09/11/2025
Seint Hotel Kalaw ရဲ့ ချစ်မိတ်ဆွေများခင်ဗျာ၊၊ ယခုတလောတွင် မိမိတို့ Seint Hotel အပါအဝင် မြန်မာနှင့် ထိုင်းနိုင်ငံရှိ ဟိုတယ်တချို့မှာ Online booking ပြဿနာအချို့ ဖြစ်ပေါ်လျက်ရှိပါတယ်၊၊ မိမိတို့အနေဖြင့် Agora, booking. com ကဲ့သို့ Online booking system များဖြင့် ချုပ်ဆိုထားသော စာချုပ်များကို ၂၀၂၃ မှစတင်ပြီး ရပ်ဆိုင်းထားပါတယ်၊၊ သို့သော်လည်း ယခုတလောမှာ Online booking များဖြင့် ကာစတန်မာများ ရောက်ရှိလာသော်လည်း မိမိတို့အနေဖြင့် ကြိုတင်မသိရှိပါသောကြောင့် အခန်းရရှိရန် အခက်အခဲများဖြစ်ပေါ်ခဲ့ရပါတယ်၊၊
သို့ဖြစ်ပါသဖြင့် ချစ်မိတ်ဆွေ ကာစတန်မာများ အနေဖြင့် booking ကြိုတင်မှာကြားလိုပါက page မှသာ တိုက်ရိုက်ဆက်သွယ်ပေးပါရန် မိတ်ဟောင်း မိတ်သစ်များကို လေးစားစွာအသိပေးအပ်ပါတယ်၊၊
Seint Hotel Kalaw ကို အစဉ်တစိုက် အားပေးယုံကြည်သော မိတ်ဆွေများအား အထူးအလေးထား ကျေးဇူးတင်ပါတယ်၊၊
Online booking အခက်အခဲကြောင့် လွဲသွားရတဲ့ မိတ်ဆွေများကိုလည်း လွန်စွာအားနာပါကြောင်းနှင့် နောင်ကြုံကြိုက်သည့်အချိန်တွေမှာ ပြန်လည်ဆုံတွေ့နိုင်ဖို့အပြင် အထူး discount တွေလည်းပေးအပ်သွားပါမယ်လို့ သတင်းစကားပါးလိုက်ပါတယ်၊၊
တခါတလေ အဆင်မပြေမှုလေးတွေက တချိန်မှာပြန်ပြောပြီး ပျော်ရွှင်ဖွယ် အမှတ်တရလေးတွေဖြစ်တတ်ပါတယ်၊၊
ကျေးဇူးတင်ပါတယ်
Dear friends of Seint Hotel Kalaw, Currently, some hotels in Myanmar and Thailand, including Seint Hotel, are experiencing some online booking problems. We have suspended contracts signed with online booking systems such as Agora and booking.com starting from 2023. However, we have not been informed in advance that customers have arrived through online bookings, so we have had difficulties in getting rooms.
Therefore, if you would like to make a reservation, please contact us directly through our page.
We would like to express our sincere gratitude to all our friends who have always supported and trusted Seint Hotel Kalaw.
We are very sorry for the friends who have missed us due to the online booking problems, and we hope to see you again in the future. We will also give you a special discount.
Sometimes, small inconveniences can be re-told and become happy memories,,,
Thank you