YESC Dagon Seikkan

YESC Dagon Seikkan YESC ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)

May လအတွက် မီးပေးချိန်ဇယား
05/05/2026

May လအတွက် မီးပေးချိန်ဇယား

25/04/2026

“မီးသုံးစွဲသူပြည်သူများသို့ အသိပေးပန်ကြားချက်”
ယနေ့ ၂၅-၄-၂၀၂၆ ရက်နေ့၊ ည ၂၀:၀၄ နာရီအချိန်တွင် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့မှုကြောင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Shutdown) ဖြစ်ပွားခဲ့ပါသည်။
လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အဆိုပါဓာတ်အားလိုင်းအား အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ၃/၄ နာရီအတွင်း အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ဓာတ်အားအမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

25/04/2026

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++

ယနေ့ (၂၅.၄.၂၀၂၆) ရက်နေ့၊ (၂၀:၀၄) နာရီအချိန်ခန့်တွင် ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေးအချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက် လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

အသိပေးပန်ကြားချက်
07/04/2026

အသိပေးပန်ကြားချက်

01/04/2026

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++
၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများအား ညွှန်ကြား ရေးမှူး(စက်/လျှပ်) ဦးဆောင်သော (၁၀)+(၁၂၅) စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင် ရေးအဖွဲ့များမှ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့ (၃၁-၃-၂၀၂၆) ရက် နေ့တွင် တာဝါတိုင်အမှတ်(၃၀၉)တိုင်ယိုင်/စောင်းနေမှုအားပြုပြင်ခြင်းလုပ်ငန်း (၇၀%) အားလည်းကောင်း၊ တာဝါတိုင်အမှတ် (၃၁၀) တိုင်ဆင်ခြင်းလုပ်ငန်း (၉၀%)အားလည်းကောင်း ၊ တာဝါ တိုင်အမှတ် (၃၁၁)၏ ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် Stub Setting လုပ်ငန်းများ ဆောင်ရွက်ခြင်း (၉၀%) အားလည်းကောင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း စုစုပေါင်းပြီးစီးမှု (၆၅%) ဖြစ်ပါကြောင်း နှင့် လျှပ်စစ်ဓာတ်အားအမြန်ရရှိရန် လျှပ်စစ်ဝန်ထမ်းများမှ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။

#ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

01/04/2026

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++
၁။ ဓာတ်အားစနစ်မှရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးသို့ အဓိကဓာတ်အားပေးနေသော ဓာတ်အားလိုင်းကြီး (၄) လိုင်း ရှိရာ ၎င်းလိုင်းကြီး (၄) လိုင်းအနက် အလယ်ရိုးမ အနောက်ဘက်ရှိ ရွှေတောင်မှမြောင်းတကာ(ရန်ကုန်)သို့ သွယ်တန်းထားသည့် ၂၃၀ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်း သည်(၂၇.၃.၂၀၂၆) ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ မှ မိုင်းခွဲဖျက်စီးခံခဲ့ရပါသည်။
၂။ ၎င်းအခြေအနေတွင် ကျန်ရှိနေသော ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းတစ်လိုင်းသည် လိုင်းအပြစ်ဖြစ်ပေါ်ခဲ့ပါသဖြင့် အခြားဓာတ်အားလိုင်း(၂)လိုင်းတွင်ဝန်အား ပိုမိုစီးဆင်းခြင်းကြောင့် ယနေ့ (၁.၄.၂၀၂၆) ရက်နေ့၊ (၁၄:၄၅) နာရီအချိန်ခန့်တွင် System Breakdown ဖြစ်ပေါ်ခဲ့ရပါသည်။
၃။ သို့ဖြစ်ပါ၍ အကြမ်းဖက်သောင်းကျန်းသူများဖျက်စီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာနှစ်ထပ်ဓာတ်အားလိုင်းအားလျှပ်စစ်ဝန်ထမ်း(၁၃၅)ဦးဖြင့် အမြန်ပြုပြင်လျှက် ရှိပြီး လက်ရှိတွင် (၇၅)% ခန့်ပြီးစီးနေပြီဖြစ်ပါကြောင်း နှင့် ဓာတ်အားအမြန်ပြန်လည်ရရှိရေး စီစဉ် ဆောင်ရွက်လျှက် ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

#ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊အရှေ့ပိုင်းခရိုင်အတွင်းရှိမြို့နယ်များရှိ ဓာတ်အားသုံးစွဲသူများ၏ ၄၈% ကျော်မှာ...
31/03/2026

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊အရှေ့ပိုင်းခရိုင်အတွင်းရှိမြို့နယ်များရှိ ဓာတ်အားသုံးစွဲသူများ၏ ၄၈% ကျော်မှာ Online မှ ဓာတ်အားခများပေးဆောင်နေပြီဖြစ်ပါသည်။
ကျန်ရှိသောမီးသုံးသူများအနေဖြင့်လည်း Online မှတဆင့်ပေးဆောင်ခြင်းဖြင့်
အချိန်ကုန်သက်သာခြင်း။(တန်းစီမစောင့်ရတော့ပါ။)
ငွေကုန်သက်သာခြင်း။(ရုံးသို့လာမည့် ကားခ၊ဆိုင်ကယ်ဆီဖိုးများသက်သာစေပါမည်။)
ဝန်ဆောင်ခသက်သာခြင်း။(ဘဏ်ဝန်ဆောင်ခ၊အခြားသူများကိုဆောင်ခိုင်း၍ပေးရသောဝန်ဆောင်ခ)
အာမခံချက်ရှိခြင်း။(Bill မဆောင်ပြီး၍မီးဖြတ်ခံရမည့်ကိစ္စ၊ငွေအလိမ်ခံရနိုင်သည့်ကိစ္စ၊ပြဿနာဖြစ်ပါကသက်ဆိုင်ရာဘဏ်မှ ဖြေရှင်းပေးပါမည်။)

စိတ်ချမ်းသာစွာဖြင့်နေနိုင်ဖို့၊မီတာမဆောင်မိခြင်းကြောင့် ဓာတ်အားဖြတ်တောက်မခံရစေရေးအတွက် အိမ်ပြင်ထွက်စရာမလိုဘဲ အိမ်မှာနေရင်း မီတာဘေလ် ပေးဆောင်နိုင်မည့် Online payment များဖြင့် မဖြစ်မနေပေးဆောင်ကြပါစို့။
အောက်က Online payment အားလုံးထဲက တစ်မျိုးမျိုးနဲ့ ပေးဆောင်နိုင်ပါတယ် ခင်ဗျာ။
#ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း+++++++++++++++++++++++++++++၁။ (၂၇.၃.၂၀၂၆)ရက်နေ့ (၁၁:၄၁)နာရီအချိန်တွင်၂၃၀ကေဗွီ ရွ...
31/03/2026

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++
၁။ (၂၇.၃.၂၀၂၆)ရက်နေ့ (၁၁:၄၁)နာရီအချိန်တွင်၂၃၀ကေဗွီ ရွှေတောင်-မင်းလှ-မြောင်းတကာ Double Circuit ဓာတ်အားလိုင်းသည် မင်းလှမြို့နယ်အနီး အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့ သဖြင့် တာဝါတိုင် (၂)တိုင် ပြိုလဲခဲ့ပြီး တာဝါတိုင် (၂)တိုင်မှာ တိမ်းစောင်းသွားခဲ့ သဖြင့် ၎င်းဓာတ်အားလိုင်း မှ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၄၀၀) မဂ္ဂါဝပ် ခန့်မှာ ထုတ်လုပ်နိုင်မှု လျော့နည်းလျက်ရှိပါ သည်။
၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု လျော့နည်းလျက်ရှိပါကြောင်းနှင့် အမြန်ဆုံးပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက် ရှိပါ ကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

Address

ပဲခူးမြစ်လမ်းနှင့် ကနောင်မင်းသားကြီးလမ်းထောင့်
Yangon

Website

Alerts

Be the first to know and let us send you an email when YESC Dagon Seikkan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share