Paing Yadanar Guest House

Paing Yadanar Guest House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Paing Yadanar Guest House, Hotel resort, Lanmadaw 2 Rd, Nyaung-U
Near Poem Night cafe, Nyaung-u.

😍😍😍
16/02/2023

😍😍😍

ပုဂံဘုရားဖူးလာရောက်မည့်ဧည့်သည်လေးများရှင့်နွေရာသီpromotionလေးရှိပါတယ်ရှင့်စျေးနှုန်းချိုသာပြီးသန့်ရှင်းသပ်ရပ်တဲ့ ပိုင်ရတ...
14/02/2023

ပုဂံဘုရားဖူးလာရောက်မည့်ဧည့်သည်လေးများရှင့်နွေရာသီpromotionလေးရှိပါတယ်ရှင့်စျေးနှုန်းချိုသာပြီးသန့်ရှင်းသပ်ရပ်တဲ့ ပိုင်ရတနာတည်းခိုခန်းရဲ့စျေးနှုန်းလေးကတော့
2ယောက်ခန်း 15000
3ယောက်ခန်း 22000
မိသားစုလိုက်စုနေမယ်ဆိုတစ်ယောက်7000ပါရှင့်
အခန်းတွင်းအားလုံးမှာ
အဲကွန်း/တီဗွီ/wifi/ရေချိုးခန်းအိမ်သာတွဲလျက်
ဆံပင်လေမှုတ်စက်ပါပါတယ်ရှင့်
ညောင်ဦးအဝင်ဆွမ်းအုပ်ကြီးအကျော် KBZ bankအနီး
မိန်းလမ်းမကြီးဘေးမှာပဲရှိလို့သွားရေးလာရေးအဆင်ပြေပါတယ်နော်စားသောက်ဆိုင်လေးတွေလဲအနီးအနားမှာရှိပါတယ်ရှင့်
မီးပျက်လျှင်မီးစက်မောင်းပေးပါတယ်နော်

📞📞📞bookingလေးကြိုယူချင်ပါက
09-423969652
09-43058329 သို့ဆက်သွယ်လို့ရပါတယ်ရှင့်

Paing Yadanar guest house မှ Promotion လေးလာပါပြီရှင့်🥳🥳🎉🎉၂ယောက်ခန်း၁၅၀၀၀ကျပ်❌ယခင်၂၅၀၀၀ကျပ်၃ယောက်ခန်း၂၃၀၀၀ကျပ်❌ယခင်၃၅၀၀၀...
16/01/2023

Paing Yadanar guest house မှ Promotion လေးလာပါပြီရှင့်🥳🥳🎉🎉

၂ယောက်ခန်း၁၅၀၀၀ကျပ်
❌ယခင်၂၅၀၀၀ကျပ်

၃ယောက်ခန်း၂၃၀၀၀ကျပ်
❌ယခင်၃၅၀၀၀ကျပ်

၄ယောက်တစ်ခန်းနေမယ်ဆိုရင်တစ်ယောက်ကို ၇၀၀၀ကျပ်ပဲကျပါ့မယ်ရှင့်

ရုံးပိတ်ရက်ရှည်နှင့်ပွဲတော်ရက်များမပါပါဘူးရှင့်

အခန်းတွင်းအားလုံးမှာ

✅Wifi

✅အဲဲကွန်း

✅TV

✅ရေ ချိုးခန်းအိမ်သာတွဲလျက်

✅ရေပူရေအေး

✅ဆံပင်လေမှုတ်စက်ပါပါတယ်ရှင်

ကိုယ်ပိုင်ကားနဲ့လာမည့်သူများအတွက်လဲ ခြံဝင်းအတွင်း Car parking ရှိပါတယ်ရှင့်

လည်ပတ်ဖို့အတွက်လဲE-bike/မီနီအိုးဝေ/ကားများ guest houseမှစီစဥ်ပေးပါတယ်နော်

laundry serviceလဲရှိပါတယ်ရှင့်

လိပ်စာ - ညောင်ဦး-ကျောက်ပန်းတောင်းလမ်း|ကမ္ဘောဇဘဏ်အနီး|ညောင်ဦးမြို့"လမ်းမတော်(၂)လမ်း"

☎09-423969652./09-2042934./09-43058329

အရမ်းတန်တဲ့စျေးလေးမို့Helloလိုက်တော့နော်📞📞📞

Yadanar guest house
House

ပုဂံ ညောင်ဦးလာမည့်ဧည့်သည်များအားလုံး August လအတွက် Promotion လေးပါရှင့် စျေးအနီး၊ဘုရားတွေအနီး အချက်အချာကြတဲ့နေရာမှာတည်ရှ...
17/08/2020

ပုဂံ ညောင်ဦးလာမည့်ဧည့်သည်များအားလုံး August လအတွက် Promotion လေးပါရှင့် စျေးအနီး၊ဘုရားတွေအနီး အချက်အချာကြတဲ့နေရာမှာတည်ရှိပြီးစျေးနှုန်းချိုသာသော Paing Yadanar guest houseမှ နွေးထွေးစွာကြိုဆိုပါတယ်ရှင့်

သန့်ရှင်းသပ်ရပ်၍ ကျယ်ဝန်းသောအခန်းများဖြစ်ပြီး အခန်းများအားလုံးအတွင်းမှာ နိုင်ငံတော်၏ညွန်ကြားချက်များဖြင့်ကျန်းမာရေးဝန်ဆောင်မူများပြုလုပ်ထားပေး၍မိတ်ဆွေများအားလုံးယုံကြည်စိတ်ချစွာတည်းခိုနိုင်ပါတယ်ရှင့်
အခန်းအားလုံးမှာ
အဲကွန်း၊
ရေချိုးခန်းအိမ်သာ
ရေပူရေအေး
ဆံပင်လေမှုတ်ဆက်
TV
Wifi
Car parking
လည်ပတ်ဖို့အတွက်(E-bike)၊မီနီအိုးဝေသုံးဘီး၊ကားများတည်းခိုခန်းမှစီစဉ်ပေးပါတယ်ရှင့်
အပြန်ကားလက်မှတ်ဝယ်ဖို့အတွက်လည်း စီစဉ်ပေးပါတယ်ရှင့်

ရွှေစည်းခုံဘုရားသို့၅မိနစ်၊အလိုတော်ပြည့်ဘုရားသို့၅မိနစ်၊ငှတ်ပစ်တောင်ဘုရားသို့၃မိနစ်၊ပုဂံမြို့ဟောင်းရှိဘုရားများသို့၁၀မိနစ်၊ညောင်ဦးစျေးသို့၃မိနစ်၊Cinemarkရုပ်ရှင်ရုံသို့၃မိနစ် သွားလျှင်ရောက်ပါတယ်ရှင့် ညောင်ဦး ကျောက်ပန်းလမ်းKBZ bank အနီးအချက်ချာကြတဲ့နေရာမှာတည်ရှိသောကြောင့် စားသောက်ဆိုင်များ၊ထမင်းဆိုင်များ၊ကဖေးဆိုင်များ၊စတိုးဆိုင်များ၊Beauty Salonများ၊ဆေးဆိုင်များအားလုံးတည်းခိုခန်းအနီးဆုံးမှာရှိပါတယ်ရှင့်

အခန်းစျေးနှုန်းများကတော့

2ယောက်ခန်း၂၀၀၀၀ကျပ်
(ယခင်ဆို ၂၅၀၀၀ကျပ်)

3ယောက်ခန်း ၃၀၀၀၀ကျပ်
(ယခင်ဆို ၃၅၀၀၀ကျပ်)

၄ယောက်တစ်ခန်းထဲစုနေမယ်ဆို ၃၅၀၀၀ကျပ်
(ယခင်ဆို ၄၀၀၀၀ကျပ်)

၄ယောက်ခန်းမှာ၅ယောက်စုနေမယ်ဆို ၄၀၀၀၀ကျပ်ပါရှင့်
(ယခင်ဆို ၄၅၀၀၀ကျပ်)
မနက်စာလည်းပါ ပါတယ်ရှင့်

လိပ်စာ -Nyaung Oo-Kyauk Pa Daung Road,
Near KBZ Bank,Nyaung Oo Tsp.

20/03/2020
မြန်မာနိုင်ငံလွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ယနေ့မှာ ကျရောက်တဲ့ (၁၀၅) နှစ်မြောက် မွေးနေ့ကို Paing Yadanar Guest...
13/02/2020

မြန်မာနိုင်ငံလွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ယနေ့မှာ ကျရောက်တဲ့ (၁၀၅) နှစ်မြောက် မွေးနေ့ကို Paing Yadanar Guest House မိသားစု မှ လှိုက်လှဲစွာ ဂုဏ်ပြုလိုက်ပါတယ်။

-ပိုင်ရတနာတည်းခိုခန်း
-KBZ Bank အနီး
-ညောင်ဦး

သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာတရားနှင့် အနုသုခမတို့ စုဝေးရာ တို့ပုဂံပြည်
13/02/2020

သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာတရားနှင့် အနုသုခမတို့ စုဝေးရာ တို့ပုဂံပြည်

ပျူစောထီးမင်း နှင့် ငှက်ပစ်တောင်ဘုရား သမိုင်း( ၁၆၇ - ၂၄၂ )ဘုန်းလက်ရုံးအခြွေအရံ အသာလွန်ဆုံးသော မင်း( သို့ ) ပုဂံခေတ် သက်တ...
13/02/2020

ပျူစောထီးမင်း နှင့် ငှက်ပစ်တောင်ဘုရား သမိုင်း

( ၁၆၇ - ၂၄၂ )
ဘုန်းလက်ရုံးအခြွေအရံ အသာလွန်ဆုံးသော မင်း
( သို့ ) ပုဂံခေတ် သက်တော်အရှည်ဆုံး မင်းတစ်ပါး
( သို့ ) တတိယမြောက် ပုဂံဧကရာဇ်

ပျူစောထီးကို ပျူအိုတို့မွေး၍ ကြီးသောကြောင့်
ပျူမင်းထီးဟု အမည်တွင်လေသည်။ ရှေးသရောအခါ
ပုဂံပြည်တွင် သမုဒ္ဒရာဇ်မင်း လက်ထက်၌ ငှက်ကြီး ၊
ဝက်ကြီး ၊ ကျားကြီး၊ ရှူးပျံ တို့သည် ပြည်ရွာကို
နှောက်ယှက် မင်းမူနေကြ၏။ ထိုရန်သူတို့ကို
စွမ်းအားသတ္တိနှင့် ပြည့်စုံသော ပျူစောထီးက ဖြိုဖျက်
လိုက်လေသည်။ (သမုဒ္ဒရာဇ်မင်းမှာ သာသနာ ၆၇၁
မှ ၆၉၆ ခုအထိ အုပ်စိုးသည် ဆိုသည်) ပျူစောထီးမင်းကား အထက် တကောင်းမင်းမျိုး ၊
သတိုး အာဒိစ္စရာဇာ မည်သော မင်း၏သားတည်း။ ပြည်ရွာမငြိမ်သက်ဖြစ်သဖြင့် ပြေးပုန်းရှောင်လွဲနေရာမှ ပုဂံပြည်ဆီသို့ ရောက်ရှိ၊ ပုဂံအနီး မြေခဲတွင်း ရွာနေ ပျူအိုလင်မယားထံတွင် မှီခိုနေလေ၏။

ပျူအိုလင်မယား ကလည်း သားသမီး မရှိသည်နှင့် သားအရင်းကဲ့သို့ မွေးကျွေးထား၏။ ပျူစောထီးသည် လေးအတတ်ကို ခုနစ်နှစ်သားလောက်ကပင် တတ်မြောက်ခဲ့၏။ ယခု ၁၆ နှစ်သား အရွယ်၌ကား အလွန်အကျူး အထူးတတ်မြောက်လေသည်။ တစ်ခါသော် ပျူစောထီးသည် မိမိ၏ လေးမြားကို စမ်းလို၍ တောသို့လှည့်ပတ်အံ့ဟု ပျူအိုလင်မယားထံ၌ ခွင့်တောင်းလေရာ ၎င်းတို့ကလည်း ချစ်ခင်စိုးရိမ်စွာဖြင့် ဤသို့ ဆိုကြ၏။

" ချစ်သား ပုဂံပြည်တွင် အရှေ့မျက်နှာအရပ်၌
အလွန် အားအင်ကြီးသော ဝက်ကြီး တစ်ကောင်သည်
အရံဝက်များနှင့် ပြည်ရွာတွင်းသို့ ဝင်ရောက်ကာ
လူတို့ စိုက်ပျိုးထားသော အသီးအနှံ စပါးဆန်တို့
ကို တူးဆွဖျက်ဆီး စားသောက် နှောက်ယှက်၏။
လူတို့ကိုလည်း ရန်မူ၏။ မင်းကြီး မနိုင်နိုင်၍ ထမင်း ၊
ဖရုံသီး ၊ ဖွဲနုတို့ကို ထိုဝက်ကြီးတို့အား နေ့တိုင်း
ပေးရ ကျွေးရ၏။ "

" အနောက်မျက်နှာ၌ အလွန်ကြီးမားသော ငှက်ကြီး
တစ်ကောင်သည် အရံငှက်များနှင့် အလွန် သောင်း
ကျန်းနေ၏။ တစ်ခါတစ်ရံ လူများကိုပင် ထိုးသုတ်
ပေါက်သတ် စားလေသည်။ ဤငှက်ကြီးကိုလည်း
မင်းကြီးမနိုင်၍ အစားအစာ ပေး၍ ကျွေးနေရ၏။ "

" တောင်မျက်နှာ၌ ကျားကြီးတစ်ကောင်သည် အရံ
ကျားများနှင့် အစဉ်မပြတ်လိုပင် ပြည်ရွာတွင်းသို့ ဝင်
၍ လူသူ ကျွဲနွားတို့ကို ကိုက်ယူ စားသောက်လေ
သည်။ ဤရန်သူကိုလည်း မင်းကြီးမနိုင်လေ။ "

" မြောက်မျက်နှာ၌ ရှူးပျံတို့သည် လူတို့၏ အဝတ်
အစား ၊ အသုံးအဆောင် ၊ အိမ်မိုးသက်ငယ်မှ မကျန်
တွေ့သမျှကို ကိုက်ဖဲ့ ဖျက်ဆီးတတ်၏။ "

" ဤရန်သူကြီး လေးဦးအပြင် အနှောင့်အယှက်
တစ်ခုရှိသေး၏။ ငါတို့ပုဂံပြည် တစ်ဝန်း၌ ဘူးခါးပင်
တို့သည် ဖျက်ဆီး၍ မနိုင်အောင် ပေါက်၏။ အနွယ်
အတက်တို့မှာ အလွန်လျင်မြန်စွာ ပွား၏။ တစ်ပင်
တစ်နွယ်ကို ဖျက်လျှင် နှစ်ပင်နှစ်နွယ် ဖြစ်လာ၍ တစ်
ညွန့်ကို ဖျက်လျှင် နှစ်ညွန့်ဖြစ်လာ၏။ လူသူ မနေ
နိုင်လောက်အောင် ၊ အသီးအနှံ မစိုက်ပျိုးနိုင်လောက်
အောင် အနှောင့်အယှက် ဖြစ်နေ၏။ "

" ဤသို့လျှင် ဝက် ၊ ငှက် ၊ ကျား ၊ ရှူးပျံ ၊ ဘူး တည်း
ဟူသော ရန်သူအနှောင့်အယှက်တို့ ငါတို့ ပုဂံပြည်
ကို နှိပ်စက်နေသည်မှာ ယခု ၁၂ နှစ်တိုင်တိုင် ရှိ
လေပြီ။ ချစ်သား သတိနှင့်သွားပါ ၊ ငါတို့စိုးရိမ်၏ "
ဟု ဆိုကြ၏။

ပျူစောထီးကား မိမိ၏အစွမ်း လေးမြားကို အားကိုး
၍ ထိုရန်သူများ ရှိရာသို့ပင် သွားရောက်လေ၏။
ရှေးဦးစွာ ဝက်ကြီးကို တွေ့လေလျှင် ဝက်ကြီးသည်
မာန်ဖီ၍ အမွေးအမှင် ထောင်လျက် ပုတ်လောက်
ကြီးသော ကျောက်တုံး မြေတုံးတို့ကို တူးဖော်ကာ
သစ်ပင်ကြီးငယ်တို့ကို ထိုးကြိတ် ဖြိုလှဲပြီးလျှင် မင်း
သားကို ထိုးပက် ရန် ပြေးလာလေ၏။ မင်းသားက
လေးဖြင့် ပစ်လိုက်ရာ မြားထိ၍ ဝက်ကြီး သေလေ
သည်။
ဝက်ကြီးသေပြီးနောက် သုံးရက်ကြာသောအခါ
ပျူစောထီးသည် ငှက်ကြီးရှိရာသို့ လာခဲ့၏။ မင်းကြီး
ထံမှ ငှက်စာပို့ရသော ငှက်စာဆော် ငကော် သည်
မိန်းမပျို ခုနစ်ယောက်နှင့် ငှက်စာပို့ရန် လာသည်
ကို ပျူစောထီး တွေ့သောအခါ
" ငှက်စာမပို့နှင့် ၊ ငှက်ကြီးကို ငါ သတ်မည် "
ဟုပြောကာ ထိုမိန်းမပျို ခုနစ်
ယောက်ကိုလည်း သိမ်းယူလိုက်လေ၏။ ငှက်ကြီး
သည်လည်း လက်ပံပင်ကြီး သုံးပင်တွင် အလယ်ပင်
၌ နား၍ ဘေးနှစ်ပင်တွင် အတောင် တင်ထား၏။
မင်းသားကို မြင်သော် အစာလည်း မစားရသည်နှင့်
ပြင်းစွာအမျက်ထွက်၍ အစွမ်းသတ္တိ အမျိုးမျိုး ပြပြီး
သော် မင်းသားကို ပေါက်လိုက်၏။ မင်းသားလည်း
လေးကို ထောက်၍ နောက်သို့ ခုန်လိုက်သည်မှာ
အတောင် ၇၀ မျှ ရောက်လေ၏။ လူကိုမထိဘဲ မြေ
ကို ပေါက်မိ၍ နှုတ်သီးတွင် ပါလာသော မြေကြီးကို
ထွေးအန်ပစ်ရာ တောင်ငယ်မျှ ရှိနေသည်ကို ယခု
တိုင် ' ငှက်အန်တောင် ' ဟုခေါ်ကြသည်။ မင်းသား
ကား ကြောက်လန့်ခြင်း မရှိဘဲ ကြုံးဝါးပြီးလျှင် လေး
နှင့်ပစ်လိုက်ရာ ငှက်ကြီးကို ထိမှန်၍ ငှက်ကြီးစင်းစင်း
သေလေ၏။ငှက်တောင်တချောင်းကို နုတ်၍ မိန်းမပျို
ခုနစ်ယောက်အား ရွက်စေရာ အနိုင်နိုင်ပင် ရွက်ရ
လေသည်။ ပြီးမှ
" သင်တို့ မင်းကြီးအား သွား၍ ဆက်ချေ "
ဟု စေလိုက်၏။

မိန်းမပျိုတို့လည်း လမ်းတွင် ငှက်တောင်လေး၍
မရွက်နိုင်သဖြင့် ပစ်ခဲ့လေ၏။ ထိုအရပ်ကို ' ငှက်
တောင်ပစ် ' ဟူ၍ လည်းကောင်း ၊ ငှက်ကြီးကို ပစ်
သတ်သောနေရာကို ' ငှက်ပစ်တောင် ' ဟူ၍ လည်း
ကောင်း ယခုတိုင် ခေါ်ကြလေသည်။
၁၃ နှစ်တိုင်တိုင် နှောင့်ယှက် နှိပ်စက်နေကြ
သော ရန်သူတို့ သေလေပြီ ဖြစ်ကြောင်း မိန်းမပျို
တို့ လျှောက်၍ မင်းကြီး ကြားရသော် အလွန်နှစ်
သက်ဝမ်းမြောက်၍ စစ်သည် ဗိုလ်ပါနှင့်တကွ ပျူ
စောထီးရှိရာသို့ လာရောက်လေ၏။ တွေ့ရမှ
" အဘယ် အမျိုးအနွယ် ဖြစ်သနည်း ၊ အဘယ်လက်
နက်ဖြင့် သတ်သနည်း "
ဟု မေးတော်မူသော် ဟုတ်တိုင်းကို
လျှောက်ပေ၏။

ထိုအကြောင်းကို ပုဂံပြည့်ရှင်မင်းကြီး ကြားသိရ
သော် အလွန်နှစ်သက် အားရတော် မူသဖြင့် သမီး
တော် စန္ဒာဒေဝီနှင့် ပျူစောထီးကို လက်ထက် ထိမ်း
မြားပေး၍ အိမ်ရှေ့မင်း ရာထူးဖြင့် ချီးမြှောက်တော်
မူသည်။

သို့သော် သမုဒ္ဒရာဇ်မင်း လွန်သောအခါ
တွင် ပျူစောထီးက ကျေးဇူးရှင် ဆရာရသေ့ရသေ့
ကြောင်မင်း ကို ပင့်ဖိတ်၍ ပုဂံတွင် မင်းပြုစေသည်။
ရသေ့ကြောင်မင်း မင်းစည်းစိမ် ၁၅-နှစ်တွင် နတ်ရွာ
စံတော်မူလေသည်။ ထို့နောက် သက္ကရာဇ် ၈၉-ခုနှစ်
တွင် ပျူစောထီး နန်းတက်၏။ ရွာ(၁၉)ရွာကိုပေါင်း၍ အရိမဒ္ဒနာသမုတ်၍ မြို့တည်လေသည်။

ပျူစောထီးသည်
ငှက်ကြီးခွင်းရာအရပ်၌ ဥမင်နှင့် ဘုရားတစ်ဆူ၊ လေး
ရရာအရပ်၌ ဘုရားတစ်ဆူ၊ မြှားရရာအရပ်၌ ဘုရား
တစ်ဆူ၊ ငှက်တောင်ပစ်ရရာ၌ ဘုရားတစ်ဆူ၊ သမီး
ငှက်ရရာ၌ ဘုရားတစ်ဆူ၊ ကျားကြီးခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ဝက်ကြီးခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊
ရှူးပျံခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ဗျိုင်းဂူ၊ ဖွတ်ဂူ၊
ဘားဂူ၊ ပေါက်ပင်ဂူ၊ ဗူးဘုရားတစ်ဆူ၊ စသည့်ကောင်း
မှုများကိုလည်း ပြုတော်မူသည်။
တရုတ်မြို့ကို တည်တော်မူသည်။ တရုတ်မြို့၌
သီရိဓမ္မာသောကမင်း ကောင်းမှု မုဋ္ဌောစေတီကိုလည်း ထပ်မံ၍ ပြုပြင်တော်မူသည်။ ရွာသစ်ကြီးအရပ်၌ ဆံ
တော်ရှင်ဘုရားကိုလည်း တည်တော်မူသည်။ ၎င်းဆံ
တော်ရှင်ဘုရားကို ငတပါးမင်း စ၍ တည်သည်ဟူ၍
သူကောင်းတို့ ပြောကြသည်။ မုံရွေးအရှေ့၊ ဆင်ဖြူ
ရတောင်ထိပ် သီရိဓမ္မာသောကမင်း ကောင်းမှု မုဠောဘုရားကိုလည်း တည်တော်မူသည်။ နောင် မိုးညှင်း
မင်းတို့ ထပ်မံ၍ တည်တော်မူလေပြီး မုဋ္ဌော မတွင်၊
ရွှေမြင်တင်ဟု တွင်သည်။ မင်းစည်းစိမ် (၇၅)နှစ်တွင်
အနိစ္စရောက်တော်မူသည်။ ပျူစောထီးသည် အလွန်
ပင် ခွန်အားဗလ ကောင်းသဖြင့် အသက် ၁၁၀ တိုင်
အောင် ထီးနန်းစိုးစံခဲ့ရသည်။ ငှက်ကြီးကို ပစ်သတ်
သော နေရာအား ယခုထက်တိုင် "ငှက်ပစ်တောင်"
ဟု ခေါ်နေကြသည်။

ကိုးကား
မှန်နန်းမဟာရာဇဝင်တော်ကြီး

သမိုင်းဝင် ငှက်ပစ်တောင်ဘုရားကြီးနဲ့ ရှင်အရဟံ အုတ်ကျောင်းသို့ ပိုင်ရတနာတည်းခိုခန်းမှ ၃မိနစ်ခန့်သွားရုံနဲ့ ရောက်နိုင်ပါတယ်နော်

မင်္ဂလာပါ🌻ပိုင်ရတနာတည်းခိုခန်းက ချစ်ခင်ရပါသော ဧည့်သည်တော်များအဆင်ပြေစွာနားနေနိုင်ရန်အတွက် သန့်ရှင်းသပ်ရပ်သော အခန်းများ😊၊...
12/02/2020

မင်္ဂလာပါ

🌻ပိုင်ရတနာတည်းခိုခန်းက ချစ်ခင်ရပါသော ဧည့်သည်တော်များအဆင်ပြေစွာနားနေနိုင်ရန်အတွက် သန့်ရှင်းသပ်ရပ်သော အခန်းများ😊၊ အသက်သာဆုံး ဈေးနှုန်း😲နှင့်အတူ အကောင်းဆုံး၀န်ဆောင်မှုတို့😉နဲ့စောင့်ကြိုနေပါတယ်ရှင်။😍😍

🇲🇲မြန်မာပြည်ရဲ့အသည်းနှလုံး♥️ဖြစ်တဲ့ ပုဂံကို🌄အလည်လာရင်း ပိုင်ရတနာ အဆင့်မြင့်တည်းခိုခန်းမှာ အနားယူဖို့ ဖိတ်ခေါ်ပါရစေရှင့်⛱️

၂ ယောက်ခန်း ၃ ယောက်ခန်းတို့ရှိပြီး
• အခန်းတိုင်းမှာ TV 📺
• Air-conditioning 😊
• ရေချိုးခန်း🚿၊ အိမ်သာ🚽 ပါဝင်ပြီး သန့်ရှင်းမှုအတွက် အာမခံပါတယ်နော်။
• နေ့ဝန်ထမ်း ညဝန်ထမ်းများ👩‍💼ဖြင့် ၂၄ နာရီဝန်ဆောင်မှုအပြည့်ပေးနေတယ်ပါရှင့်။
• High-speed WiFi 📶အခမဲ့သုံးဆွဲခွင့်ရဦးမယ့်အပြင်
• ကျယ်ဝန်းသောကားပါကင်🚗 ပါရှိသည့်အတွက် ဘာလိုသေးလဲပေါ့နော်

မီးပျက်တတ်တဲ့အတွက်လဲမပူပါနဲ့ မီးစက်ကြီးများကို ready ထားပေးထားလို့ aircon မအေးမှာ အညာဒေသရဲ့ အိုက်စက်မှုဒဏ်ကို မခံနိုင်မှာမပူရတော့ပါဘူးနော်
လည်ပတ်ဖို့အတွက်လဲ E-Bike🛵, Taxi service🚖 များလဲ ချိတ်ဆက်ပေးဦးမှာပါရှင့်

လိပ်စာ - လမ်းမတော်၊ ဘုရားနီအနီး၊ ညောင်ဦးမြို့(ကဗျာည လက်ဖက်ရည်ဆိုင်အနီး)

ဖုန်းနံပတ်- 09-5169532
- 09-421441850
- 09-2042934

မဂ်လာပါ ချစ်တဲ့ မိတ်ဆွေ သူငယ်ချင်း၊ မိသားစုတွေနဲ့အတူပုဂံကိုလာရောက်လည်ပတ်ကြမယ်ဆိုရင်‌တော့ ရွှေစည်းခုံဘုရားကြီး အနီး၊ ငှက်...
11/02/2020

မဂ်လာပါ
ချစ်တဲ့ မိတ်ဆွေ သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ
ပုဂံကိုလာရောက်လည်ပတ်ကြမယ်ဆိုရင်‌တော့
ရွှေစည်းခုံဘုရားကြီး အနီး၊ ငှက်ပစ်တောင်ဘုရားနဲ့နီးပြီး သွားရေးလာရေး စားရေးသောက်ရေး လွယ်ကူအဆင်ပြေတဲ့ ကျွန်မတို့Paing Yadanar Guest House မှာ
တည်းခိုအနားယူရင်း ပုဂံရဲ့​​​လှအပတွေကို ခံစားကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်

📑Paing Yadanar ရဲ့ Booking များကို လက်ခံနေပြီ ဖြစ်တဲ့အတွက် ဖုန်း 095169532 , 0943058329 , 09421441850 မှတဆင့်ဖြစ်စေFacebook Messenger မှတဆင့်ဖြစ်စေ ဆက်သွယ် စုံစမ်းနိုင်ပြီဖြစ်ပါ‌ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့်

🔵🔵 Guest House Service

🍽️ FREE BREAKFAST

🗺️ FREE BAGAN MAP

✨FREE WIFI

🅿Free Car Parking

🚴E-Bike & Bicycle Rental Service

🚕Car & Boat Rental Service

💮Horse Cart Service

🛂Tour Guide Service

🛄Ticketing Service
🚩Air Ticket
🚩Bus Ticket
🚩Cruise Ship Ticket
🚩Balloon Ticket

🔵🔵🔵Room Facilities 🔵🔵🔵

💠Air Condition(Heavy Duty)

💠TV

💠Cold & Hot Water

💠Bathroom Amenities

💠In Room Slipper

💠Complimentary Water 1Lit (2 Bottles)

🅿️Car Parking ကျယ်ရှိတော့ ကားအတွက်လည်း စိတ်မပူရပါဘူးရှင့်။

☎☎☎☎☎☎☎☎

လမ်းမတော်၊ကမ္ဘောဇဘဏ်အနီး
(ပုဂံ) ညောင်ဦးမြို့။

🌲❄️⛄🌲SWEET DECEMBER🌲❄️⛄🌲🎉🎊🎉🎊🎉🎊🎉December အားလပ်ရက်များမှာချစ်တဲ့ မိတ်ဆွေ သူငယ်ချင်း၊ မိသားစုတွေနဲ့အတူပုဂံကိုလာရောက်လည်ပတ်...
13/12/2019

🌲❄️⛄🌲SWEET DECEMBER🌲❄️⛄🌲

🎉🎊🎉🎊🎉🎊🎉December အားလပ်ရက်များမှာ
ချစ်တဲ့ မိတ်ဆွေ သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ
ပုဂံကိုလာရောက်လည်ပတ်ကြမယ်ဆိုရင်‌တော့
ရွှေစည်းခုံဘုရားကြီး အနီး၊ ငှက်ပစ်တောင်ဘုရားနဲ့နီးပြီး သွားရေးလာရေး စားရေးသောက်ရေး လွယ်ကူအဆင်ပြေတဲ့ ကျနော်တို့ Paing Yadanar Guest House မှာ
တည်းခိုအနားယူရင်း ပုဂံရဲ့ ဆောင်းတွင်း အလှအပတွေကို ခံစားကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

📑Paing Yadanar ရဲ့ December နှင့် Januaryလများအတွက် Booking များကို စတင်လက်ခံနေပြီ ဖြစ်တဲ့အတွက် ဖုန်း 095169532 , 0943058329 , 09421441850 မှတဆင့်ဖြစ်စေFacebook Messenger မှတဆင့်ဖြစ်စေ ဆက်သွယ် စုံစမ်းနိုင်ပြီဖြစ်ပါ‌ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

🔵🔵🔵🔵🔵 Room Rate 🔵🔵🔵🔵🔵

🔶Double/Twin Room - 25000

🔷Family Room(3 pax)- 35000

🔶ဘော်ဒါတွေနဲ့အတူစုနေချင်ရင်လည်း ဈေးနှုန်းညှိနှိုင်းပေးမှာပါနော်

🔵🔵 Guest House Service

🍽️ FREE BREAKFAST

🗺️ FREE BAGAN MAP

✨FREE WIFI

🅿Free Car Parking

🚑 Doctor on Call Service

💢ဈေးနှုန်းချိုသာသော Guest Laundry Service

🚴E-Bike & Bicycle Rental Service

🚕Car & Boat Rental Service

💮Horse Cart Service

🛂Tour Guide Service

🛄Ticketing Service
🚩Air Ticket
🚩Bus Ticket
🚩Cruise Ship Ticket
🚩Balloon Ticket

⛔ ⛔⛔Service Charges တွေ Tax တွေ
ဘာမှထပ်ပီး ပေးစရာမလိုပါဘူးခင်ဗျာ။⛔⛔⛔

🔵🔵🔵Room Facilities 🔵🔵🔵

💠Air Condition(Heavy Duty)

💠TV

💠Cold & Hot Water

💠Bathroom Amenities

💠In Room Slipper

💠Complimentary Water 1Lit (2 Bottles)

🅿️Car Parking ကျယ်ရှိတော့ ကားအတွက်လည်း စိတ်မပူရပါဘူး။

🇲🇲🇲🇲🇲🇲တည်နေရာ🇲🇲🇲🇲🇲🇲

လမ်းမတော်၊ကမ္ဘောဇဘဏ်အနီး
(ပုဂံ) ညောင်ဦးမြို့။

Address

Lanmadaw 2 Rd, Nyaung-U Near Poem Night Cafe
Nyaung-u
05231

Telephone

+959423969652

Website

Alerts

Be the first to know and let us send you an email when Paing Yadanar Guest House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category