30/01/2021
သဘာဝကပေးထားတဲ့ အေးချမ်းသာယာလှတဲ့ နေရာလေး
မြို့ပြရဲ့ မွန်းကြပ်မှုတွေအဝေး၊ သဘာဝအလှအပကလွဲ ဘာအဆောင်ယောင် ဆန်းဆန်းပြားပြားမှမရှိတဲ့နေရာလေး
အနားယူ၊ ခေါင်းဆေးဖို့ စာအုပ်လေးဖတ်၊ ကော်ဖီလေးသောက်၊ မနက်နေထွက်ချိန်၊ ညနေ နေဝင်ချိန်လေးတွေ စောင့်ကြည့်၊ ညမိုက်မိုက်မှာ လင်းလက်နေတဲ့ ကြယ်လေးတွေကို မော့ကြည့်၊ ငှက်ကလေးတွေ ဝဲပျံနေတာ၊ အသံကျိကျိကျာကျာပြုနေတာလေးတွေ၊ လေတိုးသံလေးတွေ ၊ သစ်ရွက်ခတ်သံ၊ သစ်ရွက်ကြွေကျသံလေးတွေ နားထောင်ရင်း။ ဘာကြောင့်များ ဘာမှမရှိတဲ့ တောထဲမှာ လာပျော်နေသလဲ ဆိုရင် အဲ့သည်လို ဘာမှ မရှိလို့ကို ပျော်နေတာ လို့ပဲ ပြောရမှာပါပဲ။
Snow, HIN-HG 💚🏕💚🌏