hnin si wai

hnin si wai hotel/guest house/inn

14/02/2026

Religion & Spirituality

14/10/2025
08/10/2025
06/10/2025
ဆေးသောက်လျှင် ရေနဲ့ သောက်ရမည်ကို မသိသူမရှိ သို့သော် လွယ်ကူ၍အရေးကြီးသော ကွင်းဆက်ကို မေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလေ...
23/08/2025

ဆေးသောက်လျှင်
ရေနဲ့ သောက်ရမည်ကို
မသိသူမရှိ သို့သော်
လွယ်ကူ၍အရေးကြီးသော
ကွင်းဆက်ကို မေ့လျော့သည့်အတွက်
ဆေးအာနိသင် ရသင့်သလောက်
မရသည့်အပြင် အစာမျိုပြွန်ကို
ထိခိုက်နိုင်သည်။
ဆေးပြားသည် သာမာန်
အားဖြင့် အဓိက ဆေးမူန့်နဲ့
ပုံသွင်းမူန့် ( ကော်မူန့်/ သကြား)
စသည်တို့ကို ဖိ၍ ပုံသွင်းထားခြင်း
ဖြစ်သည်။
ဆေးအာနိသင် မြန် နှေး ပြင်း ပျော့သည်
အဓိက ဆေးမူန့်၏ အစာအိမ်
အူလမ်းကြောင်း တလျောက် စုပ်ယူခံရမူ
အမြန်နူန်းပေါ်တွင် မူတည်သည်။
ဆေးပြားသည် သွေးအတွင်းသို့
စုပ်ယူမခံရမီ အစာအိမ်နဲ့
အူလမ်းကြောင်းတွင် သေးငယ်သော
ထောင်သောင်း
မကသော အမူန်ငယ်များအဖြစ်
ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ
သွေးထဲ စုပ်ယူခံနိုင်မည်။
ဆေးသောက်ပြီးရေများများသောက်မှ
သွေးထဲသို့ စုပ်ယူခံရမူ ပိုမိုမြန်ဆန်မည်။
ထို့ကြောင့် ဆေးမသောက်မီ
ရေနွေးနွေးတစ်ခွက်သောက်ခြင်းဖြင့်
အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။
ပြီးမှ ဆေးကို ရေများများနဲ့
သောက်ခြင်းဖြင့်
အာနိသင် မြန်ဆန်
ထက်မြက်စေနိုင်မည်။
ရေသောက်နည်းလျှင်
ဆေးပြားဆေးတောင့်တို့သည်
အစာမျိုပြွန် အစာအိမ်နံရံတွင်ကပ်နေနိုင်ပြီး
ထိခိုက်ဒါဏ်ရာ ရစေနိုင်သည်။
ဥပမာ - အက်စ်ပရင်./ ပရိုဖင် /
အကိုက်အခဲပျောက်
အကိုက်အခဲပျောက်ဆေးမျိုးစုံ
ပရီနိုစလုံးဆေး. ကင်ဆာရောဂါကု
ရူဘီဒိုမိုက်စင် စသည်တို့ဖြစ်သည်။
၁။ လှဲလျှက်ဆေးမသောက်ရ
ဆေးသောက်သည့်အခါ မတ်တပ်ရပ်လျှက် သို့မဟုတ် ထိုင်လျက် ဆေးသောက်ရမည်။
လှဲလျှက်ဆေးမသောက်ရ - ဆေးသောက်ပြီး
ချက်ခြင်းမလှဲရ အနည်းဆုံး ၃ မိနစ် ၅ မိနစ် ဆက်လက် ထိုင်နေသင့်သည်။
နာတာရှည်ရောဂါသည်နှင့်
အစာမျို ခက်ခဲသူများသည်
ဆေးအရည်ကို သောက်သင့်သည်။
၂။ အိပ်ခါနီးဆေးသောက်ချိန်
အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင်
ဆေးသောက်ပြီး နှစ်မိနစ် သုံးမိနစ်ခန့်
သွားလာ လူပ်ရှားပြီးမှ အိပ်သင့်သည်။
၃။ ဆေးနဲ့ တွဲ၍ မသောက်သင့်သည့်
အရာများ
၁) ဆေးကို နွားနို့နဲ့ မသောက်သင့်ပါ.
နွားနို့တွင် ပရိုတင်းဓာတ်နဲ့
ဖက်တီးအက်ဆစ်ပါသည့်အတွက်
ဆေးမူန့်လေးများ၏ ပတ်ပတ်လည်တွင်
အမြေးပါး တထပ်နဲ့ အပေါ်ကို
အုပ်ဆောင်းထားတတ်သည်။
ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာ ပါဝင်သော
ကယ်လ်စီယမ်ဓာတ် မီးစုန်းဓာတ်.
သံဓာတ်တို့သည်လည်း အချို့ဆေးဝါး
ပစ္စည်းများနဲ့ ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန်
ခက်ခဲသောဆားများ
အဖြစ်သို့ ဓာတ်ပြောင်းလဲ သွားနိုင်ပါသည်။
၂ ) ဟင်းရည် လက်ဖက်ရည်. ကော်ဖီ. ရေနွေးကြမ်း အချိုရည် ဘိလပ်ရည်တို့နှင့်
ဆေးကို မသောက်ရ ရေနွေးနွေးနင့်သာ
သောက်သင့်ပါသည်။
ဆာလ်ဖာ ဆေးဝါးသောက်လျှင်
ကြောက်တည်ခြင်းမှ ကာကွယ်ရန်
အထူးသဖြင့် ရေများများ ပိုသောက်ရမည်။အနည်းဆုံး ရေတစ်ပုလင်းခွဲခန့် - (၁၅၀၀မီလီမီတာ )- ထိုနေ့တွင်
သောက်ရမည်။ သို့မှသာ သွေးကျဲ
ဆီးရွှင် ကျောက်ကပ်ကို ကာကွယ်ရာ
ရောက်မည်။
၃ ) အကိုက်အခဲပျောက်ဆေး.
အဖျားကျဆေးများ သောက်လျင်လည်း
ရေများများ သောက်ရန် လိုအပ်သည်။
ကိုယ်ပူကျပြီး ချွေးများများ
ထွက်သောအခါ ရှော့ခ် ဖြစ်ခြင်း
မှ ကာကွယ်နိုင်မည်။
၄ ) မည်သည့်ဆေးကို သောက်သည်ဖြစ်စေ
ရေများများ သောက်ရမည်ဟူ၍ မဟုတ်ပါ။
အချို့ ချောင်းဆိုး ပျောက်ဆေးသည်
သောက်ပြီး ၅ မိနစ်ကြာမှ
ရေသောက်ရသည်။
ထို့ကြောင့် ဆေးအာနိသင်
ကောင်းစေရန် ဆေးပေးသူကို
ဆေးသောက်ရမည့်
အချိန် နည်းလမ်းတို့ကို သေချာ မေးမြန်းပြီး မှတ်သား လိုက်နာရမည် ဖြစ်ပါသည်။
ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏
#လေးစားစွာဖြင့်မူရင်ရေးသားသူအား
ေးပါသည် ✡❤
ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)

အ ဘယ့် ကြောင့် "မန္တလေး"လို့ ခေါ်သ နည်း ။×××××××××××××××××××××××"မန္တလေး" ဆိုတာ ပါဠိ ဘာသာစကား " မဏ္ဍလ" ဆိုတာ ကနေ ဆင်းသက်...
12/03/2025

အ ဘယ့် ကြောင့် "မန္တလေး"လို့ ခေါ်သ နည်း ။
×××××××××××××××××××××××
"မန္တလေး" ဆိုတာ ပါဠိ ဘာသာစကား " မဏ္ဍလ" ဆိုတာ ကနေ ဆင်းသက်လာတာဖြစ်ပြီး " ပြန့်ပြူး သာယာသောနယ်မြေ"လို့ အဓိပ္ပါယ် ရပါတယ်။

မင်းတုန်းမင်းက နန်းတော်အသစ် တည်ဆောက်ဖို့ မြို့နေရာ ရွေးချယ်ခဲ့တဲ့အခါ
စည်မျက်နှာပြင်လို ညီညာပြန့်ပြူးတဲ့ နေရာကို ရွေးချယ်ခဲ့ပြီး မန္တလေးမြို့ကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အခြားအဆိုတစ်ခုကတော့
" မန္တလေး " ဆိုတာဟာ "မန္တလေးတောင်"ကို အစွဲပြုပြီး ခေါ်ဝေါ်တယ်လို့လည်း အဆိုရှိပါတယ်။

တချိန်က မင်းနေပြည်ဖြစ်ခဲ့တဲ့ မန္တလေးမြို့ဟာ အခုအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တော်အဖြစ် တည်ရှိနေပါတယ်။

ထူးခြားတာတစ်ခု ပြောရမယ်ဆိုရင် " ရွှေမြို့တော်ကြီး "လို့ တင်စားခေါ်ဝေါ်လိုက်ရင်

အားလုံးက "မန္တလေးမြို့ "ကိုပဲ ပြေးမြင်ကြတာ ဖြစ်ပါ တယ်။

ကျွန်တော်တို့ရဲ့ မန္တလေးမြို့ကို " ရွှေမန္တလေး " သို့မဟုတ် "မန္တလေးရွှေမြို့တော်ကြီး" လို့လည်း ခေါ်သလို

" မန္တလာမြေ" လို့လည်း ဖွဲ့ဆိုတတ်ကြပါသေးတယ်။

တကမ္ဘာလုံးက အသိအမှတ်ပြုရတဲ့ မန္တလေးမြို့ရဲ့ ဂုဏ်ယူစရာတွေက
ဘာတွေလဲ။
***********************************
∆ ဦးပိန်တံတားဟာ
ကမ္ဘာ့ အရှည်ဆုံးသစ်သားတံတား ဖြစ်ပါ တယ်။

∆ မဟာလောကမာရဇိန်ဘွဲ့ချီ ကုသိုလ်တော်ဘုရားဟာ
ကမ္ဘာ့ အကြီးဆုံး စာအုပ်ဖြစ်ပြီး ကျောက်စာချပ် ရေ ၇၂၉ချပ် ရှိပါတယ်။

∆ မဟာသကျမာရဇိန်ဘွဲ့ချီ ကျောက်တော်ကြီးဘုရားဟာ
ကမ္ဘာ့ အကြီးဆုံး ကျောက်ဆင်းတုတော်ကြီး ဖြစ်ပါ တယ်။

မန္တလေးမြို့ဟာ ကမ္ဘာ့ အဖော်ရွေဆုံးမြို့ကြီး(၁၀)မြို့ထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်ခင်ဗျာ။

နန်းမြို့ရိုးဟာ တစ်ဘက်ကို ဘယ်လောက် ရှည်လျားပါသလဲ။
****************************
မန္တလေးမြို့ကို မင်းတုန်းမင်းကြီးက သာသနာ သက္ကရာဇ် ၂၄၀၀ ပြည့်နှစ်မှာ တည်ခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ မြို့ရိုးပတ်လည် လေးမျက်နှာကို ရှေးခေတ်မြန်မာအတိုင်းအတာအားဖြင့် တာ ၂၄၀၀၊ တစ်မျက်နှာကို တာ ၆၀၀ အဖြစ် ဖွဲ့စည်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
တာ ၆၀၀ ဆိုတာဟာ တစ်မိုင်နဲ့ နှစ်ဖာလုံခန့် ရှိပါတယ်။

မန္တလေးမြို့ကို ဘယ်ခုနှစ်က စတင်တည်ထောင်ခဲ့သလဲ။
××××××××××××××××××××××××××
မန္တလေး ရွှေမြို့တော်ကြီးကို မြန်မာသက္ကရာဇ် (၁၂၂၁) ခုနှစ်၊ ခရစ်နှစ် (၁၈၅၉) ခုနှစ် မှာ မင်းတုန်းမင်းက စတင်တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။

ဂေါတမမြတ်စွာဘုရားရဲ့ ဗျာဒိတ်တော်အရ မြို့တည် နန်းတည်မင်းအဖြစ် ခံယူလိုတဲ့အတွက်

အမရပူရနန်းရပ်ကို စွန့်ပြီး သာသနာသက္ကရာဇ် (၂၄၀၀) ပြည့်နှစ် မှာ မန္တလေးမြို့ကို တည်ခဲ့ တာ ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် (၁၂၂၁) ခုနှစ်မှာ တည်ခဲ့တာ ဖြစ်တဲ့အတွက် နေ့သင့်၊နံသင့်အက္ခရာအရ၊

" အောင်ကျော်ချမ်းအေး မန္တလေး "

" အုတ်ကျစ်ကျော်အေး မန္တလေး "

" အင်ကြင်းကြာအုံ ရတနာပုံ"စသဖြင့် ခေါ်ဆို မှတ်သား ကြပါတယ်။

မန္တလေးတောင်ဟာ ဘယ်နှပေ မြင့်သလဲ။
************************************

ကျနော်တို့ မန္တလေးမြို့ရဲ့ သဘာဝမျှော်စင်လို့ တင်စားရတဲ့ မန္တလေးတောင်ကြီးဟာ

မန္တလေးမြို့ရဲ့ အရှေ့မြောက်ထောင့်မှာရှိပြီး ပေပေါင်း ၇၉၀ မြင့်ပါတယ်။

တောင်ပေါ်ကို ကားလမ်းကနေ ကားနဲ့သို့မဟုတ် ခြေလျင်တက်လို့ ရသလို စောင်းတန်းတွေကနေလည်း ခြေလျင်တက်လို့ ရပါတယ်။

ခြင်္သေ့ကြီးနှစ်ကောင်ရှိတဲ့ တောင်ဘက်စောင်းတန်းကတော့ လူသိများပါတယ်။

မန္တလေးတောင်ပေါ်ကနေ နံနက်ခင်းနေထွက်ချိန် သာမက ညနေ နေ၀င်ချိန် အလှ အပကို ပါ ခံစား ကြည့်ရှု့လို့ ရပါတယ်။

မန္တလေးတောင်ဟာ ဂေါတမဘုရားရှင် ဗျာဒိတ်ပေးခဲ့တဲ့ နေရာအဖြစ် အထင် အရှားရှိခဲ့သလို ၁၉၀၇ ခုနှစ်နောက်ပိုင်းများမှာ ရသေ့ကြီး ဦးခန္တီရဲ့ ဦးဆောင်ပြုပြင်မွမ်းမံမှုတွေကြောင့် ပိုမို သာယာစည်ပင်လာခဲ့ပါတယ်။

crd_ to_ owner ၊ Yinyinh naung
နော် ဂဲ လယ် ထူး ( စာပေပရဟိတ )

 #နှင်းဆီဝေInnHnin Si Wai Inn၁၀၇ လမ်း .. ၅၆ × ၅၇ ကြားမန္တလေးမြို့ 🌹နှစ်ယောက်ခန်း  (၂၀၀၀၀)မနက် ၉ နာရီ မှ ညနေ ၅ နာရီထိ🕔 #ည...
12/03/2025

#နှင်းဆီဝေInn
Hnin Si Wai Inn
၁၀၇ လမ်း .. ၅၆ × ၅၇ ကြား
မန္တလေးမြို့ 🌹

နှစ်ယောက်ခန်း (၂၀၀၀၀)
မနက် ၉ နာရီ မှ ညနေ ၅ နာရီထိ🕔

#ညအိပ် (၂၅၀၀၀)...(၃၅၀၀၀)

#အချိန်ပိုင်းအနားယူလိုသူမျာအတွက်
#(၃)နာရီ...၁၃၀၀၀ 💜❤...၁၈၀၀၀
""""""""""""""""""""""""""""""""""""""
#၅ရက်ယူလျင် 10% discount)
လျှပ်စစ်မီး/မီးစက်)

⭐ရေစိမ်ကန်ပါ အခန်း နှင့်
အခန်းကျယ်များလည်း ရှိသည်
hninsiwai inn🌲💐⚘

⭐ဓာတ်လှေကား ပါသည်
⭐ကားပါကင် အကျယ် နှင့် ဆိုင်ကယ် ထားရန် နေရာအကျယ်
အထူးစျေးနှုံး
🌏⚡Wifi..Tv..ရေပူရေအေး..ရေခဲ​သေတ္တာ
( kpay..mobile banking ရသည်)

Hnin si wai ... #နှင်းဆီဝေINN
🔸🔸🔸107 st .. 56 × 57 st
Mdy....Mandalay
09954783006
09891138100
0933315553
Viber..(09788811982)..

Address

56st & 57st. . 107st
Mandalay

Telephone

+959891138100

Website

Alerts

Be the first to know and let us send you an email when hnin si wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share