19/08/2026
တို့များ ၅၀ ကျော်လာတဲ့အခါ… ✨️✨️✨️✨️✨️
အသက်ငယ်တုန်းက
သူငယ်ချင်းများများရှိတာကို တန်ဖိုးထားခဲ့တယ်။
လူတွေ ကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာ ဂရုစိုက်ခဲ့တယ်။
အပြင်ပန်းပြည့်စုံဖို့လည်း ကြိုးစားခဲ့တယ်။
၅၀ ကျော်လာတဲ့အခါတော့
ဘဝမှာ “များများ” ထက် “မှန်မှန်” က ပိုအရေးကြီးမှန်း သိလာတယ်။
သူငယ်ချင်းအများကြီး မလိုတော့ဘူး။
လနဲ့ချီ မတွေ့ဖြစ်ရင်တောင်
ပြန်တွေ့တဲ့အခါ မနေ့ကမှခွဲခဲ့သလို
နွေးနွေးထွေးထွေး ရယ်မောနိုင်တဲ့သူ၊
ကိုယ်ကောင်းတဲ့အချိန်မှာ ဝမ်းသာပေးပြီး
ကိုယ်ကျတဲ့အချိန်မှာ လက်တွဲပေးမယ့်သူ
တစ်ယောက်၊ နှစ်ယောက်ရှိရင် လုံလောက်ပါပြီ။
လူတွေကို ချစ်ရင်းနဲ့လည်း
ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာတယ်။
သူများစိတ်မဆိုးဖို့ ကိုယ့်စိတ်ကို မနာကျင်စေတော့ဘူး။
မပျော်တဲ့နေရာက ထွက်လာတတ်တယ်။
ပင်ပန်းရင် အနားယူတတ်တယ်။
ကိုယ့်စိတ်အေးချမ်းမှုကို ကိုယ်ကာကွယ်တတ်လာတယ်။
အိမ်ဘယ်လောက်ကြီးလဲထက်
အဲဒီအိမ်ထဲမှာ ကိုယ်ပျော်ရဲ့လား။
လူဘယ်လောက်များများ ကိုယ့်ကိုသိလဲထက်
ကိုယ့်ကို တကယ်နားလည်တဲ့သူ ဘယ်နှယောက်ရှိလဲ။
အပြင်ပန်း ဘယ်လောက်ပြည့်စုံလဲထက်
အတွင်းစိတ် ဘယ်လောက်အေးချမ်းလဲ။
ဒါတွေက ပိုအရေးကြီးလာတယ်။
၅၀ ကျော်လာတာ အိုသွားတာ မဟုတ်ပါဘူး။
ဘဝရဲ့ အပေါ်ယံတွေထက်
အနှစ်သာရကို ပိုမြင်တတ်လာတဲ့ အရွယ်ပါ။ ❤️
သူငယ်ချင်းတွေနဲ့လာရောက်တည်းခိုသွားတဲ့အမတွေအတွက် ဘ၀မှာ အမှတ်တရလေးကျန်ခဲ့မယ်ဆိုရင် 225 က ကျေနပ်ပါပြီ 💗💗💗
ကျေးဇူးပါရှင့် 🙏