Morning Glory Inn - Kalaw

Morning Glory Inn - Kalaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Morning Glory Inn - Kalaw, Hotel, no:16, east circular Road, East Bogone, ward 3, Kalaw.

21/04/2025

Check out Morning Glory Kalaw’s video.

08/03/2025

Morning glory ရဲ့ အမှတ်တရ ညလေး❤️❤️

07/07/2024
ကျေးဇူးအများကြီးတင်ပါတယ်နောက်တခါ ကလော လာလည်ခဲ့ရင် morning Glory မှ ကြိုဆို‌နေပါတယ်ရှင့်🥰
15/01/2024

ကျေးဇူးအများကြီးတင်ပါတယ်
နောက်တခါ ကလော လာလည်ခဲ့ရင် morning Glory မှ ကြိုဆို‌နေပါတယ်ရှင့်🥰

Hi, it's me. Audrey!💟

ခရီးသွားရာသီမှာ က​လောသွားကြမယ့်သူ​တွေဆို ဒါ​လေးဖတ်ကြည့်​နော်။

ကျွန်မ​တော့ New Year တစ်ပတ်တာကို က​လောမှာ vacation ထွက်ဖြစ်ခဲ့တယ်။ တည်းခဲ့တဲ့​နေရာက Morning Glory Inn - Kalaw ပါ။ ​ခရီးသွားပြီဆို စျေးလည်းတန်ရမယ် ကိုယ့် vibe နဲ့လည်း ကိုက်ရမယ့်​နေရာကို ​သေချာရှာဖြစ်ပါတယ်။

2023 နှစ်စ တစ်​ခေါက်သွားတုန်းက instagrammable ဖြစ်လို့ တအား trending ဖြစ်​နေတဲ့ Hotel တစ်ခုမှာ book ထားတာကို VIP ဧည့်သည်အတွက်ဆိုပြီး အနားနီးမှ cancel သွားလို့ 🤌 အ​လောသုံးဆယ်နဲ့ တခြား Hotel မှာ ဘန်ဂလိုပုံစံ တစ်ခန်းကို ၆​သောင်း​ကျော်​ပေးရတဲ့စီမှာ တည်းဖြစ်ခဲ့ပါတယ်။ ​သေချာမစုံစမ်းဖြစ်ခဲ့​တော့ location ကို လုံးဝသ​ဘောမကျခဲ့သလို အခန်းက​လေမလုံ​တော့ တအား​အေးပါတယ် heater လည်းမနိုင်ပါ။ Booking cancel တဲ့ hotel ကို ​ဘယ်​တော့မှ recommend မလုပ်သလို ​နောက်လည်း လုံးဝမတည်း​ပါဘူးရှင်။

အခုတစ်ခါ​တော့ နား​အေးပါး​အေး​နေချင်တာမို့ booking မ cancel မယ့်​​နေရာမျိုးကို ပတ်​စေ့တိုက်ရှာတာ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ Morning Glory Inn မှာ တည်းဖြစ်ခဲ့ပါတယ်။

🍛 Breakfast မပါပါဘူး။
ကိုယ်က ​စျေးထဲ သွားမစားချင်ရင် သူတို့ကို ဝယ်လာခိုင်းလို့ရပါတယ်။ ​နေ့လည်စာကို ထင်းရှုးမြိုင်တို့လို စား​သောက်ဆိုင်​​​တွေစီက​နေ မှာစားလို့ရပါတယ်။ မှာ​ပေးပါတယ်။ Delivery ခ 2000 ကလွဲရင် ပန်းကန်ချ​ပေးတာတို့ ဘာတို့အတွက် ဘာ charges မှ မယူပါဘူး။ ကျွန်မတို့က​တော့ ၂ရက်​လောက် ထင်းရှုးမြိုင်က​နေ မှာစားဖြစ်ခဲ့တယ်။ ကြက်ဥ​ပေါင်း တစ်ပွဲကို ၅၀၀၀​ လားပဲ 🥲 အဲ့တာကလွဲရင် မှာစားဖြစ်တဲ့ ကျန်တဲ့ဟင်းပွဲ​တွေရဲ့ အရသာကို စိတ်တိုင်းမကျပါဘူး။ ကကတစ်ငါးချိုချဥ် တစ်ပွဲ ၁၈၅၀၀ ​တောင်​ပေါ်​ဒေသဆို​တော့ ငါးဆို ​စျေးကြီးတယ် ရန်ကုန်က အရသာ​တော့ မရဘူး​။ Menu က အ​ဟောင်းဖြစ်​နေ​တော့ ​စျေး​တွေက​တော့ တူမ​နေဘူး​ပေါ့​နော်။🥲

🔥 Heater မပါပါဘူး။ Heater မပါလို့ ငါတို့​တော့ ​သေပြီဆရာ ဖြစ်​တော့မှာပဲ ထင်​​နေတာ Heater ပါတဲ့အခန်းထက်​တောင် ​နွေး​နေလို့ အံ့သြ! အခန်းက တအားကို လုံတာ ပြတင်း​ပေါက် ၃​ပေါက်ရှိ​ပြီး ​ညဆို ပိတ်ထားလိုက်ရင် လေလုံ​တာ​တော့ ​တော်​တော်ချီးကျူးမိတယ်။

🪟 ကျွန်မက အခန်းတည်းရင် view ​ကောင်းတာလည်း request လုပ်တယ်။ View ​ကောင်းလို့ဆိုပြီး ​စျေးပို​ပေးရတာလည်း မရှိဘူး။ တစ်ညကို 42000 kyats!
အခန်း​တွေက အိမ်ပုံစံ​လေး​တွေ တအားကပ်မ​နေပဲ ​ဘေးချင်းကပ်အခန်း​ဆို balcony က ​​ပြောင်းပြန်ပုံစံ​ဆောက်ထား​တော့ privacy အပြည့်ရ! ​အခန်းတစ်ခုက မျက်နှာစာတစ်ခုကို balcony ယူထားရင် ​သူ့ရဲ့ဘေးအခန်းကကျ ဆန့်ကျင်ဘက်မျက်နှာစာကို balcony ယူထား​ပေးတယ်။ ဆို​တော့ ​ဘေးအခန်း ဘယ်သူတည်းလဲ မသိရဘူးကွာ သူ့မျက်နှာစာက ကိုယ့်အတွက် အခန်းအပိတ်ဘက်မျိုး။ အသံ​​တော့ လုံမ​နေဘူး။ ​​ဘေးအခန်းကလူ​​ရောက်လာရင် ဒီဘက်က အသံကြားရတယ်။

🍽 ကျွန်မက ခွက်​တွေဇွန်း​တွေကို တစ်ရှုးနဲ့ အကုန်အုပ်ထားရဲ့လား အခန်းသန့်ရဲ့လား ​ရေစိုစိစိဖြစ်​နေတာရှိလား အိမ်သာမှာ ​​ဆေးနံ့​တွေရ​နေလား ​ရေသုတ်ပုဝါက မှိုနံ့ရ​နေလား ​စောင်က အနံ့ရ​နေလား အကုန် check တတ်တယ်ရှင်။ အကုန်အကျအနအပြင် ထား​ပေးထားတဲ့ Pop Pop ​ကော်ဖီ​လေး ​ကောင်းလိုက်တာရှင်။ 🥹
Morning Glory Inn ရဲ့ Hygiene က 10 out of 10 ပါ။ 💯
အခန်းစီးဖိနပ်​တော့ စီး​ပေါ့​နော် ​အောက်က ကြမ်းပြင်​ပေါ်ခင်းထားတဲ့ ​ကော်​ဇော်မျိုးလား အဲ့တာကကျ ​ခြေဗလာနဲ့ဆို တအား​အေးတယ်။ လိုက်ကာ​ကို အခန်းတိုင်း အဖြူ​လေးထား​ပေးရင် ပိုလှမယ်။

🥑 ခြံထဲမှာ ​ထောပတ်သီး​တွေ ပြွတ်ခဲ သ​င်္ဘောသီး​တွေ ပြွတ်ခဲ ဟင်းစား အသီးအရွက်​တွေ​ရော ကြိုက်တာ ခူးစားလို့ရတယ်။ ကျွန်မတည်းတဲ့ အခန်း​ရှေ့တင် ​ထောပတ်သီး​တွေသီး​နေ​တော့ ခူးစားခဲ့တယ် ၃လုံး​လောက်🤣 ဝါသနာပါရင် Yoga လုပ်လို့ပါရတယ်။ ခိုက်ခိုက်တုန်​နေတာနဲ့ မရိုးဂနိုင်ခဲ့ပါဘူး။

🛏 Long stay လည်းရတယ်။ check in/out နဲ့ ပတ်သက်ရင်လည်း ကပ်သတ်မ​နေဘူးကွယ်။ အခန်းရှိရင် မနက်၆​ရောက်လည်း check in တန်းဝင်လို့ရတယ်။ check out က ​နေ့လည် ၁၂ ​နောက်လူဝင်စရာမရှိရင် ​နေစမ်း ည ၇နာရီမှ ကားဂိတ်သွားရမယ်ဆိုလည်း ​အေး​ဆေး။ တစ်ညအိပ်လိုက်​တောင် သူတို့သိမှာမဟုတ်တဲ့ စိတ်လုံခြုံမှုကို အပြည့်​ပေးထားတာ😅

🚶‍♀️လမ်း​လျှောက်ချင်သပဆိုလည်း Inn ထဲတင် ပတ်​လျှောက်​နေလို့ ရတယ် အကျယ်ကြီး။ က​လော​စျေးထဲကို 10 mins ​လောက်​တော့ ​လျှောက်ရတယ်။ က​လော​ရောက်မှ​တော့ လမ်း​လျှောက်စမ်းပါကွာ! ​လေသန့်​မြေသန့်ရှုခင်းလှနဲ့ စိတ်ပါရင် လမ်းမှာ ပိုးစာသီးပါ ခူးစားလို့ရတယ်။ သူ့နားမှာ Maluca Villaရယ် Wine House ဆိုတဲ့ ဝိုင်ဆိုင်ရယ် သုံးရာသီ မူကထရယ် ရှိတယ်။ အာ့က​နေ ညာဘက်ချိုးတက်သွားရင် ဆုံမှတ်မူကထ ရှိတယ်။ ညဘက်ဆို လမ်း​လေး​လျှောက်ပြီး ထွက်စားသောက်လို့ ရ​သေး! ကျွန်မတို့ဆို ည၇နာရီ​​ကျော်လောက်မှ မူကထသွားစားတာ ည၁၀နာရီဝန်းကျင်မှ လမ်း​လျှောက်ပြန်တာ ဘယ်သူမှမရှိတာ​တောင် ​ကျောလုံစိတ်လုံပြီး သွားလာရတဲ့ ခံစားချက်​လေး ​ကောင်းလိုက်တာ။

Service ကလည်း 10 out of 10!💯

တည်းရတဲ့ ခံစားချက်က တိတ်တိတ်ဆိတ်ဆိတ်နဲ့ view ​ကောင်းတဲ့အပြင် ပက်လက်ကုလားထိုင်ကို အပင်​အောက်ထားပြီး စာဖတ်ရတာလည်း စိတ်​ကျေနပ်စရာပဲ။ ​ပေါင်မုန့်​လေး​တွေ ​ကြောင်စားတဲ့မုန့်​လေး​တွေ ယူသွားရင် အဲ့က တအားချစ်စရာ​ကောင်းတဲ့ အဝါ​ရောင်​ကြောင်တစ်​ကောင်ရယ် ​ခွေး Couple ​လေး​ရယ်ကို အစာ​ကျွေးလို့ရတယ် တည်းရတာ healing ​တော်​တော်ဖြစ်တယ်။

​နောက်တစ်ခါသွားရင်လည်း အဲ့မှာပဲ တည်း​တော့မှာ!😁

14/01/2024
08/11/2023

ကြိုက်နှစ်သက်တယ်ဆိုလို့ ဝမ်းသာပါတယ်ရှင့် နောက်လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
Morning Glory Family 🥰🥰

03/04/2023

Address

No:16, East Circular Road, East Bogone, Ward 3
Kalaw
06021

Opening Hours

Monday 06:00 - 23:00
Tuesday 06:00 - 23:00
Wednesday 06:00 - 23:00
Thursday 06:00 - 23:00
Friday 06:00 - 23:00
Saturday 06:00 - 23:00
Sunday 06:00 - 23:00

Telephone

+959960971666

Website

Alerts

Be the first to know and let us send you an email when Morning Glory Inn - Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Morning Glory Inn - Kalaw:

Share

Category