Shweyimay Family Bungalow

Shweyimay Family Bungalow Do u like stay in Pyin Oo Lwin?

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ပိုပို ရဲ့ဖျော်ဖြေမှု
09/10/2025

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး

ပိုပို ရဲ့ဖျော်ဖြေမှု

ကျွန်မတို့ရဲ့ မေမြို့ သို့မဟုတ် ပြင်ဦးလွင်ရဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ကျင်းပပြုလုပ်မယ့် သီတင်းကျွတ် ညလေးဟာဆိုရင်ဖြ...
29/09/2025

ကျွန်မတို့ရဲ့ မေမြို့ သို့မဟုတ် ပြင်ဦးလွင်ရဲ့
အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ကျင်းပပြုလုပ်မယ့် သီတင်းကျွတ် ညလေးဟာဆိုရင်ဖြင့် ဘယ်လောက်တောင်လှလိုက်လဲရှင်🍀

အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)ရဲ့ ညအလှကို အောက်တိုဘာလ (၃) ရက်ကနေ (၇) ရက်နေ့ အထိ လာရောက်ခံစားဖို့ ဖိတ်ခေါ်ပါရစေ။ ညဖက်အလှကိုတမူထူးခြားစွာခံစားစေဖို့ဥယျာဉ်အတွင်းမှာ မီးရောင်စုံတွေနဲ့ အလှဆင်ထားတာကြောင့် နေ့ခင်းဘက်နဲ့မတူတဲ့ ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတွေကို တွေ့မြင်ကြရမှာပါ။ ညအလှကို ခံစားရင်း ဓာတ်ပုံလှလှလေးတွေလည်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
“Thadingyut's Night Poem” ပွဲတော် ကာလအတွင်း ညနေ (၂) နာရီမှစတင်၍ ည (၉) နာရီအထိ နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသော ဟဲလေး၊ ထွန်းထွန်း ၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့ နှင့်ပြင်ဦးလွင်မြို့မှတေးသံရှင်များတို့ရဲ့ သီဆိုဖျော်ဖြေမှုများကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ လူငယ်များအကြိုက် DJများဖြစ်ကြသော Axel, 9Nine, Kylo, Diary, Joely, Barni, Zorro, Valatino, AXN တိုနှင့်အတူ MC HULK ရဲ့ ပူးပေါင်းတင်ဆက်မှုများဖြင့် မြူးကြွတဲ့ DJ တီးလုံးများကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။
အနားယူရင်းအဆာပြေ စားသုံးနိုင်ဖို့အတွက်စားသောက်ဆိုင်များနှင့် ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် Night Bazaar လေးကိုလည်း ဥယျာဉ်အတွင်းမှာ စီစဉ်ပေးထားပါတယ်။
တောင်ပေါ်မြို့ရဲ့ အေးချမ်းလှတဲ့ညမှာ လှပတဲ့မြင်ကွင်းတွေနဲ့ ဖျော်ဖြေမှုတွေကို ခံစားနိုင်ဖို့ အောက်တိုဘာလ (၃) ရက်ကနေ (၇) ရက်နေ့ အထိ “Thadingyut's Night Poem “ပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

Photo By - U Cherry (Cherry Studio)



ငါးမည်ရမြို့တော်။-------------------------------------------------*** မြွေလိမ်မြွေကောက်မြင့်မောက်တက်သွား,တောင်လှကားဟုတင်...
26/09/2025

ငါးမည်ရမြို့တော်။
-------------------------------------------------
*** မြွေလိမ်မြွေကောက်
မြင့်မောက်တက်သွား,
တောင်လှကားဟု
တင်စားခေါ်တွင်
မေမြို့(သို့မဟုတ်)ပြင်ဦးလွင်။

*** ငွေနှင်းမှုန်တို့
လွှမ်းခြုံမှိုင်းညို့
နှင်းမှုံမြို့ဟု
လူတို့နှုတ်ဖျား
တင်စားခေါ်တွင်
မေမြို့(သို့မဟုတ်)ပြင်ဦးလွင်။

***ချယ်ရီတန်းနင့်
စိန်ပန်းပြာပြာ
လွမ်းစရာမို့
စိန်ပန်းပြာမြို့
ချယ်ရီမြို့ဟု
လူတို့နှုတ်ဖျား
တင်စားခေါ်တွင်
မေမြို့(သို့မဟုတ်)ပြင်ဦးလွင်။

***ရုက္ခဗေဒ
ပန်းအလှကြောင့်
မြင်ရသူငေး
အမည်ပေးသော်
ပန်းမြို့တော်ဟု
မှည့်ခေါ်သမုတ်
သရုပ်ပီပြင်
မေမြို့(သို့မဟုတ်)ပြင်ဦးလွင်။

***တောင်လှေကားမြို့
နှင်းမှုန်မြို့ နှင့် မှိုင်းညို့ဝေဆာ
စိန်ပန်းပြာမြို့
ချယ်ရီမြို့ ခေါ်
ပန်းမြို့တော်ဟု
တောင်ပေါ်ဒေသ
ငါးမည်ရသည်
အလှ စုံလင်
မေမြို့(သို့မဟုတ်)ပြင်ဦးလွင်။

25-9-2025 ကြာသပတေးနေ့။

Crd
Photo Crd

05/02/2025


24/01/2025
ပြင်ဦးလွင်ကို ညအိပ်တည်းခိုပြီး လည်ပတ်မယ်ဆို ရွှေရည်မေ မိသားစုဘန်ဂလိုကို သတိရလိုက်ပါနော်မှတ်ချက်- ကြိုတင် booking တင်မှ ရ...
31/12/2024

ပြင်ဦးလွင်ကို ညအိပ်တည်းခိုပြီး

လည်ပတ်မယ်ဆို

ရွှေရည်မေ မိသားစုဘန်ဂလိုကို သတိရ

လိုက်ပါနော်

မှတ်ချက်- ကြိုတင် booking တင်မှ ရနိုင်မှာ

မို့ အခုပဲဆက်သွယ်လိုက်နော်

Ph- 0943188280


☃️⛄️⛄️🌈 ပိတ်ရက်ရှည်တွေမှာ ကြိုတင် bookingတင်ထားမှ ရမယ်နော် 🤗🤗🤗အစိုးရရုံးပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်...
26/12/2024

☃️⛄️⛄️🌈 ပိတ်ရက်ရှည်တွေမှာ ကြိုတင်

bookingတင်ထားမှ ရမယ်နော် 🤗🤗🤗

အစိုးရရုံးပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန်သတ်မှတ်

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူ စေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။

(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တိုကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တိုကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တိုကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တိုကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်Crd ။

Rooftop
21/12/2024

Rooftop

20/11/2024

real mogok gem sale

Beautiful
19/11/2024

Beautiful

ဘန်ဂလိုများကိုသက်သာသောနှုန်းထားဖြင့် လပြတ်ဌားရမ်းသွားပါမည်Ph09 43188280
10/10/2024

ဘန်ဂလိုများကို

သက်သာသောနှုန်းထားဖြင့်

လပြတ်ဌားရမ်းသွားပါမည်

Ph09 43188280

Address

Ayenyeinchanthar Street
Maymyo

Alerts

Be the first to know and let us send you an email when Shweyimay Family Bungalow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category