07/09/2026
မနက်ခင်းတိုင်းမှာ အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ မနက်စာဟာ အဓိက သော့ချက်ပါပဲ။
KMA Nay Pyi Taw Hotel မှာဆိုရင်ဖြင့် လူကြီးမင်းတို့ရဲ့ တစ်နေ့တာကို အကောင်းဆုံး စတင်နိုင်ဖို့အတွက် မြန်မာ့ရိုးရာ မနက်စာ အစားအစာများ၊ အနောက်တိုင်း Breakfast များနဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်မျိုးစုံကို သန့်ရှင်းလတ်ဆတ်မှု၊ ကျန်းမာရေးနဲ့ ညီညွတ်မှုတို့ကို အထူးဦးစားပေးပြီး ပြင်ဆင်ဧည့်ခံပေးနေပါတယ်။
သာယာလှပပြီး အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ သက်တောင့်သက်သာ မနက်စာသုံးဆောင်ရင်း ဒီနေ့မနက်ခင်းလေးကို KMA Nay Pyi Taw Hotel မှာ အားအင်အပြည့်နဲ့ စတင်လိုက်ပါရှင်။