16/08/2026
Permaculture and Music 🎼
Agri-Music Workshop Farm & Learning Hub
ॐ ᪥ 🜃
👩🌾 Permaculture စိုက်ပျိုးရေးမှာ- ကျွန်တော်တို့ဟာ Head အသိဉာဏ်နဲ့ စိုက်ပျိုးကြတယ်၊ Hands လုပ်အားတွေသုံးပြီးတော့ပေါ့။ နိစ္စဒူဝမှာတော့ Heart နဲ့ လည်း ခံစား သင်ယူ နေထိုင်ကြပေမယ့် ဒီအကြောင်းကို သိပ်မပြောဖြစ်ကြပါဘူး။ 🦋🕉️
🧑🌾🎼 စိုက်ပျိုးရေး နဲ့ ဂီတ အကြောင်း ပြောကြရအောင်🧑🌾🎼
🌳သစ်ပင်တွေ၊ သစ်ရွက်တွေဟာ ဂီတကို ဘယ်လိုတုံ့ပြန်ခံစားကြသလဲ?ဂီတဟာ သစ်ပင်တွေ သစ်ရွက်တွေရဲ့ ဘယ်အဂါ အစိတ်အပိုင်းတွေလဲဆိုတဲ့ သုတေသနတွေ့ရှိချက်တွေနဲ့ Regenerative အကြောင်းအရာတွေ ဆွေးနွေးကြမယ်။ 🐝🌿
🐞🌱Immemorial နဲ့ Animism အကြောင်း စကားပြောကြမယ်။ အဲ့ဒီကလာတဲ့ Music တွေကို နားထောင်ကြမယ်။
🌻Animism ဆိုတာ လူသားတွေ တိရစ္ဆာန်တွေသာမက အပင်တွေ၊ သစ်ပင်တွေ အပါအဝင်ဖြစ်တဲ့ သဘာဝတရားကြီးဟာလည်း အသက်ရှိတယ်၊ အသက်ကိုယ်စီနဲ့ ဖြစ်တယ် ဆိုတဲ့ ကမ္ဘာ့ယုံကြည်မှု ဖြစ်ပါတယ်။
⚜️ကမ္ဘာ့ယဉ်ကျေးမှုများအနက် ဂျပန်နိုင်ငံ Shinto ဘာသာကိုကြည့်ရင် သဘာဝတရားထဲက အရာအားလုံးမှာ Kami (နတ်/ဝိညာဉ်) ရှိတယ်လို့ ယုံကြည်တာဟာ Animism ပါပဲ။ တိုင်းရင်းအမေရိကန် မျိုးနွယ်စု (Native American) တွေဟာလည်း သဘာဝတရားနဲ့ ကမ္ဘာမြေကို "Mother Earth" အဖြစ် ပူဇော်ကြပါတယ်။⚜️
🌀အရှေ့တောင်အာရှမှာဆိုလည်း Animism ဆိုင်ရာ ရိုးရာဓလေ့တွေ ကြွယ်ဝလှပါတယ်။
🌿Permaculture and Music Workshop မှာ စိုက်ပျိုးရေးပညာရှင် လူငယ်နှစ်ဦးဖြစ်တဲ့ ကိုဂွါယေရှဲ နဲ့ ကိုစိုင်းထက်လင်းအောင်
🎻Music အပိုင်းကိုတော့ Artist/ Musician/ Poet ဟံလင်းနဲ့ အောင်ပြည့်စုံတို့က ဦးဆောင်ဆွေးနွေးသွားမှာဖြစ်လို့
🎼စကားတွေပြောဖို့ သီချင်းတွေ ဂီတတွေ နားထောင်ဖို့ စိတ်အားထက်သန်သူများကို ဖိတ်ခေါ်လိုက်ပါတယ်🌿
🐝🌿 အခမဲ့ တက်အရောက်စီနိုင်အပြီး Transport, Meal & Refreshment တွေလည်း စီစဥ်ပေးမှာမို့ လူဦးရေ ၂၀ ထိ ကန့်သတ်ထားပါတယ်။ ဒါကြောင်မိ့ အမြန်ဆုံ စာရင်းပေးသွင်းလိုက်ပါ
🐝🌿 မိမိအစီအစဥ်နဲ့ မိမိ လာလိုသူများလည်း ကြိုတင်စာရင်းသွင်းဖို့လိုပါတယ်။ အောက်က Link မှာဖြစ်စေ- QR Code ကို Scan ဖတ်ပြီးဖြစ်စေ စာရင်းသွင်းနိုင်ပါတယ်။
🐝🌿 အစီအစဉ်ကတော့ 💡
🗓 Date - 22nd August 2026 (Saturday) @ Myanseed farm
⏰Time - 9:00- 3:00 pm (Leaving at 7:00 am from pick up point)
Register here
https://forms.gle/bAzdv8fT66UocbFB9
https://www.youtube.com/watch?v=vIBTpjGd8HE&t=263s