Yaezet Company

Yaezet Company Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yaezet Company, အမှတ်(၂၅/ခ)၊ဝေဘာဂီလမ်းမကြီး၊, က-ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။, Yangon.

Donation memories (16.1.2026)🥰2026နှစ်သစ်မှာ ပထမဆုံးလှူတဲ့အလှူလေးပါ✨ 16.1.2026 နေ့တွင် ရေစက်မိသားစုမှ ကြက်သားကြာဇံကြော်ဗ...
19/01/2026

Donation memories (16.1.2026)🥰

2026နှစ်သစ်မှာ ပထမဆုံးလှူတဲ့အလှူလေးပါ

✨ 16.1.2026 နေ့တွင် ရေစက်မိသားစုမှ ကြက်သားကြာဇံကြော်ဗူးပေါင်း(၁၅၃၀)တိတိလှူဒါန်းဝေမျှခဲ့တဲ့ပုံရိပ်လေးဖြစ်ပါတယ်။

✨အလှူဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြပါသောရပ်မိရပ်ဖများ၊အိမ်နီးနားချင်းမိတ်ဆွေများနှင့် ရေစက်မိသားစုမှဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

📿နောင်တွင်လည်းချစ်ခင်ရသောမိတ်ဆွေများနှင့်အတူ ဆက်လက်လှူဒါန်းသွားနိုင်အောင််ကြိုးစားသွားပါအုံးမည်ဟုပြောကြားရင်း သုံးတန်စေတနာဖြင့် သာဓုခေါ်ဆိုနိုင်ရန် ကြည်နူးကုသိုလ်တော်မျှဝေလိုက်ရပါသည်ရှင်🙏🏻🙏🏻........................ⓉⒽⒶⓃⓀⓎⓄⓊ........................

🎉မနှစ်ကလိုပဲ ရောက်ရှိလာတဲ့ 2026နှစ်သစ်ကို အားအင်အပြည့်နဲ့စတင်နိုင်ဖို့ ရေစက်မိသားစုမှ ဝန်ထမ်းဟောင်းများ နှင့် ဆရာကန်တော့...
13/01/2026

🎉မနှစ်ကလိုပဲ ရောက်ရှိလာတဲ့ 2026နှစ်သစ်ကို အားအင်အပြည့်နဲ့စတင်နိုင်ဖို့ ရေစက်မိသားစုမှ ဝန်ထမ်းဟောင်းများ နှင့် ဆရာကန်တော့ပွဲ ကံစမ်းမဲပေါက် ဝန်ထမ်းများက ပုဂံ-ညောင်ဦး-ပုပ္ပါး ဘုရားဖူးခရီးစဉ်ကို ပျော်ပျော်ပါးပါးလည်ပတ်ခဲ့ကြပါတယ်။🥳

🌟 ၂၀၂၆ ခုနှစ် ရေစက်မိသားစုရဲ့ ဘုရားဖူးခရီးစဉ် 2026 Company Trip ကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ခြင်းမှာ
ခရီးစဉ်အတွင်း ပါဝင်ခဲ့ကြသော မိတ်ဆွေများအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ စည်းကမ်းလိုက်နာမှုနှင့် နားလည်ပေးမှုများကြောင့် ဖြစ်ပါတယ်။

🌅 ဘုရားဖူးခရီးစဉ်တစ်လျှောက် စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်ဖို့ စီစဉ်ပေးတဲ့ Cloud Motion Travel ကိုလည်းကျေးဇူးတင်ပါတယ်။
လိုက်ပါသူမိတ်ဆွေများအနေနဲ့ ခင်မင်ရင်းနှီးမှုများ ပိုမိုခိုင်မာလာစေသလို အမှတ်တရကောင်းများကိုလည်း အတူတကွ ဖန်တီးနိုင်ခဲ့ကြမယ်လို့ယုံကြည်ပါတယ်။

9.1.26မှ 12.1.26 အထိလည်ပတ်ခဲ့တဲ့ဘုရားဖူးခရီးစဉ်ရဲ့အမှတ်တရပုံရိပ်တွေတင်ပေးလိုက်ပါတယ်💚

🍁ဒီလို အဓိပ္ပါယ်ရှိပြီး အောင်မြင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်လာစေဖို့ လိုက်ပါခဲ့ကြသူ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။✨

✨နောင်လာမည့် ရေစက်ရဲ့ Company Trip ခရီးစဉ်ပေါင်းများစွာ တွင်လည်း အခုလိုပဲ အတူတကွ ပါဝင်ပေးကြမယ်လို့ မျှော်လင့်ရင်း မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသော ၂၀၂၆ နှစ်သစ်ဖြစ်ပါစေကြောင်း ရေစက်မိသားစုမှ အမှတ်တရပုံရိပ်များစွာဖြင့် ထပ်လောင်းဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏🏻🥰

ကျေးဇူးတင်လေးစားစွာဖြင့်
Yaezet Company Limited





..........................ⓉⒽⒶⓃⓀⓎⓄⓊ......................

မတည်အလှူရှင်   🙏 ဦးသန်းထွဋ်+ဒေါ်သီတာ၀င်း(ရေစက်မိသားစု)နှင့်         ၀န်ထမ်းများပညာနှင့်လုပ်အားအလှူရှင်များဖြစ်ကြသော   🙏...
12/01/2026

မတည်အလှူရှင်
🙏 ဦးသန်းထွဋ်+ဒေါ်သီတာ၀င်း(ရေစက်မိသားစု)နှင့်
၀န်ထမ်းများ

ပညာနှင့်လုပ်အားအလှူရှင်များဖြစ်ကြသော
🙏ဦးတင်မျိုး+ဒေါ်ခင်၀င်း မိသားစုနှင့်လုပ်သားများ
🙏ဦးမျိုးထွဋ်+ဒေါ်အေးအေးသန်း မိသားစုတို့မှ

⏰(၁၆.၁. ၂၀၂၆) (သောကြာနေ့) ညနေ (၄:၀၀) အချိန်
🏛️အမှတ် ၂၅/က၊ ဝေဘာဂီလမ်းမကြီး
(တုဿိတာစျေးထိပ်)၊ (က)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်တွင်

♨️ကြက်သားကြာဇံကြော် ဗူး(၁၀၀၀)အား
လှူဒါန်းဝေငှသွားမည်ဖြစ်ပါသဖြင့်
မည်သူမဆိုလာရောက်သုံးဆောင်နိုင်ပါကြောင်းနှင့်
🍛🍛🍛

➡️မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ဒေါပုံမြို့နယ်ရှိရေစက်မိသားစုဆိုင်ခွဲများဖြစ်သော
👉၁။ ၆ကွေ့လမ်းဆုံအနီး ၆ကွေ့ ရေစက်မိသားစု အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၂။ သန္တာ (၆)လမ်းထိပ်ရှိ သန္တာ ရေစက်မိသားစု အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၃။ (စျ) စျေးအနီး မင်းရန်အောင် ရေစက်မိသားစု အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၄။ သုတိတာစျေးထိပ်ရှိ မေယု ရေစက်မိသားစု အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၅။ သင်္ဃန်းကျွန်းကြီး ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၆။ ပတ္တမြား ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၇။ ရွှေပြည်သာ ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၈။ ဒေါပုံ ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၉။ မင်္ဂလာဒုံ ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၃၀)
👉၁၀။ ထောက်ကြန့် ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၁၀၀)
အားလှူဒါန်းဝေငှသွားမည်ဖြစ်ပါသည်။

🍝🍝🍝
သို့ဖြစ်ပါ၍ စုစုပေါင်း ကြက်သား ခေါက်ဆွဲ/ကြာဇံကြော်
ဗူး (၁၅၃၀)အား လှူဒါန်းဝေငှမည်ဖြစ်ပါသဖြင့် အားပေးကြသော Customers များနှင့် မိတ်ဆွေအပေါင်းအသင်းများအား ညနေ (၄:၀၀) အချိန်တွင်လာရောက်သုံးဆောင်နိုင်ပါကြောင်း ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။🙏🙏🙏



..........................ⓉⒽⒶⓃⓀⓎⓄⓊ......................

ရေစက်မိသားစုရဲ့ “၂၀၂၆ဘုရားဖူးခရီးစဉ်” အတွက် ပျော်ပျော်ပါးပါး လည်ပတ်ကြဖို့ ဘာတွေပြင်ဆင်ပြီးပြီလဲ?👀ပျော်ပျော်ပါးပါး၊စိတ်ချ...
08/01/2026

ရေစက်မိသားစုရဲ့ “၂၀၂၆ဘုရားဖူးခရီးစဉ်” အတွက် ပျော်ပျော်ပါးပါး လည်ပတ်ကြဖို့ ဘာတွေပြင်ဆင်ပြီးပြီလဲ?👀

ပျော်ပျော်ပါးပါး၊စိတ်ချမ်းသာစွာ လုံခြုံရေးအပြည့်အဝနဲ့လည်ပတ်နိုင်ဖို့ ခရီးစဉ်အစီအစဉ်များ ကြိုတင်ပြင်ဆင်နေသလို လိုက်ပါမယ့်ချစ်မိတ်ဆွေတို့ ပုဂံရောက်ရင်လုပ်မယ့် activities တွေ စုပြီးပြီလား?🤔

❇️မင်စုထားတဲ့ activities တွေကတော့-

-ဘုရားဖူးအတွက်နေ့အလိုက်၊နေရာအလိုက် ဝတ်ဆင်ရမယ့် အဝတ်တွေထည့်မယ်
-အညာဒေသစာတွေ ပူပူနွေးနွေးစားမယ်
-ရှေးဟောင်းပုဂံဘုရားတွေရဲ့ သမိုင်းကြောင်းတွေလေ့လာမယ်
-လက်ဒန်းဆိုးမယ်
-ရုပ်သေးရုပ်/ ပုသိမ်ထီး တွေနဲ့ဓာတ်ပုံရိုက်မယ်
-ရေကူးကန် မှာရေကူးရင်း ပုဂံညအလှခံစားမယ်
-မြင်းလှည်းစီးပြီး လျှောက်လည်မယ်
-စျေးတန်းလျှောက်ပြီး စျေးဝယ်မယ်
-လက်ပံပျားကြက်ကြော်ချိုချိုလေးစားမယ်
-ထန်းတဲမှာထန်းရည်အေးအေးလေးသောက်မယ်
-ဘုရားပေါ်မှာ နေဝင်/နေထွက် view ကြည့်မယ်
-စက်လှေစီးမယ်
-ဘူဖေး(3)နပ်အဝစားမယ်
-တောင်တက်ရင်း မျောက်စာကျွေးမယ်
-ဘုရားမှာ နှစ်သစ်တစ်နှစ်တာလုံး အဆင်ပြေဖို့ ဆုတောင်းမယ်
-အဓိဌာန်ဝင်မယ်၊ဘုရားစုံဖူးပြီး ကုသိုလ်လုပ်မယ်🤗

🛣️လမ်းကြောင်းစီစဉ်မှု၊နေရာတည်းခိုမှု၊သွားလာရေး အဆင်ပြေမှု၊လုံခြုံစိတ်ချရမှုများကို အကောင်းဆုံးစီမံထားမှာကြောင့် ချစ်ရတဲ့ မိတ်ဆွေ၊မိသားစု၊သူငယ်ချင်းများနဲ့ အတူ ဘုရားဖူးအမှတ်တရကောင်းတွေဖန်တီးနိုင်မယ်လို့ ရေစက်က ယုံကြည်ပါတယ်။✨

🌻လာမယ့် ၉.၁.၂၀၂၆ ဘုရားဖူးခရီးစဉ်မှာဆုံကြမယ်နော်။

💌Wish all the best from🎉🚎
Yaezet Company Limited




..........................ⓉⒽⒶⓃⓀⓎⓄⓊ......................

“ရေစက်မိသားစု၏ 2026 ဘုရားဖူးခရီးစဉ်”✨2025 ဆရာကန်တော့ပွဲနဲ့ဝန်ထမ်းများပျော်ပွဲရွှင်ပွဲမှာ ဘုရားဖူးကံစမ်းမဲ ကံထူးခဲ့တဲ့ ချ...
03/01/2026

“ရေစက်မိသားစု၏ 2026 ဘုရားဖူးခရီးစဉ်”

✨2025 ဆရာကန်တော့ပွဲနဲ့ဝန်ထမ်းများပျော်ပွဲရွှင်ပွဲမှာ ဘုရားဖူးကံစမ်းမဲ ကံထူးခဲ့တဲ့ ချစ်မိတ်ဆွေတို့အတွက် လာမယ့် 2026မှာ လည်ပတ်မယ့် ပုဂံ-ညောင်ဦး-ပုပ္ပါး ဘုရားဖူးခရီးစဉ် အစီအစဉ်လေးထွက်လာပါပြီနော်။😍

🛣️မဆုံတာကြာတဲ့မိတ်ဆွေများ၊သူငယ်ချင်းများနဲ့ အတူတူ Scania ကားကြီးစီးပြီး ပျော်ပျော်ပါးပါးခရီးထွက်ရမယ့် အခွင့်အရေးမို့ ၃ညအိပ်၄ရက်တာ ခရီးစဉ်လေးကို လိုက်စေချင်ပါတယ်ရှင်။

🚎ဘုရားဖူးမဲ ကံထူးရှင်များအားလုံးကို တစ်ဦးချင်းစီ အကြောင်းကြားပေးထားပြီး လိုက်ပါမည့်သူများအတွက် ခရီးစဉ်နဲ့ပတ်သတ်ပြီး ထပ်မံသိရှိလိုပါက-

☎️09-5144869 (Phone)
☎️09-423163993 ( Viber)

https://m.facebook.com/story.php?story_fbid=1016749983804723&id=100064091918121



..........................ⓉⒽⒶⓃⓀⓎⓄⓊ......................

Back In Stock ပြန်ရောက်ပြီဖြစ်တဲ့ မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ~📢ကာကာတို့အမြဲမေးနေကျဖြစ်တဲ့ ၂လုံးဝင...
02/01/2026

Back In Stock ပြန်ရောက်ပြီဖြစ်တဲ့ မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ~

📢ကာကာတို့အမြဲမေးနေကျဖြစ်တဲ့ ၂လုံးဝင်၊၄လုံးဝင်၊တစ်ပြည်ဝင် ထမင်းပေါင်းအိုး၊၁၂လက်မ၊၁၄လက်မ ဒယ်နီ၊ဒယ်ပြာ၊ဖားဒယ်၊စားပွဲတင်ပန်ကာ

📢ထမင်းပေါင်းအိုး၊ဒယ်နီ၊ခေါက်ဆွဲပြုတ်အိုး၊ကြက်ဥပြုတ်အိုး၊ရေနွေးအိုး၊သစ်သီးဖျော်စက်၊အသားကြိတ်စက်၊ဟော့ပေါ့/အကင်အိုး၊မီးပူ၊ပန်ကာ၊Air-cooler၊စတီးချိုင့်များ(အထူ/အပါး)၊hot-plate၊
စတဲ့ မီးဖိုချောင်သုံး/အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို
ရေစက်မိသားစုဆိုင်ခွဲတိုင်းတွင် စျေးနှုန်းသင့်တင့်စွာဝယ်ယူရရှိနိုင်ပါပြီ။💯

Head-office
🏢မေယုရုံးချုပ်-အမှတ်(၂၅/ခ)၊ဝေဘာဂီလမ်းမကြီး၊
ကရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
☎️ 09421177593
🚏64ကားမှတ်တိုင်တွင်ဆင်းရန်၊တုဿိတာလမ်းဆုံ။
🕗 ရုံးချုပ်ဖွင့်ချိန်~8.A.M to 5.P.M 🏘Open daily

ရေစက်မိသားစုဆိုင်ခွဲများ-

🏪 ရွှေပြည်သာဆိုင်ခွဲ-အမှတ်(၃၉၈/၃၉၉)၊ဘုရင့်နောင်လမ်းမကြီး၊(၈)ရပ်ကွက်၊ရွှေပြည်သာမြို့နယ်၊ရနိကုန်မြို့။ ☎️ 09421154879
🚏နဝရတ်စျေးမှတ်တိုင်အနီး
🕗ဆိုင်ဖွင့်ချိန်~7.A.M to 5.P.M 🏘Open daily

🏪 ဒေါပုံဆိုင်ခွဲ-အမှတ်(၁၃)၊မင်းနန္ဒာလမ်း၊ဗိုလ်ထွန်းဇံရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်မြို့။
☎️ 095191574
🚏ဝက်စုမှတ်တိုင်
🕗ဆိုင်ဖွင့်ချိန်~7.A.M to 5.P.M 🏘Open daily

မင်္ဂလာဒုံမြို့နယ်အတွင်းရှိဆိုင်ခွဲများ-

🏪 မင်္ဂလာဒုံဆိုင်ခွဲ(၁)-အမှတ်(၅၆/ခ)၊မာလာလမ်း၊၂/က-ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။
☎️ 095066421
🚏ရာသက်ပန်မှတ်တိုင်အနီး
🕗ဆိုင်ဖွင့်ချိန်~7.A.M to 5.P.M 🏘Open daily

🏪 ထောက်ကြန့်ဆိုင်ခွဲ-အမှတ်(၁၈)သုတိလမ်း၊ပ စံပြရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။
☎️ 09421154876
🚏 ထောက်ကြန့်စျေးမှတ်တိုင်အနီး၊YBS-92,32,35,97,116(မှော်ဘီဘက်),37,107
🕗ဆိုင်ဖွင့်ချိန်~7.A.M to 5.P.M 🏘Open daily

🏪 သင်္ဃန်းကျွန်းကြီးဆိုင်ခွဲ-အမှတ်(၈၂)၊အောင်စည်းခုံဘုရားလမ်း၊ကျောင်းကြီးရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့၊
☎️ 09421153550
🚏 သင်္ဃန်းကျွန်းကြီးမှတ်တိုင်အနီး
🕗 ဆိုင်ဖွင့်ချိန်~7.A.M to 5:30P.M 🏘Open daily

🏪 ပတ္တမြားဆိုင်ခွဲ-အမှတ်(၅၁၀/၅၁၂)၊ပုလဲလမ်း၊ပတ္တမြားမြို့သစ်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။
☎️ 09880049967
🚏ဆိုင်းဘုတ်မှတ်တိုင်၊ပတ္တမြားမြို့သစ်၊
🕗 ဆိုင်ဖွင့်ချိန်~7.A.M to 5.P.M 🏘Open daily

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိဆိုင်ခွဲများ-

🏪 သန္တာဆိုင်ခွဲ-အမှတ်(၃၉၃)၊သန္တာ(၆)လမ်း၊(စ)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်။
☎️ 09421153566
🚏သန္တာမှတ်တိုင်အနီး။
🕗 ဆိုင်ဖွင့်ချိန်~7.A.M to 5.P.M 🏘Open daily

🏪 ခြောက်ကွေ့ဆိုင်ခွဲ-အမှတ်(၂၂/က)၊ဝေဘာဂီလမ်းမကြီး၊ညရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
🚏 ခြောက်ကွေ့မှတ်တိုင်အနီး။
☎️ 09421154874
🕗 ဆိုင်ဖွင့်ချိန်~7.A.M to 5:30P.M 🏘Open daily

🏪 မေယုဆိုင်ခွဲ-အမှတ်(၂၃/ခ)၊ဝေဘာဂီလမ်းမကြီး၊
မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
☎️ 09421154875
🚏64ကားမှတ်တိုင်တွင်ဆင်းရန်၊တုဿိတာလမ်းဆုံ။
🕗 ဆိုင်ဖွင့်ချိန်~7.A.M to 5.P.M 🏘Open daily

🏪 မင်းရန်အောင်ဆိုင်ခွဲ(၁၀)-အမှတ်(၃၈)၊ခေမာသီလမ်းမကြီး၊ဆ-ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်။
☎️ 095047495
🚏စျစျေးမှတ်တိုင်အနီး
🕗 ဆိုင်ဖွင့်ချိန်~7.A.M to 5:30PM 🏘Open daily

#ကိုယ်တိုင်ရိုက်ပုံများဖြစ်တဲ့အတွက်ပုံယူသုံးခြင်းသည်းခံပါရှင့်။🙏


..........................ⓉⒽⒶⓃⓀⓎⓄⓊ......................
လက်ကားရောင်းချခြင်းနှင့်ပတ်သတ်ပြီးစုံစမ်းရန်-
☎️-09 5066428
☎️-09 261101168
☎️-09 5144869 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။🥰..........................ⓉⒽⒶⓃⓀⓎⓄⓊ......................

"𝙃𝙖𝙥𝙥𝙮 𝙈𝙤𝙩𝙝𝙚𝙧'𝙨 𝘿𝙖𝙮"    ✨အမေများသို့ကျေးဇူးတင်လွှာ🤱🏻✨🌻ချစ်ရတဲ့မေမေရေ မသိတတ်နားမလည်ခဲ့စဉ် ငယ်စဉ်တောင်ကျေးကလေးဘဝတုန်းကတည်း...
02/01/2026

"𝙃𝙖𝙥𝙥𝙮 𝙈𝙤𝙩𝙝𝙚𝙧'𝙨 𝘿𝙖𝙮"

✨အမေများသို့ကျေးဇူးတင်လွှာ🤱🏻✨

🌻ချစ်ရတဲ့မေမေရေ မသိတတ်နားမလည်ခဲ့စဉ် ငယ်စဉ်တောင်ကျေးကလေးဘဝတုန်းကတည်းက ချော့တစ်လှည့်ခြောက်တစ်ခါ သွန်သင်ပြသ ဆိုဆုံးမခဲ့ပေးတာတွေအတွက်ကျေးဇူးတင်ပါတယ်။

🌻ချစ်ရတဲ့မေမေရေ နာမကျန်းဖြစ်ချိန်ကာလတွေမှာ စိတ်ပူပင်စွာနဲ့ စောင့်ရှောက်ပြုစုပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်။

🌻ချစ်ရတဲ့မေမေရေ ဘဝရဲ့အခက်အခဲတွေရင်ဆိုင်ရတိုင်းမှာ ရှေ့ကမားမားမတ်မတ်ရပ်တည်ကာကွယ်ပေးခဲ့တာတွေ၊အကြံပေးလမ်းပြပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။

💁🏻‍♀️🥰ချစ်ရတဲ့မေမေရေ အခုလိုမျိုးကျန်းကျန်းမာမာ စိတ်ချမ်းသာစွာနဲ့ ဘဝတစ်လျှောက်အေးချမ်းပါစေ။

👩🏻‍🍼ပြာသိုလပြည့်နေ့လည်းဖြစ်သလို ၂.၁.၂၀၂၆မှာ ကျရောက်တဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ အမေများနေ့ကိုဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာပေါ်ရှိမိခင်များအားလုံး အသက်ရှည်စွာ အနာမဲ့ခြင်း ရန်ဘေးကင်းကွာ၍ လိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း ရေစက်မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။🙏🏻

💌Wish all the best from🎊
Yaezet Company Limited



#အမေများနေ့
..........................ⓉⒽⒶⓃⓀⓎⓄⓊ......................

✨Happy New Year 2026🎊 ✨🎉2026နှစ်သစ်မှစတင်၍စဉ်ဆကိမပြတ်ဝယ်ယူအားပေးခဲ့ကြသောcustomer များ၊အဘက်ဘက်မှပံ့ပိုးကူညီလျက်ရှိကြသောရေ...
01/01/2026

✨Happy New Year 2026🎊 ✨

🎉2026နှစ်သစ်မှစတင်၍စဉ်ဆကိမပြတ်ဝယ်ယူအားပေးခဲ့ကြသောcustomer များ၊အဘက်ဘက်မှပံ့ပိုးကူညီလျက်ရှိကြသောရေစက်မိသားစုလုပ်ငန်း၏ဝန်ထမ်းများ၊စီးပွါးမိတ်ဖက်လုပ်ငန်းရှင်များနှင့်မိဘပြည်သူများအားလုံးပျော်ရွှင်ချမ်းမြေ့သောနေ့ရက်များစွာပိုင်ဆိုင်ပြီး စီးပွါးလာဘ်လာဘတိုးတက်အောင်မြင်ပါစေကြောင်းရေစက်မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်။

🎉ရေစက်မိသားစုမှယခင်ကထက်ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးအပ်နိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်းအသိပေးပြောကြားလျက်2026နှစ်သစ်အားကြိုဆိုအပ်ပါသည်။

“💌We wish you all the best, full of joys & happiness for coming 2026💚✨”

💌Wish all the best from🎊
Yaezet Company Limited


..........................ⓉⒽⒶⓃⓀⓎⓄⓊ......................

2025 Season’s Greetings from Yaezet 🎄🧑🏻‍🎄🎄 2025နှစ်သစ်မှစတင်၍စဉ်ဆက်မပြတ်ဝယ်ယူအားပေးခဲ့ကြသောcustomer များ၊အဘက်ဘက်မှပံ့ပို...
25/12/2025

2025 Season’s Greetings from Yaezet 🎄🧑🏻‍🎄

🎄 2025နှစ်သစ်မှစတင်၍စဉ်ဆက်မပြတ်ဝယ်ယူအားပေးခဲ့ကြသောcustomer များ၊အဘက်ဘက်မှပံ့ပိုးကူညီလျက်ရှိကြသောရေစက်မိသားစုလုပ်ငန်း၏ဝန်ထမ်းများ၊စီးပွါးမိတ်ဖက်လုပ်ငန်းရှင်များနှင့်မိဘပြည်သူများအားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ ပျော်ရွှင်ဖွယ်ရာ Christmas အချိန်အခါလေးဖြစ်ပါစေကြောင်း ရေစက်မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🎄🧑🏻‍🎄

“We wish you a merry Christmas 🎄🎁 “
“Wishing peace & joy, merry & bright for your days”🤶✨




..........................ⓉⒽⒶⓃⓀⓎⓄⓊ......................

ကညီနံဉ်ထီဉ်သီ  ✨“တူဆင်နွှဲပျော် ကရင်နှစ်သစ်ကူးပွဲတော်”ကရင်နှစ် ၂၇၆၅ခုနှစ်🎊ယနေ့တွင်ကျရောက်သည့် (၈၈)ကြိမ်မြောက် ကရင်နှစ်သစ...
19/12/2025

ကညီနံဉ်ထီဉ်သီ ✨
“တူဆင်နွှဲပျော် ကရင်နှစ်သစ်ကူးပွဲတော်”
ကရင်နှစ် ၂၇၆၅ခုနှစ်🎊

ယနေ့တွင်ကျရောက်သည့် (၈၈)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်တွင် ကရင်အမျိုးသားများနှင့်တကွ တိုင်းရင်းသားလူမျိုးများအားလုံးအပါအဝင် မြန်မာပြည်သူ/ပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ရေစက်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🎉

ကရင်နှစ်သစ် (၂၇၆၅)ခုနှစ်အား ဂုဏ်ပြုကြိုဆိုလျက် ဧရာဝတီကရင်လူငယ် ဦးဆောင်ကော်မတီမှ မျှဝေသော ကရင်အမျိုးသားနှစ်ကူးနေ့ သမိုင်းအကျဉ်းကိုပြန်လည်မျှဝေလိုက်ရပါသည်ရှင်။

သလေးထိုင်ခုတ်ဖို၊ ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်လူမျိုးတို့၏ နေထူးနေ့မြတ်များထဲမှ တစ် ရက်ဖြစ်သော ကရင်နေ့သစ်ကူးနေ့ဖြစ်ပါသည်။ ကရင်လူမျိုးတို့သည် “ထီးဆဲ့မဲ့ယွား” အရပ်မှ ဘေးအန္တရာယ် မျိုးစုံတို့ကိုရင်ဆိုင်၍ လက်ရှိနိုင်ငံအတွင်းသို့ ဘီစီ ၁၁၂၅ တွင် ပထမအကြိမ်၊ ဘီစီ ၇၃၉ တွင် ဒုတိယအကြိမ်ဖြင့် အစောဆုံးရောက်ရှိနေထိုင် အခြေချခဲ့သော လူမျိုးဖြစ်သည်။ခေတ်အဆက်ဆက် ကရင်ခေါင်းဆောင်များသည် ကရင် လူမျိုးတို့၏ အခွင့်အရေးများကို လွှတ်တော်အတွင်း တောင်းဆိုခဲ့ရာ ၁၉၃၇ ခုနှစ်တွင် ကရင်တစ်မျိုးသားလုံး အတွက် ကရင်နှစ်သစ်ကူးနေ့ကို တရားဝင်အသိအမှတ်ပြုရရှိခဲ့ပါသည်။ ကရင်လူမျိုးတို့သည့် ၁၉၃၈ ဇန်နဝါရီလ (၁) ရက်နေ့၊ ကရင်နှစ် ၂၆၇၇ ခုနှစ် သလေးလဆန်း(၁)ရက်နေ့မှ စတင်ကာ တရားဝင်ရရှိလာသော ကရင်နှစ်သစ်ကူးနေ့ကို နှစ်စဉ်နှစ်တိုင်း အခက်အခဲနှင့် စိန်ခေါ်မှုမျိုးစုံကြားမှ နေရာဒေသအသီးသီးတွင် စုပေါင်းကျင်းပကာ ယနေ့ထိတိုင် ကျင်းပပြုလုပ်ခဲ့ကြသည့်မှာ (၈၇) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။

Source-ဧရာဝတီကရင်လူငယ် ဦးဆောင်ကော်မတီ

ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသော ကရင်နှစ်ကူးဖြစ်ပါစေကြောင်း ရေစက်မိသားစုမှ ထပ်လောင်းဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

#ကရင်နှစ်သစ်ကူး
#ကရင်တိုင်းရင်းသား

Donation memories (5.12.2025)🥰🙏🏻အိုးစောပြီးသွားတာရယ် ၊ပူပူနွေးနွေးစားစေချင်တဲ့ စေတနာကြောင့် သတ်မှတ်ထားတဲ့အချိန်ထက် စောပြ...
06/12/2025

Donation memories (5.12.2025)🥰

🙏🏻အိုးစောပြီးသွားတာရယ် ၊ပူပူနွေးနွေးစားစေချင်တဲ့ စေတနာကြောင့် သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး ပြောင်းလဲဝေမျှလိုက်ရတာကြောင့် အားမပေးလိုက်ရတဲ့ ချစ်မိတ်ဆွေအပေါင်းတို့ကို အားနာပါတယ်ရှင်။

✨5.12.2025 နေ့တွင် ရေစက်မိသားစုမှ ကြက်သားကြာဇံကြော်ဗူးပေါင်း(၁၅၃၀)တိတိလှူဒါန်းဝေမျှခဲ့တဲ့ပုံရိပ်လေးဖြစ်ပါတယ်။

✨အလှူဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြပါသောရပ်မိရပ်ဖများ၊အိမ်နီးနားချင်းမိတ်ဆွေများနှင့် ရေစက်မိသားစုမှဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

📿နောင်တွင်လည်းချစ်ခင်ရသောမိတ်ဆွေများနှင့်အတူ ဆက်လက်လှူဒါန်းသွားနိုင်အောင််ကြိုးစားသွားပါအုံးမည်ဟုပြောကြားရင်း သုံးတန်စေတနာဖြင့် သာဓုခေါ်ဆိုနိုင်ရန် ကြည်နူးကုသိုလ်တော်မျှဝေလိုက်ရပါသည်ရှင်🙏🏻🙏🏻
........................ⓉⒽⒶⓃⓀⓎⓄⓊ........................

မတည်အလှူရှင်   🙏 ဦးသန်းထွဋ်+ဒေါ်သီတာ၀င်း(ရေစက်မိသားစု)နှင့်         ၀န်ထမ်းများပညာနှင့်လုပ်အားအလှူရှင်များဖြစ်ကြသော   🙏...
02/12/2025

မတည်အလှူရှင်
🙏 ဦးသန်းထွဋ်+ဒေါ်သီတာ၀င်း(ရေစက်မိသားစု)နှင့်
၀န်ထမ်းများ

ပညာနှင့်လုပ်အားအလှူရှင်များဖြစ်ကြသော
🙏ဦးတင်မျိုး+ဒေါ်ခင်၀င်း မိသားစုနှင့်လုပ်သားများ
🙏ဦးမျိုးထွဋ်+ဒေါ်အေးအေးသန်း မိသားစုတို့မှ

⏰(၅.၁၂. ၂၀၂၅) (သောကြာနေ့) ညနေ (၄:၀၀) အချိန်
🏛️အမှတ် ၂၅/က၊ ဝေဘာဂီလမ်းမကြီး
(တုဿိတာစျေးထိပ်)၊ (က)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်တွင်

♨️ကြက်သားကြာဇံကြော် ဗူး(၁၀၀၀)အား
လှူဒါန်းဝေငှသွားမည်ဖြစ်ပါသဖြင့်
မည်သူမဆိုလာရောက်သုံးဆောင်နိုင်ပါကြောင်းနှင့်
🍛🍛🍛

➡️မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ဒေါပုံမြို့နယ်ရှိရေစက်မိသားစုဆိုင်ခွဲများဖြစ်သော
👉၁။ ၆ကွေ့လမ်းဆုံအနီး ၆ကွေ့ ရေစက်မိသားစု အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၂။ သန္တာ (၆)လမ်းထိပ်ရှိ သန္တာ ရေစက်မိသားစု အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၃။ (စျ) စျေးအနီး မင်းရန်အောင် ရေစက်မိသားစု အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၄။ သုတိတာစျေးထိပ်ရှိ မေယု ရေစက်မိသားစု အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၅။ သင်္ဃန်းကျွန်းကြီး ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၆။ ပတ္တမြား ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၇။ ရွှေပြည်သာ ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၈။ ဒေါပုံ ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၅၀)
👉၉။ မင်္ဂလာဒုံ ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၃၀)
👉၁၀။ ထောက်ကြန့် ရေစက်မိသားစု
အပေါင်ဆိုင်တွင် ဗူး (၁၀၀)
အားလှူဒါန်းဝေငှသွားမည်ဖြစ်ပါသည်။

🍝🍝🍝
သို့ဖြစ်ပါ၍ စုစုပေါင်း ကြက်သား ခေါက်ဆွဲ/ကြာဇံကြော်
ဗူး (၁၅၃၀)အား လှူဒါန်းဝေငှမည်ဖြစ်ပါသဖြင့် အားပေးကြသော Customers များနှင့် မိတ်ဆွေအပေါင်းအသင်းများအား ညနေ (၄:၀၀) အချိန်တွင်လာရောက်သုံးဆောင်နိုင်ပါကြောင်း ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။🙏🙏🙏



..........................ⓉⒽⒶⓃⓀⓎⓄⓊ......................

Address

Yangon
11031

Telephone

+9595160934

Website

Alerts

Be the first to know and let us send you an email when Yaezet Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yaezet Company:

Share