23/05/2024
(၇) သိန်း ကျပ် ဝန်းကျင်နဲ့ ရရှိနိုင်မယ့် TECNO ရဲ့ CAMON 30
*******
(၇) သိန်း ကျပ် ဝန်းကျင် စျေးတန်းဖြင့် Vlog ရိုက်ကူးခြင်းကို နှစ်သက်သူများ အတွက် ဖုန်းတစ်လုံးထက် ပိုသာသည့် စွမ်းဆောင်ရည်များဖြင့် ဝင်ရောက်လာသည့် TECNO မှ ကင်မရာ အသားပေးဖုန်း CAMON 30 ကို TECNO အရောင်းဆိုင်များတွင် Pre-Order တင်နိုင်ပါပြီ။
TECNO မှ ထုတ်လုပ်သည့် Camera များ၏ ဘုရင် CAMON Series မှ နောက်ထပ် အသစ် ထွက်ရှိလာသည့် CAMON 30 ကို Professional Camera ကဲ့သို့ စွမ်းဆောင်ရည် မြင့်မားသော ကင်မရာ လုပ်ဆောင်ချက်များ ထည့်သွင်းထားပြီး Camera တစ်လုံးဖြင့် ရိုက်ထားသကဲ့သို့ ပုံထွက် အရည်အသွေးများ ပေးစွမ်းနိုင်ပါသည်။
Professional Camera Design ကို အခြေခံထားတဲ့ စက်ဝိုင်း မှန်ဘီလူး ပုံသဏ္ဌာန် ဒီဇိုင်းဖန်တီးထားပြီး အလူမီနီယမ်ဘေးဘောင်ကို အသုံးပြုထားလို့ ဘေးဘောင်အထိအခိုက်များ၊ အပွန်းအစင်းရာများကို ခံနိုင်ရည် ရှိသည့်အပြင် Marble Texture Back cover ခေတ်မီဒီဇိုင်း နှင့် ဖုန်းတစ်လုံးထက်ပိုသည့် အင်္ဂါရပ်များ ပါဝင်သည့် CAMON 30 ကို မကြာခင် ပြည်တွင်းသို့ မိတ်ဆက်ပေးပြီး ရောက်ရှိလာတော့မည်ဖြစ်သည်။
Selfie ရိုက်သည့်အခါ အလိုအလျောက် ချိန်ရိုက်ပေးသည့် Eye-tracking effect ပါဝင်တာကြောင့် မည်သည့် အနီးကပ်ရိုက်သည့်ပုံ ဖြစ်စေ ကြည်လင်ပြတ်သားသည့်ပုံ ထွက်ရစေပါသည်။ Main Camera တွင်လည်း လှုပ်ရှားမှုတိုင်းကို ပုံအကြည်ရစေမည့် 50MP OIS နည်းပညာကြောင့် နေ့ဘက်သာမက ညဘက်တွေမှာလည်း ပိုမိုကြည်လင်သည့်ပုံရိပ်များကို ရိုက်ကူးနိုင်သည့်အပြင် နောက်ထပ် 100MP Ultra Clear Mode ဖွင့်ရိုက်လို့ ရသည့်အတွက် ကြည်လင်ပြတ်သားမှုများသည် နှစ်ဆ ဖြစ်နေပြီး အလှပဆုံး ပုံရိပ်များကို အတောက်ပဆုံး ဖန်တီးရိုက်ကူးနိုင်ပါသည်။
70W အမြန်အားသွင်းစနစ်၊ Battery 5000 mAh ၊ 120Hz Refresh Rate၊ 6.78" FHD+ AMOLED ဖန်သားမျက်နှာပြင်ကို အသုံးပြု၍ လူနေမှုပုံစံကို နောက်တစ်ဆင့် မြှင့်တင်လိုသူများ အတွက် ၇သိန်းကျော် ဈေးနှုန်းဝန်းကျင်တွင် Amoled ဖန်သားမျက်နှာပြင်နှင့် အားသွင်းမြန်စနစ်ပါဝင်သည့် တစ်ခုတည်းသော ဖုန်းလည်း ဖြစ်ပါသည်။
အကယ်ဒမီ သရုပ်ဆောင် မေမြင့်မိုရ်မှ CAMON 30 အတွက် Product Ambassador အဖြစ် တာ၀န်ယူဆောင်ရွက်လျက်ရှိပြီး TECNO နဲ့အတူ ကုသိုလ်အလှူပြုလုပ်နိုင်မည့် CSR အစီအစဥ်ကိုလည်း ဆက်လက်မျှဝေပေးဖို့ ရှိပါသည်။ ဖုန်းလည်းဝယ်ရင်း ကုသိုလ်အလှူ ပြုလုပ်နိုင်စေဖို့အတွက် Cashback (၁၀,၀၀၀ ကျပ်) အစီအစဉ်ကိုလည်း ထည့်သွင်းပေးထားပြီး လက်ဆောင်ပေးအပ်ထားတဲ့ Cashback (၁၀,၀၀၀ ကျပ်) ထဲမှာမှ (၅,၀၀၀) ကျပ်ကို ဝယ်ယူသူထံပေးအပ်ကာ ကျန် (၅,၀၀၀) ကျပ်ကို Mary Chapman School for the Deaf ရှိ ကလေးများအတွက် အလှူငွေ အဖြစ် ထည့်သွင်း လှူဒါန်းပေးသွားမှာ ဖြစ်ပါသည်။
TECNO မှ ယခုထွက်ရှိလာတဲ့ CAMON 30 တွင် ဆန်းသစ်တဲ့ Camera လုပ်ဆောင်ချက်များ ပါဝင်ပြီး Vlog ရိုက်ရာတွင် ဖုန်းတစ်လုံးထဲဖြင့် အဆင်ပြေပြေ ရိုက်ကူးနိုင်စေဖို့ ရည်ရွယ်ပြီး AI နည်းပညာများဖြင့် အဆင့်မြင့်တိုးတက်မှုများ ကို ထည့်သွင်းထားသည်။ Exclusive AI Noise Cancellation, Eye Care experience, Wet Hand Touch Proof, Breathing Light ကဲ့သို့ အဆင့်မြင့်နည်းပညာများအပြင် Ella Translate, Smart hub, Ai wallpaper Generator စတဲ့ AI အဆင့်မြှင့်တင်မှုများကို ထည့်သွင်းထားပြီး Stereo Dual Speakers ကိုမှ Dolby Atmos အသံစနစ်ဖြင့် ပူးပေါင်းကာ ပြိုင်ဆိုင်မှုမရှိသည့် အသံစွမ်းဆောင်ရည်နှင့် အာမခံထားပါသည်။ HiOS 14/ Android 14 ကို စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး Android Update အတွက် အာမခံချက် (၃)နှစ်ကြာလည်းပါဝင်တာကြောင့် Android Version 16 အထိ တိုးမြင့်ထောက်ပံ့ပေးမည့် အာမခံချက်ပါဝင်ပါသည်။ 24GB (12GB +12GB) RAM/ 16GB (8GB+8GB) ထပ်တိုးနိုင်သော RAM နှင့် Storage 256GB တို့ကိုလည်း ပံ့ပိုးထားသည်။
မေလ (၂၁) ရက်နေ့မှ မေလ (၂၅) ရက်နေ့ အထိ Pre-Order မှာယူနိုင်ပြီး လက်ဆောင်များအနေဖြင့် TECNO Backpack, Bluetooth Speaker, Kalimba Instrument တွေကို ရယူပိုင်ဆိုင်နိုင်ပါပြီ။ Pre-Order Gifts တွေကို အရေအတွက် အကန့်အသတ်ဖြင့်သာ ပေးသွားမှာဖြစ်ပြီး အမြန်ဆုံး Order မှာယူထားမှ လက်ဆောင်များရနိုင်ဖို့ စိတ်ချရမည်ဖြစ်ပါသည်။ CAMON 30 အတွက် အထူးအာမခံချက်အနေဖြင့် ဝယ်ယူပြီး ရက်(၉၀) အတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် မတော်တဆ ကျကွဲသွားသော ဖုန်းမှန်မျက်နှာပြင်အတွက် (၁) ကြိမ် အခမဲ့ လဲလှယ်ခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
CAMON 30 - 16GB RAM (8GB RAM Extended) +256GB ROM = 759,900 ကျပ်
CAMON 30 - 24GB RAM (12GB RAM Extended)+256GB ROM = 799,900 ကျပ်
ရရှိနိုင်သော အရောင်များ - Alps Snowy Silver ,Iceland Basaltic Dark
အသေးစိတ်အချက်အလက်ကို ဖတ်ရှုရန် : https://www.facebook.com/TECNOMobileMyanmar
#ဆန်းသစ်တီထွင်Vlogအသွင်