Shwe Thitsar Guest House

Shwe Thitsar Guest House Stay with Us, Feel like Home

01/01/2026

Wishing you a very happy and auspicious New Year.

​ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း ကျတော်တို့ ရွှေသစ္စာ မိသားစုတည်းခိုခန်းကနေ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ❤️

ရွှေသစ္စာဧည့်ရိပ်မွန်
ညောင်ဦး
095137653

December 19 ကနေ ခရစ်စမတ် အထိ အခန်းပြည့်လာရောက် တည်းခိုကြတဲ့ ချစ်ဧည့်သည်များကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။တည်းစရာ ဟို...
27/12/2025

December 19 ကနေ ခရစ်စမတ် အထိ အခန်းပြည့်လာရောက် တည်းခိုကြတဲ့ ချစ်ဧည့်သည်များကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။
တည်းစရာ ဟိုတယ်တွေအများကြီး ရှိတဲ့အထဲက ကျတော်တို့ မိသားစုတည်းခိုခန်းလေးကို ရွေးခြယ်လာတည်းတဲ့အတွက်လည်း ဂုဏ်ယူရပါတယ် ♥️🥰

နယူးရီးယား အတွက်လည်း ၂ယောက်ခန်း၊၃ယောက်ခန်း၊၄ယောက်ခန်း များ ကြိုတင် Booking လုပ်နိုင်ပါပြီ ခင်ဗျာ။
For more information detail
095137653
Page CB

ရွှေသစ္စာဧည့်ရိပ်မွန်
ညောင်ဦး
095137653

❄️❄️❄️ဒီနှစ် ခရစ်စမတ်ကာလမှာ အိမ်ရဲ့အဝေး၊ဒါပေမယ့် အိမ်လိုမျိုး နွေးထွေးမှုကို ခံစားရမယ့် ကျတော်တို့ ဧည့်ရိပ်မွန်လေး ❄️❄️❄...
24/12/2025

❄️❄️❄️ဒီနှစ် ခရစ်စမတ်ကာလမှာ အိမ်ရဲ့အဝေး၊ဒါပေမယ့် အိမ်လိုမျိုး နွေးထွေးမှုကို ခံစားရမယ့် ကျတော်တို့ ဧည့်ရိပ်မွန်လေး ❄️❄️❄️
​သမိုင်းဝင် ပုဂံဘုရားတွေရဲ့ အလှတရားရယ်၊ မနက်ခင်း ဆောင်းနှင်းမြူတွေရယ်၊ ပြီးတော့ ကျွန်တော်တို့ ရွှေသစ္စာ ရဲ့ မိသားစုဆန်တဲ့ ဝန်ဆောင်မှုတွေက ချစ်ရတဲ့ဧည့်သည်တွေရဲ့ အားလပ်ရက်ကို အပြည့်စုံဆုံး ဖြစ်စေမှာပါ။
​ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပုဂံမြေမှာ အမှတ်တရကောင်းတွေ ဖန်တီးဖို့ ကျွန်တော်တို့ဆီမှာ တည်းခိုဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
​ပျော်ရွှင်စရာ ခရစ်စမတ်ဖြစ်ပါစေလို့ ရွှေသစ္စာ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
♥️♥️♥️ Merry Christmas ♥️♥️♥️

ရွှေသစ္စာ Guest House
အမှတ်(၁)သီရိမင်္ဂလာရပ်
ညောင်ဦး။
095137653

ဒီဇင်ဘာ ပိတ်ရက်လေးတွေအတွက် ကျတော်တို့ ရွှေသစ္စာ မှာ ၂ယောက်ခန်း၊၃ယောက်ခန်းတွေ အခန်း Booking စလက်ခံ နေပါပြီ ခင်ဗျာ။အခန်းတိ...
15/12/2025

ဒီဇင်ဘာ ပိတ်ရက်လေးတွေအတွက် ကျတော်တို့ ရွှေသစ္စာ မှာ ၂ယောက်ခန်း၊၃ယောက်ခန်းတွေ အခန်း Booking စလက်ခံ နေပါပြီ ခင်ဗျာ။
အခန်းတိုင်းမှာ
ရေချိုးခန်း၊အိမ်သာတွဲရက်
TV
WiFi
Air-con
မီး ၂၄ နာရီ(EPC+Solar)
ရေချိုးခန်းသုံးဆပ်ပြာ၊သွားတိုက်ဆေး
ရေသန့်ရေဘူး တွေ ပါဝင်ပါတယ်ခင်ဗျ။
ဧည့်သည်အကိုအမ များ ကား၊ဆိုင်ကယ် ပါလာရင်လည်း လုံခြုံစိတ်ချရတဲ့ ခြံဝန်းကျယ်နဲ့ပါခင်ဗျာ။

095137653 ကို ဆက်သွယ်ပြီး သိလိုရာတွေ မေးမြန်းနိုင်ပါတယ်ခင်ဗျာ

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတ...
04/11/2025

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။ သာမညဖလ ၏ အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည်

-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ်ပါယျရပါသညျ။

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုနိုင်ပါသည်။

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ်စကေဗုဒ်ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။

Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှ -တိပိဋက

ဤသီတင်းကျွတ်အခါသမယမှစ၍ ချစ်ခြင်းမေတ္တာများရရှိခံစားကြပါစေ၊ဘေးအန္တရာယ်ကင်းကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း မေတ္တာ...
06/10/2025

ဤသီတင်းကျွတ်အခါသမယမှစ၍ ချစ်ခြင်းမေတ္တာများရရှိခံစားကြပါစေ၊ဘေးအန္တရာယ်ကင်းကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း မေတ္တာပို့သ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ။
စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်း တို့နှင့်ပြည့်စုံကြပါစေ 🎇🎆🎆

#သီတင်းကျွတ်လပြည့်
#အဘိဓမ္မာအခါတော်နေ့
#ပုဂံ
#ရွှေသစ္စာ

✨✨✨ သီတင်းကျွတ်ပိတ်ရက်အတွက် အခန်းBooking စတင်လက်ခံပါပြီ ခင်ဗျာ✨✨✨        သီတင်းကျွတ်ပိတ်ရက်အတွက်   မီး၂၄ နာရီလည်း ရရမယ်၊...
16/09/2025

✨✨✨ သီတင်းကျွတ်ပိတ်ရက်အတွက် အခန်းBooking စတင်လက်ခံပါပြီ ခင်ဗျာ✨✨✨

သီတင်းကျွတ်ပိတ်ရက်အတွက် မီး၂၄ နာရီလည်း ရရမယ်၊ ဈေးနှုန်းလည်း သက်သာရမယ်ဆိုရင် ရွှေသစ္စာ ဧည့်ရိပ်မွန် ရှိပါတယ်ခင်ဗျာ 🥰😍😘
အေးအေးချမ်းချမ်းလည်းရှိမယ်၊ သပ်သပ်ရပ်ရပ်လေးလည်း တည်းချင်တယ်၊ ဈေးနှုန်းလည်း ချိုသာရမယ်ဆိုရင် ရွှေသစ္စာ ကို သတိရပေးပါ။
အခန်းတိုင်းမှာ Air-con TV ပန်ကာ၊ ရေချိုခန်းအိမ်သာတွဲရက်နဲ့
WiFi ပါဝင်ပါတယ်။ ဆိုလာတပ်ထားလို့ မီး၂၄ နာရီ အမြဲ ရနေမှာပါ။
ကျယ်ဝန်းတဲ့အခန်း၊ လုံခြုံစိတ်ချစွာထားနိုင်တဲ့ ကားပါကင်၊ အေးချမ်းတိတ်ဆိတ်စွာတည်းခိုနိုင်တဲ့ ခြံဝန်းကျယ်ကျယ်တို့က ဧည့်သည်တော်တွေကို စိတ်ချမ်းသာစေမှာ အမှန်ပါပဲခင်ဗျာ။
ကျတော်တို့ ရွှေသစ္စာကနေ
ငှက်ပစ်တောင်ဘုရား သို့ (ဆိုင်ကယ်ဖြင့်) ၅မိနစ်
ညောင်ဦးဈေး သို့ (ဆိုင်ကယ်ဖြင့်)၅မိနစ်
ရွှေစည်းခုံဘုရားသို့(ဆိုင်ကယ်ဖြင့်)၁၀မိနစ်
ညဈေးတန်းသို့(ဆိုင်ကယ်ဖြင့်)၁၀မိနစ် အတွင်း ရောက်နိုင်ပါတယ်။
မန္တလေး-မြင်းခြံ-ပခုက္ကူလမ်းမကြီးဘေးမှာရှိပြီး သွားလာရလည်းလွယ်ကူပါတယ်။
လည်ပတ်စရာ ကား၊တုတ်တုတ်၊ Ebike များလည်း ငှားရမ်းနိုင်ပါတယ်။

ဒါလေးက Google Map Location လေးပါ
https://maps.app.goo.gl/g3gqBAavwuTCeFww5

ရွှေသစ္စာ တည်းခိုခန်း
095137653
သီရိမဂ်လာရပ်
ညောင်ဦးမြင်းခြံလမ်း
ညောင်ဦးမြို့

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ (ကြာသပတေးနေ့)မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့မှစ၍  စိတ်၏ချမ်းသာခြင်း၊ကိုယ်၏...
17/04/2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ (ကြာသပတေးနေ့)

မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့မှစ၍
စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းတို့ပြည့်စုံပြီး ကပ်ကြီးအမျိုးမျိုးမှ ကင်းဝေးကာ စီးပွါးလာဘ်လာဘများတိုးပွါးကြပါစေကြောင်း ရွှေသစ္စာမိသားစုကနေ ဆု‌မွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏

ပိတောက်ပန်းလေးတွေရဲ့ အဓိပ္ပါယ်က…. "မင်းဟာကိုယ့်အတွက်                         ရှားပါး❤️ပါ"တဲ့။ Crd:
13/04/2025

ပိတောက်ပန်းလေးတွေရဲ့ အဓိပ္ပါယ်က….

"မင်းဟာကိုယ့်အတွက်

ရှားပါး❤️ပါ"တဲ့။

Crd:

ဒီရက်ပိုင်း ဘာကြော်ငြာပို့စ်မှ တင်ချင်စိတ်မရှိလို့ သင်္ကြန်အတွက် မတင်ထားမိပါဘူးခင်ဗျာ🙏သင်္ကြန်အတွက် ဖုန်းဆက်မေးကြလို့  က...
10/04/2025

ဒီရက်ပိုင်း ဘာကြော်ငြာပို့စ်မှ တင်ချင်စိတ်မရှိလို့ သင်္ကြန်အတွက် မတင်ထားမိပါဘူးခင်ဗျာ🙏
သင်္ကြန်အတွက် ဖုန်းဆက်မေးကြလို့ ကျတော်တို့ ရွှေသစ္စာဧည့်ရိပ်မွန် ဖွင့်ပါတယ်ခင်ဗျာ။
အခန်းခ ဈေးမတက်ပါခင်ဗျာ
၂ယောက်ခန်း ၂၀၀၀၀
၃ယောက်ခန်း ၂၅၀၀၀ ပါခင်ဗျာ။
အခန်းတိုင်း ရေချိုးခန်းအိမ်သာတွဲရက်
အဲကွန်း၊တီဗီ၊ဝိုင်ဖိုင်၊ ပန်ကာ၊ဆိုလာမီး၂၄ နာရီရပါတယ်။
အမှတ်(၁)သီရိမင်္ဂလာရပ်၊မြေစာရင်းရုံးအနီး၊
ညောင်ဦး-မြင်းခြံလမ်း၊ညောင်ဦး။
၀၉၅၁၃၇၆၅၃

ငလျင်ဘေးသင့် ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်ခင်ဗျာ💔။သင်္ကြန်ပိတ်ရက် ကြိုတင် Booking ယူထားတဲ့ ချစ်ရတဲ့ customers ...
03/04/2025

ငလျင်ဘေးသင့် ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်ခင်ဗျာ💔။
သင်္ကြန်ပိတ်ရက် ကြိုတင် Booking ယူထားတဲ့ ချစ်ရတဲ့ customers များ အတွက် တချို့ကို အဆင်ပြေတဲ့ရက် ချိန်းပေးပြီး၊ တချို့ကို အပြည့်အဝ Fully refund ငွေပြန်လွှဲပေးပါတယ်ခင်ဗျာ။
မိဘပြည်သူ ညီအကိုမောင်နှမများအားလုံး ကပ်ဆိုးဘေးအန္တရာယ်ကနေ လွတ်ကင်းနိုင်ကြပြီး ချစ်ခြင်းမေတ္တာများဖြင့် နွေးထွေး လုံခြုံနိုင်ကြပါစေ 🙏🙏🙏

Address

Shwe Thitsar Guest House
Nyaung-u

Telephone

+9595137653

Website

Alerts

Be the first to know and let us send you an email when Shwe Thitsar Guest House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category