Lay lwint Thu Car Spa

Lay lwint Thu Car Spa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lay lwint Thu Car Spa, Service Apartments, Yangon.

Permanently closed.
ကားရေဆေးကြမယ်...
19/09/2025

ကားရေဆေးကြမယ်...

wow....woah....woah...
04/07/2023

wow....woah....woah...

07/11/2022
ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရ...
14/09/2022

ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ် ဝှီးတပ် မှန် / မမှန်
ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ် ။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frame တွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။
အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမယ်။
အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။
Original Spot တွေ ချိတ်တွေဖြစ်ရမယ် ။
ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။
AC အေးလားကြည့်မယ် ။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။ တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။

☑ ၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒက်ရ်ှဘုတ် ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )

ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ စျေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး စျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီး သော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံး ပေါ့။

သိသလောက် မှတ်သလောက် လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။

Unicode >>>

ကားတစ်စီးဝယ်တော့မယ်ဆိုရင်ဘာတွေ ကြည့်ရမလဲ။
💸💸💸💸💸

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက်အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်းခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ်ဝှီးတပ်မှန်/ မမှန်
ချက်စီ (Chassis)ဘောင်နှင့်မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာသေချာအောင်ကညနရုံးမှာ ကားမဝယ်ခင်သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ဈေးပါတည့်ပြီးမှ final အနေနှင့်လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ်။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frameတွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေရှော့ဘားဘောင်တွေသေသပ်ရမယ်။
အင်ဂျင်ဂီယာဘောက်စ်အားလုံးကြည့်ကောင်းနေရမယ်။
အင်ဂျင်ခန်းကအော်ဆေးဖြစ်ရမယ်။
Original Spotတွေ ချိတ်တွေဖြစ်ရမယ်။
ဘောနပ်အောက်ကချိတ်တွေဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန်နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ်။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ်RPM တက်တာမှန်လား။
ACအေးလားကြည့်မယ်။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင်ဂျိုးတွေရှိနေမယ်ဆို အင်ဂျင်cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည်အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော်ဆေးသားအရောင်လွဲတာ မညီတာလှိုင်းတွေလိုမျိုး ဖြစ်နေတာအရိုးအစစ်တွေမညီတာတွေကသေချာကြည့်ရင်မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spotတွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင်အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက်တစ်ဖက်နဲ့တစ်ဖက်တူလားကြည့်ပါ။တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင်ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်းအော်ဆေးဖြစ်ရမယ်။

☑ ၅။အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ်။အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေသေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင်ဒက်ရ်ှဘုတ်ထိုင်ခုံဘေးကာဗာတွေ အခြေအနေ။ စတီရာရင်ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ်( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံအောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင်ဘယ်လိုလဲ။ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ်( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင်)

🇲🇲 ကားများသည်brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ဈေးပေါ်မူတည်ပြီး ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည်ကားအားလုံးကောင်းပြီးဈေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက်အရှေ့ရော အနောက်ပါ တိုက်ထားပြီးဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီးသော်လည်း အင်ဂျင်ဂီယာဘောက်စ်အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံးပေါ့။

🇲🇲 သိသလောက်မှတ်သလောက်လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။

Original uploader

#ကူယူဖော်ပြပါသည်....

အော်တို ဂီယာအသုံးပြုသူများမြင့်မားသော တောင်အတက်များတွင်အဲယားကွန်း မဖွင့်ပါနှင့်၊တောင်တက်ရန်အတွက် Second ဂီယာဖြစ်သောS, 2 ...
30/08/2022

အော်တို ဂီယာအသုံးပြုသူများ
မြင့်မားသော တောင်အတက်များတွင်
အဲယားကွန်း မဖွင့်ပါနှင့်၊
တောင်တက်ရန်အတွက် Second ဂီယာဖြစ်သော
S, 2 တို့ဖြင့်သာ တောင်တက်ပါ...
D သာပါသော အော်တိုကားများတွင်
Manual ပြောင်း၍ တက်သင့်ပါသည်...

ဒီဇယ် Pickup ကားများနှင့်
Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင်
ဂီယာကို ကြိုဒေါင်းပါ...

မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက
Manual ဂီယာကားများတွင်
ကလပ်ပလိတ်ပြား မျက်နှာပြင်များ
ချော်တတ်ပါသည်။

မြင့်မားသော
တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ
Manual ဂီယာဖြစ်စေ...
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်
အနည်းဆုံးဆင်းပါ...
အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော
3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား
ကြာရှည်စွာ မှေးထားပါက
တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်...
ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ
မမိတော့ပါ...

ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ
ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်
နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်ပြန်တက်ကာ
ကောင်းသွားပါလိမ့်မည်...

တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင်
ဟွန်းတီးရန် မမေ့ပါနှင့်...
ဟွန်းသံသည် ကျဉ်းမြောင်းသော
တောင်ကွေ့များတွင် နှစ်ဖက်လုံးအတွက်
အန္တရယ်ကာကွယ်နိုင်ပယသည်...

တောင်တက် တောင်ဆင်းချောက်ကမ်းပါးနား
ကားချင်းကပ်ရှောင်ရာ၌
ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်
ဖို့မြေသားပေါ် မနင်းပါနှင့်...
မသေချာပါက ရပ်ထားကာ ရှောင်ပါ...
ဘယ်မောင်းကားများ မသေချာပါက
ရပ်ပြီးသာ ရှောင်သင့်ပါသည်...

တောင်တက် တောင်ဆင်းများတွင်
ကားကြီးများကို ဦးစားပေးပါ...
ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်
အချို့နေရာများ ဖို့မြေသားများတွင်
ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ...
ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ...

တောင်တက် တောင်ဆင်းများတွင်
တအိအိ တက်ဆင်းနေသော
ကားကြီးများ အနှောင့်အယှက်ဖြစ်စေရန်
ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်...
လမ်းလွတ်သောနေရာများတွင်
လမ်းမတောင်းသည့်တိုင်
နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်...
ကျော်မရသော လမ်းကျဉ်းများ
လမ်းပေးမရသောနေရာများတွင်
ဝန်အလေးဖြင့် တက်ဆင်းနေသော
ကားကြီးများအား ဟွန်းသံဖြင့်
အနှောင့် အယှက်မပေးပါနှင့်...

ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့
အတက်များတွင် ကားကြီးများသည်
ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်
ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်...
ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်
ကားကြီး ဘယ်ကြောယူကွေ့ပါက
ကားငယ်များ ဘယ်ကြောမှ
ဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ...

ဝန်အလေးတင်ထားသော ကားကြီးများသည်
ရပ်ပြီးမှ အကွေ့တင်ပြန်တက်ပါက
အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း...
ကလပ်ပလိတ်ကုန်ခြင်း...
ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်...

တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာ
တက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ
သက်သာစေပြီး အန္တရာယ်ကင်းပါသည်...
အတက် အကွေ့များတွင်
ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက
အရှိန်ကြိူလျော့ထားပါ...
အကွေ့မနိုင်ပါက တစ်ဘက်
ချောက်နုတ်ခမ်းအထိပါသွားတတ်ကာ
အန္တရာယ် ရှိပါသည်...

တောင်တက် တောင်ဆင်းများတွင်
မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါက
မျက်ကွယ်ကွေ့နေရာများနှင့်
လမ်ကျဉ်းသောနေရာများကို
ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာနားပါ...

မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ...
အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်
ယခုခေတ်ကားများသည် သာသာယာယာပင်
တက်နိုင်ကြပါသည်...
ဒါကြောင့် မသေချာသောနေရာများတွင်
ရပ်ပြီး ရှောင်ပေးပါ...

မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီး
အခြားကားများလည်း အန္တရယ်မဖြစ်အောင်
ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်...

ခရီးမထွက်ခင်...
ပန်ကာကြိုး...
အင်ဂျင်ဝိုင်...
ဂီယာဝိုင်...
ဘရိတ်ဆီ...
ရေတိုင်ကီ Coolant...
ပါဝါဆီ...
ရေသုတ်တံနှင့် မှန်ဆေးရည်...
ကားဟွန်း...
တိုင်မင်ကြိုး...
ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်
မမေ့ပါနှင့်...

လေစစ်များ မကောင်းပါက
အသစ်လဲလှယ်ပြီးမှ ခရီးထွက်ပါ...

ကား တာယာရက်စွဲများကို ခရီးမထွက်ခင်
အသေအချာ စစ်ဆေးပါ...
တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ...
တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာ
စိတ်ချရပါသည်။

ချစ်မိတ်ဆွေများအားလုံး
လိုရာခရီးသို့ ချောမောစွာ ရောက်ကြပါစေ...

ချစ်ခြင်းအားဖြင့်

Credit

ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)



#ကားအကြောင်း #ဗဟုသုတ
#ရေဆေးဆီထိုး #ကားပြုပြင်မှုများဝေမျှရာ

တကယ်တော့ လင်မယားဆိုတာ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ အနောက်ဘက်သို့ခရီးသွားခြင်း ဆိုတဲ့ဇာတ်လမ်းတွဲထဲက ဝူခုန်းနဲ့သူ့ဆရာတော်လိုပဲ။ခရီး...
30/08/2022

တကယ်တော့ လင်မယားဆိုတာ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ အနောက်ဘက်သို့ခရီးသွားခြင်း ဆိုတဲ့
ဇာတ်လမ်းတွဲထဲက ဝူခုန်းနဲ့သူ့ဆရာတော်လိုပဲ။

ခရီးသာတူတူသွားကြတာ တည့်လားဆို‌တော့
မတည့်ဘူး၊ မတည့်ဘူးဆိုပြီး တစ်ယောက်နဲ့တစ်ယောက်မုန်းလားဆိုတော့လည်း မမုန်းကြပြန်ဘူး။

ရှိရင်လည်း တကျက်ကျက် မရှိပြန်တော့လည်း
ဝူခုန်း!!!! ရှီးဖော်!!!! ဆိုပြီး တဆာဆာ အော်နေခေါ်နေပြန်ရော။

တကယ်ဆို ကိုယ်တွေယောက်ျားတွေက ဆရာတော်နဲ့တူတယ်။

ရုပ်ချောပြီး တည်တည်တံ့တံ့နဲ့နေတော့ မိစ္ဆာမတွေက ကိုယ်တွေ ရဲ့အသွေးအသားကိုပွဲတော်တည်ချင်တာနဲ့ လာပြီးမြူဆွယ်ကြတယ်လေ။

ဒါတွေကို ကိုယ်တွေက ဘယ်သိမလဲ ကိုယ့်စိတ်ကအရိုးခံလေးတွေဆိုတော့ လူတိုင်းကို ကိုယ့်လိုပဲမှတ်ပြီး သဘောရိုးနဲ့တန်းတူဆက်ဆံမိတဲ့အခါ သူတို့ဆင်တဲ့ထောင်ချောက်ထဲကျရော။

ဒီလို မာယာတွေကို ကိုယ်တွေကမသိပေမယ့် ဝူခုန်းကသိတယ်။

သိမှာပေါ့ ဝူခုန်းက မိန်းမကြီးကိုး။
မယုံရင်မျက်နှာကိုကြည့် လိမ်းထားတဲ့မိတ်ကပ်က ဘူဒိူဇာနဲ့ထိုးချလို့ရတယ်။

အကြည့်တွေကိုကလည်း ဂဏာမငြိမ်သလို၊လူကလည်း ဂဏာမငြိမ်ဘူး၊တစ်ချိန်လုံး လှုပ်ရွနေပြီး တစ်တော့ပ်ဆော့ဖို့ပြင်လိုက်၊ဈေး၀ယ်ထွက်ဖို့ပြင်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ မိန်းမတွေလိုပဲ တစ်စက်မှကို ငြိမ်ငြိမ်မနေတာ။
နောက်ပြီး သူတို့ကပါးလိုက်တာမှ ခြင်ထောင်ဇာလိုပဲ။

ဆရာတော်အနားတစ်ယောက်ယောက်က ကပ်လာပြီဆိုတာနဲ့ မျက်ပေါက်ကျဉ်းပြီး လှမ်းကြည့်တာ ဘယ်သူကတော့ ရေဗက္ကာ၀င်း၊ဘယ်သူကတော့ မယ်လိုဒီဆန်တော့မယ် ဆိုတာ သူတို့ပဲသိတယ်။

သိမှာပေါ့ ‌မျောက်မ အချင်းချင်း အမြှီးမြင်တဲ့သဘောလေ။

ဒီတော့ ဆရာတော်နဲ့ဝူခုန်းက တစ်စက်မှကိုမတည့်တာ မဆန်းဘူး။

ဆရာတော်အနေနဲ့ကလည်း ဒီလိုမိတ်ကပ်အဖွေးသားနဲ့ နေရာတကာလိုက်ပြောတဲ့
ဝူခုန်းမကို ကြည့်လို့မရသလို၊ဝူခုန်းမကလည်း သူ့စကားနားမထောင်ဘဲ ခေါင်းမာတဲ့ဆရာတော်ကို တစ်ခါတစ်ခါ မကြည်ဘူး။

ရှင်နော် အဲ့ကောင်မကို အရောမ၀င်နဲ့ ကျမ အဲ့ကောင်မကို သိပ်ကြည့်လို့မရဘူး။ဒီ‌ကောင်မ မရိုးသားဘူးဆိုတာ ကျမ စိတ်ထဲကသိနေတယ်။

ဒီ‌တော့ ဆရာတော်က တင်းပြီလေ။

ဒီမှာ ဟဲ့! ဝူခုန်းမ ငါက ဗုဒ္ဓရဲ့တရားတော်နဲ့အညီ
လူတိုင်းအပေါ် မေတ္တာထားပြီး ဆက်ဆံတတ်တာ မင်းအသိ မင်းသူ့ကိုကြည့်မရတာနဲ့ လိုက်ပြီး အိုးစွပ်ခွက်စွပ် မစွပ်စွဲစမ်းပါနဲ့။

ဒီတော့ ဝူခုန်းမနဲ့ဆရာတော်က ရန်ဖြစ်ရော။
ရန်ဖြစ်ပြီး ဝူခုန်းမက ထွက်သွားရော။

နောက်ဆုံး ဆရာတော်ကိုလည်း မိစ္ဆာမတွေက ဖမ်းဆီးတာခံလိုက်ရရော။

ဒါပေမယ့် ဒီနေရာမှာ
ဆရာတော်ပြဿနာဖြစ်တိုင်း ဝူခုန်းက‌ရောက်ရောက်လာပြီး ဆရာတော်ကိုကယ်တင်သွားကြတယ်လို့ ထင်ကြတယ်။

တကယ်တော့ ဝူခုန်း မကယ်လည်း ဆရာတော်က
လွတ်ပါတယ်။အကြောင်းက ကောင်းတာလုပ်တဲ့သူမို့ ဘုရားက ကယ်ဖို့စီစဉ်ထားပြီးသား။

ဒါပေမယ့် သူကိုယ်တိုင်ကယ်ရင် ဇာတ်လမ်းက ကြည့်မကောင်းမှာစိုးလို့ ဒရမ်မာချိုးချင်တာနဲ့ ဝူခုန်းကိုပဲ ပြန်လွှတ်ပြီး အကယ်ခိုင်းလိုက်ရတာ။

ဒါကြောင့်လည်း ဆရာတော်က ဘယ်‌လောက် အန္တရာယ်နဲ့ ရင်ဆိုင်ပြီးကြုံတွေ့ကြုံတွေ့ တစ်ခါမှ ဒုက္ခကို
မရောက်တာ။ ဝူခုန်း ကယ်လို့ကြီးပဲ မဟုတ်ဘူး။

တကယ်ဆို ဝူခုန်းမကသာ ပြဿနာတွေများတာ။

သူ့ဆို ဘုရားကဆုံးမလိုက်၊ကွမ်ယင်မယ်‌တော်က ဆုံးမလိုက်နဲ့ ၊သိကြားမင်းက ဆုံးမလိုက်နဲ့ လူတိုင်းကဝိုင်းပြီး ဆုံးမချင်တာ။

ဆုံးမချင်တာလည်း မပြောနဲ့လေ ဝူခုန်းက တကယ့်မိန်းမတွေလိုပဲ နေရာတကာ ပြဿနာကရှာချင်တာကိုး။

နတ်ပြည်ထိတောင်တက်ပြီး မူးပြီးရမ်းတဲ့အပြင်၊
ငရဲပြည်ထိပါ ပြဿနာသွားရှာတာ။

တကယ့် မိန်းမတွေနဲ့ တစ်ပုံစံထဲပဲ နေရာတကာ ရောက်လေရာအရပ်မှာ ရန်မဖြစ်ရရင်ကို မနေနိုင်တာ။ပါကျဲကိုလည်း ဗိုလ်ကျချင်၊ဝူချင်းကိုလည်း ဗိုလ်ကျချင်နဲ့ ဆရာတော်ကိုကြ‌တော့ နွဲ့ဆိုးလည်းဆိုးချင်သေးတယ်။ ဒါကြောင့်လည်း ဆရာတော်က ကြည့်မရတာ မဆန်းဘူး။

ဒါပေမယ့်လည်း နောက်ဆုံးတော့ ဘယ်လောက်ပဲဆိုးတဲ့ မျောက်မဖြစ်နေပေမယ့် ဆရာတော်ရဲ့ အနားမှာ လိုက်ပြီး ၀တ်ကြီး၀တ်ငယ်နဲ့ပြုစုပေးရရှာတာပဲ။

အဓိကတော့ ဆရာတော်ရဲ့ မြင့်မြတ်ပြီးယောက်ျားပီသတဲ့စိတ်ကြောင့်ပေါ့။

ဒါကြောင့် အိမ်ထောင်‌တစ်ခုမှာ လင်ရယ်မယားရယ်ဆိုတာ ဝူခုန်းနဲ့ဆရာတော်တို့လို အတွဲနဲ့တူပါတယ်လို့ပြောတာ။

ကိုယ်တွေက ဆရာတော်လို ရုပ်ချောပြီး တည်ငြိမ်သလောက်၊ မိန်းမတွေက ဝူခုန်းလို မိတ်ကပ်အဖွေးသားနဲ့ တစ်စက်မှကို ဂဏာမငြိမ်တဲ့ နေရာတကာပွစိပွစိပြောပြီး စပ်စလူးဓါတ်ပူးတဲ့ ဟာတွေ။

CREDIT
ကိုစ...
®PNCS
ကလောင်ညို

♥ Upgrade လုပ်ရမယ်ဆိုတာ မမေ့နေကြပါနှင့်၁ ။ သူ့နာမည်က ဦးစိုး။ အသက်က (၅၀) ကျော်နေပြီ၊ သူက ရပ်ကွက်စျေးလေးတခုမှာနေတယ်၊ သူ့အလ...
04/08/2022

♥ Upgrade လုပ်ရမယ်ဆိုတာ မမေ့နေကြပါနှင့်

၁ ။ သူ့နာမည်က ဦးစိုး။

အသက်က (၅၀) ကျော်နေပြီ၊ သူက ရပ်ကွက်စျေးလေးတခုမှာနေတယ်၊ သူ့အလုပ်အကိုင်က နာရီပြင်တယ်၊ သူကနာရီပြင်တာတော်တယ်၊ သူကိုယ်တိုင်လည်း ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ်၊ လွန်ခဲ့တဲ့ အနှစ် (၃၀) လောက်ကတည်းက နာရီပြင်လာတဲ့ နာရီပြင်ဆရာ၊ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်လောက်တုန်းက လူတိုင်းလိုလို နာရီပတ်တုန်းက သူလုပ်ငန်း တော်တော်ကောင်းခဲ့တယ်၊ တနေ့တနေ့ သူ့ ဝင်ငွေမနည်း။

♥ အခုတော့သူက ညည်းရှာတယ်။

အခုနောက်ပိုင်းခေတ်တွေရောက်လာတော့ နာရီပြင်တဲ့ အလုပ်တွေမကောင်းတော့ဘူးကွာ။
ဖုန်းတွေပေါ်လာပြီး နောက်ပိုင်း နာရီပတ်တဲ့ သူတွေ တ်ာတော်ရှားလာတယ် ငါ့တူရ။
ဒီအလုပ်မလုပ်ဘဲ အခြားအလုပ် ပြောင်းလုပ်ဖို့ကလည်း အသက်အရွယ်က ရလာတာရယ်၊ အခြားဘာမှ မလုပ်တတ်တာရယ်နဲ့ ဒီအလုပ်လေးပဲ လုပ်နေရတယ်။

၂ ။ သူ့နာမည်က ဒေါ်တင့်။

သူက အိမ်မှာ တပိုင်တနိုင်စက်ချုပ်တယ်၊ အသက် (၂၀) လောက်ကတည်းက စက်ချုပ်ခဲ့တဲ့ ဒေါ်တင့် အခု အသက်ပဲ (၄၀) ကျော် (၅၀) နားကပ်နေပြီ။
ဒေါ်တင့် စက်ချုပ်သက်တမ်း ကိုယ့်ဘာသာ ကိုယ်ပဲ မှန်းကြည့်ပေတော့။
ဒေါ်တင့် စက်ချုပ်လုပ်ငန်းလေးက အရမ်း မအောင်မြင်သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ် ချုပ်ထည်များ လက်ခံရတာမို့ စားလောက်ရုံသောက်လောက်ရုံ အဆင်ပြေပြေတော့ နေနိုင်တယ်ပေါ့။

♥ သူ့ဆီ အပ်ထည်အပ်သူတွေ ဖောက်သည်တွေက နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေ အဆင်တွေ ချုပ်ပုံ ချုပ်နည်း အသစ်အဆန်းတွေ ဒေါ်တင့်ဆီယူလာပြီး ပြရင်

ဒေါ်တင့်က
" ဒီ ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေက ငါတို့ ချုပ်တာတွေနဲ့ ဘာမှ မထူးပါဘူးအေ၊ ငါတို့ချုပ်တာတွေနဲ့ တူတူပါပဲ။
ငါ အသက် (၂၀) ကတည်းက ဒီပုံပဲချုပ်လာတာ၊ သူတို့ပုံတွေ ဒီဇိုင်းတွေက ဒါတွေပါပဲ အေ " လို့
ဒေါ်တင့် အမြဲပြောတတ်လေသည်။

♥ ဒေါ်တင့် အနှစ် (၂၀) ကျော် (၃၀) ကျော် ချုပ်လာတဲ့ ဒီဇိုင်းတွေက တခါလာလည်း ဒီပုံ တခါလာလည်း ဒီပုံတွေကြီးပဲလို့ အရပ်ထဲတော့ ပြောစမတ်ရှိကြလေသတတ်။

၃ ။ သူ့နာမည်က ကိုမောင်။

သူက တီဗွီပြင်ဆရာ၊ သူပြင်တဲ့ တီဗွီတွေက ဟိုးအရင် ခေတ်ဟောင်းတီဗွီ Tube Type ဖင်အလုံးကြီးတွေနဲ့ တီဗွီတွေပြင်တဲ့ ပြင်ဆရာ။

သူတို့ခေတ်မှာတော့
သူက နာမည်ကြီး တီဗွီပြင်ဆရာကြီး ပေါ့၊ သူ့ခေတ်သူ့အခါ သူ့တီဗွီပြင်ဆိုင်က နာမည်ကြီး၊ သူ့ဆိုင် သူ့အလုပ်ကလည်း ဝင်ငွေကောင်း တဲ့ အလုပ်တခုပေါ့။

ဒီလိုနဲ့ တဖြည်းဖြည်း ခေတ်တွေပြောင်းပြီး Tube Type ကနေ LCD တီဗွီတွေများလာတော့ သူ့အလုပ်အကိုင်သိပ်မကောင်းတော့။

♥ LCD တီဗွီတွေ စပေါ်စ LCD တီဗွီပြင်နည်းသင်တန်းတွေ ဖွင့်တယ် ဆိုတာကို ကို‌‌မောင်ကြားတော့

" အလကားပါကွာ၊ LCD TV ဆိုတာ လူတိုင်းဝယ်နိုင်တာမဟုတ်ဘူး ဘာသင်တန်းမှ တက်နေစရာမလိုဘူး၊ ဒီခေတ်ဟောင်း တီဗွီတွေ ရှိနေသ၍ ကိုမောင် ထမင်းမငတ်ဘူးဟေ့ " လို့ ကိုမောင် ကျွေးကြော်နေကြ။

အခု ကို‌မောင့် အတတ်ပညာနဲ့ ကို‌မောင် ထမင်းတော့ မငတ်ပါ။
ဒါပေမယ့် အရင် ဝင်ငွေ မျိုးတော့ ကိုမောင် ရအောင်မရှာနိုင်တော့၊ ကိုမောင့် ဝင်ငွေ တဖြည်းဖြည်း ခမ်းသထက် ခမ်းလာလေပြီ။

၄ ။ သူ့နာမည်ကိုတော့ မသိ။

ဒါပေမယ့် သူ့အလုပ်အကိုင်က ကားစက်ပြင်ဆရာ။

" ငါက ဟိုး လေးဘီးကား ခေတ်ကတည်းက ကားစပြင်လာတာကွ " လို့တော့ အဲ့ဦးလေးကြီး အမြဲပြောတတ်သည် ။
" ဒီနေရာ ဒီဆိုင်မှာ ဟိုးအရင်ကဆို ကားတွေအပြည့်ကွ " လို့ သူတဆက်တည်းပြောတတ်သေးသည်။

သူ့ မျက်လုံးထဲမှာလည်း ဟိုးအရင်ရွှေထီးဆောင်းခဲ့ချိန်ကို ပြန်လည်တမ်းတမိနေသလိုလို။

♥ အခု ဟိုးရှေးရိုးကားတွေ ရှေးရိုး အင်ဂျင်တွေကနေ EFI စနစ်၊Computerize စနစ် OBD စနစ်တွေ Electronic Wiring စနစ်တွေ ပြောင်းသွားချိန် သူအလုပ်ရုံလေးမှာ ကားလာပြင်သူတွေ သိပ်မလာတော့။

နောက်ပိုင်းစနစ်တွေ သူ မနိုင်နင်းမှန်း Customer တွေက သိသည်လေ။

♥ သူကလည်း ပြောတတ်သည်။

" ဒီကားစနစ်တွေ ဒီလောက်ထိပြောင်းသွားမယ်လို့ ငါဘယ်တုန်းကမှ မထင်ဘူးကွ "

၅ ။ သူနာမည်က ကိုလှ။

သူအလုပ်က ဓာတ်ပုံဆရာ၊ သူကျင်လည်ကျက်စားရာက ဘုရားပေါ်မှာ၊ ဘုရားပေါ်မှာ အလှဓာတ်ပုံရိုက်သည့် အလုပ်ကို ကိုလှ လူပျိုပေါက် ဘဝကတည်းကလုပ်သည်။

ကိုလှတို့ လူပျိုပေါက်တုန်းက ဘုရားပေါ် ဓာတ်ပုံရိုက်သည့် အလုပ်က ကိုလှတို့အတွက် မဆိုး။
ခုနောက်ပိုင်းမှာ ဖုန်းကင်မရာတွေ ပေါ်လာပြီးနောက်ပိုင်း ကိုလှတို့ အလုပ်အကိုင် သိပ်မကောင်း။
ဘုရားပေါ် ဓာတ်ပုံရိုက်ပေးမယ် ခုရိုက်ခုရသည် လို့ ဆယ်ယောက်ကိုခေါ်လို့ လူတယောက် ဓာတ်ပုံ လာမရိုက်တော့။

♥ အမှတ်တရ ဓာတ်ပုံရိုက်တာလောက်တော့ လူတိုင်းလက်ထဲက တန်ဖိုးနည်း တန်ဖိုးကြီး Andorid ဖုန်းလေးကိုယ်စီနဲ့ အလုပ်ဖြစ်နေကြလေပြီ။

ကိုလှ ငယ်စဉ်က ဓာတ်ပုံရိုက်နေတုန်းကတည်းက ထမင်းစားရတော်ပြီ ပိုက်ဆံရတော်ပြီ ဘုရားကိုလူတွေ လာနေသမျှ ငါတော့ အလုပ်ကောင်းမှာပဲဆိုတာမျိုး ကိုလှအမြဲတွေးသည်။

♥ အခြားခြားသော အသစ်သစ်သော ဓာတ်ပုံ ရိုက်နည်းပညာတွေ ဘာတွေကိုလှ စိတ်မဝင်စားခဲ့။
ခုတော့ ကိုလှရဲ့ အမှတ်တရ အမြန်ရဓာတ်ပုံလုပ်ငန်း ဘုရားပေါ်မှာ သိပ်အလုပ်မဖြစ်တော့။

♥♥♥

ဘဝကို Upgrade မြှင့်ပါ။

အပေါ်မှာ ပြောထားတဲ့ လူတွေ ဘာတွေ မှားနေသလဲ။
သူတို့ သူတို့ အလုပ်အကိုင်တွေကို ပုံမှန်လုပ်နေကြတာပဲ။
ဒါပေမယ့် မအောင်မြင်ဘဲ ဘာကြောင့် ဆုတ်ယုတ်သွားသလဲ။
သူတို့ အလုပ်အကိုင်တွေ အသက်အရွယ်တွေ ကျားမတွေသာ မတူတာ
သူတို့မအောင်မြင်ရခြင်း သူများနောက်မှာ ကျန်နေခဲ့ရခြင်း အကြောင်းအရင်းကတော့ တခုတည်းပဲ။

♥ အဓိက အကြောင်းက ကိုယ်နေရာတခုကို ရောက်သွားတာနဲ့ တစ်ဘဝလုံးစာ Perfect ဖြစ်ပြီ ဆိုပြီး ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့ မေ့မျောသွားလို့ ပါပဲ။

ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲ့လိုလူတွေ အများကြီးပဲ။
လူငယ်လေးတွေဆိုလည်း ဂိမ်းထဲမှာသာ ကိုယ့် ဂိမ်းဇာတ်ကောင်တွေ၊ ကိုယ့်တပ်ဖွဲ့တွေကို အသဲအသန် Upgrade လုပ်နေကြတာ။
အပြင်မှာ ဘဝကို အမြဲ Upgrade လုပ်ရမယ်ဆိုတာ မေ့နေကြတယ်။

♥ နေရာတခုရထားပြီး ဆရာဝန်တွေ အင်ဂျင်နီယာတွေ က စလို့ ဟိုးအောက်ခြေ ဝန်ထမ်းတွေအထိ။
နေရာလေးတခု မှာ ခိုင်မြဲနေပြီ ပုံမှန်ဝင်ငွေလေးရနေပြီ ဘဝလေးက အိုကေစိုပြေနေပြီဆို ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့မေ့သွားကြတယ်။

♥ ဒီအလုပ်က ငွေရနေပြီပဲကွာ၊ ငါတော့ အေးဆေးပါပဲ ဒီအလုပ်ကနေ ငွေ အမြဲဝင်နေမှာပဲ။
ဒီရာထူးက အမြဲမြဲနေမှာပဲ။
ဒီပညာသာတတ် တသက်လုံးထမင်းမငတ်ဘူး။
အလုပ်က ပင်ပန်းတယ် ကျန်တာတွေ ဆက်လေ့လာဖို့ အချိန်မရှိဘူး။

ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ်ရောက်တဲ့ နေရာလေးမှာ ရပ်တန့်ပစ်လိုက်ကြတယ်။
အဲ့လိုရပ်တန့်နေတဲ့ သူတွေ က ခေတ်နဲ့ ဘယ်လောက်ကွာသွားတယ်ဆိုတာ တစ်နှစ် မသိသာသေးဘူး။
(၂) နှစ် မသိသာသေးဘူး။
(၁၀) နှစ် (၂၀)နှစ် တွေလဲရောက်ရော။

ဒါတွေ ငါလိုက်မမီတော့ဘူး။
ငါမလုပ်တတ်တော့ဘူး။
နောက်ကလေးတွေ လုပ်ရမယ့်အရာတွေပါကွာ ငါတို့တွေ လေ့လာလို့မရတော့ဘူး။
ဆိုတာတွေဖြစ်ပြီး အကုန်ကွာဟသွားတော့တာပါပဲ။

♥ အဓိက အကြောင်းရင်းက ကျနော်တို့ မြန်မာနိုင်ငံမှာသာ တစ်နေ့နဲ့ တစ်နေ့ ထင်သလောက် မတိုးတက်လို့ အရမ်းမကွာဟဘူး ထင်နေရတာ။

သူများနိုင်ငံတွေမှာက
Challenge of Technology Age ဆိုသလိုပဲ။
နေ့တိုင်း နေ့တိုင်း တစ်ယောက်နဲ့ တယောက်၊ Company တစ်ခုနဲ့ တစ်ခု အသည်းအသန် ပြိုင်ဆိုင် ယှဉ်ပြိုင်နေရတာ။

ဒီနေ့ ဒီ Company က နည်းပညာအသစ်တခု ထုတ်နိုင်ချိန် နောက် Company တခုက ဘာမှ မလုပ်နိုင်ရင် စျေးကွက်ထဲမှာ နောက်ကျကျန်နေခဲ့မှာပဲ။

♥ ကြားဖူးတာတခုဆို ဟိုးအရင်က ဖုန်းထဲမှာနာမည်ကြီး Nokia ဖုန်းကုမ္ပဏီကြီးဆို Andorid တွေ ပေါ်လာချိန် နည်းပညာနောက်ကျပြီး စျေးကွက်မှာ နောက်ကောက်ကျ သွားရတာမျိုးဟာ အခုပြောတဲ့ အတိုင်း Upgrade လုပ်ဖို့ နောက်ကျကျန်နေခဲ့လိုပါပဲ။

အခု ကမ္ဘာပေါ်မှာ နည်းပညာအဖွဲ့အစည်းကြီးတွေ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေ ထိပ်တန်းအမြဲရောက်နေရခြင်း အကြောင်းရင်းကလည်း နေ့တိုင်း အချိန်တိုင်း စက္ကန့်တိုင်း Upgrade ဖြစ်အောင် အမြဲမြှင့်နေလို့ ကြိုးစားနေလို့ ရှာဖွေနေလို့ လေ့လာနေလို့ပါပဲ။

♥ မြန်မာနိုင်ငံမှာတော့ ပိုက်ဆံရှာတာက အဓိက ကျပြီး လုပ်ငန်းတခုက ပုံမှန်ဝင်ငွေလေး နှစ်ပဲခြောက်ပြားလောက် ရပြီဆို ပြီးပြည့်စုံသွားပြီ ယူဆပြီး ကိုယ့်ကိုကိုယ် ရပ်တန့်လိုက်ကြတာမျိုးကိုးဗျ ။

ဒါကြောင့်လည်း သူများနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်တရာကျော်လောက်ကမှ Transistor ဆိုတဲ့ အီလက်ထရောနစ်ပစ္စည်း စပေါ်လာပြီး ခုတော့ ကမ္ဘာ့အပြင်ဖက်တောင် လူမပါဘဲ လွှတ်ကုန်ကြပြီ။

ကျတော့်မိတ်ဆွေလည်း ဒီစာကိုဖတ်နေတဲ့ အချိန် ကိုယ့်ကိုယ်ကို ပြန်ကြည့် ကိုယ့်အခြေအနေကိုယ်တွေးကြည့်။

♥ နေ့တိုင်း နေ့တိုင်း ဘာတွေ Upgrade ဖြစ်လာသလဲ။

ကိုယ့်အလုပ်အကိုင်လေးမှာ ပိုက်ဆံလေးရရင် ဝင်ငွေလေးရရင် တော်ပြီဆိုပြီး ကိုယ့်ကိုကိုယ် Upgrade မြှင့်ဖို့ ခများမေ့နေရင် ဘာကိုမှ ဆက်လက်လေ့လာဖို့ ဆည်းပူးဖို့ သင်ယူဖို့ မေ့လျော့နေတယ်ဆိုရင်တော့ နောင် ဆယ်စုနှစ်ကျော်ကျော်မှာ ခများ သူများနောက်ကျန်ကို ကျန်နေခဲ့လိမ့်မယ်လို့ ကျနော် ရဲရဲကြီးပြောလိုက်မယ်ဗျာ။

ရပ်နေသူနဲ့ လှမ်းနေသူ၊ လှမ်းနေသူနဲ့ ပြေးနေသူ ဘယ်သူက ခရီးပိုရောက်မလဲ ဘယ်သူက နောက်ကျ ကျန်နေခဲ့မလဲဗျာ။

ဘဝမှာ မှားတာမလုပ်တိုင်း အောင်မြင်တာမဟုတ်၊ မှန်တာတွေကို လုပ်ဖို့ လိုနေရင်လည်း အမြင့်ဆုံး အောင်မြင်မှုကို ဘယ်တော့မှ ရမယ် မဟုတ်ကြောင်းပါဗျာ။

( အပေါ်က အလုပ်အကိုင်တွေနဲ့ နာမည်တွေက မျက်စိရှေ့ ပတ်ဝန်းကျင်ရှေ့မြင်ရကြားရတာတွေကို စိတ်ကူးနဲ့ရေးထားတာပါ၊ သူတပါးအလုပ်အကိုင်တွေကို စော်ကားလိုစိတ် အလျဉ်းမရှိတာမို့ တိုက်ဆိုင်မှုများရှိရင် နားလည်ပေးစေလိုကြောင်းပါ )

♥ မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။

25/05/2022
24/05/2022

ဇွဲထက် စိန်ရွှေရတနာဆိုင်...
27.jan.2022...
တူမလေး နားဖောက် မငိုလို့ အံသြပြီး မှတ်တမ်းတင်ခဲ့ရတယ်...တစ်ချက်ကလေးမှ မျက်နာမညိုးသွားဘူး...

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lay lwint Thu Car Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share