Next-Gen F&B Professional Service

Website

Next-Gen F&B Professional Service F&B Professional Service Training

🌟 အလုပ်အကိုင်အခွင့်အလမ်း – Waitress (5) ဦး အလိုရှိသည် 🌟📍 လုပ်ငန်းတည်နေရာ – နေပြည်တော်၊ ဧရာဝတီလမ်းရှိ အဆင့်မြင့် Bar တွင်...
27/07/2026

🌟 အလုပ်အကိုင်အခွင့်အလမ်း – Waitress (5) ဦး အလိုရှိသည် 🌟

📍 လုပ်ငန်းတည်နေရာ – နေပြည်တော်၊ ဧရာဝတီလမ်းရှိ အဆင့်မြင့် Bar တွင်

ဧည့်ဝန်ဆောင်မှုကို စိတ်ပါဝင်စားပြီး Professional Team နှင့်အတူ လက်တွဲလုပ်ကိုင်လိုသူများကို ဖိတ်ခေါ်အပ်ပါသည်။

ခေါ်ယူမည့်ရာထူး
👩‍💼 Waitress – (5) ဦး

လိုအပ်သောအရည်အချင်းများ
✅ အသက် (18) နှစ်နှင့်အထက်
✅ သန့်ရှင်းသပ်ရပ်၍ အပြုံးချိုသာသူ
✅ Customer Service ကောင်းမွန်သူ
✅ Teamwork ဖြင့် လုပ်ကိုင်နိုင်သူ
✅ Experience ရှိသူ ဦးစားပေးမည် (Experience မရှိသူများလည်း လျှောက်ထားနိုင်ပြီး Training ပေးမည်)

ခံစားခွင့်များ
💰 လစာ – ညှိနှိုင်း
🍽️ နေစားငြိမ်း ​စီစဉ်ပေးမည်
📈 အရည်အချင်းအလိုက် တိုးတက်နိုင်မည့် အခွင့်အရေးများရှိမည်။

📩 လျှောက်ထားလိုသူများ အနေဖြင့်
Viber Ph. 09 4222 927 60 မှတစ်ဆင့် CV ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

✨ Professional Team တစ်ခု၏ အဖွဲ့ဝင်ဖြစ်ပြီး သင့်ရဲ့ Career ကို အတူတကွ တည်ဆောက်လိုက်ပါ။

📌 ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားတိုင်း... လူတစ်ယောက်ကို မဆုံးရှုံးပါနဲ့။ သင်ခန်းစာတစ်ခုတော့ ရယူပါ။F&B Industry မှာ ဝန်ထမ်...
25/07/2026

📌 ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားတိုင်း... လူတစ်ယောက်ကို မဆုံးရှုံးပါနဲ့။ သင်ခန်းစာတစ်ခုတော့ ရယူပါ။

F&B Industry မှာ ဝန်ထမ်းအလုပ်ထွက်တာက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။

ဒါပေမယ့် ဆိုင်ရှင်တော်တော်များများက...
"သူက မကောင်းလို့ ထွက်တာ"
"တာဝန်မယူလို့ ထွက်တာ"
"နောက်တစ်ယောက် ခေါ်လိုက်ရင် ရပြီ"
လို့ပဲ တွေးတတ်ကြပါတယ်။

တကယ်တော့ ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားတိုင်း မေးရမယ့် မေးခွန်းက...

"သူ ဘာကြောင့် ထွက်သွားတာလဲ?" မဟုတ်ဘူး။
"ငါတို့ လုပ်ငန်းက ဘာတွေ သင်ယူရမလဲ?" ဆိုတာပါ။

✅ လစာက မယှဉ်ပြိုင်နိုင်တာလား?
✅ အလုပ်ပတ်ဝန်းကျင်က ဖိအားများနေတာလား?
✅ ခေါင်းဆောင်မှုမှာ လိုအပ်ချက်ရှိနေတာလား?
✅ တိုးတက်နိုင်မယ့် အခွင့်အရေး မရှိလို့လား?

ဝန်ထမ်းတစ်ယောက်ထွက်တာက ပြဿနာမဟုတ်ပါဘူး။
အကြောင်းအရင်းတူနဲ့ ဝန်ထမ်းတွေ ထပ်ခါထပ်ခါ ထွက်နေတယ်ဆိုရင်တော့ အဲဒါဟာ System ရဲ့ သတိပေးချက် ဖြစ်ပါတယ်။

အောင်မြင်တဲ့ စားသောက်ဆိုင်တွေက လူကောင်းတွေကို ကံကောင်းလို့ မရကြပါဘူး။

လူကောင်းတွေ ဆက်နေချင်တဲ့ Culture၊ Leadership နဲ့ System ကို တည်ဆောက်ထားလို့ပါ။

Exit Interview ဟာ အပြစ်ရှာဖို့ မဟုတ်ပါဘူး။
လုပ်ငန်းတိုးတက်ဖို့ အဖိုးတန် Feedback ယူဖို့ ဖြစ်ပါတယ်။

လူကို အစားထိုးလို့ ရပါတယ်။
ဒါပေမယ့် သင်ခန်းစာကို လျစ်လျူရှုလိုက်ရင်တော့ အမှားတွေက ထပ်ခါထပ်ခါ ပြန်ဖြစ်နေပါလိမ့်မယ်။

— Next-Gen Professional F&B Training

"ဆိုင်ရှင်နဲ့ မန်နေဂျာ ကိုယ်တိုင် လာချပေးတာပဲ... ကောင်းတာပေါ့" လို့ ထင်နေပါသလား? 🍽️💬​ရောင်းကောင်းလို့ လူမလောက်တဲ့အခါ ဆို...
18/07/2026

"ဆိုင်ရှင်နဲ့ မန်နေဂျာ ကိုယ်တိုင် လာချပေးတာပဲ... ကောင်းတာပေါ့" လို့ ထင်နေပါသလား? 🍽️💬
​ရောင်းကောင်းလို့ လူမလောက်တဲ့အခါ ဆိုင်ရှင်နဲ့ မန်နေဂျာတွေ ကိုယ်တိုင် ဝိုင်းကူပြီး စားပွဲဝင်ထိုး၊ အော်ဒါလိုက်ယူပေးလေ့ ရှိကြပါတယ်။ "ငါတို့ကိုယ်တိုင် မျက်နှာပြပြီး လုပ်ပေးတော့ Customer က ပိုသဘောကျမှာပဲ" လို့ တွေးမိရင်တော့ ဒါဟာ လွဲမှားနေတဲ့ အယူအဆတစ်ခု ဖြစ်နိုင်ပါတယ်။
​ဘာဖြစ်လို့လဲဆိုတော့ Customer တွေဘက်မှာ "အားနာခြင်းနဲ့ မလွတ်လပ်ခြင်း" ဆိုတဲ့ စိတ်အကျပ်အတည်းကြီး ဖြစ်သွားတတ်လို့ပါ။ ဘာကြောင့်လဲဆိုတာ အတူတူ ကြည့်ရအောင် 👇
​စားသုံးသူတွေ ရင်ဖွင့်လေ့ရှိတဲ့ (၃) ချက်
​"အားနာလို့ စကားတောင် ကျယ်ကျယ်မပြောရဲဘူး"
Customer တွေ ဆိုင်လာထိုင်တယ်ဆိုတာ အစားအသောက် လာစားရုံတင်မဟုတ်ဘဲ သူတို့သူငယ်ချင်း၊ မိသားစုတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောပြီး Relax လုပ်ချင်လို့ပါ။ အနားမှာ ဆိုင်ရဲ့ အမြင့်ဆုံး "သူဌေးကြီး" ဒါမှမဟုတ် "မန်နေဂျာကြီး" က ဝန်ဆောင်မှုပေးဖို့ စောင့်နေတဲ့အခါ သူတို့ခမျာ နေရခက်ပြီး စကားပြောရတာ မလွတ်လပ်တော့ပါဘူး။
​"တစ်ခုခု အဆင်မပြေရင်တောင် ညည်းရဲ၊ တောင်းဆိုရဲမှာ မဟုတ်ဘူး"
သာမန်ဝန်ထမ်းဆိုရင် "ညီလေး... ရေနွေးအိုးလေး လဲပေးပါဦး"၊ "ဟင်းက နည်းနည်းအေးနေလို့" ဆိုပြီး အလွယ်တကူ တောင်းဆိုရဲ၊ ဝေဖန်ရဲကြပါတယ်။ ဒါပေမဲ့ ဆိုင်ရှင်ကြီးက လာချပေးနေရင်တော့ မုန့်တစ်ခုခု လိုနေရင်တောင် အားနာလို့ ထပ်မတောင်းရဲတော့သလို၊ အဆင်မပြေတာရှိရင်လည်း အောင့်သက်သက်နဲ့ပဲ ပြန်သွားတတ်ကြပါတယ်။
​"ဆိုင်ရဲ့ Standard (စံနှုန်း) ကို သံသယဝင်မိတယ်"
ပိုင်ရှင်နဲ့ မန်နေဂျာက အောက်ခြေအလုပ်တွေမှာ အချိန်ကုန်ပြီး လုံးလည်လိုက်နေရင် "ဒီဆိုင်က စနစ်မကျဘူးလား"၊ "လူမရှိလို့ ပိုင်ရှင်ပါ ဆင်းလုပ်နေရတာလား" ဆိုပြီး ဆိုင်ရဲ့ Image (ပုံရိပ်) ကိုပါ ထိခိုက်စေနိုင်ပါတယ်။
​💡 စားသုံးသူတွေ လိုချင်တဲ့ လွတ်လပ်မှု
Customer တွေဟာ နေရာတကာမှာ မျက်နှာကြီးတွေနဲ့ တလေးတစား ဝန်ဆောင်မှုပေးတာထက်... စနစ်ကျပြီး ပေါ့ပါးသွက်လက်တဲ့ ဝန်ထမ်းလေးတွေနဲ့ပဲ ပိုပြီး လွတ်လွတ်လပ်လပ် စားသောက်ချင်ကြတာပါ။

ဆိုင်က ရောင်းကောင်းတယ်... ဒါပေမဲ့ ဝန်ထမ်းထပ်ခေါ်ဖို့ လစာပေးရမှာ ကြောက်နေလား? 💸​ဆိုင်ဖွင့်ခါစမှာတင် ရောင်းအားတက်လာတာဟာ တက...
18/07/2026

ဆိုင်က ရောင်းကောင်းတယ်... ဒါပေမဲ့ ဝန်ထမ်းထပ်ခေါ်ဖို့ လစာပေးရမှာ ကြောက်နေလား? 💸

​ဆိုင်ဖွင့်ခါစမှာတင် ရောင်းအားတက်လာတာဟာ တကယ့်ကို ကောင်းတဲ့လက္ခဏာပါ။ ဒါပေမဲ့ လူမလောက်ဘဲ အလုပ်တွေပိလာတဲ့အခါ "ဝန်ထမ်းထပ်ခေါ်ရင် လစာပိုကုန်မယ်" ဆိုတဲ့ အကြောက်တရားကြောင့် ရှေ့မတိုးရဲဘဲ ဖြစ်နေတတ်ပါတယ်။

​ဒီအကြောက်တရားက Business တိုင်းရဲ့ Growth (ကြီးထွားမှု) ကို ပိတ်ဆို့တတ်တဲ့ အဓိကအချက်ပါ။ ဒါကြောင့် ဆိုင်ရှင်တို့ စိတ်အေးအေးထားပြီး ဒီအချက် (၃) ချက်ကို ပြောင်းလဲစဉ်းစားကြည့်ရအောင် 👇

​ဦးနှောက်ခြောက်စရာ မဟုတ်ဘဲ တိုးတက်ဖို့ နည်းလမ်း (၃) ခု

​လစာဟာ ကုန်ကျစရိတ် (Expense) မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှု (Investment) ပါ

ဝန်ထမ်းတစ်ယောက် ထပ်တိုးလိုက်လို့ ကုန်သွားမယ့် လစာထက်၊ အဲဒီဝန်ထမ်းကြောင့် ဆိုင်က ထွက်လာမယ့် စွမ်းဆောင်ရည် (Productivity) နဲ့ ရောင်းအားက ပိုများနိုင်ပါတယ်။ လူအင်အားပြည့်စုံရင် Customer ကို ပိုဂရုစိုက်နိုင်လို့ Sales ပိုတက်လာမှာပါ။

​"လူမလောက်ခြင်း" ရဲ့ နောက်ဆက်တွဲ ဆုံးရှုံးမှု (Opportunity Cost)

ဝန်ထမ်းနည်းတဲ့အခါ အော်ဒါတွေ ကြန့်ကြာမယ်၊ ဝန်ဆောင်မှု နှေးမယ်။ အဲဒီအခါ အားနာလို့ လာအားပေးတဲ့ Customer တွေတောင် စိတ်ပျက်ပြီး နောက်ခါ ပြန်မလာတော့တာမျိုး ဖြစ်တတ်ပါတယ်။ လစာငွေကို နှမြောနေရင်းနဲ့ ရသင့်ရထိုက်တဲ့ Customer တွေကို လက်လွှတ်လိုက်ရတာက ရေရှည်မှာ ပိုအရှုံးကြီးပါတယ်။

​Owner ရဲ့ အချိန်နဲ့ စွမ်းအင်က ပိုတန်ဖိုးရှိပါတယ်
ပိုင်ရှင်ကိုယ်တိုင်ပဲ အောက်ခြေသိမ်း အလုပ်တွေအထိ လိုက်လုပ်နေရရင် ဆိုင်ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ၊ ဘာတွေအသစ်ထွင်မလဲဆိုတဲ့ Strategy တွေ စဉ်းစားဖို့ အချိန်ရှိမှာ မဟုတ်တော့ပါဘူး။ ကိုယ့်အချိန်ကို ပိုအရေးကြီးတဲ့နေရာမှာ သုံးနိုင်ဖို့အတွက် အလုပ်အချို့ကို ဝန်ထမ်းတွေကို လွှဲပေး (Delegate) ဖို့ လိုပါတယ်။
🤝🤝🤝

🎓 အိပ်မက်ကို အလုပ်အကိုင်အဖြစ် ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ! Next  Gen Professional F&B Service Trainingနေပြည်တော်၊ ဥတ္...
12/07/2026

🎓 အိပ်မက်ကို အလုပ်အကိုင်အဖြစ် ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ!

Next Gen Professional F&B Service Training

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာတွင် စတင်ဖွင့်လှစ်တော့မည်! 👍👍👍

F&B Industry ထဲမှာ Professional တစ်ယောက်အဖြစ် ရပ်တည်ချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ။ ✅✅✅

ဟိုတယ်၊ Restaurant၊ Caf၊ Bar၊ Resort၊ Cruise (သင်္ဘော) နှင့် အခြား Service Industry များတွင် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရယူလိုသူများအတွက် Next Gen Professional F&B Service Training ကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာတွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။📢📢📢

သင်တန်းကို သင်ကြားပေးမည့် Trainer မှာ
Bar နှင့် F&B Industry လောကတွင် ဆယ်စုနှစ်ကျော် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ပြီး၊ BnB Bartending School တွင် Trainer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။👨🏾👨🏾👨🏾

လုပ်ငန်းခွင်အတွင်း ရရှိခဲ့သော အတွေ့အကြုံများ၊ Professional Service Standards များနှင့် လက်တွေ့အသုံးချနိုင်သော Skills များကို အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ပါသည်။✍✍✍

သင်ကြားပေးမည့် အကြောင်းအရာများ

✅ Professional Waiter / Waitress Service
✅ Bar & Beverage Knowledge
✅ Bartending Basic Skills
✅ International Service Standards (SOP)
✅ Customer Service Excellence
✅ Professional Mindset & Grooming
✅ Communication & Teamwork Skills
✅ Practical Training

ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?

ဟိုတယ်၊ Restaurant၊ Bar၊ Caf၊ Resort နှင့် Cruise (သင်္ဘော) များတွင် အလုပ်လုပ်လိုသူများ
F&B Career ကို Professional အဖြစ် စတင်တည်ဆောက်လိုသူများ
အတွေ့အကြုံမရှိသေးသူများ
လက်ရှိလုပ်ကိုင်နေပြီး Skill နှင့် Position မြှင့်တင်လိုသူများ

သင်တန်းပြီးဆုံးပါက Professional Service Knowledge ရရှိမည်
လုပ်ငန်းခွင်ဝင်ရန် ယုံကြည်မှုရှိလာမည်
F&B Industry အတွင်း Career တိုးတက်ရန် ခိုင်မာသော အခြေခံတစ်ခု ရရှိမည်

သင်တန်းနေရာ
Next Gen Professional F&B Service Training
ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ နေပြည်တော်

သင်တန်းသားဦးရေ ကန့်သတ်ထားသောကြောင့် အမြန်စာရင်းပေးသွင်းလိုက်ပါ။

"Experience က Knowledge ကို ပိုမိုတန်ဖိုးရှိစေပါတယ်''

အသေးစိတ်စုံစမ်းရန် ဖုန်း 09 4222 927 60 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

11/07/2026

🗑️ Waste Control: အိတ်ပေါက်နဲ့ ဖားကောက်မဖြစ်စေဖို့ ဆိုင်တိုင်း သိထားသင့်တဲ့ နည်းလမ်းများ

​စားသောက်ဆိုင်တော်တော်များများမှာ "မီးဖိုချောင်ထဲက အမှိုက်ပုံးဟာ ဆိုင်ရဲ့ အမြတ်ငွေတွေကို မျိုချနေတဲ့ တွင်းနက်ကြီး" ဖြစ်နေတတ်ပါတယ်။ အစားအသောက် အရသာကောင်းဖို့ ပြင်ဆင်နေရုံတင်မကဘဲ နောက်ကွယ်က ကုန်ကြမ်းအလေအလွင့်ကိုပါ စနစ်တကျ မထိန်းချုပ်နိုင်ရင် အချိန်မရွေး ရှုံးနိမ့်သွားနိုင်ပါတယ်။

​📌 Waste Control ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ?

​Direct Profit (တိုက်ရိုက်အမြတ်ထွက်ခြင်း): Food Cost ကို ၁% ချွေတာနိုင်ရင် သင့်ဆိုင်ရဲ့ အသားတင်အမြတ်ဟာ ၁% တိုက်ရိုက်တိုးလာမှာပါ။
​Inventory Management (ကုန်ပစ္စည်းထိန်းသိမ်းမှု): ကုန်ကြမ်းတွေ ပုပ်သိုးပျက်စီးမှုကို လျှော့ချနိုင်ခြင်းက လည်ပတ်ငွေ (Cash Flow) ကို ပိုမိုကောင်းမွန်စေပါတယ်။
​Standardization (စံချိန်စံညွှန်း): အလေအလွင့်နည်းတဲ့ဆိုင်ဟာ အစားအသောက်ရဲ့ ပမာဏနဲ့ အရသာကိုပါ အမြဲတမ်း တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။

​🛠️ Next-Gen ရဲ့ စနစ်တကျ Waste Control ပြုလုပ်နည်း (၄) ဆင့်
​၁။ FIFO (First In, First Out) စနစ်ကို မပျက်မကွက် သုံးပါ
ကုန်ကြမ်းတွေ သိုလှောင်တဲ့အခါ အရင်ဝင်တဲ့ပစ္စည်းကို အရှေ့မှာထားပြီး အရင်သုံးရပါမယ်။ သက်တမ်းကုန်ခါနီးပစ္စည်းတွေကို စောစောသုံးနိုင်ဖို့ Label (ရက်စွဲကတ်ပြား) ကပ်တဲ့အလေ့အကျင့်ကို ဝန်ထမ်းတိုင်း လုပ်ဆောင်ရပါမယ်။
​၂။ Portion Control (ပမာဏထိန်းချုပ်ခြင်း) ကို တိကျပါစေ
ဟင်းပွဲတစ်ပွဲချင်းစီအတွက် အသား၊ အသီးအရွက် ပမာဏကို ချိန်တွယ်တဲ့ စနစ် (ဥပမာ - ချိန်ခွင်သုံးခြင်း၊ သတ်မှတ်ထားတဲ့ ဇွန်း/ခွက် သုံးခြင်း) ရှိရပါမယ်။ စားဖိုမှူးရဲ့ ခန့်မှန်းခြေလက်မောင်းတိုင်းနဲ့ ထည့်ပေးနေသရွေ့ အလေအလွင့်ကို ဘယ်တော့မှ ထိန်းနိုင်မှာ မဟုတ်ပါဘူး။
​၃။ Daily Waste Log (နေ့စဉ် အလေအလွင့်မှတ်တမ်း) ထားရှိပါ
ဒီနေ့ ဘာကုန်ကြမ်းတွေ ပုပ်သွားလဲ? ဘယ်ဟင်းပွဲတွေက ဧည့်သည်စားကြွင်းစားကျန်တွေ အဖြစ် ပြန်ပါလာလဲ? ဆိုတာကို နေ့တိုင်း မှတ်တမ်းတင်ရပါမယ်။ ဧည့်သည်တွေက ဟင်းပွဲတစ်ခုကို ခဏခဏ ချန်ခဲ့တယ်ဆိုရင် အဲဒီဟင်းပွဲရဲ့ Portion များနေတာ ဖြစ်နိုင်သလို၊ အရသာပိုင်း ပြဿနာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။
​4။ Purchasing Based on Forecasting (ခန့်မှန်းချက်အပေါ်မူတည်၍ ဝယ်ယူခြင်း)
ဒီအတိုင်း ခန့်မှန်းပြီး ကုန်ကြမ်းတွေ အများကြီး ဝယ်စုထားတာမျိုး မလုပ်ပါနဲ့။ ပြီးခဲ့တဲ့ အပတ်က ဘယ်လောက်ရောင်းရလဲ (Sales Data) ကို ကြည့်ပြီး လိုအပ်သလောက်သာ တွက်ချက်ဝယ်ယူရပါမယ်။

​💡 Next-Gen Trainer ရဲ့ အကြံပြုချက် -
Waste Control ဆိုတာ မီးဖိုချောင်အဖွဲ့တင်မကဘဲ Service အဖွဲ့ကအစ အမှာစာယူတဲ့အခါ ဧည့်သည်နဲ့ အံဝင်ခွင်ကျဖြစ်အောင် အကြံပြုတတ်ဖို့အထိ အကုန်ချိတ်ဆက်နေတာပါ။ သင့်ဆိုင်မှာ အိတ်ပေါက်တွေ ပိတ်ပြီး အမြတ်ငွေတွေ ပိုကျန်ချင်တယ်ဆိုရင် ဝန်ထမ်းတွေကို စနစ်တကျ Training ပေးဖို့ လိုအပ်ပါတယ်။

​

ဝန်ထမ်း အမြန်အလိုရှိသည် (နေပြည်တော်)နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာရှိ 53K Restaurant တွင် တာဝန် ထမ်းဆောင်ရန်အော...
11/07/2026

ဝန်ထမ်း အမြန်အလိုရှိသည် (နေပြည်တော်)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာရှိ 53K Restaurant တွင် တာဝန် ထမ်းဆောင်ရန်အောက်ပါဝန်ထမ်းများ အမြန်အလိုရှိနေပါသည်။

၁။ အကင်ကျွမ်းကျင် (၁) ဦး
လုပ်ငန်းအတွေ့အကြုံ: အကင်ဆိုင် သို့မဟုတ် Barbecue လုပ်ငန်းတွင် အတွေ့အကြုံ (၁) နှစ်နှင့်အထက် ရှိရမည်။
အရည်အချင်း:
အသား၊ ငါး၊ ပင်လယ်စာနှင့် အသီးအရွက်များကို စနစ်တကျ စီမံနိုင်ရမည်။
လစာ: ညှိနှိုင်း (ကျွမ်းကျင်မှုအပေါ်မူတည် )။

၂။ အကင်အကူ (၁) ဦး
လုပ်ငန်းအတွေ့အကြုံ: မလိုပါ။ (သင်ယူလိုစိတ်ရှိပြီး ဝီရိယရှိသူဖြစ်ရမည်။ လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။)
အရည်အချင်း:
အကင်ဆရာအား ကူညီပေးနိုင်ရမည်။
အသား၊ ငါးများ စနစ်တကျ တုတ်ထိုးခြင်း၊ ပြင်ဆင်ခြင်းများကို တက်ကြွစွာ လုပ်ကိုင်နိုင်ရမည်။
လစာ: ညှိနှိုင်း။
အထွေထွေသတ်မှတ်ချက်များ
အကျင့်စာရိတ္တကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
သန့်ရှင်းသပ်ရပ်မှုရှိပြီး Customer Service စိတ်ဓာတ်ရှိရမည်။
နေစရိတ်/စားစရိတ် ငြိမ်း စီစဉ်ပေးမည်။
လုပ်ငန်းခွင်တည်နေရာ: ချင်းရွာ၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
ဆက်သွယ်ရန် ဖုန်းနံပါတ်: (09 422 29 2760)
မှတ်ချက်။ ။ စိတ်ပါဝင်စားသူများအနေဖြင့် ဖော်ပြပါ ဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်၍သော်လည်းကောင်း၊ ဆိုင်သို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

🍳 အလုပ်အကိုင်ခေါ်ယူခြင်း 🍽️📍 နယ်ဘက်ရှိ စားသောက်ဆိုင်ကြီး အတွက် အောက်ပါဝန်ထမ်းများ အမြန်လိုအပ်နေပါသည်။👨‍🍳 အကြော်ဆရာ (ခေါင...
04/07/2026

🍳 အလုပ်အကိုင်ခေါ်ယူခြင်း 🍽️

📍 နယ်ဘက်ရှိ စားသောက်ဆိုင်ကြီး အတွက် အောက်ပါဝန်ထမ်းများ အမြန်လိုအပ်နေပါသည်။

👨‍🍳 အကြော်ဆရာ (ခေါင်းဆောင်) – (၁) ဦး
👨‍🍳 အကြော်ဆရာ လက်ထောက် – (၂) ဦး
👨‍🍳 အကြော်အကူ –

✅ အလုပ်အတွေ့အကြုံရှိသူ ဦးစားပေးမည်။
✅ တာဝန်ယူမှုရှိပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✅ လစာကို အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ ညှိနှိုင်းပေးမည်။
✅ နေစားစီစဉ်ပေးနိုင်ပါသည်။

💼 အရည်အချင်းရှိသူများ၊ အလုပ်အကိုင်ကောင်းတစ်ခုကို ရှာဖွေနေသူများ လျှောက်ထားနိုင်ပါသည်။

📞 အသေးစိတ်စုံစမ်းရန် – ဖုန်း 09 422292760 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

Share ပေးခြင်းဖြင့် အလုပ်ရှာနေသူများထံ အခွင့်အရေးကောင်းတစ်ခု ရောက်ရှိစေပါသည်။

🔔🔔🔔 ဥတ္တရသီရိ "ချင်းရွာ" (နေပြည်တော်) တွင် မကြာခင် ဖွင့်လှစ်တော့မည့် ကျွန်တော် Next-Gen F&B Professional Service က ကိုယ်...
31/05/2026

🔔🔔🔔 ဥတ္တရသီရိ "ချင်းရွာ" (နေပြည်တော်) တွင် မကြာခင် ဖွင့်လှစ်တော့မည့် ကျွန်တော် Next-Gen F&B Professional Service က ကိုယ်တိုင် ဦးစီးမည့် စားသောက်ဆိုင်အသစ် အတွက် 🍺🍺🍺
ဝန်ထမ်းကောင်းအသစ်တွေ ရှာဖွေနေပါပြီ 😎

Waiter (၂) ဦး 👨🏼👨🏼
Waitress (၂) ဦး 👧👧

အလိုရှိပါသည်။

"အတွေ့အကြုံ မရှိသေးဘူးဗျ..."
"ဆိုင်အလုပ် မလုပ်ဖူးသေးဘူးရှင့်..."

အဲ့ဒီအတွက် စိတ်မပူပါနဲ့ 🤔🤔🤔

အတွေ့အကြုံမရှိသူများ လျှောက်ထားနိုင်သည်
အလုပ်ဝင်လျှင် သင်ကြားပေးမည်
နေစားငြိမ်း စီစဉ်ပေးမည်
Bonus ခံစားခွင့်ရှိမည်

လစာ - 20,0000 Ks +

အလုပ်လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါတယ်...
ကျန်တာကို ကျတော်တို့မှသင်ကြားပေးပါမယ် 😁

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်
ချင်းရွာ (အသစ်ဖွင့်မည့်ဆိုင်)

အသေးစိတ်သိရှိလိုပါက 09 4222 92 760 ဖုန်းအား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#ချင်းရွာ #နေပြည်တော်

15/05/2026

🤵🤵🤵
Beverage တွေကို Service ပေးတဲ့အခါ ညာဘက်ကဝင်တိုင်း အဆင်ပြေပြီလား? မဟုတ်ပါဘူး။ အဓိကက "ဘယ်လက်နဲ့ချသလဲ" ဆိုတာပါပဲ။

​❌ Closed Body (ပိတ်နေသော ကိုယ်အမူအရာ)
​ဧည့်သည်ရဲ့ ညာဘက်ကနေဝင်ပြီး "ဘယ်လက်" နဲ့ လှမ်းချခြင်း။
​ ကိုယ့်ရဲ့ လက်မောင်းနဲ့ ပုခုံးက ဧည့်သည်ရဲ့မျက်နှာကို ကာသွားမယ်။ ဧည့်သည်ကို "ကျောပေး" သလို ဖြစ်သွားမယ်။
​ ဧည့်သည်ကို ပိတ်ဆို့ထားသလို ခံစားရစေပြီး Professional မဆန်တဲ့ အပြုအမူပါ။

​✅ Open Body (ပွင့်နေသော ကိုယ်အမူအရာ)
​ဧည့်သည်ရဲ့ ညာဘက်ကနေဝင်ပြီး "ညာလက်" ကိုပဲ အသုံးပြုခြင်း။
​ကိုယ့်ရဲ့ ခန္ဓာကိုယ်က ဧည့်သည်ဘက်ကို ပွင့်နေမယ် (Open to Guest)။ မျက်လုံးချင်း ဆုံနိုင်မယ်။
​ယဉ်ကျေးပျူငှာပြီး ဧည့်သည်ကို အလေးထားကြောင်း ပြသရာရောက်ပါတယ်။

​🔥 မှတ်ထားရမယ့် Short-cut Rule:

​"Right Side ➡️ Right Hand"
"Left Side ➡️ Left Hand"

​ဧည့်သည်ကို ဘယ်တော့မှ "လက်မကျော်ပါနဲ့"၊ ဘယ်တော့မှ "ကျောမပေးပါနဲ့"။😊😊😊
​
​

Address

Ottarathiri
Naypyidaw

Alerts

Be the first to know and let us send you an email when Next-Gen F&B Professional Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category