မေမြို့ Tiny House Pyin Oo Lwin

မေမြို့ Tiny House Pyin Oo Lwin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မေမြို့ Tiny House Pyin Oo Lwin, Bed and Breakfast, ရပ်ကွက်ကြီး ၁၃, Maymyo.

တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်မလားရပ်ကွက်ကြီး ၁၃ ဆင်ခေါင်းလေးက ရှုခင်းလေးတွေ... 😉   #ပြင်ဦးလွင်
01/07/2024

တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်မလား
ရပ်ကွက်ကြီး ၁၃ ဆင်ခေါင်းလေးက ရှုခင်းလေးတွေ... 😉


#ပြင်ဦးလွင်

👀
06/06/2024

👀

ဒီနေ့ သတင်းတွေထဲ ဒီဘုရားပုံမြင်တော့ တွေးမိတာတစ်ခုရှိတယ်🧐🤔တွေးမိရုံပါပဲ... လို့ 🙄😆 #အမည်းရောင်  #ရွှေတိဂုံ
16/05/2024

ဒီနေ့ သတင်းတွေထဲ ဒီဘုရားပုံမြင်တော့ တွေးမိတာတစ်ခုရှိတယ်
🧐🤔
တွေးမိရုံပါပဲ... လို့
🙄
😆
#အမည်းရောင်
#ရွှေတိဂုံ

 #မေမြို့ မှာ နေမယ်ဆိုရင် ဘယ်ရပ်ကွက်မှာ အနေချင်ဆုံးလဲ???? #ပြင်ဦးလွင် ရပ်ကွက်ကြီး ဘယ်နှစ်ခု ရှိလဲရော သိလား????ရပ်ကွက်ကြ...
08/05/2024

#မေမြို့ မှာ နေမယ်ဆိုရင် ဘယ်ရပ်ကွက်မှာ အနေချင်ဆုံးလဲ????
#ပြင်ဦးလွင် ရပ်ကွက်ကြီး ဘယ်နှစ်ခု ရှိလဲရော သိလား????

ရပ်ကွက်ကြီး(၁) ✅
ညံကွဲ၊ ယူဂိုဆလပ် စသဖြင့် လူအများသိကြသော ရပ်ကွက်။ မြို့လယ်ခေါင် မြို့ဟောင်းနေရာ။

ရပ်ကွက်ကြီး (၂)✅
မြမာလာ. သုမင်္ဂလာ။ မြို့ဟောင်း ... သို့ပေမယ့် မြို့သစ်နဲ့ကပ်လျက်တစ်ဆက်တည်းရှိသော ရပ်ကွက်။ စျေး၀ယ်လို့ကောင်းတဲ့ ဇရပ်ကတုံးစျေး တည်ရှိရာ ရပ်ကွက်။

ရပ်ကွက်ကြီး(၃)✅
ဟော်ကုန်း။ မြို့ဟောင်းစစ်စစ်.. ပုလဲဖြူဆွယ်တာ၊ ရှမ်းမလိုင်တို့လို့ ပြင်ဦးလွင်ရဲ့ လူသိများသောဆိုင်များရှိရာ ရပ်ကွက်။

ရပ်ကွက်ကြီး(၄)✅
ရပ်ကွက်ကြီး(၂) နဲ့ မျက်နှာချင်းဆိုင်.. မန်း-လားရှိုးလမ်း ဟိုဘက် သည်ဘက်။ မင်မင်ကြိုက်တဲ့ may myo coffee ဆိုင်ရှိတဲ့ ရပ်ကွက်။ မြို့လည်ခေါင် စစ်စစ်။

ရပ်ကွက်ကြီး(၅)✅
နာမည်ကျော် နန်းမြိုင်လမ်း၊ စန္ဒာလမ်းတို့ ရှိရာရပ်ကွက်။ နာရီစင်၊ မြို့မစျေး၊ ဆေးရုံကြီးတို့ တည်ရှိရာ ... မြို့ကို ၀င်လိုက်တာနဲ့ WE ❤️ PYIN OO LWIN (လမ်းညာဘက်ခြမ်း) မှာ မြင်ရတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး(၆)✅
လတ်တလော လူကြိုက်အများဆုံး ရပ်ကွက်တွေထဲက တစ်ခု။ ဂရမ်မြေ မြို့ဟောင်းဆို ရပ်ကွက်ကြီး(၆) ကို အရွေးများကြတယ်။ ပြင်ဦးလွင်ရသ အပြည့်အ၀ ရတယ်၊ ရပ်ကွက်သန့်ပြီး VIP ဆန်တယ်။ ကန်တော်ကြီး၊ ကန်တော်လေး ၊ ရုက္ခဗေဒဥယျာဥ်ရှိရာ ရပ်ကွက်ပေါ့။

ရပ်ကွက်ကြီး(၇)✅
ရွာသစ်ကလေး။ ရပ်ကွက်ကြီး (၁) နဲ့ (၃) တို့ရဲ့ အနောက်ကပ်လျက်။

ရပ်ကွက်ကြီး (၈) နဲ့ (၁၀) ✅
ပဒေသာမြို့သစ်။ မန်း-လားရှိုးလမ်းနဲ့ နီးသော ၊ ကားကြီး၀င်းနဲ့ သီရိရတနာစျေး ရှိသော ရပ်ကွက်က ရပ်ကွက်ကြီး (၁၀)... အဲ့ဒီ့ကမှ ဆက်သွားလို့ချယ်ရီလမ်းကျော်သွားရင် ရပ်ကွက်ကြီး (၈)..
မြို့သစ် .. ဂရန်၊ မြေပေးမိန့် မြေအမျိုးအစားထဲက အရောင်းအ၀ယ်အသွက်ဆုံး ရပ်ကွက်။

ရပ်ကွက်ကြီး (၉)✅
နန္ဒ၀န် ။ မြို့အ၀င် .. ဌေးဌေးကြွယ်ဆီဆိုင်ရှိတဲ့ရပ်ကွက်။ စတော်ဘယ်ရီ၊ ၀ိုင်နဲ့ မေမြို့လက်ဆောင်တွေ ရောင်းကြတဲ့ နေရာ။

🚩 ရပ်ကွက်ကြီး (၁) ကနေ (၁၀) အထိက ပြင်ဦးလွင်ရဲ့ စည်ပင်နယ်နိမိတ်ထဲပါတာဖြစ်လို့ ဂရန်မြေ၊ မြေပေးမိန့် တို့ အများဆုံးရှိသော ရပ်ကွက်များ ( ချွင်းချက်တချို့ရှိပါသည် )

ရပ်ကွက်ကြီး ( ၁၁ )✅

ရေငယ်။ မဟာအံ့ထူးကံသာဘုရားကြီး (ပြည်ချစ်ဘုရား ) တည်ရှိရာရပ်ကွက်။ လမ်းကျယ်တယ်၊ ရပ်ကွက်သန့်တယ်လို့ လူသိများတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး ( ၁၂ )✅
ရေချမ်းအိုး။ ပဒေသာမြို့သစ်နဲ့ ကပ်နေသော ရပ်ကွက်။ လူစည်တယ်- အိမ်ခြေစိပ်တယ်_မြို့ရှောင်လမ်း နဲ့ မန်း- လားရှိုးလမ်းကို တိုးလျှိုပေါက်သွားနိုင်သော ရပ်ကွက်။

ရပ်ကွက်ကြီး ( ၁၃ )✅
ဆင်ခေါင်းလေး။ မန္တလေးဘက်ကလာရင် မြို့ထဲကို မ၀င်ဘဲ မြို့ရှောင်လမ်းအတိုင်းသွားရင် လမ်းညာဘက်မှာ တည်ရှိတဲ့ ရပ်ကွက်။ သီးသန့် အေးဆေး တောရိပ်တောင်ရိပ်နဲ့ စိမ်းစိမ်းလမ်းလမ်း ကျယ်ကျယ်၀န်း၀န်း နေချင်သူများ သဘောကျတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး (၁၄) ✅
ညောင်နီ။ VIP ရပ်ကွက်။ ရပ်ကွက်သန့်၊ အိမ်ကြီးအိမ်ကောင်းများရှိပြီး မြို့ထဲ ကန်တော်ကြီး ဘက်နှင့် မြို့ရှောင်လမ်းဘက် နှစ်ဘက်စလုံးနှင့် နီးသော ရပ်ကွက်။

ရပ်ကွက်ကြီး (၁၅) ✅
ဖောင်းတော။ မြို့ရှောင်လမ်း နှင့် ကျောက်ဆည်လမ်း နှစ်ခုပေါ်မေးတင်ထားသော ရပ်ကွက်။

ရပ်ကွက်ကြီး (၁၆) (၁၇) (၁၈)✅
စည်သာ၊ ကံကြီးကုန်း၊ အနီးစခန်း၊ နွယ်နှင်း၊ စျေးကုန်း၊ ဆင်ခေါင်းကြီး၊ ဒိုးကွင် ။ အနီးစခန်းလေယာဥ်ကွင်း အနီးတစ်၀ိုက်မှ ပြင်ဦးလွင်မြို့အ၀င် ဒိုးကွင်ဆည်အထိ ရပ်ကွက်များ။ ပြင်ဦးလွင်နဲ့ မန္တလေးကြား မန်း- လားရှိုး လမ်းဘေး ရပ်ကွက်များဖြစ်တာကြောင်း မန္တလေးမြို့ခံများ အကြိုက်ဆုံး ရပ်ကွက်။

ရပ်ကွက်ကြီး (၁၉) (၂၀)✅
ငါးရံ့ချောင်း၊ နောင်ခမ်းကြီး။ လမ်းသာပြီး မြေကွက်စျေးသင့်၊ နေထိုင်ရန် သင့်လျော်တာကြောင့် စိတ်၀င်စားခံလာရသော ရပ်ကွက်များ။

ရပ်ကွက်ကြီး (၂၁)✅
မိုးကြိုး၊ သဲဖြူချောင်း။ မိုးကုတ်လမ်းကို မေးတင်ထားပြီး၊ မန်းလားရှိုးလမ်းနှင့်သော်လည်းကောင်း၊ မြို့ထဲနှင့်လည်းကောင်း နီးသော ရပ်ကွက်။ စျေးနီး၊ ကျောင်းနီး၊ လမ်းခရီးသာတာကြောင့် နှစ်အနည်းငယ်အတွင်း လူနေထူထပ်လာသော ရပ်ကွက်။

🤗 ပြင်ဦးလွင်_မေမြို့ ကို စိတ်၀င်စားကြသူများအတွက် _ မြို့လေး၏ ရပ်ကွက်များကို ယေဘုယျသဘော သိရှိစေရန် ရည်ရွယ်ရေးသားထားသော post လေး ဖြစ်တာကြောင့် အသေးစိတ်လိုအပ်များရှိပါက နားလည်ပေးကြပါရန် 🙏

မူရင်းရေးသားသူ...
Credit to - #ဓူဝံပြင်ဦးလွင်အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း


#အိမ်ခြံမြေ

မွှေးအီသင်းထုံရနံ့လေးနဲ့ မက်မန်းပွင့်ချိန်ရောက်ပြန်ရင်လည်း 🍷Wine O'Clock ပါပဲနော်🍷💃🕺မနှစ်က မက်မန်းပေါ်ချိန်တုန်းက အရင့်အ...
04/03/2024

မွှေးအီသင်းထုံရနံ့လေးနဲ့ မက်မန်းပွင့်ချိန်ရောက်ပြန်ရင်လည်း 🍷Wine O'Clock ပါပဲနော်🍷
💃🕺
မနှစ်က မက်မန်းပေါ်ချိန်တုန်းက
အရင့်အမှည့်သီးသန့် ခေါင်သီးလေးတွေချည်းပဲ တစ်လုံးချင်းစီရွေးခူးပြီး သဘာဝအတိုင်းစိမ်ထားခဲ့တဲ့ ချိုပြင်းရှဝိုင်လေး.....
လုံးဝ အဖန်ဓါတ်မရှိ ...
အနံ့ အရသာ လုံးဝထူးခြားကောင်းမွန်စွာနဲ့ ....
ဒီနှစ်အတွက် မေမြို့ Tiny House ရဲ့ Limited Stock သီးသန့် ဝိုင်ပုလင်းလေးတွေကို နယ်အမှာရှိလည်း ပို့ပေးပါတယ်။

🥂 Hello ..ဝိုင်သောက်လို့အကောင်းဆုံးအချိန်ပါနော်.. ❤️🍷ခြံထွက်မက်မန်းကိုမှ အရင့်အမှည့်ချည်းပဲသီးသန့် ကိုယ်တိုင်ရွေးခူးပြီး...
12/02/2024

🥂 Hello ..
ဝိုင်သောက်လို့အကောင်းဆုံးအချိန်ပါနော်.. ❤️

🍷ခြံထွက်မက်မန်းကိုမှ အရင့်အမှည့်ချည်းပဲသီးသန့် ကိုယ်တိုင်ရွေးခူးပြီး သဘာဝအတိုင်းဖောက်ထားခဲ့တဲ့ ရိုးရာဝိုင် ချိုပြင်းမွှေးလေး...
🍷လုံးဝ အဖန်ဓါတ်မရှိ 😋
🍷လုံးဝ အရောအနှောကင်း အာမခံ သဘာဝအိမ်တွင်းဖြစ်စစ်စစ်..
🍷 ပိုးမွေးသလို တယုတယနဲ့ သိုလှောင်ထားတဲ့ အရည်အသွေးနဲ့ သန့်ရှင်းမှုကို လုံးဝအာမခံပါတယ်။
🍷ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အများကြီးမို့ ပြောမနေတော့ပါဘူး။
🍷အိမ်မှာသောက်တဲ့အထဲကနေ နည်းနည်းမျှရောင်းပေးတာမို့ Very Limited Stock ပါ။
🍷အခု မေမြို့ Tiny House Pyin Oo Lwin Page ပင်ရင်းမှာပဲ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်။
🍑🍑🫰🥂🍷


#ဝိုင်
#မေမြို့
#ပြင်ဦးလွင်
#ချယ်ရီ

No... I don't. 😌
09/02/2024

No... I don't. 😌

05/02/2024

ဒီည လွှင့်မယ့် Sweet Scenes လေး😍

11


 #မေမြို့ TINY HOUSE ရဲ့ Damson Wine လေးသောက်ပြီး နွေးထွေးလိုက်ပါ  🥰 #ပြင်ဦးလွင်     #ဝိုင်
03/02/2024

#မေမြို့ TINY HOUSE ရဲ့ Damson Wine လေးသောက်ပြီး နွေးထွေးလိုက်ပါ 🥰

#ပြင်ဦးလွင်



#ဝိုင်

11/01/2024

#မေမြို့ TINY HOUSE ရဲ့ Damson Wine လေးသောက်ပြီး နွေးထွေးလိုက်ပါ 😁
#ပြင်ဦးလွင်

Address

ရပ်ကွက်ကြီး ၁၃
Maymyo

Website

Alerts

Be the first to know and let us send you an email when မေမြို့ Tiny House Pyin Oo Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share