May Myo City Hotel

May Myo City Hotel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Myo City Hotel, Hotel, ကုန်သည်လမ်း၊မီးသတ်ရုံးဘေး၊မြို့မဈေးကြီးအနီး၊ရက်ကွက်ကြီး ၅၊ပြင်ဦးလွင်။, Maymyo.

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)🌕ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပထမဆုံးတရားဦးဖြစ်သော ဓမ္မစကြာတရားတော်ကို စတင်ဟော...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)🌕

ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပထမဆုံးတရားဦးဖြစ်သော ဓမ္မစကြာတရားတော်ကို စတင်ဟောကြားခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါသည့် အခါထူးအခါမြတ်နေ့တနေ့ ဖြစ်ပါသည်။

ဤမင်္ဂလာရှိသော ဝါဆိုလပြည့်နေ့အခါသမယတွင်
May Myo City Hotel၏ မိတ်ဖက်များအားလုံးနှင့်တကွ ခုနှစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့အတူ အောင်မြင်မှုများ ရရှိပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း May Myo City Hotel မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် ✨

27/07/2026

🔔 We are Hiring 🔔

👉May Myo City Hotel 👈

🏢 ရကက 5၊ ကုန်သည်လမ်း၊ မီးသတ်ရုံးဘေး ၊ မြို့မဈေးကြီးအနီး ၊ပြင်ဦးလွင် ။
☎️ 09-751515775 , 09-753378240 ( Room booking )






💥💥💥May Myo City Hotel 💥💥💥🏢 ရကက 5၊ ကုန်သည်လမ်း၊ မီးသတ်ရုံးဘေး ၊ မြို့မဈေးကြီးအနီး ၊ပြင်ဦးလွင် ။☎️ 09-751515775 , 09-75337...
27/07/2026

💥💥💥May Myo City Hotel 💥💥💥

🏢 ရကက 5၊ ကုန်သည်လမ်း၊ မီးသတ်ရုံးဘေး ၊ မြို့မဈေးကြီးအနီး ၊ပြင်ဦးလွင် ။
☎️ 09-751515775 , 09-753378240 ( Room booking )






ပြင်ဦးလွင်ရောက်ရင် ဘယ်နေရာတွေကို သွားရောက်လည်ပတ်ရမလဲဆိုတာကို ဝေခွဲမရဖြစ်နေပြီလား ??? 🌸(Part-2)🌸🔔မဟာအံ့ထူးကံသာဘုရား🙏ပြင်ဦ...
20/07/2026

ပြင်ဦးလွင်ရောက်ရင် ဘယ်နေရာတွေကို သွားရောက်လည်ပတ်ရမလဲဆိုတာကို ဝေခွဲမရဖြစ်နေပြီလား ???

🌸(Part-2)🌸

🔔မဟာအံ့ထူးကံသာဘုရား🙏
ပြင်ဦးလွင်ရဲ့ အထင်ကရ ပြည်ချစ်ဘုရားကြီးကို သွားရောက်ဖူးမြော် ကုသိုလ်ယူကာ စိတ်အေးချမ်းမှု ရရှိနိုင်တာပဲ ဖြစ်ပါတယ်ရှင်

🔔ပွဲကောက်ရေတံခွန်(Pwe Kauk Waterfall)🌊
မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ရေကစားရင်း၊ အပန်းဖြေရင်း အချိန်ကုန်ဆုံးဖို့ အကောင်းဆုံးနေရာလေး တစ်ခုပါပဲရှင်

🔔ဒီဇင်ဘာခြံ(December Garden)🐮
စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံထားတဲ့ ဒီဇင်ဘာခြံကြီးထဲမှာ လတ်ဆတ်တဲ့နွားနို့ နဲ့ စတော်ဘယ်ရီသီးတွေကို မြည်းစမ်းရင်း၊ လှပတဲ့ ပန်းခင်းတွေကြားမှာ အပန်းဖြေအနားယူနိုင်ပါတယ်ရှင်

🔔May Myo Rose Garden 🌹
ပြည်တွင်းဖြစ် နှင်းဆီများသာမက နိုင်ငံရပ်ခြားမှ တင်သွင်းပြီး ပြုစုပျိုးထောင်ထားသည့် ရှားပါးနှင်းဆီမျိုးစိတ်ပေါင်း၊ အရောင်အသွေးစုံလင်လှသော နှင်းဆီပင် ထောင်ပေါင်းများစွာကို တစ်နေရာတည်းတွင် မြင်တွေ့နိုင်ပါတယ်။နှင်းဆီပန်းရနံ့များ သင်းပျံ့နေပြီး ဓာတ်ပုံရိုက်ကူးရတာ ဝါသနာပါသူများ၊ သဘာဝဆန်ဆန် Background အလှကို လိုချင်သူများအတွက် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်နော်။

🔔 Flower Garden pyin oo lwin 💐
Rose garden အကျော်လေးတွင်တည်ရှိပီး အသစ်ဖွင့်လှစ်ထားသော ဥယျာဉ်ဖြစ်ပါတယ် ။ ရောင်စုံပန်းခင်းကြီးများအပြင်၊ signature အဖြစ် လက်ပံပျားကြက်ကြော်နှင့်အစားအသောက်များ မှာယူသုံးဆောင်၍ အပန်းဖြေနားခိုနိုင်ပါတယ်ရှင်။

🔔ဂျပန်ရွာ 🎎
ဂျပန်စတိုင် အငွေ့အသက် အပြည့်အဝရရှိပီး၊ဂျပန်နိုင်ငံသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေရန် ဂျပန်ရိုးရာ ဗိသုကာလက်ရာများ၊ တံတားနီလေးများနှင့် အလှဆင်ခြံဝင်းများကို အသေးစိတ် ပုံဖော်ဖန်တီးထားပါတယ်။ဂျပန်ရိုးရာ ဝတ်စုံ (Kimono) များကို ငှားရမ်းဝတ်ဆင်ပြီး ဆန်းပြားလှပသည့် ရှုခင်းနောက်ခံများနှင့်အတူ အမှတ်တရဓာတ်ပုံများ စိတ်ကြိုက်ရိုက်ကူးရန် နေရာများစွာရှိပါတယ်ရှင်။

🔔ပိတ်ချင်းမြောင် သဘာဝလိုဏ်ဂူတော် 🏞️
သက်တမ်းရင့် ထုံးကျောက်လိုဏ်ဂူကြီးတစ်ခုဖြစ်ပြီး ဂူအတွင်းတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော် ထူးဆန်းထွေလာများကို အံ့ဩဖွယ်ရာ မြင်တွေ့နိုင်ပါသည်။ဂူအတွင်း လမ်းတစ်လျှောက်တွင် သပ္ပာယ်ကြည်ညိုဖွယ်ရာ ဗုဒ္ဓဆင်းတုတော်များ၊ စေတီပုထိုးများနှင့် သမိုင်းဝင်ရုပ်ထုများကို ပူဇော်ဖူးမြော်နိုင်ရန် စနစ်တကျ တည်ထား ကိုးကွယ်ထားပါတယ်ရှင် ။

ဒီလိုလှပတဲ့နေရာစုံကို လည်ပတ်ပြီးတဲ့အခါမှာတော့ ဧည့်သည်တော်တို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အပြည့်အဝအနားယူဖို့အတွက် May Myo City Hotel မှ နွေးထွေးတဲ့ဝန်ဆောင်မှုတွေနဲ့ အသင့်စောင့်ကြိုနေမှာပါရှင် 🌿

#𝐏𝐲𝐢𝐧𝐎𝐨𝐋𝐰𝐢𝐧



"၇၉ နှစ်မြောက် အာဇာနည်နေ့ကို အစဉ်မြဲ သတိရအောက်မေ့လျက်... ပြည်ထောင်စုအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်း...
19/07/2026

"၇၉ နှစ်မြောက် အာဇာနည်နေ့ကို အစဉ်မြဲ သတိရအောက်မေ့လျက်... ပြည်ထောင်စုအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးခိုက်အလေးပြုအပ်ပါသည်။"

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
....May Myo City Hotel .....

🏢 ရကက 5၊ ကုန်သည်လမ်း၊ မီးသတ်ရုံးဘေး ၊ မြို့မဈေးကြီးအနီး ၊ပြင်ဦးလွင် ။
☎️ 09-751515775 , 09-753378240 ( Room booking )



ပြင်ဦးလွင်ရောက်ရင် ဘယ်နေရာတွေကို သွားရောက်လည်ပတ်ရမလဲဆိုတာကို ဝေခွဲမရဖြစ်နေလားပြီလား ???အဲ့အတွက်တော့ လုံးဝမပူနဲ့နော် !ချစ...
18/07/2026

ပြင်ဦးလွင်ရောက်ရင် ဘယ်နေရာတွေကို သွားရောက်လည်ပတ်ရမလဲဆိုတာကို ဝေခွဲမရဖြစ်နေလားပြီလား ???

အဲ့အတွက်တော့ လုံးဝမပူနဲ့နော် !
ချစ်ခင်ရသူတွေနဲ့အတူ အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ဖို့ပဲဖြစ်ဖြစ်၊ စိတ်အပန်းဖြေဖို့ပဲဖြစ်ဖြစ် ပြင်ဦးလွင်ရဲ့ နေရာစုံကို အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ရာ နေရာလေးတွေကို အပိုင်းလေးတွေခွဲပီး တပိုင်းချင်းဆီ ဖော်ပြပေးသွားပါ့မယ်ရှင်။

ပထမပိုင်းအနေနဲ့ မြို့တွင်းနှင့်အနီးတဝိုက်ကို အရင်ပြောပြပေးသွားပါ့မယ်ရှင် 💕

🔔နာရီစင်နှင့် မြို့မစျေး
ဟိုတယ်နဲ့ မလှမ်းမကမ်းမှာတင်ရှိတာမလို့ ဒေသထွက် အစားအစာတွေစားသုံးနိုင်ပြီး၊လက်ဆောင်ပစ္စည်းတွေဝယ်ယူဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။

🔔 Governor House
ဘုရင်ခံအိမ်တော်ဟာဆိုရင် ပြင်ဦးလွင်၏ ခေတ်ဟောင်းကဗျာဆန်မှုကို အပြည့်အဝ ဖော်ပြနေသည့် နေရာတစ်ခု ဖြစ်ပါသဖြင့် မြို့၏ ဗိသုကာအလှကို လေ့လာချင်သူများနှင့် ရှေးဟောင်းအငွေ့အသက်ကို မြတ်နိုးသူများ သွားရောက်ကြည့်ရှုသင့်သည့် နေရာတစ်ခု ဖြစ်ပါတယ်ရှင်

🔔အမျိုးသားကန်တော်ကြီးဥယျာဉ်(National Kandawgyi Garden)
စိမ်းလန်းစိုပြေပြီး လှပတဲ့ ပန်းမျိုးစုံ၊ သစ်ပင်ကြီးတွေကြားမှာ လမ်းလျှောက်ရင်း သဘာဝရဲ့အလှတရားကို အပြည့်အဝခံစားနိုင်တာပဲ ဖြစ်ပါတယ်ရှင်

🔔တိုင်းရင်းသားကျေးရွာ
အမျိုးသားကန်တော်ကြီးအနီးမှာတည်ရှိပီး မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးတွေရဲ့ မြို့တော်များ၊ အထင်ကရနေရာများကို ပုံစံငယ်များဖြင့် သရုပ်ဖော်ပေးထားပါတယ်။
ချယ်ရီပွင့်ချိန်ဆို ဓာတ်ပုံရိုက်လို့ အရမ်းလှတဲ့ချယ်ရီပင်ကြီးနဲ့ ကော်ဖီဆိုင်လေးလဲရှိပါတယ်ရှင် ။

🔔တရုတ်ဘုံကျောင်း(Chinese Temple)
ခမ်းနားလှပတဲ့ တရုတ်ဗိသုကာလက်ရာတွေကို လေ့လာရင်း အမှတ်တရဓာတ်ပုံလှလှလေးတွေ ရိုက်ကူးဖို့မမေ့နဲ့ဦးနော်။

ကဲ ပထမပိုင်းလေးကိုဖော်ပြပီးသွားပီဆိုတော့ နောက်ရက်တွေမှာ နောက်ထပ်ညွှန်ပြပေးမဲ့နေရာလေးတွေကို စောင့်မျှော်ပေးကြပါဦးနော်🌿

☎️Booking အတွက်ဆက်သွယ်လိုပါက 09-751515775 ၊ 09-753378240 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

#𝐏𝐲𝐢𝐧𝐎𝐨𝐋𝐰𝐢𝐧


09/07/2026

မနေ့ရဲ့ အဆက်ကလေး 🌸
Gpလိုက် breakfast buffet အချိန်လေးကို အတူတူဖြတ်သန်းကြည့်ရအောင်နော် !!!

♦️May Myo City Hotel ♦️

🏢 ရကက 5၊ ကုန်သည်လမ်း၊ မီးသတ်ရုံးဘေး ၊
မြို့မဈေးကြီးအနီး ၊ပြင်ဦးလွင် ။

☎️ 09-751515775 , 09-753378240 ( Room booking )

08/07/2026

Hello Hello 👋👋👋

အခုလိုမျိုး Groupလိုက် လာရောက်တည်းခိုအပန်းဖြေကြသူများအတွက် Breakfast buffet menu မှအစ ၊
အဖွဲ့လိုက်အတွက် Tea break ၊ Lunch ၊ Dinners အစီအစဉ်များထည့်သွင်းချင်ရင်လဲ request အလိုက် အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးနေပါပီနော် 🫶

May Myo City Hotel ကိုရွေးချယ်ပေးတဲ့
♦️Top Light ဂျပန်သင်တန်းကျောင်း (Mandalay)♦️မှ
founder နှင့်တကွ သင်တန်းသူ၊သင်တန်းသားအပေါင်း
ပျော်ရွှင်ဖွယ်ခရီးစဉ်လေးဖြစ်ပီး အမှတ်တရကောင်းများ
ရရှိပိုင်ဆိုင်ကြပါစေကြောင်း May Myo City Hotel မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်မျာ 💐💐💐

04/07/2026

ပြင်ဦးလွင်မြို့ရဲ့ အေးချမ်းတဲ့ရာသီဥတုနဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်ကို ခံစားရင်း၊ ဒီနေ့မှာတော့ ဧည့်သည်တော်တွေအတွက် အလည်အပတ်သွားသင့်တဲ့နေရာလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ပြင်ဦးလွင်မြို့မှာတည်ရှိတဲ့ 🪴Fame Pharmaceutical🪴 စင်တာဟာ သဘာဝအလှတရားတွေနဲ့‌ ဆေးဖက်ဝင်အပင်‌တွေကို စိတ်ဝင်စားသူတွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။
အခုအခါမှာဆိုရင် အရင်လို ကြားရက်တွေတင်မကပဲ စနေ တနဂ်နွေပိတ်ရက်များမှာပါ ဝင်ရောက်လေ့လာလည်ပတ်နိုင်ပီဖြစ်လို့ ၊စိမ်းလန်းစိုပြေတဲ့ ရှုခင်းတွေကြားမှာ စိတ်အေးချမ်းမှုကို ရယူနိုင်ပြီး၊ အမှတ်တရ ဓာတ်ပုံကောင်းလေးတွေ၊ ပြင်ပဗဟုသုတတွေနဲ့ ကလေးတွေကိုလေ့လာရေးအဖြစ်သွားရောက်လည်ပတ်သင့်တဲ့နေရာလေးတစ်ခုဖြစ်တာကြောင့် မေမြို့ကိုလာရောက်လည်ပတ်တဲ့ ဧည့်သည်တော်တွေ လက်မလွတ်တမ်း သွားရောက်သင့်တဲ့နေရာလေးတခုဖြစ်ပါတယ်ရှင် 🌿

Maymyo City Hotel မှာ တည်းခိုရင်း ဒီလိုနေရာလေးတွေကို လည်ပတ်ပြီး ပြီးပြည့်စုံတဲ့ အားလပ်ရက်ခရီးစဉ်ကို ဖန်တီးလိုက်ပါ။

(Fame Pharmaceutical ကိုသွားရောက်လည်ပတ်ချင်တဲ့သူတွေအတွက် စင်တာHotline 09-793877207 )

Address

ကုန်သည်လမ်း၊မီးသတ်ရုံးဘေး၊မြို့မဈေးကြီးအနီး၊ရက်ကွက်ကြီး ၅၊ပြင်ဦးလွင်။
Maymyo

Website

Alerts

Be the first to know and let us send you an email when May Myo City Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category