Panora- Pan Laung FarmStay

Panora- Pan Laung FarmStay Feel the Nature, Taste the View

Mandalay က Industry One ညီအစ်ကိုအားလုံး၊ပြင်ဦးလွင်မှ Muddy Boost ၊ ရန်ကုန်က Paing Paing နှင်တကွ artist အားလုံး ကြွရောက်...
14/08/2026

Mandalay က Industry One ညီအစ်ကိုအားလုံး၊
ပြင်ဦးလွင်မှ Muddy Boost ၊ ရန်ကုန်က Paing Paing နှင်တကွ artist အားလုံး ကြွရောက်ချီးမြှင့်ကြသော ဧည့်သည်တော်များအားလုံး အာလုံး ....
Panora မှ အထူးပင် ကျေးဇူးတင်ပါတယ်ခင်ဗျာ🥰🥰

Green Land Solar Group နဲ့ စိမ်းလန်းမြေ စိုက်ပျိုးရေးခြံတို့ရဲ့ 3rd Annual Staff Party ကို စဖွင့်ခါစ Panora Pan Laung Fa...
11/08/2026

Green Land Solar Group နဲ့ စိမ်းလန်းမြေ စိုက်ပျိုးရေးခြံတို့ရဲ့ 3rd Annual Staff Party ကို စဖွင့်ခါစ Panora Pan Laung FarmStay မှာ ယုံကြည်စွာနဲ့ လာရောက်ကျင်း​ပ ပေးတဲ့အတွက် ကျေးဇူးအထူးပင် တင်ရပါတယ်။
စဖွင့်စနေ့မှာပဲ လူအယောက် ၈၀ ကျော်ကို တစ်ခါတည်း ဝန်ဆောင်မှုပေးခွင့်ရလို့ ကျေနပ်ဂုဏ်ယူရသလို ဖွင့်ပွဲနေ့ကတည်းက ပင်ပန်းခဲ့ကြတဲ့ Panora ရဲ့ ဝန်ထမ်းလေးများရဲ့ ကြိုးစားအားထုတ်ကြမှုကိုလည်း ချီးကျူးဂုဏ်ပြုမိပါတယ်။

Panora ခြံကလေးဟာ ပန်းလောင်မြစ်ဘေးမှာ အခုမှစတင်ဖွင့်လှစ်တယ်ဆိုပေမယ့် အခုလို soft opening မဖွင့်လှစ်ခင်ကတည်းက လာရောက်လည်ပါတ်အားပေးကြပါသော၊
မပြည့်စုံမှုတွေကိုသည်းခံ ခွင့်လျတ်အကြံပြုပေးကြပါသော
မိတ်ဆွေ တစ်ယောက်ချင်းစီးတိုင်းကို ကျေးဇူးတင်လျှက်...

Panora Pan Laung FarStay
မောင်းကွေးကျေးရွာ၊ ကူမဲမြို့အရှေ့ဖက်၊
ကင်းတားဆည်လမ်း။
09402529666
09443315084

Soft Opening လေး လာပါပြီ ... 🤟🤟🤟Panora (ပန်နိုရာ) Pan Laung FarmStayပန်းလောင်မြစ်ဘေးမှာရှိတဲ့ Panora ပန်းလောင် farmstay ...
24/07/2026

Soft Opening လေး လာပါပြီ ... 🤟🤟🤟

Panora (ပန်နိုရာ)
Pan Laung FarmStay

ပန်းလောင်မြစ်ဘေးမှာရှိတဲ့ Panora ပန်းလောင် farmstay ခြံလေးကို စတင်ပြင်ဆင်တည်ဆောက်လာခဲ့တာ အခုဆိုရင် ၅ လထဲရောက်ရှိလာခဲ့ပြီးတော့ အခုဆိုရင် ဆိုင်လေးမဖွင့်ရသေးပေမယ့် လာရောက်လည်ပါတ်နေကြတာလေးတွေလည်း စ ရှိလာနေပြီဖြစ်ပါတယ်။

ပန်နိုရာခြံလေးရဲ့ အဓိပ္ပာယ်က Panorama View ကို ရည်ညွှန်းထားတာဖြစ်ပြီး Panora လို့ အတိုကောက်နာမည်လေးပေးထားတာဖြစ်ပါတယ်...
Panora ရဲ့ သဘာဝကပေးထားတဲ့ အလှတရားကြီးက ပါတ်ပါတ်လည် တောင်တန်းတွေ၊ လယ်ကွင်းတွေနဲ့ ပန်းလောင်မြစ်ရဲ့ မြစ်ကမ်းနံဘေးမှာ တည်ရှိပါတယ်။

အခု လာမယ့် ၈ လပိုင်း ၇ ရက်နေ့မှာ Panora farmstay ခြံလေးကို soft opening အနေနဲ့ စတင်ဖွင့်လှစ်မိတ်ဆက်သွားမှာလည်းဖြစ်ပါတယ်။
Panora FarmStay ခြံလေးမှာ ဘာတွေ ဝန်ဆောင်မှုပေးမှာလည်းဆိုတော့ မြို့ပြဘဝတွေရဲ့ မွန်းကျပ်မှုတွေက တစ်နေ့တာပြေပျောက်စေဖို့ လုံးချင်းသီးသန့်တည်းခိုလို့ရမယ့် ဘန်ဂလိုလေးတွေ ၊ Camping ပုံစံ အိပ်စက်အနားယူနိုင်မယ့် Tent လေးတွေနဲ့ ပန်းလောင်မြစ်ဘေးမှာ အေးချမ်းစွာအိပ်စက်အနားယူနိုင်ပါမယ်။
ပြီးရင် အစားအသောက်အတွက်လည်း မပူပင်ရအောင် စားသောက်ခန်းမတစ်ခုနဲ့ စားသောက်ဆိုင်ကိုပါ တွဲလျှက်ဖွင့်လှစ်ပေးထားပါတယ်။ ပန်းလောင်ခရီးစဥ်ကို Package အနေနဲ့ နေ့ချင်းပြန်လာလည်နိုင်သလို ညအိပ်ခရီးစဥ်မှာ ဒေသရိုးရာနေ့လည်စာ ညစာတို့နဲ့ စက်လှေအလည်အပါတ်ခရီးစဥ်အားလုံးပါဝင်တဲ့ Package ဝန်ဆောင်မှုတွေပါ ပါရှိပါတယ်။
ဒီ package တွေမယူချင်ပဲ Panora စားသောက်ဆိုင်မှ စိတ်ကြိုက်မှာယူစားသောက်လို့ရမယ့် plan နဲ့လည်း တည်းခိုနိုင်သလို ပန်းလောင်ကို ဘက်ဂျက် Trip အနေနဲ့ လာလည်ချင်ရင်လည်း မိမိအစား​အသောက်များကို ယူဆောင်လာပြီးလည်း တည်းခိုလို့ရအောင် ခွင့်ပြုပေးထားပါသေးတယ်။ ကဲ ဒီလောက် တစ်နေရာတည်းမှာ ပြည်စုံတဲ့ ဝန်ဆောင်မှုတွေအပြင် ပန်းလောင်ဒေသဖက်က မည်သည့်စက်လှေနဲ့ပဲလာလာ၊ မည်သည့်အပန်းဖြေစခန်းမှာပဲတည်းတည်း Panora ကဖွင့်လှစ်ထားတဲ့ FarmStay ခြံကိုဝင်လည်ချင်တာမျိုး၊ အစားအသောက်များဝင်ရောက်သုံးဆောင်ချင်တာမျိုးကိုလည်း ဝင်ကြေးမရှိပဲ ဝင်ရောက်လည်ပါတ်နိုင်ဖို့ ဖိတ်ခေါ်ထားပါသေးတယ် 🥰🥰🥰
ဆိုတော့ ပန်းလောင်ဒေသဖက်ရောက်ခဲ့ရင် ဗဟုသုတအနေနဲ့ လေ့လာလို၍ပဲဖြစ်စေ....
ပန်နိုရာရဲ့ ဝန်ဆောင်မှုလေးတွေကို မြည်းစမ်းစေချင်လို့ပဲဖြစ်ဖြစ် သဘာဝခရီးစဥ်များကို ချစ်မြတ်နိုးသူတိုင်းအတွက် PANORA မှ ( 7 - Aug - 2026 ) နေ့မှာ Soft Opening ဖွင့်ပွဲလေးနဲ့အတူ အခု post ကိုမြင်တွေ့သူတိုင်း လာရောက်လည်ပါတ်နိုင်အောင် ဒီကနေ ခင်မင်စွာနဲ့ ဖိတ်ကြားလိုက်ပါတယ်...

7 Aug 2026 ညနေ ၅ နာရီနောက်ပိုင်းမှာလည်း ဖွင့်ပွဲအထိမ်းအမှတ် Unplugged သီဆိုဖျော်ဖြေမှုများနဲ့အတူ မန္တလေးက DJ artist တွေရဲ့ ဖျော်ဖြေမှုတွေကိုလည်း ကြည့်ရှုခံစားနားဆင်နိုင်မှာဖြစ်တာမလို့ အခုကတည်းက ကြိုတင် booking ပြုလုပ်ပြီး အေးဆေး လာ Chills ကြဖို့ ...... welcome ပါနော် 🤘🤘🤘

မမေ့နဲ့နော်
Panora Pan Laung FarmStay
Soft Opening 7 - 8 - 2026
10:00 a.m to 10:00 p.m

ဒီ Post လေးကို Like & Share လုပ်ပြီး ဝင်ကြေးအခမဲ့နဲ့ မည်သူမဆို လာလည်နိုင်ဖို့ ခင်မင်စွာဖိတ်ပါတယ်နော် 🥰🥰🥰

အသေးစိပ် စုံစမ်းရန်
09 4025 29 666

Panora Pan Laung FarmStayပန်းလောင်မြစ်ဘေးမှာ ဖွင့်လှစ်မယ့် PANORA ဆိုတဲ့ FarmStay ပုံစံနဲ့ တည်းခိုလို့ရမယ့်ခြံလေးမှာ တည်...
14/07/2026

Panora Pan Laung FarmStay

ပန်းလောင်မြစ်ဘေးမှာ ဖွင့်လှစ်မယ့် PANORA ဆိုတဲ့
FarmStay ပုံစံနဲ့ တည်းခိုလို့ရမယ့်ခြံလေးမှာ
တည်းခိုစရိတ် နှုန်းထား-စျေးနှုံးလေးတွေကို
စတင်ဖွင့်လှစ်မယ့် အထိမ်းအမှတ်အနေနဲ့ အသက်သာဆုံးဖြစ်အောင် စီစဥ်ပြီးဖေါ်ပြပေးလိုက်ပါတယ်နော်

👩‍👩‍👧‍👦 4 ယောက်အိပ် Bungalow လုံးချင်း
•Bungalow Fees : 150000 Ks / Day

Service,
•4 person facilities include
•Breakfast
•Drinking Water
•Extra Bed Avaliable 20000ks/Person
•Boat Service 15000ks/Person

# # # # # # # #

⛺ Tent Rental Fees
•Single Tent 20000ks/Night
•Double Tent 35000ks/Night
•Family Tent 50000ks/Night

# # # # # # # #

Package Prices

🚴‍♂️ Day Return Package 30000ks/Person

Service Included,
•9:00a.m to 4:00p.m (Check In/Out)
•Traditional Lunch
•Snack / Coffee
•Boat Trip to Waterfall with LifeJacket
•Guide Service
•နားနေဆောင်အသုံးပြုခွင့်

⛺⛺Night Package with Tent 65000/ Person

Service Included,
•1:00p.m Check in / 12:00a.m Check Out
•Traditional Lunch and Dinner
•Buffet Breakfast
•Snack / Coffee
•Boat Trip to Waterfall with Life Jacket
•Guide Service
•နားနေဆောင်အသုံးပြုခွင့်

🏡🏡 Night Package with Bungalo 80000/Person

Service Included,
•1:00p.m Check in / 12:00a.m Check Out
•Bungalow with 4 Person facilities
•Traditional Lunch and Dinner
•Buffet Breakfast
•Snack / Coffee
•Boat Trip to Waterfall with Life Jacket
•Guide Service
•နားနေဆောင်အသုံးပြုခွင့်

အထက်ပါစျေးနှုံးများသည် ဆိုင်ဖွင့်ပွဲအကြိုအထူးနှုံးထားများဖြစ်ပြီး Auguest 2026 လကုန်အထိသာ ဖြစ်ပါတယ်။
Sep 1 ရက်နေ့မှစ၍ promotion ကာလကုန်ဆုံးပြီး စျေးနှုံးအပြောင်းအလဲများ ရှိပါမည်ဖြစ်ကြောင်း ဧည့်သည်တော်များကို ကြိုတင်အသိပေး ကြေငြာပါရစေနော် 🙏🙏🙏

အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ် 🥰🥰🥰

အသေးစိပ်စုံစမ်းရန်
09402529666
09443315084

PANORA ကို လာရင်…အရင်ဆုံး မြင်ရတာက တောင်တန်းတွေ ဖြစ်နိုင်ပါတယ်ဒါပေမယ့်…သေချာကြည့်လိုက်ရင် ပန်းလေးတစ်ပွင့်၊လေထဲမှာ လှုပ်ယ...
11/07/2026

PANORA ကို လာရင်…
အရင်ဆုံး မြင်ရတာက တောင်တန်းတွေ ဖြစ်နိုင်ပါတယ်

ဒါပေမယ့်…
သေချာကြည့်လိုက်ရင် ပန်းလေးတစ်ပွင့်၊
လေထဲမှာ လှုပ်ယမ်းနေတဲ့ မြက်ခင်းလေး၊
သစ်သားအိမ်လေးရဲ့ ရိုးရှင်းမှု…

အသေးစိတ် အရာလေးတိုင်းမှာ
သဘာဝရဲ့ အေးချမ်းမှုကို ခံစားရလိမ့်မယ်

တစ်ခုချင်းစီက…
PANORA ရဲ့ ဇာတ်လမ်းလေးတွေပါပဲ🤍🌿

တချိန်မှာ အခု ဘန်ဂလိုလေးထဲမှာထိုင်စာလေးဖတ်ရင်း မှန်ပြူတင်းကမြင်ရမယ့် တောင်တန်းကြီးတွေနားမှာ ကော်ဖီလေးထိုင်သောက်လိုက်ရရင်...
14/06/2026

တချိန်မှာ အခု ဘန်ဂလိုလေးထဲမှာထိုင်
စာလေးဖတ်ရင်း မှန်ပြူတင်းကမြင်ရမယ့်
တောင်တန်းကြီးတွေနားမှာ
ကော်ဖီလေးထိုင်သောက်လိုက်ရရင်....

Address

Kume

Website

Alerts

Be the first to know and let us send you an email when Panora- Pan Laung FarmStay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category