Golden Cave Hotel

Golden Cave Hotel Your home in Pindaya.

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ပင်းတယမြို့ Golden Cave Hotel မိသ...
16/02/2026

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ပင်းတယမြို့ Golden Cave Hotel မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။ 🏔️ ကျွန်တော်တို့နဲ့အတူ အမြဲ ရှိပေးကြတဲ့ အတွက် ကျေးဇူး အထူးတင်ရှိကြောင်းနှင့် လူကြီးမင်းနှင့်တကွ မိသားစုဝင်များလည်း စိတ်အေးချမ်းသာစွာဖြင့် ပျော်ရွှင်စရာ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သပါတယ်ခင်ဗျာ။🧧🙏

On this auspicious Lunar New Year, we send our warmest greetings from Pindaya. 🏔️ We believe every new year is the start of new journeys and cherished memories. May the Year of the Horse grant you the strength and speed to achieve all your aspirations. Thank you for being part of our story. We wish you and your family a joyous celebration and a peaceful year ahead. 🧧🙏

Merry Christmas to you all! 🦌🎄 We hope today brings you good food, good company, and time to slow down. Thank you for be...
25/12/2025

Merry Christmas to you all! 🦌🎄
We hope today brings you good food, good company, and time to slow down. Thank you for being part of our year!

+959 751571957, +959 777456100, +959 252397451
[email protected]

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်စရာ ခရစ္စမတ်ကာလကို ဖြတ်သန်းနိုင်ပါစေကြောင်း ရွှေဂူဟိုတယ်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🎄

၀၉၇၅၁၅၇၁၉၅၇၊ ၀၉၇၇၇၄၅၆၁၀၀၊ ၀၉၂၅၂၃၉၇၄၅၁
[email protected]

မဂ်လာပါခင်ဗျာနှစ်ဟောင်းကုန်လို့ ရောင်နီလာမဲ့ နှစ်သစ်ကူး အားလပ်ရက်ကလေးမှာ မြူနှင်းဖွေးဖွေးကြား ခရီးသွားဖို့ အကောင်းဆုံးအခ...
22/12/2025

မဂ်လာပါခင်ဗျာ

နှစ်ဟောင်းကုန်လို့ ရောင်နီလာမဲ့ နှစ်သစ်ကူး အားလပ်ရက်ကလေးမှာ မြူနှင်းဖွေးဖွေးကြား ခရီးသွားဖို့ အကောင်းဆုံးအချိန်ဖြစ်တာမို့ ချစ်ရသူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ခရီးသွားရင်း Golden Cave Hotel မှာ ဘ၀အမောတွေဖြေလှည့်ပါလို့ ဖိတ်ခေါ်ပါရစေ 💔💔

ဘ၀အမောတွေဖြေကာ မိတ်ဆွေ၏စိတ်ကို ကြည်သာအေးမြ ရွှင်လန်းစေဖို့ မိတ်ဟောင်းမိတ်သစ် ရွှေမိတ်ဆွေတို့အတွက် Trekking ခရီးစဉ်လေးတွေပါ စီစဉ်ဆောင်ရွက်ပေးနေပါပြီနော်🚶🚶🚶

ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ ခရီးစဉ်က ရွှေမိတ်ဆွေတို့ဘ၀ စိတ်ပျော်ရွှင်စရာလေးများနဲ့ အမှတ်တရဖြစ်စေမဲ့ ခရီးစဉ်တစ်ခုပါ💯💯💯

ခရီးစဉ်လေးက (ပင်းတယ-ရွာငံ-ပင်းတယ) တစ်ညအိပ်နှစ်ရက်ခရီးစဉ်လေး 🚶🚶🚶

ခရီးစဉ်တစ်လျှောက် လုံခြုံစိတ်ချစွာနဲ့ သွားရောက်နိုင်မှာဖြစ်ပြီး ရွှေမိတ်ဆွေတို့အတွက် လိုအပ်မယ်ထင်တာမှန်သမျှကို အဆင်သင့်ဖြစ်ရအောင် ပြင်ဆင်ဆောင်ရွက်ပေးထားမှာမို့ စိတ်အေးလက်အေး လမ်းလျှောက်ခရီးသွားနိုင်ဖို့ အမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ ခင်ဗျာ ☎️☎️☎️

အခုလိုဆောင်းရာသီကာလ အချိန်လေးဟာ ခရီးသွားရင်း စိတ်အပန်းဖြေဖို့ အကောင်းဆုံးအချိန် ဖြစ်တာကြောင့်လည်း အခုခရီးစဉ်လေးကို မိတ်ဆက်ပေးရခြင်းဖြစ်ပါတယ် ⛰️⛰️⛰️

👉ဘယ်နေရာတွေရောက်နိုင်မလဲ👇

🌎ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၅၀၀၀ ကျော်မှာတည်ရှိတဲ့ ရွာလေးတစ်ရွာမှာ လက်ဖက်ခြံနှင့် လက်ဖက်လုပ်ငန်းလေးကို ၀င်ရောက်ကြည့်ရှုလေ့လာနိုင်တဲ့နေရာ
🌎သာယာလှတဲ့ ပင်းတယမြို့ View Point ကိုတွေ့နိုင်တဲ့ နေရာ
🌎ရှေးဟောင်းကိုယ်စားတော်တွေ သီတင်းသုံးစံမြန်းနေသော ဘုန်ကြီးနက် ထုံးကျောက်ဂူ
🌎မြူမှုန်ဝေနေတဲ့ တောင်တောင်သဘာ၀ အလှပဒေသာ
🌎ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၉၀၅ မီတာ မြင့်သော ရိုးသားလှတဲ့ ပလောင်တိုင်းရင်းသားတို့‌နေထိုင်ရာ ယစဂျီတောင် View Point ( အင်မတန် လှပပါသောကြောင့် ဓါတ်ပုံရိုက်ရန် အကောင်းဆုံးနေရာ )
🌎သိပ်ချစ်စရာကောင်းတဲ့ ပလောင်းတိုင်းရင်းသားတို့ရဲ့ ယစဂျီရွာ
🌎ဆောင်းနံနက်ခင်းနှင့် Switzerland မြက်ခင်း
🌎ရွာငံမြို့၀န်းကျင်က ဂဏန်းကျ ရေတံခွန်
🌎ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်
🌎မိန်းမရဲ သခင်မတောင်
🌎ရတနာတွေ စီချယ်ထားသလိုလှတဲ့ သဘာ၀အလှတရားနှင့် ဘယ်ပန်းချီရေးလို့မမီတဲ့ ရာသီသီးနှံစိုက်ခင်းရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများဆီ ရောက်ပါမယ်🌹

👉ဘယ်လို၀န်ဆောင်မှုတွေပါမှာလဲ👇

💯ကျွမ်းကျင်သော leaders🧙
💯ကျွမ်းကျင် Chef🧑‍🍳
📷Photo Service
💯သောက်ရေသန့်
🍽️နံနက်စာ ၊ နေ့လည်စာ ၊ ညစာ ( Traditional foods & Variety of Chinese foods )
🍎🍉🍊🥑 Fruit in season
☕🫖Tea & Coffee

✨ We hope that you will have an unforgettable trip with so many breathtaking views 🌹

ဆက်သွယ်စုံစမ်းနိုင်သော ဖုန်းနံပါတ်တွေက 👇
👉09-751571957
👉09-777456100
👉09-252397451
👉09-252397451 ဖြစ်တာကြောင့် 👋 Hello သာလုပ်လိုက်ပါ ။

ရွှေမိတ်ဆွေတို့ကို ကျွန်တော်က ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ဟိုတယ်နှင့် တောင်ပေါ်ခရီးသွား ၀န်ဆောင်မှုလေး ပေးပါရစေ ခင်ဗျာ🥰🥰🥰

12/08/2024

# ရွှေညီနောင်စားသောက်ဆိုင်နှင့်မြေနေရာ၊ရောင်းမည်/ငှားမည်

ရှမ်းပြည်တောင်ပိုင်းရဲ့ စီးပွားရေးမြို့တော် အောင်ပန်းမြို့ပေါ် လှည်းရိုးရပ်ကွက်ရှိ မြေအတန်းအစား(A)2019 ခု နှစ်(၃၀)ဂရံအမည်ပေါက် {1.066}ဧကရှိ မြေကွက်နှင့်အဆောက်အဦးတို့အားပိုင်ရှင်ကိုယ်တိုင်ရောင်းမည်/ငှားမည်။
CB မှစုံစမ်းဆက်သွယ်နှိုင်ပါသည်။
(ရေ+မီး+ပါဝါမီတာ)အပြည့်အစုံ)
#မှန်လုံကားကြီး ဝင်ထွက်နှိုင်
#မြေသား လေးဒေါင့်ကျသည်
#အရှေ့အရပ်ကလွှဲပြီးကျန်ရှု့ခင်း ဗျူးလှသည်။

12/04/2024
11/04/2024

အပူရှောင်မယ်ဆိုရင် ပင်တယမြို့ကGolden Cave Hotelသို့လာခဲ့ပါ မိသားစုကဲ့သို့နွေးထွေးစွာကြိုဆိုလျှက်ပါ။

ဈေးနှုံးလဲသင့်ပြီးစိတ်ကျေနပ်မှုရှိစေရပါမယ် ကိုယ်ပိုင်ကားနှင့်မလာချင်ဘူးဆိုရင် ရန်ကုန်ပင်းတယမြို့ လုဗ္ဗဏီယာဉ်(၂)စီးပြေးဆွဲပြီး မန္တလေးကဆိုရင်မှန်လုံယာဉ်ငယ်ရှိပါတယ် ဇာတိမာန်၊နဂါးညီနောင်၊ဇွဲချယ်ရီ၊ရွှေဓနု၊ယာဉ်လိုင်းများရှိပါတယ်,

အသက် 50/60ကျော်အရွယ်ရှိသူများဆိုရင် ဧက(၈၀)ရှိတဲ့ပုန်းတလုတ်နတ်ရေကန် ကန်ပတ်လမ်းအတိုင်းနံက်ညနေ စိတ်အေးချမ်းသာစွာလမ်းလျှောက်နှိုင်ပါတယ်။

အသက်ငယ်ရွယ်သူများဆိုရင် ဟိုတယ်မှရွှေဥမင် ဘုရားတောင်ကားလမ်းအတိုင်းတက်မလား စေါင်းတန်းအတိုင်းတက်မလားအေးမြတဲ့လေညှင်းခံရင်းနေမပူပဲအသွားအပြန်(၁း၀၀)နာရီပါ ကျန်းမာရေးအတွက်ပါအရမ်းကောင်းလို့လမ်းလျှောက်လို့ရပါတယ်။

ပိုင်ရှင်ဖြစ်တဲ့ကျနော်အသက်(76)ပါရွှေဥမင်ဘုရားစေါင်းတန်းအတိုင်းညနေပိုင်းအသွားအပြန်လမ်းလျှောက်ပါတယ် (၁း၁၅)နာရီကြာပါတယ်။

ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၈၈၀ရှိပြီးမပူလွန်းမအေးလွန်တဲ့မြို့လေးပါ 2024အခုနှစ်နွေရာသီမှာ(1)ရက်ပဲအပူချိန် 33°ဖြစ်ဖူးပါတယ် ပုံမှန် 31°32°ပဲရှိပါတယ်။

နွေရာသီတိုင်းမှာ မတ်လ(၁)ရက်နေ့ဆိုရောက်လာပြီးအနားယူတဲ စုံတွဲကို့တွေ့ရပါမယ် တစ်လနှစ်လနေပြီးအနားယူလာတာ(၁၃)နှစ်ရှိပါပြီ။

အပူရှောင်မယ်ဆိုရင် အောက်ပါဖုံးများကို ဟဲလိုးလုပ်လိုက်ပါ။

081,2366166
081,2366266
09,759366938
09,252397451

9-4-2024 ပင်းတယအပူချိန်
10/04/2024

9-4-2024 ပင်းတယအပူချိန်

ညနေဟိုတယ်မှရွှေဥမင်စောင်းတန်းအတိုင်းလမ်းလျောက်ပါတယ် ပင်းကူသွေးစီးချောင်းတံတားနှင့်အသွားအပြန်တစ်နာရီတိတိလျောက်ရပါတယ်။မြူတ...
31/03/2024

ညနေဟိုတယ်မှရွှေဥမင်စောင်းတန်းအတိုင်းလမ်းလျောက်ပါတယ် ပင်းကူသွေးစီးချောင်းတံတားနှင့်အသွားအပြန်တစ်နာရီတိတိလျောက်ရပါတယ်။
မြူတွေဆိုင်းနေတော့ သွေးစီးချောင်းတံတားပေါ်မှ မြို့ရှုခင်းကတမျိုးတဖုံ။

ဟိုတယ်မှရွှေဥမင်ဘုရားစေါင်းတန်းအတိုင်းလမ်းလျှောက်တက်တဲ့အခါ(၁၃)မိနစ်မှ(၂၅)မိနစ်အတွင်းတွေ့ရတဲ့မြင်ကွင်းပါ မြူတွေဆိုင်းနေတေ...
13/03/2024

ဟိုတယ်မှရွှေဥမင်ဘုရားစေါင်းတန်းအတိုင်းလမ်းလျှောက်တက်တဲ့အခါ(၁၃)မိနစ်မှ(၂၅)မိနစ်အတွင်းတွေ့ရတဲ့မြင်ကွင်းပါ မြူတွေဆိုင်းနေတော့ မြင်ရတာတမျိုး။
မိနစ်(၄၀)လျှောက်ရင်အပြန်နဲ့ဆိုရင်တစ်နာရီ သက်သောင့်သက်သာပါပဲ။

13-3-2024 ပင်းတယမြို့ရဲ့ရာသီဥတုပါ
13/03/2024

13-3-2024 ပင်းတယမြို့ရဲ့ရာသီဥတုပါ

13/03/2024

နွေရာသီမအေးလွန်းမပူလွန်းတဲ့ရာသီဥတုမှာအနားယူမယ်ဆိုရင် Golden Cave Hotel ပင်းတယမြို့မှဖိတ်ခေါ်ကြိုဆိုလျှက်ပါ

#ပင်လယ်ရေအမြင့်(၃၈၈၀)ရှိပြီးမပူလွန်း မအေးလွန်းတဲ့မြို့လေးပါ အခုအချိန်ထိ ဆွယ်တာပါးပါးလေးဝတ်ပြီးစောင်ခြုံအိပ်နေရဆဲပါ

#ရွှေဥမင်ဘုရားလမ်းမဘေးမှာပါ
#ဆိတ်ငြိမ်အေးချမ်းပြီးဆူညံသံမကြားရခြင်း
#ရေပူရေအေး
# air con
bar
#နံက်ဒေသစာများစားသုံးနှိုင်ခြင်း

#နေ့လည်နေ့ခင်း အေးမြတဲ့သစ်ပင်ရိပ်အောက်ကကျောက်စားပွဲလေးမှာထိုင်ပြီးအနားယူနှိုင်ခြင်း
#အခန်းတိုင်းမှာ ကော်ရစ်တာပါပြီး ထန်းကုလားထိုင်ပေါ်မှာစာဖတ်စာရေးအနားယူနှိုင်ခြင်း

ရွှေဥမင်ဘုရားကိုလမ်းလျှောက်တက်မယ်ဆိုရင်မိနစ်(၃၀)အဆင်း(၁၅)မိနစ်

#ကုံလုံစံကျောင်းနှင့်နှစ်ပေါင်း(၂၀၀)ကျော်ကသစ်အယ်ပင်ရွာကရှေးဟောင်းအောက်ကျောင်းကြီးကိုသွားနှိုင်ခြင်း

#ရေပြာအိုင် မိန်းမရဲတောင်နှင့် ကလောနှီးဘုရား မြင်းမထိဂူ ဗျိုက်တောင်တို့ကို နေ့ခြင်းပြန်သွားနှိုင်ခြင်း

ဗျူးပွိုင့်ရှိတဲ့မြသိန်းတန်ဘုရားသို့ဟိုတယ်မှလမ်းလျောက်တက်မယ် ကျန်းမာရေးလဲရ မြို့အလှနှင့်သဘာဝအလှကြည့်ရှ့ခံစားနှိုင်ပြီးသက်တောင့်သက်သာတက်ရတဲ့တောင်တက်ခရီးစဉ်လေးပါ

#အနားယူအပန်းဖြေဖို့လာမယ်ဆိုရင် ကြိုတင်ပြီး ဘွတ်ကင်တင်လိုက်ပါ

#ဆက်သွယ်ရမည့်ဖုံး
081,2366166
081,2366266
09,250487110
09,252397451
09,759366938

12/03/2024

Address

Shwe Oo Min Pagoda Road, Singoung Quarter
Pindaya

Telephone

+959777456100

Website

Alerts

Be the first to know and let us send you an email when Golden Cave Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Cave Hotel:

Share