11/01/2025
👨⚕️အစာအိမ်ရောဂါက တစ်ခါဖြစ်ပြီးပီဆိုရင် ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အလုပ်အကိုင်ပျက်တယ်။ ဆေးရုံဆေးခန်း ခဏခဏသွားရတယ်။ ဗိုက်အောင့်ဗိုက်နာ မအိမသာနဲ့ အစာလည်းမစားချင်၊ စားသမျှပြန်အန်တာတွေ စသဖြင့် ဝေဒနာတွေလည်း ခံစားရပါတယ်။
ထုံးစံအတိုင်းပဲ အစာအိမ် အူလမ်းကြောင်း ရောဂါတွေမပြောခင် အစာအိမ်ရဲ့ အလုပ်လုပ်ပုံတွေနှင့် ဘယ်လိုအနေအထိုင် အစားအသောက်တွေက အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေတယ်ဆိုတာတွေကို အရင် ပြောပြပေးသွားပါမယ်ခင်ဗျာ။
အစာအိမ်မှာ အစာချေဖို့အတွက် အက်ဆစ်တွေထုတ်ပေးပါတယ်။ အဲဒီအက်ဆစ်ဟာ ဟိုက်ဒရိုကလိုရစ် အက်ဆစ်အမျိုးအစားဖြစ်ပြီး အပြင်မှာဆိုရင် အိမ်သာဂျီးချွတ်တဲ့နေရာတွေမှာ သုံးတဲ့ အက်ဆစ်အမျိုးအစားဖြစ်ပါတယ်။ ဘယ်လောက်ပြင်းလဲဆိုရင် ခွက်တစ်ခွက်ထဲမှာထည့်ပြီး သံချောင်းအသေးလေး စိမ်ထားမယ်ဆိုရင် တစ်ပတ်လောက်ဆို သံချောင်းလေးက အရည်ပျော်သွားတဲ့အထိပြင်းပါတယ်။
အဲဒီအက်ဆစ်က ကျွန်တော့်တို့ အစာအိမ်ထဲဝင်လာသမျှ အစာတွေ၊ ပိုးမွားတွေ၊ အဆိပ်အတောက်တွေအကုန်လုံးကို ချေဖျက်ပေးပါတယ်။
ဒါကြောင့်ကျတော်တို့က အစာစားနေကျချိန်မှာမစားဘူး။ စားရင်လည်း အဲဒီအက်ဆက်ကိုပိုများစေတဲ့ အစားအသောက်မျိုးတွေကို စားမိတယ်ဆိုရင် အစာအိမ်ထဲ အက်ဆစ်တွေ ပိုများလာပီး ချေစရာအစာမရှိတဲ့အခါ အစာအိမ်နံရံတွေကို တိုက်စားပြီး အစာအိမ်မှာအနာတွေဖြစ်မယ်။ အရမ်းပြည့်လာပီး အောက်ကိုဆင်းရင် အူလမ်းကြောင်းမှာ အနာတွေဖြစ်လာမယ်။ အပေါ်ကိုတက်ရင် အစာမျိုပြွန်မှာ အနာတွေ ဖြစ်စေပါတယ်။
ပုံမှန်ဆို ကျတော်တို့ ခန္ဓာကိုယ်မှာ အနာဖြစ်ရင် အဲအနာကို မထိအောင် ဂရုစိုက်ပြီးနေလိုက်ရင် အနာပြန်ကျက်ပီးပြန်ကောင်းသွားပေမယ့် အစာအိမ်က အဲလို ရှောင်လို့မရ အနားပေးလို့မရတဲ့ အစိတ်အပိုင်းဖြစ်နေပါတယ်။ အနာဖြစ်နေလည်း အစာတွေက ဖြတ်သန်းပီး ပွတ်တိုက်နေတဲ့အခါ နာကျင်မှုတွေ ခံစားရပါတယ်။ အဲဒါကြောင့် အရှေ့မှာပြောခဲ့သလိုပဲ အစာအိမ်အူလမ်းကြောင်း ရောဂါများဟာ မဖြစ်ခင်က ကြိုတင်ကာကွယ်တာကောင်းပါတယ်။ ဖြစ်လာမှ ဆိုရင် သက်သာအောင်ပဲလုပ်လို့ရပြီး ပြန်ပျောက်ဖို့ ခက်ခဲတတ်ပြီး ခဏခဏလည်း ပြန်ဖြစ်တတ်ပါတယ်။
မိတ်ဆွေက အစာအိမ်ရောဂါမဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် အက်ဆစ်ကိုပိုများစေတဲ့အစားအစာတွေဖြစ်တဲ့ အချဉ်၊ အစပ်တွေ၊ အချိုတွေ၊ အဆီများတဲ့အစားအစာတွေလျှော့စားသင့်ပါတယ်။
နောက်ပြီးအစာကို အချိန်မှန်မှန် စားပေးဖို့လိုအပ်ပါမယ်။
ကမ်းဇော်ဆီအနစ်မပါ ဆီအကျင်အသန့်ကို အစာမစားခင် 5ml စီ မှန်မှန်သောက်ပေးခြင်းဖြင့်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများအပြင် ကလီစာအဖုအကြိတ်အနာများမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
တကယ်လို့ မိတ်ဆွေက လက်ရှိအစာအိမ်နာဖြစ်နေတဲ့သူဆိုရင်တော့
အက်ဆစ်ကိုပိုများစေတဲ့အစားအစာတွေဖြစ်တဲ့ အချဉ်၊ အစပ်တွေ၊ အချိုတွေ၊ အဆီများတဲ့အစားအစာတွေ၊ ဆေးလိပ်၊ လဘ္ဘက်ရည်စတာတွေကို ရှောင်ရပါမယ်။ ဥပမာ အစာမရှိတဲ့အချိန် လဘ္ဘက်ရည်သောက်လိုက်တာမျိုးတွေ၊ အချဉ်အစပ်စားလိုက်တာမျိုးတွေကို ပိုပီးသတိထားရှောင်ကျဉ်ရပါမယ်။
အစာကို ပျော့ပျော့လေးတွေ ရွေးစားရပါမယ်။ စွပ်ပြုတ်တို့၊ ဆန်ပြုတ်တို့စသဖြင့် အရည်များတာလေးတွေပိုစားပေးရပါမယ်။
အစာကို တခါစားရင် နည်းနည်းစီနဲ့ အကြိမ်ရေ များများစီ ခွဲပြီးစားပေးရပါမယ်။
ညမအိပ်ခင်လည်း အစာကို ကပ်ပြီးမစားပါနဲ့။ ၂ နာရီလောက်ခြားပြီးစားပေးပါ။
အစာစားချိန်မှန်မှန်စားရပါမယ်။ အစာအိမ်ထဲမှာ အက်ဆစ်တွေက ပုံမှန်ပမဏအတိုင်း ထွက်နေတာဖြစ်လို့ အစာစားချိန်မမှန်တဲ့အခါ ချေစရာအစာမရှိရင် အက်ဆစ်တွေက အူနံရံတွေကို ပိုမိုပီး ထိခိုက်ပျက်စီးစေပါတယ်။
အကိုက်အခဲပျောက်ဆေးတွေ ခဏခဏ မသောက်ပါနဲ့။ အကိုက်အခဲပျောက်ဆေးတွေဟာ ရေတိုမှာ အစာအိမ်ထိပီး ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေတာမို့ မသောက်သင့်ပါဘူးခင်ဗျာ။ ညောင်းညာကိုက်ခဲ နာကျင်တဲ့ ဝေဒနာတွေဖြစ်လာပီဆိုရင် နာကျင်တဲ့ နေရာတဝိုက်ကို ကမ်းဇော်ဆီလိုမျိုး သဘာဝဆေးမျိုးကို လိမ်းပေးခြင်းက ဝေဒနာတွေကို အမြန်သက်သာပျောက်ကင်းစေတဲ့အပြင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ရေရှည်အတွက်ပိုကောင်းပါတယ်။
စိတ်ဖိစီးမှု လျော့ကျအောင် အတတ်နိုင်ဆုံး ကြိုးစားနေထိုင်ပါ။ စိတ်ဖိစီးမှုအရမ်းများရင်လည်း အက်ဆစ်တွေ ပိုထွက်စေပြီး အူနံရံတွေကို ပိုမိုထိခိုက်စေပါတယ်။ နောက်ပြီး စိတ်ဖိစီးမှုများတဲ့သူဟာ အိပ်ရေးပျက်တာတွေလည်းဖြစ်လာတတ်ပါတယ်။ လူတစ်ယောက်ဟာ ညဘက်အိပ်နေချိန်မှာ အစာအိမ်ထဲမှာ အက်ဆစ်မထွက်ပါဘူး။ အိပ်မပျော်တဲ့အခါမှာတော့ အက်ဆစ်တွေပုံမှန်အတိုင်းထွက်နေပြီး အစာမရှိတဲ့ အူနံရံကို ပိုပီး ထိခိုက်စေပါတယ်။ အပေါ်မှာပြောခဲ့သလို့ ညအိပ်ခါနီးအစားမစားသင့်တာဖြစ်လို့ ကိုယ်ကလည်း စိတ်ဖိစီးမှုတွေများပြီး တညလုံး အိပ်မပျော်ရင် အစာချေအက်ဆက်တွေ တညလုံးထွက်ပြီး ဝေဒနာကို ပိုဆိုးလာနိုင်စေပါတယ်။
နောက်ပြီး ကမ်းဇော်ဆီအနစ်မပါ ဆီအကျင်အသန့်ကို အစာမစားခင် 5ml စီ တနေ့ကို ၂ ကြိမ် မှန်မှန်သောက်ပေးခြင်းဖြင့်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ သက်သာစေမှာဖြစ်တဲ့အပြင် ကလီစာအဖုအကြိတ်အနာများမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ဟုတ်ကဲ့ ဒီပို့စ်လေးမှာတော့ အစာအိမ်ရောဂါနှင့်ပတ်သက်ပြီး လူတိုင်း သိထားသင့်တဲ့ ဗဟုသုတလေးတွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။ မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် အခြားသူများသိရှိအောင်လည်း မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ နောက်နေ့တွေမှာလည်း ကျန်းမာရေနှင့်ဆိုင်တာတွေကို ဆက်တိုက်တင်ပေးသွားဦးမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆို Follow လုပ်ပေးဖို့ကိုလည်း အကူအညီတောင်းပါတယ်ခင်ဗျာ။
အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ.
Nature Kan Zaw Oil ကမ်းဇော်ဆီစစ်စစ်
နိုင်ငံတဝှမ်းအိမ်ရောက်ငွေချေပို့ပေးပါတယ်
09799622599
09950212691
Viber ကနေလည်း ဆက်သွယ်လို့ရပါတယ်။