12/03/2026
ပင်လယ်ရေအောက်ကမ္ဘာကို စိတ်အေးချမ်းသာစွာ ခံစားနိုင်ဖို့ Kento ရဲ့ အလေးထား ဂရုစိုက်မှုလေးတခု... 🦺💙 (English Version Below)
ဒီနေ့မှာတော့ Kento နဲ့အတူ ရေငုပ်(Snorkeling)ကြတဲ့အခါ ဧည့်သည်တော်တို့အနေနဲ့ ဘေးကင်းလုံခြုံရေးအတွက် ဘာမှ စိတ်ပူစရာ မလိုပဲ ရေအောက်အလှတွေကို ပိုပြီး လွတ်လပ်ပေါ့ပါးစွာနဲ့ ခံစားနိုင်စေဖို့ Kento ရဲ့ ဂရုစိုက်အလေးထားမှုလေးတခုကို ပြောပြချင်ပါတယ်ခင်ဗျာ...
Kento နဲ့ ကျွန်းတွေဆီအလည်သွားကြတဲ့ အခါ ရေအောက်ကမ္ဘာရဲ့ လှပတဲ့ သန္တာကျောက်တန်းတွေနဲ့ ငါးလေးတွေကို လိုက်လံပြသပေးဖို့ ကျွမ်းကျင်တဲ့ Marine Guide တွေက ရေထဲမှာ သင့်အနီးနား အမြဲရှိနေပေးတာပဲဖြစ်ပါတယ်။
ဒါ့အပြင် လှေပေါ်မှာ ကျန်ခဲ့တဲ့ Crew Member တွေကလည်း ဧည့်သည်တော်တွေ ရေကူး၊ ရေငုပ်နေချိန်မှာ တစ်စုံတစ်ရာ အကူအညီလိုလာရင် ချက်ချင်း ကူညီပေးနိုင်ဖို့ အပေါ်စီးကနေ သေချာလေး အမြဲတမ်း စောင့်ကြည့် ဂရုစိုက်ပေးနေပါတယ်။
ဒီလို ထပ်ဆောင်း ပြီး ဘေးကင်းလုံခြုံရေး အတွက် ဂရုစိုက်ပေးနေတာမို့လို့ Kento နဲ့အတူ ခရီးသွားတဲ့အခါ ပူပန်မှုတွေကို အကုန်လွှတ်ချထားခဲ့ပြီး ပင်လယ်ပြင်ကြီးရဲ့ အလှတရားထဲမှာ စိတ်အေးလက်အေး နစ်မျောခံစားနေလိုက်ရုံပါပဲ... 🌊✨
ကျွန်းတွေဆီ ခရီးသွားဖို့ဆို Kento...🏝️🌊🪸
(English Version)
Peace of mind, both above and below the surface... 🦺💙
When you go snorkeling with Kento Travels, you can completely let go of your worries.
While our experienced Marine Guides are in the water right alongside you, showing you the beautiful coral reefs and marine life, we add an extra layer of safety. Our dedicated boat crew members remain on board, keeping a careful and constant watch over everyone in the water from above, ready to assist at a moment's notice.
Because our team is always looking out for you, your only job is to leave your worries behind, breathe easily, and fully immerse yourself in the beauty of the ocean... 🌊✨
Travel with Kento 🏝️🌊🪸