ရွှေရောင်နေ့သစ် Travel & Tour

ရွှေရောင်နေ့သစ် Travel & Tour ချောင်းသာလား? ငွေဆောင်လား? ပုဂံလား? တောင်ကြီး အင်းလေး ကလော? ကားလက်မှတ်၊Hotel Package ဝန်ဆောင်မှုများ

[ 𝗛𝗮𝗽𝗽𝘆 𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝟮𝟬𝟮𝟰 ] 💥💥[နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့အချိန်အခါသမယလေးမှာ  မိတ်ဟောင်းမိတ်သစ်များအားလုံး ချစ်ရသူတွေနဲ...
01/01/2024

[ 𝗛𝗮𝗽𝗽𝘆 𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝟮𝟬𝟮𝟰 ] 💥💥

[နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့အချိန်အခါသမယလေးမှာ
မိတ်ဟောင်းမိတ်သစ်များအားလုံး

ချစ်ရသူတွေနဲ့အတူအန္တရာယ်ကင်းဘေးရှင်းစွာနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေ

နှစ်သစ်မှာ စီးပွား ဥစ္စာများ ဒီရေ အလားတိုးတက်ပြီး ကာယသုခ စိတ္တသုခနှစ်ဖြာနဲ့ ပြည့်စုံကြပါစေ လို့ ရွှေရောင်နေ့သစ် Travel & Tour မှ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်…..

🥳🥳

အိုးစည်တောင်ပေါ်က အလှ 😍
12/12/2023

အိုးစည်တောင်ပေါ်က အလှ 😍

02/12/2023

ချစ်ဧည့်သည်တော်တစ်ဦးရဲ့ ရှမ်းအကအလှ 😍😍

#ရွှေရောင်နေ့သစ်travel

🎄ခရစ်စမတ်နဲ့ New Year မှာ တောင်ကြီး~အင်းလေး~ ကလော~ရွာငံဘက်ကို သွားချင်တယ်ဆိုရင်... 🎄ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ နေလို့အကေ...
30/11/2023

🎄ခရစ်စမတ်နဲ့ New Year မှာ တောင်ကြီး~အင်းလေး~ ကလော~ရွာငံဘက်ကို သွားချင်တယ်ဆိုရင်...

🎄ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ နေလို့အကောင်းဆုံး ရာသီဖြစ်တဲ့ ဒီဇင်ဘာလမှာ တောင်ကြီး ကလောဘက်မှာ အနွေးထည်ထူထူလေးတွေဝတ်ပြီး ခရီးထွက်ချင်တယ်....
🎄 နှင်းမြူတွေကြားထဲမှာ မိသားစုနဲ့အတူ၊ သူငယ်ချင်းတွေနဲ့အတူ၊ ဒါမှမဟုတ် ချစ်ရတဲ့သူရဲ့လက်ကိုဆွဲပီး အရမ်းလှပတဲ့ သဘာဝရဲ့ပန်းချီကားတချပ်နှယ် တောင်တန်းကြီးတွေ ပန်းခင်းတွေနဲ့ လယ်ကွင်းတွေကို ငယ်ရွယ်နုပျိုတုန်း၊ ခရီးသွားနိုင်တုန်း သွားကြရအောင်နော်.....

🏵 ရွှေရောင်နေ့သစ် Trave မှ ဒီစျေးနှုန်းနဲ့ 3star အဆင့်ရှိ ဟိုတယ်ကြီးတွေ၊ ဒေသရဲ့ နာမည်ကြီးစားသောက်ဆိုင်တွေနဲ့ လည်ပတ်စရာ နေရာစုံစုံလင်လင်နဲ့ ဧည့်သည်တော်များ ပျော်ရွှင်စွာလည်ပတ်နိုင်ရန် စီစဉ်ပေးထားပါတယ်....Guide တွေရဲ့ ဧည့်ဝတ်ကျေပွန်မှုနဲ့ ဝန်ဆောင်မှုတွေကလဲ သွားဖူးတဲ့သူတိုင်းကို မေးကြည့်ပါဗျို့.. မိသားစုသဖွယ် စောင့်ရှောက်ပေးတာနော် ♥

👉 Discount 10,000ဆီ လျှော့ပေးတာလေးရှိပါတယ် 👈

ထွက်ခွာမည့်နေ့ရက်
ခရစ်စမတ် နဲ့ New Year ပိတ်ရက် နှစ်ကြိမ်ထွက်ပါမယ်ခင်ဗျာ...

📅 (22/Dec/2023 ညနေထွက် 26/Dec/2023 မနက်ပြန်ရောက်) ခရစ်စမတ်ပိတ်ရက်
တစ်ဦးလျှင်- 230,000 ကျပ်
(Dec-12ရက်နေ့မတိုင်ခင် ဝယ်ယူပါက 10,000 Discount)

📅 (29/Dec/2023 ညနေထွက် 2/Jan/2024 မနက်ပြန်ရောက်) New Year ပိတ်ရက်
တစ်ဦးလျှင်- 240,000 ကျပ်
(Dec-15ရက်နေ့မတိုင်ခင် ဝယ်ယူပါက 10,000 Discount)

👉 ဧည့်သည် 40 ဦးသာ ရောင်းတာမို့ အရင်ဝယ်ထားသူသာ ခုံနေရာ အရှေ့ပိုင်းလေးတွေ ရပါမယ်ခင်ဗျာ....
🙏 ကုန်စျေးနှုန်း၊ ဆီစျေးနှင့် အခြားသောစရိတ်များ ကြီးမြင့်လာသည့်အတွက် စျေးနှုန်းအပြောင်းအလဲရှိသည့်အပေါ် ဧည့်သည်တော်များ နားလည်ပေးပါခင်ဗျာ.....

💠 စျေးလျှော့ပေးတာ ရှိသေးလား?
👉 ကလေး အသက် 5နှစ်အထိ အခမဲ့
👉 6နှစ်မှ 11နှစ်အထိ 20% လျှော့ပေးပါတယ်ခင်ဗျ.... (အခန်းကိုတော့ မိဘနဲ့အတူ ကုတင်တစ်ခုမှာ ပေါင်းအိပ်ပေးရပါမယ်)

🎄 ရှမ်းပြည်တောင်ပိုင်းရဲ့ သဘာဝရဲ့အလှ တောင်တန်းနဲ့ ရှုခင်းတွေ
🎄 အရမ်းလှတဲ့ ပန်းချီချပ်သဖွယ် ရွာငံမြို့မှာရှိတဲ့ ဂဏန်းကျရေတံခွန်
🎄 ပိုပြီးဆန်းသစ် လှပလာတဲ့ သီခေါင်တော် Viewpoint.....
🎄 အသစ်ဖန်တီးထားတဲ့ ဘဝသံသရာတံတားသို့ သွားတဲ့ လှေကား.......
🎄 ဓာတ်ပုံရိုက်လို့ အရမ်းမိုက်သလို ရှုမဆုံးတဲ့ တောတောင်အလှများနဲ့ သီရိစန္ဒာ ရှန်ဘဲလား Viewpoint.....
🎄 ရေပေါ်မှာ အိမ်လေးတွေဆောက်ထားတဲ့ တန်ခိုးကြီးတဲ့ ဖောင်တော်ဦးဘုရား တည်ရှိရာ အင်းလေးကန်
🎄 ဒဏ္ဍာရီသမိုင်းတွေရှိရာ ဘုရားဆင်းတုတော်ပေါင်း ထောင်ချီရှိတဲ့ ဂူဘုရားတွေနဲ့ အရမ်းလှတဲ့ ပုန်းတလုတ်ရေကန်တည်ရှိရာ ပင်းတယ......

ခရီးစဥ်တလျှောက် ပို့ဆောင်ပေးသွားမယ့် နေရာများ...

🏵 တောင်ကြီး
1. စူဠာမုနိဘုရား
2. ရွှေဘုန်းပွင့်
3. ပတ္တမြားလှိုဏ်ဂူ
4. မွေတော်ကက္ကူ ဘုရား
5. ဘဝသံသရာ တံတား

🏵 အင်းလေး
6. ဖောင်တော်ဦးဘုရား
7. အလိုတော်ပေါက်
8. ငါးဖယ်ချောင်းကျောင်း
9. ရိုးရာ ယက္ကန်းရုံ
10. သီခေါင်တောင် Viewpoint

🏵 ကလော
11. အိုးစည်တောင်
12. နှီးဘုရား
13.နန်းအွန်တောင် (ခေါ်) ဗျိုက်တောင်
14. ကလောနာရီစင်
15. နှစ်တစ်ရာသက်တမ်းရှိ ဘူတာ
16. မောမြေဦး ပန်းခြံ(ထင်းရှုးတန်း)
17.ရထားတောင်ကြားလမ်း (ချစ်သူလမ်းကြား)
18. ကလောမြို့မဈေး
19. သီရိစန္ဒာ ရှန်ဘဲလား Viewpoint
20. ကလောလက်ဆောင် ဈေးတန်း
21. မြင်းမထိ သဘာဝလှိုဏ်ဂူ

🏵 ပင်းတယ
22. ရွှေဥမင်လှိုဏ်ဂူ
23. ကုံလုံဆရာတော်ကြီး၏ စံကျောင်းတော်
24. ပုန်းတလုတ်ရေကန်

🏵 ရွာငံ
25. ဂဏန်းကျ ရေတံခွန်
26. မြသပိတ်ရေပြာအိုင်
27. မိန်းမရဲသခင်မတောင် တို့ဖြစ်ပါတယ်ခင်ဗျာ။

ပါဝင်သော ဝန်ဆောင်မှုများ
💠 Aircon Express (33/44 Seater Scania/Yutong/Higer)
💠 3 star Hotel 2ညအိပ် (နှစ်ယောက်တစ်ခန်း စီစဥ်ပေးပါသည်။ Double/Twinbed Sharing)
💠 Breakfast Lunch Dinner (ခရီးစဥ်တလျှောက် 8ကြိမ်)
💠 သွားတိုက်ဆေး၊ သွားတိုက်တံ၊ Snow Tower၊တစ်ရှုး၊ ကျွတ်ကျွတ်အိတ်
💠 အခြေခံ အိမ်သုံးဆေးသေတ္တာ
💠 စက်လှေခ၊ တောင်တက်ကားခ၊ ဝင်ကြေးများ
💠 စိတ်ရှည်ပြီး နွေးထွေးပျူငှာသော Tour leader / Tour Guide)
💠 စထွက်မယ့်နေ့ ညနေအတွက် အဆာပြေမုန့် နှင့် အအေး
💠 GGI ခရီးသွားအာမခံ
💠 ပျော်ရွင်စရာ ဂိမ်းအစီအစဥ်များ ၊ ကံစမ်းမဲများ
ပါဝင်ပါတယ် ခင်ဗျာ။
❌ စထွက်မယ့်နေ့ရဲ့ ညစာနဲ့ ပြန်တဲ့နေ့ရဲ့ ညစာတော့ မပါဝင်ပါခင်ဗျာ.... ဟမ်ဘာဂါနဲ့ အအေးကို အဆာပြေသုံးဆောင်ဖို့ စီစဉ်ပေးထားပါတယ် ခင်ဗျာ...

📞 ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံနဲ့ အိမ်အရောက် လက်မှတ်ပို့ဆောင်ပေးမယ့်အပြင် 30% စရံလေးပေးထားရုံနဲ့ ခုံနေရာ Booking ယူထားလို့ရပါပြီခင်ဗျာ... ငွေသားအပြင် Kpay Wavepay Ayapay Banking များဖြင့်လည်း ပေးချေနိုင်ပါတယ်။ ကျန်ငွေကို ကားပေါ်ရောက်မှသာ ပေးချေရမှာပါခင်ဗျာ...

ဆက်သွယ်မှာယူလိုပါက
☎☎ 09-951526638
☎☎ 09-425317427(Viber)
☎☎ 09-449026047
Email- [email protected]
လိပ်စာ-အမှတ်(28) ရတနာမြိုင်လမ်းသွယ် နဝရတ်ကွန်နိအနီး၊ ကမာရွတ်မြို့နယ်။

#လိုင်စင်အမှတ်- 137018969
#ရွှေရောင်နေ့သစ်Travel
#ပုဂံခရီးစဉ်
#တောင်ကြီးခရီးစဥ်
#ကလော
#ဂဏန်းကျရေတံခွန်

Nov-24 ရက်နေ့ ထွက်ရှိတဲ့ တောင်ကြီး အင်းလေး ကလော~ပင်းတယ~ရွာငံ ခရီးစဉ်လေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ....လိုက်ပါခဲ့ပေးခဲ...
28/11/2023

Nov-24 ရက်နေ့ ထွက်ရှိတဲ့ တောင်ကြီး အင်းလေး ကလော~ပင်းတယ~ရွာငံ ခရီးစဉ်လေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ....

လိုက်ပါခဲ့ပေးခဲ့ကြတဲ့ ဧည့်သည်တော် တစ်ဦးတစ်ယောက်ချင်းကို ကျေးဇူးတင်ရှိပါတယ်ရှင် ♥♥

ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်... နောက်ခရီးစဉ်များမှာလဲ ပြန်လည်ဆုံတွေ့ပါရစေရှင် 🙏🙏

#ရွှေရောင်နေ့သစ်travel

တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့မှာ (၇)ရက်သားသမီးများအားလုံး 💠 စိတ်၏ချမ်းသာခြင်း၊ 💠 ကိုယ်၏ကျန်းမာခြင်းများပြည်စုံ...
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့မှာ (၇)ရက်သားသမီးများအားလုံး

💠 စိတ်၏ချမ်းသာခြင်း၊
💠 ကိုယ်၏ကျန်းမာခြင်းများပြည်စုံ၍
💠 လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း

ရွှေရောင်နေ့သစ် Travel & Tour မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင် 🙏🙏🙏

#တန်ဆောင်မုန်းလပြည့်နေ့
#သာမညဖလအခါတော်နေ့

21/11/2023

ယနေ့ စတင်ပါပြီ 😊

33 Seater Brand New လေးတစ်စီး တန်ဆောင်တိုင် ပိတ်ရက် 25/26/27 အတွက် စင်းလုံးငှား ရပါဦးမယ်...ချောင်းသာသွားမလား....ငွေဆောင...
20/11/2023

33 Seater Brand New လေးတစ်စီး တန်ဆောင်တိုင် ပိတ်ရက် 25/26/27 အတွက် စင်းလုံးငှား ရပါဦးမယ်...
ချောင်းသာသွားမလား....
ငွေဆောင်သွားမလား....
ပုဂံကို သွားမလား....
မိသားစုများလို့ပဲဖြစ်ဖြစ်၊ Company Trip၊ Annual Trip၊ Team Building Trip ဖြစ်ဖြစ် ကားလိုတယ်ဆို ဆက်သွယ်လို့ရပါတယ်ခင်ဗျာ...
Tour တွေလဲ ငှားရမ်းလို့ရပါတယ် ဈေးညှိပေးပါမယ်နော်....

ဆက်သွယ်ရန်
09-951526638
09-425317427 (Viber)

#ရွှေရောင်နေ့သစ်travel

❤😍
19/11/2023

❤😍

မြူနှင်းကြားက ထိန်သာ 🌲❄️

14/11/2023

အိမ်အပြန်ခရီးကို ဧည့်သည်တော်များနှင့် ပျော်ရွင်စွာ ခွဲခွာခြင်း အမှတ်တရ ❤😍

#ရွှေရောင်နေ့သစ်travel

09/11/2023

ရှမ်းပြည်နယ်ရဲ့ အထင်ကရပွဲတော်ဖြစ်တဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲကို တစ်နေ့တော့ မင်းနဲ့အတူသွားမယ် 😍😍

Address

Yadanar Myine, Kamayut Tsp
Yangon

Telephone

+959951526638

Website

Alerts

Be the first to know and let us send you an email when ရွှေရောင်နေ့သစ် Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေရောင်နေ့သစ် Travel & Tour:

Share