Hotel Housekeeping နှင့်သက်ဆိုင်သော ဗဟုသုတများမျှဝေရာ

  • Home
  • Myanmar
  • Yangon
  • Hotel Housekeeping နှင့်သက်ဆိုင်သော ဗဟုသုတများမျှဝေရာ

Hotel Housekeeping နှင့်သက်ဆိုင်သော ဗဟုသုတများမျှဝေရာ Housekeeping နှင့်သက်ဆိုင်သော ဗဟုသုတများ မျ?

🏨 Housekeeping အတွက် Teamwork တည်ဆောက်ခြင်း၁။ Identifying Capabilities (စွမ်းဆောင်ရည်များကို သိရှိနားလည်ခြင်း)လူတိုင်းမှ...
15/03/2026

🏨 Housekeeping အတွက် Teamwork တည်ဆောက်ခြင်း

၁။ Identifying Capabilities (စွမ်းဆောင်ရည်များကို သိရှိနားလည်ခြင်း)

လူတိုင်းမှာ မတူညီတဲ့ အားသာချက်တွေ ရှိပါတယ်။

• Manager အတွက်: ဘယ်ဝန်ထမ်းက Room Cleaning မြန်သလဲ၊ ဘယ်သူက Public Area မှာ သေသပ်သလဲ၊ ဘယ်သူက ပစ္စည်းစာရင်း (Inventory) မှတ်ရာမှာ တော်သလဲဆိုတာကို ခွဲခြားသိမြင်ရပါမယ်။

• ဝန်ထမ်းများအတွက်: ကိုယ်က ဘာကို အကောင်းဆုံး လုပ်နိုင်သလဲဆိုတာ သိရသလို၊ မိမိလုပ်ဖော်ကိုင်ဖက်ရဲ့ အားသာချက်ကိုလည်း အသိအမှတ်ပြုပေးရပါမယ်။

၂။ Get Into Your Role (မိမိ၏ တာဝန်ကို ပီပြင်စွာ ထမ်းဆောင်ခြင်း)

ဘောလုံးအသင်းတစ်သင်းလိုပါပဲ၊ ရှေ့တန်းကလူက ဂိုးသွင်းဖို့ တာဝန်ရှိသလို ဂိုးသမားကလည်း ဖမ်းဖို့ တာဝန်ရှိပါတယ်။

• တာဝန်ယူမှု: မိမိကို ပေးထားတဲ့ Floor သို့မဟုတ် အခန်းတွေကို သတ်မှတ်ထားတဲ့ Standard အတိုင်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းပါ။

• ပူးပေါင်းဆောင်ရွက်မှု: မိမိတာဝန်ကို ကျေပွန်မှသာ နောက်ကလိုက်ရတဲ့ Linen ဝန်ထမ်း ဒါမှမဟုတ် Supervisor အတွက် အလုပ်တွေ ချောမွေ့သွားမှာ ဖြစ်ပါတယ်။

၃။ Learn the Whole Process (လုပ်ငန်းစဉ်တစ်ခုလုံးကို လေ့လာသင်ယူခြင်း)

မိမိတာဝန်တစ်ခုတည်းတင်မကဘဲ တစ်ဌာနလုံး ဘယ်လိုလည်ပတ်လဲဆိုတာကို သိထားသင့်ပါတယ်။

• နားလည်မှုရှိခြင်း: အခန်းတွေဘာလို့ ချက်ချင်းမရသေးတာလဲ (Dirty to Clean) ဆိုတာကို သိဖို့ Laundry ပိုင်း၊ Front Office ပိုင်းနဲ့ ချိတ်ဆက်ပုံတွေကို နားလည်ထားရပါမယ်။

• အပြန်အလှန် ကူညီခြင်း: တစ်ယောက်ယောက် အလုပ်များနေရင် သို့မဟုတ် ခွင့်ယူထားရင် လုပ်ငန်းစဉ်ကို သိထားတဲ့အတွက် အဆင်ပြေအောင် ဝိုင်းဝန်းကူညီပေးနိုင်ပါတယ်။

၄။ The Power of Flow (အဟန့်အတားမရှိ စီးဆင်းမှု၏ စွမ်းအား)

အားလုံးက ဟန်ချက်ညီညီ အလုပ်လုပ်တဲ့အခါ "Flow" ကောင်းလာပါတယ်။

• ချောမွေ့သော လုပ်ငန်းခွင်: Manager ကနေ ဝန်ထမ်းအထိ ဆက်သွယ်ရေး ကောင်းမွန်မယ်၊ တစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိမယ်ဆိုရင် အလုပ်က အလိုအလျောက် မြန်ဆန်ချောမွေ့သွားပါတယ်။

• ရလဒ်: ဧည့်သည်တွေအတွက် အခန်းတွေ အချိန်မီအဆင်သင့်ဖြစ်နေမယ်၊ ဝန်ဆောင်မှု အဆင့်အတန်း မြင့်မားလာမယ်။ ဒါဟာ Teamwork ရဲ့ အောင်မြင်မှုပါပဲ။

အားလုံးကို ကျေးဇူးတင်လျှက်

အောင်ကိုကို (15.3.2026)

အဖွဲ့အစည်းတစ်ခုအတွင်း ပြောင်းလဲမှုများကို ဆန့်ကျင်ရသည့် အကြောင်းရင်းများ ခုခံမှုဖြစ်စေသော အရင်းအမြစ်များ (Sources of Res...
14/03/2026

အဖွဲ့အစည်းတစ်ခုအတွင်း ပြောင်းလဲမှုများကို ဆန့်ကျင်ရသည့် အကြောင်းရင်းများ

ခုခံမှုဖြစ်စေသော အရင်းအမြစ်များ (Sources of Resistance)

• Overdetermination (စနစ်တကျ တင်းကျပ်ထားမှု): အဖွဲ့အစည်းတစ်ခု၏ တည်ဆောက်ပုံမှာ ပြောင်းလဲရခက်အောင် စည်းမျဉ်းစည်းကမ်းများဖြင့် အလွန်အမင်း တင်းကျပ်စွာ ထိန်းချုပ်ထားခြင်း။

• Narrow focus of change (ပြောင်းလဲမှုအမြင် ကျဉ်းမြောင်းခြင်း): အဖွဲ့အစည်းတစ်ခုလုံးကို မကြည့်ဘဲ ကဏ္ဍတစ်ခုတည်းကိုသာ ကွက်ပြီး ပြောင်းလဲရန် ကြိုးစားခြင်း။

• Group inertia (အစုအဖွဲ့၏ အရှိန်သေနေမှု): အဖွဲ့ဝင်များက ယခင်လုပ်ဆောင်နေကျ အလေ့အထဟောင်းများကိုသာ ဆက်လက်လုပ်ကိုင်လိုပြီး အသစ်အဆန်းကို လက်မခံလိုခြင်း။

• Threatened expertise (ကျွမ်းကျင်မှုအပေါ် ခြိမ်းခြောက်ခံရခြင်း): ပြောင်းလဲမှုကြောင့် မိမိတို့ တတ်မြောက်ထားသည့် ပညာရပ် သို့မဟုတ် ကျွမ်းကျင်မှုများ အသုံးမဝင်တော့မည်ကို စိုးရိမ်ခြင်း။

• Threatened power (လုပ်ပိုင်ခွင့်အာဏာအပေါ် ခြိမ်းခြောက်ခံရခြင်း): ပြောင်းလဲမှုကြောင့် မိမိတို့ လက်ရှိရရှိထားသည့် ရာထူး သို့မဟုတ် လုပ်ပိုင်ခွင့်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်ခြင်း။

• Changes in resource allocation (အရင်းအမြစ် ခွဲဝေမှု ပြောင်းလဲခြင်း): ရန်ပုံငွေ၊ လူအင်အား သို့မဟုတ် အထောက်အပံ့များကို ယခင်ကထက် လျှော့ချခံရမည် သို့မဟုတ် ပြောင်းလဲခွဲဝေခံရမည်ကို စိုးရိမ်ခြင်း။

ဤအချက်များသည် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများတွင် ပြောင်းလဲမှုတစ်ခု ပြုလုပ်တော့မည်ဆိုလျှင် ကြုံတွေ့ရလေ့ရှိသော အဓိက အတားအဆီးများ ဖြစ်ပါသည်။

17/06/2023

အကျိုးရှိစေမယ်လို့ယူဆမိတဲ့ ပုံပြင်လေးပါ

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလက Bartenter ဖြစ်ချင်တဲ့ လူငယ်တစ်ယောက်ဟာ Oversea မှာ Housekeeping Attendant ရာထူးကနေ နောင် ၉ နှ...
10/10/2022

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလက Bartenter ဖြစ်ချင်တဲ့ လူငယ်တစ်ယောက်ဟာ Oversea မှာ Housekeeping Attendant ရာထူးကနေ နောင် ၉ နှစ်လောက်အကြာမှာ ထိုဟိုတယ်မှာပဲ Housekeeping Manager ရာထူးအထိရောက်အောင် ကြိုးစားလုပ်ကိုင်ပြသွားပြီး International Chain Hotel တစ်ခုမှာ Executive Housekeeper အနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ ကျွန်တော့မိတ်ဆွေ တစ်ယောက်အကြောင်းကို ပြောပြပါအုံးမယ်။

အားလုံးကို ကျေးဇူးတင်လျှက်
အောင်ကိုကို






https://t.me/aungkokoehk

08/10/2022

Housekeeping Equipment
(Manual and Electrical)

Bathtub chip နဲ့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့သူ**********************************အတူလုပ်ခဲ့ဖူးတဲ့ Executive Housekeeper ဆရာတစ်ယ...
07/10/2022

Bathtub chip နဲ့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့သူ
**********************************

အတူလုပ်ခဲ့ဖူးတဲ့ Executive Housekeeper ဆရာတစ်ယောက် အရမ်းစေ့စပ်တယ်။ Leadership တွေ၊ EQ တွေခဏမေ့ထား၊ Management Function ကို သူ့လောက်နိုင်နင်းအောင် လုပ်သွားနိုင်တဲ့သူ အခုထိထပ်မဆုံဖူးသေးဘူး။ Planing၊ Controlling၊ Proactive၊ Consistency အပိုင်းမှာတော့ တကယ်ဆရာကျတဲ့သူ။

တခြား Executive Housekeeper တွေ သူ့လိုအခန်းစစ်တာမတွေ့ရဘူး။ အတူလုပ်ဖူးတဲ့ EHK တွေကိုဆိုလိုတာနော်။ ကိုယ်တိုင်အခန်းဝင်စစ်တော့ ကိုယ်တိုင်အခန်းထဲမှာဖြစ်ပျက်နေတဲ့အရာတွေတကယ်သိရတာပေါ့ဗျာ။ ဒီအပိုင်းတွေဝင်ပါနေလို့ Administration၊ Paperwork အပိုင်းတွေမှာလဲ မလစ်ဟင်းစေရဘူး။ Spot check အခန်းတွေဝင်စစ်တယ်။ VIP ခန်းတွေဆို မလွတ်စေရဘူး။ တခြားအရေးကြီးကိစ္စတွေရှိလို့ကလွဲလို့ စစ်ဖြစ်အောင်စစ်တယ်။

VIP ခန်း FO က ကိုယ့်အထပ်ကို ပေးပြီးဆို ကျ နော် တို့ Supervisor တွေ အကြောင်းအမျိုးမျိုးပြပြီး တခြားအထပ်ပို့ကြတယ်။ အခန်းများရင်ပြောတာပါ။ Guest Complaint ထက် EHK point out လုပ်တာ မခံစားနိုင်လို့၊ သူအခန်းလာမစစ်ခင် ဧည့်သည် checked in ဝင်ပြီးရင်ကိစ္စမရှိဘူး။ အဲလိုမဟုတ်ရင် ကိုယ်တွေကသေချာရှင်းထားတဲ့အခန်း သူက Ceiling needs painting၊ Main door noisy၊ Bathtub chips အစရှိသ၍ defects တွေပေါ်လာရင် နောက်တစ်ခန်းထပ် change၊ ထပ်ရှင်းရနဲ့ တော်တော်အလုပ်တွေ ရှုပ်ကုန်တာ။

တစ်ရက် သူငယ်ချင်းတစ်ယောက် သူ့ VIP ခန်းကို လာကြည့်ပေးဖို့ပြောတယ်။ သူကအခန်းစစ်တာ ကျနော်ထက်သာတယ်၊ သိပ်ပြောစရာမရှိဘူး။ ဒါပေမယ့် ရေချိုးခန်းထဲက Bathtub chip ဖြစ်နေတာတော့ ကျနော်သတိထားမိတယ်။ ကျန်တာတွေ အားလုံးအဆင်ပြေနေတော့ သူလဲနောက်တစ်ခန်းမ change ချင်ဘူး။ ဒီ Bathtub chip ဖြစ်နေတာလဲ EHK မြင်မှာ သူရော၊ ကျနော်ရောသိတယ်။ သူကနည်လမ်းရှိတယ်တဲ့။ ဒီကိစ္စကြောင့် Guest Complaint မတက်မှာတော့ နှစ်ယောက်လုံးသိတယ်။ EHK လာစစ်ရင်သာ သူ Complaint တက်မှာ။ Maintenance Request ပို့ပြီး Engineering လာလုပ်ဖို့လဲ အချိန်မရှိတော့ဘူးလေ။ သူ့နေရာမှာကျနော်ဆို သူ့လိုဖြတ်ထိုးဉာဏ်မရှိဘူး။ EHK အဲဒီအခန်းလာစစ်တဲ့အချိန် သူလည်း အဲဒီ Bathtub chip ကိုမြင်ခွင့်မရလိုက်တော့ပါဘူး။ ကျန်တာတွေလဲ တကယ် perfect ဖြစ်နေတော့ Very Good. That is exactly what I want. ဆိုပြီး အဲဒီသူငယ်ချင်းကို ချီးကျူးသွားလေရဲ့။

သူဘယ်လိုလုပ်လိုက်လဲ comment မှာ ရေးထားပေးပါ့မယ်။😁😁

အားလုံးကို ကျေးဇူးတင်လျှက်
အောင်ကိုကို





Reduce Plastic Waste**********************Chain Hotel တွေကတော့ နည်းမျိုးစုံနဲ့ ဧည့်သည်တွေကို ဆွဲဆောင်လာကြပါတယ်။ Brand St...
07/10/2022

Reduce Plastic Waste
**********************

Chain Hotel တွေကတော့ နည်းမျိုးစုံနဲ့ ဧည့်သည်တွေကို ဆွဲဆောင်လာကြပါတယ်။ Brand Standard တွေ အချိန်နဲ့အမျှ ပြင်ဆင်ဖြည့်စွက်လေ့ရှိကြတယ်။ Environment ကို မည်သို့မည်ပုံ အကျိုးပြုစေတယ် စသဖြင့်လည်း ပြုလုပ်လာကြပြီး လူမှုပတ်ဝန်းကျင်ကိုပိုမိုကောင်းမွန်လာစေဖို့ Plastic နဲ့ ဆက်စပ်ပစ္စည်းတွေအသုံးပြုမှုကို လျှော့ချဖို့ ကြိုးစားလာကြပါတယ်။

1. ရေချိုးခန်းမှာ ပုံမှန်ထည့်ပေးလေ့ရှိတဲ့ Bath Foam၊ Shampoo ဗူးသေးတွေအစား Bulk Amenities များကို အသုံးပြုပါတယ်။ Bulk Amenities ကိုတော့ ဧည့်သည်ယူဆောင်သွားခွင့် မရှိပါဘူး။ Refill Bottle ပါ။ ပုံမှန် Bath Foam၊ Shampoo ဗူးတွေကို ဧည့်သည်ယူလို့ရတယ်ဆိုတဲ့အသိက ဒီနေရာမှာတော့ လွဲသွားပါပြီ။ ဝန်ထမ်းအနေနဲ့ လျှော့လျှင်ပြန်ဖြည့်ဖို့အတွက် Key လေးပေးထားပါတယ်။ နံရံမှာအသေကပ်ထားတာပါ။ အကယ်၍ ဧည်သည့်တနည်းနည်းနဲ့ ဖြုတ်ယူသွားခဲ့လျှင်တော့ ပျောက်ဆုံးပစ္စည်းအနေနဲ့ အချိန်မီ အကြောင်းကြားရပါမယ်။

2. Plastic Water Bottle တွေကိုလဲ ဖန်ပုလင်း၊ သံဗူး နဲ့ အခြား plastic အစားထိုးပစ္စည်းများနဲ့အသုံးပြုလာကြပါတယ်။ မှတ်မိသလောက် မြန်မာနိုင်ငံမှာပဲ Designer Water က Coca Cola လို သံဗူးနဲ့ ရေသန့်ဗူး လုပ်ထားတာ တွေ့ဖူးပါတယ်။
တခြားနည်းလမ်းတွေနဲ့လဲ plastic waste တွေကိုလျှော့ချတဲ့ နည်းတွေရှိပါလိမ့်မယ်။ ထပ်မံလေလာနိုင်ကြပါစေ။

အားလုံးကို ကျေးဇူးတင်လျှက်
အောင်ကိုကို





Quality AuditDirector of Housekeeping နဲ့ Executive Housekeeper အကြောင်းရေးခဲ့စဥ်က ပြောခဲ့တဲ့ Director of HK  ဖြစ်ပြီဆို...
08/09/2022

Quality Audit

Director of Housekeeping နဲ့ Executive Housekeeper အကြောင်းရေးခဲ့စဥ်က ပြောခဲ့တဲ့ Director of HK ဖြစ်ပြီဆို နောက်ကတခြား တာဝန်လေးတွေ ထပ်တိုးပေးလာကြတယ်။ Recreation ကို Director of HK အား Manage လုပ်စေတာ၊ တခါတလေလဲ Director of Housekeeping & Quality လို့ရေးထားတာတွေ့ဖူးကြပါလိမ့်မယ်။ မသိရင် Quality ဆိုတော့ F&B က အစား၊ အသောက် တွေရဲ့ Quality ပါ သက်ဆိုင်တယ် ထင်စရာရှိပါတယ်။ တကယ်တော့ Hotel ရဲ့ cleanliness နဲ့ ၎င်း Director နဲ့သက်ဆိုင်တဲ့ Section Area တွေက အသုံးအဆောင်ပစ္စည်းတွေရဲ့ ပြုပြင်ထိန်းသိမ်းမှုနဲ့ အသစ်အစားထိုးမှုတွေနဲ့သာ သက်ဆိုင်တယ်လို့ ပြောချင်ပါတယ်။

Guest Room & Public Area ရဲ့ Quality ကို အခုနောက်ပိုင်းမှာ External Quality Audit Team တွေနဲ့ စစ်ဆေးလာကြတယ်လို့ ကြားမိပါတယ်။ Oversea Hotel တွေအပါအဝင် ဟိုတယ် တော်တော်များများ ဒါကိုမလုပ်နိုင်ကြသေးပါဘူး။ Internal အနေနဲ့ စစ်ဆေးတာ သို့ Group အတူထဲက တခြား ဟိုတယ်ကအဖွဲ့တွေ လာစစ်တာတွေတော့ ရှိပါတယ်။ International Chain Hotels ထဲက Luxury Hotel တွေမှာတော့ နည်းလမ်းမျိုးစုံနဲ့ Quality ကို ထိန်းသိမ်းစစ်ဆေးမှုတွေ စီမံထားကြပါလိမ့်မယ်။ တခါတရံ Guest Complaint သာမတက်သာ Guest Rooms & Public Area ရဲ့ Cleanliness နဲ့ Standard က တော်တော်လေးကျနေတာ ဖြစ်နေတတ်ပါတယ်။

Quality Audit စစ်ပြီဆိုရင် အောက်ပါအချက်များပါဝင်ပါလိမ့်မယ်။

1. Bedding ကို ကြည့်ပါလိမ့်မယ်။ အသေးစိတ်တော့ ကျနော် ထည့်မရေးတော့ပါဘူး။ Mattress Turning ကအစ Linen တွေ အပေါက်အပြဲမရှိဖို့၊ သေချာလျှော်ထားပြီးသားဖြစ်ဖို့နဲ့ Pressing သေချာလုပ်ထားဖို့ အစရှိသဖြင့် ပါပါလိမ့်မယ်။ ဒီနေရာမှာ ကျနော် Highlight လုပ်ပေးချင်တာက Black light/ UV light အကြောင်းပါ။ ကိုယ်တိုင်ကြုံဖူးပါတယ်။ တချို့ Attendant တွေ Check out ထွက်ပြီးသားအခန်းမှာတောင် Bed Sheet အဟောင်းတွေနဲ့ခင်းသွားတယ်။ Pillow Case တွေကိုလဲ အခြေအနေကောင်းရင် မလဲခဲ့ဘူး။ တချို့က Pillow Case ချွတ်ရမှာ အချိန်ကြာလို့ PC အဟောင်းအပေါ်က အသစ်ထပ်စွပ်သွားတယ်။ မလုပ်သင့်ပါဘူး။ ပုံမှာပါတဲ့အတိုင်း Black light နဲ့ထိုးကြည့်ရင် အသုံးပြုထားတဲ့ Bed Sheet ဆို သိသာပါတယ်။

2. Bath Room မှာလဲ Black light ထိုးကြည့်ရင် ပုံပါအတိုင်းမြင်တွေ့ရပါလိမ့်မယ်။ Touch Point တွေကို Sanitize/ Disinfect လုပ်မလုပ်လဲ စက်နဲ့တိုင်းတာစစ်ဆေးကြည့်လို့ရပါတယ်။

3. Basin ဆိုလျှင် ရေအပြည့်ထည့်ပြီး Basin Stopper ကိုဖွင့်လိုက်တဲ့အချိန်မှာ 13 စက္ကန့်အတွင်း ရေတွေအကုန်ဆင်းသွားရပါမယ်။ အကယ်၍ 13 စက္ကန့်အထက် 18/ 20 Seconds လောက်ဖြစ်နေရင်တော့ Basin ရေဆင်းနှေးတယ်ဆိုတဲ့အနေနဲ့ Maintenance Request/ Work Order ပို့ရမယ်၊ Engineering Team က ပြုပြင်ရပါမယ်။

4. Maintenance Request လုပ်မလုပ်နဲ့၊ Housekeeping Desk မှာ Record လုပ်ထားလား၊ Opera System ထဲမှာ ထည့်ပြီးသားလား အစရှိသဖြင့် စစ်ဆေးပါလိမ့်မယ်။

5. Room Attendant အသုံးပြုနေတဲ့ Vacuum Cleaner ထဲက အမှိုက်နဲ့ ဖုန်တွေရဲ့ပမာဏကိုတိုင်းတာပြီး ၎င်းအခန်းကို Vacuumming လုပ်သွားလား၊ မလုပ်သွားဘူးလားဆိုတာကို မှတ်ချက်ပေးနိုင်ပါလိမ့်မယ်။ အရင်ကတည်းက Audit Team ဟာ ပုံမှန်အားဖြင့် အခန်းတစ်ခန်းထဲက ဖုန်စုပ်လို့ရလာမယ့် ပမာဏကို Research လုပ်ထားပြီးလို့ပဲ ဖြစ်ပါတယ်။

6. Cleaning Cloth တွေသုံးမသုံး၊ Color Code ခွဲထားတဲ့အတိုင်း အသုံးပြုမပြု စစ်ဆေးပါလိမ့်မယ်။ ကိုယ်တွေ့လေးတစ်ခုပါ။ Room Attendant တစ်ယောက်ရှင်းနေတဲ့အခန်းကို သွားကြည့်တယ်။ သူ့ကိုမေးကြည့်တယ်၊ Cleaning Cloth ယူလာလား၊ သုံးလားဆိုတော့ ယူလာတယ်၊ သုံးတယ်ပြောတယ်။ တကယ်သုံးလားဆိုတော့ ဟုတ်တဲ့။ ကဲ Report ပြ ဘယ်နှစ်ခန်းရှင်းပြီးပြီလဲဆိုတော့ Report မှာ 3 ခန်းလောက်ပြီးနေပြီ။ ဒါပေမယ့် Cleaning Cloth မှ ရေတောင်မစိုဘူး။ ဒီတော့မှ ဧည့်သည် အသုံးပြုပြီးသား Soiled Towel တွေနဲ့ အသုံးပြုတယ်ဆိုတာ ဝန်ခံသွားတယ်။ ကျနော်တို့ ကိုယ်တိုင်လဲ Soiled Towel တွေအသုံးပြုဖူးပါတယ်။ ဖန်ခွက်သုတ်တာ၊ မှန်သုတ်တာတို့ဆို Pillow Case နဲ့အရမ်းအဆင်ပြေတာ။ တကယ်တော့မလုပ်သင့်ပါဘူး။ Linen & Towel တွေမြန်မြန်ပျက်စီးစေတယ်၊ quality တွေကျစေပါတယ်။ Manager နဲ့ Supervisor တွေကလဲ Cleaning Cloth နဲ့ Duster တွေကို လုံလုံလောက်လောက် စီစဥ်ပေးထားသင့်ပါတယ်။

7. အခန်းထဲမှာ ထည့်ပေးထားတဲ့ Minibar Items၊ Water Bottles and Tea/ Coffee Setup တွေရဲ့ Expired Date တွေကို စစ်ဆေးပါမယ်။

8. Pantry တွေထဲမှာ Linen တွေကို Shelves ပေါ်မှာတင်ထားရမဲ့အစား Floor ပေါ်ကိုချထားလားဆိုတာကို Hygiene Issue အရစစ်ဆေးပါမယ်။

9. Public Area အနေနဲ့ Corridor တွေမှာ အနံ့အသက်ကောင်းမွန်မှု၊ မလိုအပ်တဲ့ Trolleyနဲ့ အခြားအသုံးအဆောင်ပစ္စည်းများထားရှိမှုမဖြစ်စေရန် နှင့် Locker ရဲ့သန့်ရှင်းရေးကို ဦးစားပေးစစ်ဆေးပါမယ်။

10. Pest Control ကလဲ အဓိကတစ်ခုအနေနဲ့ပါဝင်တာကြောင့် ခြင်၊ ယင်၊ ပိုးဟပ်၊ ဂျပိုး အစရှိတဲ့ insect တွေ အခန်းတွင်းနှင့် public area တွေမှာ ရှိမရှိကိုလဲ စစ်ဆေးပါလိမ့်မယ်။

နံပါတ် 2 မှာပြောခဲ့တဲ့ Sanitize or Disinfect လုပ်မလုပ် စက်နဲ့စစ်လို့ရတယ်ဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါသေးတယ်။ Lift Button သို့မဟုတ် တံခါးလက်ကိုင်တွေကို စမ်းသပ်ဖူးပါတယ်။ Cotton Pad နဲ့ ဥပမာ Lift Button ကို သုတ်လိုက်ပါတယ်၊ ပြီးနောက် Tester မှာ ထို cotton pad နဲ့ တဖန်ပြန်သုတ်ကြည့်လိုက်တဲ့အချိန် Bacteria ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ပေါ်လာပါတယ်။ ထို့နောက် Sanitize/ Disinfect လုပ်ပြီးပြန်တိုင်းကြည့်တဲ့အခါ သိသိသာသာ လျှော့နည်းသွားတာ တွေ့ရပါတယ်။

ကိုယ်တိုင် Quality Audit Team အနေနဲ့မစစ်ဆေးဖူးတဲ့အတွက် စနစ်တကျ ပြုစုထားတဲ့ Format တော့ ကျနော့မှာလဲ မရှိပါဘူး။ Housekeeper ဂုရုကြီးတွေထံမှ ကြားသိခဲ့ရမှုကို ထပ်ဆင့်မျှဝေပေးခြင်းသာဖြစ်ပါသည်။

ကျနော် ရေးပြသွားတဲ့အချက် ၁၀ ချက်ကိုပဲ Quality Audit လို့မဆိုလိုပါဘူး။ inspection points တွေ အများကြီးပါဝင်ပါလိမ့်မယ်။ Key Points အနေနဲ့ Quality Audit၊ Black Light အကြောင်း၊ Basin Water Flow၊ Vacuum Cleaner ထဲက ဖုန်ပမာဏ တိုင်းတာခြင်း နဲ့ Color Coded Cleaning Clothes အကြောင်း မှတ်သားမိသွားရင် ကျနော် ရေးရကျိုးနပ်ပါပြီ။

အားလုံးကိုကျေးဇူးတင်လျှက်
အောင်ကိုကို






https://t.me/aungkokoehk

အတွေ့အကြုံနည်းသူတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ အခန်းရှင်းပုံအဆင့်အဆင့်ပါ။Interview အတွက်လဲ အကျိုးပြုပါလိမ့်မယ်။ မိတ်ဆွေတို...
07/09/2022

အတွေ့အကြုံနည်းသူတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ အခန်းရှင်းပုံအဆင့်အဆင့်ပါ။
Interview အတွက်လဲ အကျိုးပြုပါလိမ့်မယ်။ မိတ်ဆွေတို့လေ့လာထားတာတွေနဲ့ပေါင်းစပ်ပြီး ပိုကောင်းအောင် ဖန်တီးနိုင်ပါသည်။

ORDER OF CLEANING A ROOM
1. Enter room
2. Open curtains
3. Remove room service trays/ trolleys
4. Apply chemical to WC
5. Remove rubbish and soiled linen
6. Make the bed
7. Dust the bedroom
8. Replace supplies/amenities
9. Clean bath tub and bath walls
10. Clean WC, seat, cover
11. Clean wash basin
12. Replenish supplies
13. Vacuum clean
14. Mop floor

အားလုံးကို ကျေးဇူးတင်လျှက်
အောင်ကိုကို






https://t.me/aungkokoehk

Address

No. 26, 3rd Floor(B), Botayza Street, Botunzan Qtr, Dawbon
Yangon
1169

Telephone

+959420096128

Website

Alerts

Be the first to know and let us send you an email when Hotel Housekeeping နှင့်သက်ဆိုင်သော ဗဟုသုတများမျှဝေရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hotel Housekeeping နှင့်သက်ဆိုင်သော ဗဟုသုတများမျှဝေရာ:

Share

Category