Dream Garden Hotel & Restaurant

Dream Garden Hotel & Restaurant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dream Garden Hotel & Restaurant, Hotel, အမှတ်(၁၉)စွန်းလွန်းကွက်သစ်၊မြင်းခြံညောင်ဦးလမ်း၊လဝကရုံးအနီး၊မြင်းခြံမြို့။, Myingyan.

22/12/2025

Dream Garden Hotelရဲ့

Christmasနဲ့New yearအတွက်

Decemberအထူးပရိုမိုးရှင်းအနေနဲ့.

အခန်းခများ၏20%Discountကို

◦ 23/12/2025မှ31/12/2025)ထိ
ပေးသွားမှာဖြစ်ပါတယ်
🎄ခရစ္စမတ်နဲ့New Yearအတွက်

Dream Garden Hotelမှာ

အနားယူရင်း

2025
ရဲ့
နောက်ဆုံး ညချမ်း လေး ကို
ချစ်ရသူတွေ💕နဲ့
အတူတူ
ဖြတ်သန်းဖို့
“. အခန်း တွေ fully booked “

“မရ လိုက်တော့ဘူး “

လို့ “ ‼️. မဖြစ်ရအောင်

အခု ထဲ က

Booking တင် ထားပေး ဖို့
Special request ပါ naw 🥰

….. …

Please here
👇
☎️09-402003700


🎄 🎅 🎄 🧑‍🎄 🎄

Dream Garden Hotel
Facilities

🔺High speed wifi

🔺Private car parking

🔺32 in LED TV

🔺cool&hot water

🔺Mini bar

🔺Slippers

🔺clothes hangers

🔺tooth brush & paste

🔺shampoo

🔺soap

🔺towels

🔺split type Aircon

🔺BREAKFAST

🍃 🍃 🍃 🍃 🍃
Dream Garden Hotel
အမှတ်(၁၉)၊စွန်းလွန်းကွက်သစ်၊
လဝက၊Helloဆီဆိုင်အကြား၊
မြင်းခြံညောင်ဦးလမ်း၊မြင်းခြံမြို့။
09402003700

20/12/2025

2681 likes, 33 comments. “No Make up, wake up & massage your face”

20/12/2025

2677 likes, 33 comments. “No Make up, wake up & massage your face”

Dream Garden Hotelပုံမှန်ဖွင့်လှစ်ထားရှိပါကြောင်း               မိတ်ဟောင်းမိတ်သစ် ဧည့်သည်တော်များအား               လေးစာ...
16/12/2025

Dream Garden Hotelပုံမှန်ဖွင့်လှစ်ထားရှိပါကြောင်း
မိတ်ဟောင်းမိတ်သစ် ဧည့်သည်တော်များအား
လေးစားစွာအကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်-09402003700

21/10/2025

KPay ငွေမှားလွှဲမိပါက ပြန်လည်ရယူရန် လုပ်ဆောင်ရမည့် အဆင့်ဆင့်

လူတစ်ရာမှာ အနည်းဆုံးတစ်ယောက်‌တော့ ငွေမှားလွဲတတ်ကြပါတယ်

အကယ်၍ KPay တွင် ဖုန်းနံပါတ်မှားယွင်း၍ ငွေလွှဲမိပါက ငွေပြန်လည်ရရှိရန်အတွက် အောက်ပါအဆင့်များကို စနစ်တကျ ဆောင်ရွက်နိုင်ပါသည်။

အဆင့် (၁) - KPay Customer Service သို့ ချက်ချင်းဆက်သွယ်ခြင်း
* KPay Call Center (Customer) ၃၂၁၁ သို့ ချက်ချင်းခေါ်ဆိုပါ။

* ငွေမှားလွှဲမိကြောင်း အကြောင်းကြားပြီး၊ ထိုအကောင့်မှ ငွေအသွင်း/အထုတ်များ ယာယီပိတ်ဆို့ပေးရန် တောင်းဆိုပါ။

* သတိပြုရန်- KPay မှ အကောင့်ကို ယာယီအားဖြင့် ၃ ရက် သာ ပိတ်ဆို့ပေးမည်ဖြစ်ပြီး၊ ထို ၃ ရက်အတွင်း အကောင့်ပိုင်ရှင်နှင့် ညှိနှိုင်းရမည်။

၃ ရက်ကျော်ပါက အကောင့်သည် ပုံမှန်အတိုင်း ပြန်လည်ပွင့်သွားပါမည်။

* Call Center မှ ပေးအပ်သော Ticket No. (သို့မဟုတ် Reference No.) ကို သေချာစွာ မှတ်သားထားပါ။

အဆင့် (၂) - အကောင့်ပိုင်ရှင်နှင့် တိုက်ရိုက်ညှိနှိုင်းခြင်း
* မှားယွင်းငွေလွှဲမိသော ဖုန်းနံပါတ်ပိုင်ရှင်နှင့် အဆက်အသွယ်ရယူပြီး ငွေပြန်လည်ပေးရန် ညှိနှိုင်းပါ။

* အကယ်၍ အကောင့်ပိုင်ရှင်မှ ငွေပြန်လည်ပေးအပ်ပါက - ကျန်အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် မလိုအပ်တော့ပါ။

* အကယ်၍ အကောင့်ပိုင်ရှင်မှ ငွေပြန်မပေးပါက - အဆင့် (၃) သို့ ဆက်လက်ဆောင်ရွက်ပါ။

အဆင့် (၃) - တရားဝင် အကူအညီရယူခြင်း
* ရဲစခန်းတွင် တိုင်ကြားစာ ရယူခြင်း-
* နီးစပ်ရာ ရဲစခန်းသို့ သွားရောက်ပြီး၊ KPay မှားလွှဲမှုဖြစ်စဉ်၊ ငွေပြန်ရလိုကြောင်းနှင့် သက်ဆိုင်ရာဌာနမှ အဆင်ပြေစေရန် စီစဉ်ပေးပါရန် တောင်းဆိုသည့် ရဲတိုင်ကြားစာ (ရဲစာ) ကို ရယူပါ။

* ရဲစာတွင် Transaction No.၊ Ticket No.၊ ငွေလွှဲမိသည့် အချိန်နှင့် နေ့ရက် တို့ကို အသေးစိတ် ထည့်သွင်းဖော်ပြပါ။

* KPay သို့ Email ပေးပို့ခြင်း-
* Call Center သို့ ဖုန်းခေါ်ဆိုပြီး KPay ၏ Email လိပ်စာ ကို တောင်းယူပါ။

* ရရှိလာသော ရဲစာကို ဓာတ်ပုံရိုက် သို့မဟုတ် Scan ဖတ်၍ KPay Email လိပ်စာသို့ ပေးပို့ပါ။

ရဲစာပေးပို့ခြင်းဖြင့် KPay ဘက်မှ သင်၏ ကိစ္စရပ် ဖြေရှင်းမှု မပြီးမချင်း ဟိုဘက်အကောင့်အား ဆက်လက်၍ ပိတ်ထားပေးပါလိမ့်မည်။

အဆင့် (၄) - နောက်ဆုံးအဆင့် ညှိနှိုင်းမှုနှင့် ငွေပြန်လည်ရရှိခြင်း
* KPay ၏ ဆက်သွယ်မှု စောင့်ဆိုင်းခြင်း-
* ရဲစာ ပေးပို့ပြီး အလုပ်ဖွင့်ရက် (၁၀) ရက် အတွင်း KPay Call Center မှ သင့်ထံသို့ ပြန်လည် ဖုန်းခေါ်ဆို ဆက်သွယ်ပါမည်။

* ပထမဦးစွာ KPay မှ နှစ်ဦးနှစ်ဖက်ကို အချင်းချင်း ပြန်လည်ညှိနှိုင်းရန် တိုက်တွန်းပါလိမ့်မည်။

* ဘဏ်/KPay Center သို့ သွားရောက်ခြင်း (ညှိနှိုင်းမရပါက)-
* ယခုအဆင့်ထိတိုင် ညှိနှိုင်းမှု အဆင်မပြေပါက၊ နီးစပ်ရာ KPay Center ရှိသော ဘဏ် သို့ သွားရောက်ပါ။

* ဖြစ်စဉ်အလုံးစုံကို ပြောပြပြီးနောက်၊ ထိုဘဏ်မှနေ၍ Call Center သို့ ဖုန်းခေါ်ကာ အဖြစ်အပျက်ကို သူတို့ချင်း ပြန်လည်ပြောဆို စေပါ။

* ငွေ Auto Reversal ဖြင့် ပြန်လည်ဝင်ရောက်ခြင်း-
* အပြီးသတ် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်၊ ၄ ရက် အတွင်း ငွေသည် သင့်အကောင့်သို့ Auto Reversal စနစ်ဖြင့် ပြန်လည် ဝင်ရောက်လာပါမည်

* ငွေထုတ်ယူခြင်း-
* Reversal ငွေ ပြန်ရောက်ပြီးပြီးချင်း ထိုငွေကို KPay အက်ပ်မှတစ်ဆင့် လွှဲပြောင်းခြင်း၊ ထုတ်ယူခြင်း ပြုလုပ်၍ မရနိုင်သေးပါ။

အားလုံးပေါင်း ၃ ပတ် ခန့် ကြာပြီးနောက် ငွေပြန်ဝင်လာနိုင်ပါတယ်။ ငွေပြန်ဝင်ရင်လည်း ချက်ချင်းထုတ်မရသေးဘဲ ဖောင်ဖြည့် ရပါမယ်။ ကိုယ်တိုင်ကြုံလာရင် အဆင်ပြေစေဖို့ Share ထားသင့်ပါတယ်

လုပ်ဆောင်ရမယ့်အချက်တော့များတယ်ရှင့် ငွေပမာဏနည်းရင်တော့ ကိစ္စမရှိပေမယ့် စီးပွားရေး-အကြီးစား-သမားတွေ မှားသွားခဲ့ရင်၊ ပြန်လည် အဆင်ပြေနိုင်အောင်

ဒီနည်းလမ်းလေးနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..

အားလုံးပဲ အဆင်ပြေကြပါစေရှင်🥰🥰

ဗဟုသုတဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်စွာ ကူးယူခွင့်ပေးပါတယ်

17/10/2025

အလုပ်အကိုင်အခွင့်အရေး!!!

နိုင်ငံခြားမှာဖြစ်ဖြစ်၊ပြည်တွင်းမှာဖြစ်ဖြစ် “House Keeping” အလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုချင်ပေမယ့် အတွေ့အကြုံ မရှိလို့စိတ်ညစ်နေပါသလား????
အဲ့ဒါဆိုရင်တော့ “Dream Garden Hotel” မှာ အလုပ်လုပ်ရင်း ပညာသင်လို့ရပါပြီ။

မြင်းခြံ Dream Garden Hotelမှဝန်ထမ်းအလိုရှိသည်။

House keeping ကျား/မ (၃)ဦး

လစာ+စားစရိတ်(၃၂၀၀၀၀/-)/အဆောင်နေလိုပါကအဆောင်ရှိပါသည်။

လျှောက်ထားလိုပါက
-ကိုယ်ရေးရာဇဝင်
-ဓာတ်ပုံ(၂)ပုံ
-မှတ်ပုံတင်မိတ္တူ
-ပုံစံ(၆၆)မိတ္တူများယူဆောင်ပီး
09-402003700
Viber no-09402003700သို့ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

07/09/2025
25/02/2024

အလုပ်အကိုင်အခွင့်အရေး!!!

နိုင်ငံခြားမှာဖြစ်ဖြစ်၊ပြည်တွင်းမှာဖြစ်ဖြစ် “House Keeping” အလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုချင်ပေမယ့် အတွေ့အကြုံ မရှိလို့စိတ်ညစ်နေပါသလား????
အဲ့ဒါဆိုရင်တော့ “Dream Garden Hotel” မှာ အလုပ်လုပ်ရင်း ပညာသင်လို့ရပါပြီ။
တစ်လကို 4 ရက်နားခွင့်ပေးပါတယ်၊
အခြားခံစားခွင့်များစွာရှိပါတယ်၊ပြီးတော့ နေ/စားငြိမ်း တစ်လကို 150,000.ပါရှင်၊
အလုပ်ကို အလုပ်နဲ့တူစွာလုပ်ပြီး သင်ယူချင်သူများဆက်သွယ်ရန် 09-402003700.

Address

အမှတ်(၁၉)စွန်းလွန်းကွက်သစ်၊မြင်းခြံညောင်ဦးလမ်း၊လဝကရုံးအနီး၊မြင်းခြံမြို့။
Myingyan

Telephone

+959402003700

Website

Alerts

Be the first to know and let us send you an email when Dream Garden Hotel & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category