Su Tine San Royal Palace Hotel - Bagan

  • Home
  • Su Tine San Royal Palace Hotel - Bagan

Su Tine San Royal Palace Hotel -  Bagan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Su Tine San Royal Palace Hotel - Bagan, Hotel resort, Pone Nyat Street, Thamudarit Qtr, Kyan Sitt Thar Block, New Bagan, Nyaung Oo Township, Mandalay Division., .

တန်​ဆောင်မုန်းလပြည့်ညရဲ့ စုတိုင်းစံအလှ 🌕🌕🤍
27/11/2023

တန်​ဆောင်မုန်းလပြည့်ညရဲ့ စုတိုင်းစံအလှ 🌕🌕🤍

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့🙏🙏🙏ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြ...
27/11/2023

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့🙏🙏🙏

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်🙏

သာမညဖလ ၏ အဓိပ္ပာယ်အကျဥ်းချုပ်မှာရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟုလည်း ခေါ်ဆိုကြပါသည်🙏

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များမှာ👉

🙏တန်ဆောင်တိုင် မီးထွန်းပွဲတော်🙏
🙏ကထိန်သင်္ကန်း အလှူပွဲတော်🙏
🙏မသိုးသင်္ကန်း ရက်လုပ်ပွဲတော်🙏
🙏မဲဇလီဖူးသုပ် ဝေငှသောပွဲတော်🙏
🙏ကျီးမနိုး ပွဲတော်🙏
🙏သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပါယ်ရပါသည်🙏

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုကြပါသည်🙏

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ ပါရှိပါသည်🙏

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်ထင်ဟပ်စေနိုင်ပါသည်🙏

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်🙏

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်🙏

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ🙏

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်🙏

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်🙏

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ်စကေဗုဒ်ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်🙏

(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်🙏

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်🙏

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်🙏

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်🙏

အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှကောက်နှုတ်ထားပါသည်
ပုံများမူရင်းရေးသားသူများကို အမှီပြုပြန်လည်ဖော်ပြပေးခြင်းပါ

#တန်ဆောင်မုန်းလပြည့် #ပံ့သကူ #ကိုယ်ပွား

🌕 တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) ကို ကြိုဆိုရင်း🩵🏮တန်ဆောင်တိုင်ကာလ အခါသမယဝယ် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြ...
27/11/2023

🌕 တန်ဆောင်မုန်းလပြည့်
(သာမညဖလ အခါတော်နေ့) ကို ကြိုဆိုရင်း🩵

🏮တန်ဆောင်တိုင်ကာလ အခါသမယဝယ် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်
ပြည့်စုံပြီး စီးပွါးလာဘ်လာဘများ အောင်မြင်
တိုးတက်ကြပါစေကြောင်း ...SuTineSan Royal Palace Baganမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်ရှင် 🙏🏻🙏🏻🩵


#တန်ဆောင်မုန်းလပြည့်

25/11/2023

ရွှေစည်းခုံဘုရားရဲ့တန်​ဆောင်မုန်း ပွဲ​စျေးကြီးကို​ရောက်ပြီးကြပြီလား??
မင်မင်​တော့ မုန့်တွေပတ်စားခဲ့ပါပြီ 🤣❤



Trip

အေးချမ်းသာယာတဲ့ပုဂံမြို့​လေးမှာ ချစ်သူနဲ့လည်ပတ်ဖို့အဆင်သင့်ဖြစ်​နေပြီလား 🤔🤔ကျွန်မတို့ SuTine San Hotel မှ တန်​​ဆောင်မုန်...
25/11/2023

အေးချမ်းသာယာတဲ့ပုဂံမြို့​လေးမှာ ချစ်သူနဲ့လည်ပတ်ဖို့အဆင်သင့်ဖြစ်​နေပြီလား 🤔🤔
ကျွန်မတို့ SuTine San Hotel မှ တန်​​ဆောင်မုန်း လအတွက် package plan ​လေးစီစဥ်​ပေးထားပါတယ်​။

Package ​လေးမှာ ၂ညအိပ်၃ရက် ခရီးစဥ်​ဖြစ်ပြီး
ရန်ကုန် - ပုဂံကားလက်မှတ် အသွားအပြန်expressကားလက်မှတ်✅
ကားဂိတ်မှ Hotel အကြို/ အပို့ ✅
​breakfast buffet ✅
Dinner set menu ( အသားတစ်မျိုး ) ✅
​ကြီးမားခန်းနားလှတဲ့ Hotel ကြီးမှာ ၂ညတာတည်းခိုခွင့်✅
​ရေကူးကန်အသုံးပြုခွင့်✅
အခန်းတိုင်း bathtub ပါ၀င်ခြင်း ✅
Wifi ✅
ပုဂံရဲ့အလှတရားကို ခံစားရင်း ဘုရားဖူးရန်အတွက်တုပ်တုပ် ✅
ကျွမ်းကျင်လှတဲ့ တုပ်တုပ်ဆရာများရဲ့ဓါတ်ပုံရိုက်ချက်များ ✅
နာမည်ကြီးဘုရား​များဖြစ်တဲ့အာနန္ဒာ🙏🏻
​.ရွှေစည်းခုံ🙏🏻
​.လောကနန္ဒာ🙏🏻ဓမ္မရံကြီး🙏🏻
စိမ်းညက်ညီအမ 🙏🏻ဗူးဘုရား 🙏🏻အလို​တော်ပြည့်🙏🏻​ရွှေစံ​တော်🙏🏻မြ​စေတီ🙏🏻ဂူ​ပြောက်ကြီး 🙏🏻ထီးလိုမင်းလို 🙏🏻ဓမ္မရာဇက🙏🏻သဗ္မညု🙏🏻 ပြည့်၅ပြည့်🙏🏻
ဘုရားများအားစိတ်​အေး ချမ်းသာစွာ ဖူး​​မြော်ရမဲ့အပြင် တန်​ဆောင်မုန်းလပြည့်ညတွင်​တော့ hotel မှ ​​ကျွေးသော မယ်ဇလီဖူးသုပ်​လေးစားရင်း​ဆေး​ပေါင်းခတဲ့ ညကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်​။

​စျေးနှုန်း​လေးက​တော့ တစ်ဦးလျှင် - 180000 mmk သာ ကျသင့်မှာ ဖြစ်​သော​ကြောင့် တန်​ဆောင်မုန်းလပြည့် အားလပ်ရက်အား SuTineSan Hotel Bagan မှ သင့်ရဲ့ ​ပျော်ရွှင်မှုနဲ့အမှတ်တရများစွာ ဖန်တီး​ပေးရန် အသင်သင့်ရှိ​နေပြီဖြစ်​ကြောင်းသီတင်း​ကောင်းပါးရင်း ဖိတ်​ခေါ်လိုက်ရပါတယ်​နော်။ ❤❤❤

Trip up service

24/11/2023

Bagan ရဲ့လမ်းအ​ခြေအ​နေကို လာ​မေးကြတဲ့ အကို အမများအတွက်....
ရထားနဲ့လာလဲ Ok 🤨
ကားနဲ့လာလဲ အဆင်​ပြေ 🤭
​လေယာဥ်နဲ့လာလဲ သာယာစွာ ဘုရားဖူးနိုင်မည်ဖြစ်​ကြောင်းသီတင်း​ကောင်းပါးလိုက်ပါတယ်ရှင့်။

တန်​ဆောင်မုန်း ပိတ်ရက်များအတွက်လဲ အခန်းခနှုန်းထားများ ​စျေးမတက်ဘဲ ပုံမှန်​စျေး 55000 ကစတဲ့ နှုန်းထားများရှိမှာ မို့ အ​သေ...
24/11/2023

တန်​ဆောင်မုန်း ပိတ်ရက်များအတွက်လဲ အခန်းခနှုန်းထားများ ​စျေးမတက်ဘဲ ပုံမှန်​စျေး 55000 ကစတဲ့ နှုန်းထားများရှိမှာ မို့ အ​သေးစိတ်ကို messenger က​နေ​မေးမြန်းပြီး Booking နိုင်ပါတယ်​ရှင့် ...🤍😍

ဆွေး​နွေးပွဲများ ၊  သင်တန်းများ ပြန်လည်ပို့ချရန်အတွက် အစည်းအ​ဝေးခန်းမများကိုလဲ အချိန်ပိုင်းငှားရန်းနိုင်ပါတယ် ရှင့်။ 🤗🤍 ...
24/11/2023

ဆွေး​နွေးပွဲများ ၊ သင်တန်းများ ပြန်လည်ပို့ချရန်အတွက် အစည်းအ​ဝေးခန်းမများကိုလဲ အချိန်ပိုင်းငှားရန်းနိုင်ပါတယ်
ရှင့်။ 🤗🤍

23/11/2023

ကမ္ဘာ့ သမိုင်း၀င်အ​မွေအနှစ်​တွေနဲ့ပြည့်နှက်​နေတဲ့ ​ရှေး​ဟောင်းပုဂံမြို့​တော်ကြီးကို ရထားနဲ့လာ​ရောက်ပြီး သဘာ၀ရဲ့အလှတရား​တွေ ခံစားလို့ရပါပြီ 🤍

19 ရက်​နေ့ည Dinner ဧည့်သည်များအတွက် BBQ နဲ့ ထမင်း​ကြော် ခင်းကျင်း ​ပေး​သောပုံရိပ်များ...😍BBQ ​လေးစား Unplugged ​လေးနား​ထ...
20/11/2023

19 ရက်​နေ့ည Dinner ဧည့်သည်များအတွက် BBQ နဲ့ ထမင်း​ကြော် ခင်းကျင်း ​ပေး​သောပုံရိပ်များ...😍
BBQ ​လေးစား Unplugged ​လေးနား​ထောင်ရင်း ပုဂံရဲ့ ​ဆောင်းအ၀င် ည​လေးကိုဖြတ်သန်းရတာ ​ပျော်စရာပါ..🤍

Special Promotion  ❗❗❗18.11.23 / 19.11.23  တို့အတွက် special promotion ​လေးရှိပါတယ်​နော် 2​ယောက်ခန်း ၁ခန်းကို Normal Pri...
18/11/2023

Special Promotion ❗❗❗
18.11.23 / 19.11.23 တို့အတွက် special promotion ​လေးရှိပါတယ်​နော် 2​ယောက်ခန်း ၁ခန်းကို Normal Price 60000 ❌မှ ယခု Promotion Price - 45000 ✅နဲ့ရရှိမှာ မို့ ၁၈ရက်နဲ့ ၁၉ ရက် ပုဂံမှာ လာ​ရောက်ဘုရားဖူးကြမည့် ဧည့်သည်​များ အတွက် သီတင်း​ကောင်းပါးလိုက်ပါတယ်ရှင့်။ 🤗❤
၁၉ ရက်​နေ့ ညအတွက်လဲ Unplugged show အစီအစဥ်​တွေပါ ပါ၀င်ဖို့ရှိတာမို့ ညစာသုံး​ဆောင်ရင်း unplugged ​လေးလဲ နားဆင်နိုင်ပါပြီ ရှင့် 🤗

18/11/2023

မိုး​နှောင်းကာလမှာ ရွာတဲ့ မိုး​ကြောင့် ပုဂံမြို့​လေး မိုး​ရေထဲမှာ လွမ်းစရာ အတိ...🤍
ပုဂံ​မြေကိုလွမ်း လို့ ၁၈ ၁၉ ရက် လာလည်မဲ့ ဧည့်သည်​တော်များအတွက်လဲ ယခင်​စျေး 60000 တန် အခန်းများကို promotion 2ရက် ၁ညကို 45000 နဲ့ရရှိနိုင်မှာ ဖြစ်ပါ​တယ်။🤗❤

Address

Pone Nyat Street, Thamudarit Qtr, Kyan Sitt Thar Block, New Bagan, Nyaung Oo Township, Mandalay Division.

05232

Website

Alerts

Be the first to know and let us send you an email when Su Tine San Royal Palace Hotel - Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Su Tine San Royal Palace Hotel - Bagan:

  • Want your business to be the top-listed Hotel?

Share