုခန်းနှင့်စတိုး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အာကာကျော် တည်းခိုခန်းနှင့်စတိုး, Hotel resort, 71 တတိယလမ်း ဘိုကလေးမြို့, Bogale.

15/07/2024
15/07/2024

အသက် (၆၀) ကျော် မိဘတွေ ရှိလာတဲ့အခါ
ကျွန်တော်တို့ အများကြီးနားလည်ပေးရမယ်
စိတ်ရှည်ပေးရမယ်..

အာရုံကြော အားလုံးကျုံ့လာတဲ့အခါ
ထိန်းချုပ်ခြင်းတွေနည်းလာပြီ ။
စကားပွစိ ပွစိ ပြောလာကြမယ်
ကိုယ့်ကို မသန်စွမ်းဘူးထင်မှာစိုးလို့
အိမ်ရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ်။

အဲ့ခါ နောက်ကပြန်လိုက်လုပ်တဲ့
သားသမီးတွေက ငြူစူလာတဲ့အခါ
မိဘတွေစိတ်က ကလေးလို ပြန်ဖြစ်လာပြီး
ဝမ်းနည်းလာမယ် ၊ အထီးကျန်လာမယ် . . .
မပြောရဲမဆိုရဲဖြစ်လာကြတယ် ။

တကယ်တော့ အဲ့အချိန်
လူကြီးလိုလည်း လေးစားပြီး
ကလးလိုလည်း သဘောထားပေးရမှာပါ ။

တစ်ခုခု ဝယ်ပေးတဲ့ အခါတိုင်း
အဖေတို့ အမေတို့မှာ ရှိတယ် . . .
မလိုဘူး အမြဲ ငြင်းတတ်လာမယ် ။
ဒါဟာ အပို မကုန်စေချင်လို့ပါ ။
တစ်ကယ်တော့ ကျေနပ် ဝမ်းသာနေတာ . . .

အသက်ကြီးပြီ ဘုရားတရားပဲ လုပ်ပါလားလို့
တိုက်တွန်းလို့မရပါဘူး။
အသက်ကြီးလာလေ
ကလေးစိတ်ပြန်ဖြစ်လာတာမို့
အကြောင်းအရာတစ်ခုကို
ကြာကြာစိတ်ဝင်စားတာမျိုး
မရှိတော့ပါဘူး။

ကျွန်တော်တို့ လူကြီးမိဘတွေကို
စကားပြောပေးရမယ် ။
စားချင်တာ ဝယ်ကျွေးရမယ် ။
သူတို့ လုပ်ချင်တဲ့ အိမ်မှုကိစ္စ
မသေသပ်သော်လည်း ပေးလုပ်ရမှာပါ။

အသစ်အသစ်တွေ ဝယ်ပေးသော်လည်း
အဟောင်းကို မစွန့်ပဲ
သိမ်းထားတတ်ကြတာလည်း
အသက်ကြီးသူတွေက ကလေးလိုမို့
နှမျောလာပြီး မစွန့်နိုင်ကြတာပါ

အသက်ကြီးလာတဲ့အခါ . . .
တချို့ သော မိဘတွေဆို
သားသမီးက အဝေးကနေ
လိုလေသေးမရှိ ပို့ပေးကြပေမယ့်
သူတို့လိုချင်တာက အဲ့ဒါမဟုတ်ပါဘူး ။
နွေးထွေးမှု အလေးထားမှု
စကားပြောပေးတာမျိုး လိုချင်ကြတာပါ ။

ကလေးတွေနဲ့ အနေကြာလာတော့
ကလေးစိတ်ကို ဖတ်ရင်း
သူတို့လေးတွေ ပြောသမျှ တိုင်သမျှကို
နားထောင်ဖြေရှင်း ပေးတတ်သူတစ်ယောက်မို့
လူကြီးမိဘတော်တော်များများစိတ်ကိုလည်း
လေ့လာပြီး နားလည်ပေးရပါမယ်။

လိုအပ်သမျှလည်း တတ်နိုင်သလောက်
ကူညီပေးရပါမယ်။

သားသမီးတိုင်းမိဘတွေရဲ့ စိတ်ကိုနားလည်
ပေးနိုင်ကြပါစေ။

ဒီစာလေးက သင့်အတွက်တန်ဘိုးရှိတယ်ဆိုရင်
အားလုံးသိအောင် ပြန်လည်ဝေမျှပေးကြပါဦး နော် ... 🙏🙏🙏

Credit to original

15/07/2024
05/08/2021
11/07/2021

Address

71 တတိယလမ်း ဘိုကလေးမြို့
Bogale
10330

Telephone

0943367269

Website

Alerts

Be the first to know and let us send you an email when အာကာကျော် တည်းခိုခန်းနှင့်စတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category