Kaung Set Thar Motel

Kaung Set Thar Motel Near Luck 7 Oil Shop, Maw Si Sar Village, Lawng Hkang Quarter, Hpakant,Kachin State.
09881300002 , 09940006446
09787510814

ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံလှစွာသော "ဝါဆိုလပြည့် ဓမ္မစကြာ" အခါတော်နေ့တွင် ကုသိုလ်အဖြာဖြာ ရရှိကြပါစေ🙏🌕     ဓမ္မစကြ...
28/07/2026

ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံလှစွာသော
"ဝါဆိုလပြည့် ဓမ္မစကြာ" အခါတော်နေ့တွင် ကုသိုလ်အဖြာဖြာ ရရှိကြပါစေ🙏🌕

ဓမ္မစကြာတရားတော်များ နာယူပူဇော်ပြီး ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူပူဇော်ကြမည့် ယနေ့ "ဝါဆိုလပြည့်နေ့"လေးမှာ ပြည်သူပြည်သား၊ကမ္ဘာသူကမ္ဘာသား အားလုံး ဘေးဥပဒ်အန္တရာယ်ကင်းစင်ပြီး စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေကြောင်း 'Kaung Set Thar Motel' မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ရှင့် 🕯️🌼🌸

#မှော်စီစာ_လုံးခင်းအုပ်စု
ီဆိုင်နှင့်MOOD_KTVဝန်းအတွင်း

07/06/2026

🎊 "ကောင်းဆက်သာ မိုတယ်" 🎊
-------------------------------------------
3-Years Anniversarys နှစ်ပတ်လည်နေ့ 💐

ရှေ့ဆက်မည့် အနာဂတ်ကာလများတွင်လည်း ရွှေဧည့်သည်တော်များအားလုံး စိတ်ချမ်းမြေ့စေမည့် ဝန်ဆောင်မှုများကို အကောင်းဆုံး ဆက်လက်ပေးစွမ်းသွားပါ့မယ်ရှင့်✨

ယုံကြည်စိတ်ချစွာ အားပေးခဲ့ကြတဲ့ ရွှေဧည့်သည်တော်များကိုလည်း ကျေးဇူးအထူးတင်ရှိပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ ဆက်လက်ကြိုဆိုသွားပါ့မယ်ရှင့်

❤️ မင်မင်တို့ KST Kaung Set Thar Motel ကြီး ဒီထက်မက အောင်မြင်ပါစေ။ ❤️

#နှစ်ပတ်လည်နေ့
#မှော်စီစာ_လုံးခင်းအုပ်စု

အေးချမ်းသာယာလှတဲ့ "ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့)"လေးမှာ စိတ်နှလုံးများ ကြည်လင်အေးမြကြပါစေ 🙇‍♀️ယနေ့လိုထူးမြတ်သော ကဆုန်လပြ...
30/04/2026

အေးချမ်းသာယာလှတဲ့ "ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့)"လေးမှာ စိတ်နှလုံးများ ကြည်လင်အေးမြကြပါစေ 🙇‍♀️

ယနေ့လိုထူးမြတ်သော ကဆုန်လပြည့်နေ့မှစ၍ မြန်မာပြည်သူပြည်သားအပေါင်းနှင့်တကွ လာရောက်တည်းခိုကြသော ရွှေဧည့်သည်တော်ကြီးများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝပြီး ရောဂါဘယများ ကင်းဝေးကြပါစေကြောင်း မင်မင်တို့ Kaung Set Thar Motel ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ရှင့် 🌝🙏🍀


#မှော်စီစာ_လုံးခင်းအုပ်စု
ှင့်lucky7ဆီဆိုင်ဝန်းအတွင်း

17/04/2026

"မင်္ဂလာရှိသော မြန်မာနှစ်ဆန်း (၁) ရက်နေ့" အခါသမယမှာ
Kaung Set Thar Motel မိသားစုမှ ဝန်ထမ်းများအားလုံး စုပေါင်းပြီး ဘုန်းကြီးကျောင်းတက်၊ ဆွမ်းလောင်းလှူကာ ကုသိုလ်ယူခဲ့ကြပါတယ်ရှင့် 🍀💦

နှစ်သစ်မှာ လူနတ်ဗြဟ္မာ အပေါင်းတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်မင်တို့ရဲ့ "နှစ်ဆန်းတစ်ရက်နေ့" ကုသိုလ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ရပါတယ်ရှင့် 🙏🙏🙏


#မှော်စီစာ_လုံးခင်းအုပ်စု
ှင့်lucky7ဆီဆိုင်ဝန်းအတွင်း

14/04/2026

#သင်္ကြန်အကျနေ့မှာ အေးစိမ့်သွားအောင် 'မုန့်လက်ဆောင်း' သောက်ကြမယ်! 🥥🥣

ဒီနေ့ သင်္ကြန်အကျနေ့မှာတော့ Kaung Set Thar Motel မှာ မွှေးပျံ့အေးမြတဲ့ မုန့်လက်ဆောင်းလေးကို စတုဒိသာအဖြစ်
~ (၉း၀၀နာရီ မှ နေ့လည် ၁၂း၀၀နာရီ) အထိ
ကျွေးမွေးဧည့်ခံပါတယ်ရှင့် 🤤🥛

-သင်္ကြန်အကြတ်နေ့ စတုဒီသာ ဘာဖြစ်မလဲ ? 🎁🥣
-သင်္ကြန်အတက်နေ့ စတုဒိသာ ဘာဖြစ်မလဲ ? 🎁🥣


#မှော်စီစာ_လုံးခင်းအုပ်စု
ှင့်lucky7ဆီဆိုင်ဝန်းအတွင်း

13/04/2026

မင်မင်တို့ "KST Motel" မှာ မုန့်လုံးရေပေါ်တွေ အတူတူလုပ်ရင်း သင်္ကြန်ကို ကြိုဆိုနေကြပြီနော် 😍💦🍃

"မုန့်လုံးရေပေါ်လေးတွေ ပေါကြွယ်သလိုပဲ၊ ရွှေဧည့်သည်အားလုံးလည်း ဘေးဘယာဝေးကွာပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ၊ သင်္ကြန်ရေအေးအေးလေးနဲ့အတူ အညစ်အကြေးတွေ ဆေးကြောသန့်စင်နိုင်ကြပါစေလို့
" Kaung Set Thar Motel " မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 💦 🙏🙏🙏

#မုန့်လုံးရေပေါ်လေးကို_မြည်းစမ်းကြည့်ဖို့_ဧည့်သည်တော်များအားလုံးကိုလည်း_ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 🤤🍀
🏩
#မှော်စီစာ_လုံးခင်းအုပ်စု
ှင့်Lucky7ဆီဆိုင်ဝန်းအတွင်း

26/03/2026

"ကုသိုလ်တွေနဲ့အစပြုတဲ့ မနက်ခင်းလေးပါရှင့်"
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

~ကျက်သရေရှိလှသော မနက်ခင်းအချိန်ခါလေးမှာ သံဃာတော်အရှင်သူမြတ်အပေါင်းတို့အား အာရုံဆွမ်းလောင်း အလှူ... ရွှေဧည့်သည်တော်များအားလုံး ထပ်တူအကျိုးရရှိစေရန် မိသားစုမှ ကုသိုလ်မျှဝေလိုက်ပါတယ်ရှင့် 🙏💞✨

⏩Viber - 09 456199995
📡Wechat-09 456199995
💌E-mail - [email protected]

Address - မှော်စီစာ၊လုံးခင်းအုပ်စု၊ဖားကန့်။
Lucky-7 ဆီဆိုင်(နှင့်)Mood ဝန်းအနီး


#မနက်ခင်းအလှူ

05/03/2026

"ပူပြင်းတဲ့ ရာသီဥတုကို အံတုရင်း...
မင်မင်တို့ နှင့်အတူ အနိုင်ပိုင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ် ရွှေဧည့်သည်လေးရေ" 🧊🍻

မင်မင်တို့ဆီမှာ
1)လျှပ်စစ်မီး(၂၄) နာရီ ရတယ် ⚡️
2)Aircon အေးအေးလေးထဲမှာ ❄
3)WiFi လိုင်းကလည်း ဆွဲအားအကောင်းဆုံးမို့ စိတ်တိုင်းကျဖြစ်စေရမှာ အမှန်ပါပဲရှင် 📶

ရင်ထဲကို အေးမျှထိမိစေမယ့် အဖျော်ယမကာမျိုးစုံလည်း ကောင်တာမှာစုံစုံလင်လင်ရှိတာမို့လို့ အသင့်စောင့်ကြိုနေပါတယ်နော် 🌸🍂


28/02/2026

"တစ်လတာလုံး အကောင်းဆုံး ကြိုးစားခဲ့ကြတဲ့
ညီကိုမောင်နှမတွေ အားလုံးအတွက် ပျော်ရွှင်စရာ Pay Day နေ့လေးရောက်ရှိလို့လာပါပီရှင်" 🤗💸

~လစာလေးတွေ ရပြီးလို့ အပြုံးပန်းတွေ ဝေဆာနေကြတဲ့ Team တစ်ခုလုံးကို ကြည့်ပြီး ဝမ်းသာကြည်နူးရပါတယ်၊
"ရှေ့ဆက်ပြီး အတူတူ ကြိုးစားသွားကြမယ်နော်"🤝💰

⏩တကိုယ်ရည်သုံးပစ္စည်း၊ခေါက်ဆွဲနဲ့မုန့်တွေကမေတ္တာလက်ဆောင်နော် 🤑😍

"Work hard, get paid, stay happy! 💼❤️"


#မှော်စီစာ_လုံးခင်းအုပ်စု_ဖားကန့်မြို့
ီဆိုင်_MoodEntertainmentဝန်းအတွင်း

26/02/2026

သာသနာ့နယ်မြေ တည်တံ့ခိုင်ခံ့နေစေဖို့ ... 🙏✨

#ကောင်းဆက်သာမိုတယ် ရဲ့ #ပဲ့ကိုင်ရှင်သူဌေးမိသားစု မှ

"မှော်စီစာကျေးရွာရှိ စိတ္တသုခဘုန်းကြီးကျောင်း" တွင် တည်ဆောက်လျက်ရှိသော ကျောက်စီအုတ်တံတိုင်းအတွက် လိုအပ်သော (ဘိလပ်မြေ အိတ်-၅၀) ကို သဒ္ဓါတရားထက်သန်စွာနဲ့ သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင့်🧱🙏

~သာသနာ့အဆောက်အအုံ ခိုင်ခန့်တည်တံ့စေရန် တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရတဲ့အတွက် များစွာပီတိဖြစ်ရပါတယ်ရှင့် 🍀

~ ချစ်ခင်ရပါသော ရွှေဧည့်သည်တော်များအားလုံး
ကုသိုလ် ထပ်တူထပ်မျှ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်ရှင်...သာဓု သာဓု သာဓု 🙏🙏🙏


ီဆိုင်

#မှော်စီစာ_လုံးခင်းအုပ်စု

Address

Hpakan

Website

Alerts

Be the first to know and let us send you an email when Kaung Set Thar Motel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category