Hotel လမ်းညွှန်

Hotel လမ်းညွှန် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hotel လမ်းညွှန်, Yangon.

Uji Matcha Fresh Strawberry Jam 🍵🍓Admin တော့ ကြိုက်တယ် သောက်လို့ကောင်းတယ် Bangkok ရောက်ရင် Try ကြည့်သင့်ပါတယ် 😍 Bake A W...
16/06/2025

Uji Matcha Fresh Strawberry Jam 🍵🍓
Admin တော့ ကြိုက်တယ် သောက်လို့ကောင်းတယ်
Bangkok ရောက်ရင် Try ကြည့်သင့်ပါတယ် 😍

Bake A Wish Baker ❤

01/03/2025

ငါနိမ့်ပါးနေချိန်မှာ
ငါမှန်နေပေမယ့်
ငါ့ဘက်မရပ်တည်ခဲ့တဲ့လူတွေကို
ငါမမေ့ဘူး !

မရှိရှိတာကို စွန့်လွှတ်ပြီး
ငါကောင်းပေးခဲ့ပေမယ့်
ငါ့ အပေါ် မကောင်းကြတဲ့လူတွေကို
ငါမမေ့ဘူး !

ငါပေးတဲ့မေတ္တာတွေကို
အငွေ့ပြန်စေပြီး
ဆားငံရည်တွေသာပြန်ရွာချပေးတဲ့
လူတွေကို ငါမမေ့ဘူး ,!

ငါတန်ဖိုးထားဆက်ဆံပေမယ့်
ငါ့ဖြစ်တည်မူကို မရိုသေတဲ့
လူတွေကို ငါမမေ့ဘူး !

ငါ့ကျေးဇူးတရားတွေကိုမေ့ပြီး
ငါ့ကိုအကောင်းမမြင်နိူင်တဲ့
လူတွေကို ငါမမေ့ဘူး !

ငါဘက်က ကာကွယ်ပေးခဲ့ပေမယ့်
ငါ့ကိုထိုးနှက်ဖို့ ဝန်မလေးတဲ့
လူတွေကို ငါမမေ့ဘူး !

ငါတိုက်ခိုက်ခံနေရတဲ့ အချိန်မှာ
ငါ့ဘေးနားက ရှောင်ဖယ်ခဲ့တဲ့
လူတွေကို ငါမမေ့ဘူး။

Credit

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်၊မကွေးတိုင်းဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သည် မကွေးတိုင...
13/02/2025

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်
နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်၊မကွေးတိုင်း

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သည် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းတွင်တည်ရှိသည်

ဖေဖော်ဝါရီ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း ၏ နှစ် (၁၁၀) ပြည့်မွေးနေ့ ဖြစ်ပါတယ် ။ 🙏
၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ (၁၃)ရက်နေ့ဟာဆိုရင် ကျွနု်ပ်တို့ မြန်မာနိုင်ငံရဲ့
လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ပဲဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လေးစာ၊းတန်ဖိုးထား
ရသော နိုင်ငံ့ခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းအား သတိရ လွမ်းဆွတ်ခြင်းများစွာဖြင့် ဗိုလ်ချုပ်ပြောကြားခဲ့သော မိန့်ခွန်းလေးဖြင့် လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။


မူရင်းဓာတ်ပုံပိုင်ရှင်လေးစာ၊းစွာဖြင့်ခရစ်ဒစ်ပေးပါတယ်
်းညွှန်

ဘယ်လိုလူကြီးမှန်းမသိပါဘူးဗျာ ..... တိုင်းပြည်ကောင်းဖို့အတွက်ပဲ လုပ်သွားတယ် ❤
13/02/2025

ဘယ်လိုလူကြီးမှန်းမသိပါဘူးဗျာ .....
တိုင်းပြည်ကောင်းဖို့အတွက်ပဲ လုပ်သွားတယ်

13/02/2025

မနက်ဖန် ဖေဖော်ဝါရီ 14 ရက်နေ့မှာ
ဘယ် Hotel တည်းရမလည်း
ဘယ် Hotel ကောင်းလည်း လာမေးတဲ့သူများ
မင်မင် စာတွေမြင်ပါတယ် တမင်မဖြေတာပါ 😁
မင်မင့်ပါခေါ်မယ်ဆိုမှ ဖြေပေးပါ့မယ် 😂😂😂

Funny

အာ့လိုသူငယ်ချင်း ရှိလား 😂
11/02/2025

အာ့လိုသူငယ်ချင်း ရှိလား 😂

ငါစံနမူနာထားရတဲ့ဈေးသည်တစ်ယောက်ရှိတယ်
အိမ်နားကမနက်စာရောင်းတဲ့ခေါက်ဆွဲသုပ်သည် မနက်8နာရီလောက်မှနိုးလို့သူ့ဆိုင်စားမယ်ဆိုပြီးမကြည့်နဲ့ မရှိဘူး
ကုန်သွားတာမဟုတ်ဘူး စောစောမထနိုင်လို့ဆိုပြီးမဖွင့်သေးတာ
ဖွင့်တာသာနောက်ကျတာ 10နာရီလောက်ဆို သူကသီချင်းလေးတအေးအေးနဲ့သိမ်းနေပြီ
မုန့်ကုန်လို့လည်းမဟုတ်ဘူး သိမ်းချင်လို့ကိုသိမ်းတာ တစ်ရက်ကလည်း မုန့်လာဝယ်တဲ့လူတွေက ဟယ် ဈေးဆိုင်ကဆိုင်ရှင်မရှိဘူး
ဆိုင်ရှင်မရှိဘူးနဲ့ပြန်ပြန်သွားကြတာ
တကယ်က မုန့်ဆိုင်ခုံအောက်မှာဝင်ပုန်းပြီး
ဂိမ်းဆော့နေတာ သူက
ဘာလို့လဲဆိုတော့ လာဝယ်နေရင် ရောင်းရမှာပျင်းလို့တဲ့ 😂😂😂

ဘူးသီးဖတ်ကိုစားပြီး မုန့်နှစ်ကို နွှင့်ပြစ်တဲ့အဖွဲ့ကပါ
15/01/2025

ဘူးသီးဖတ်ကိုစားပြီး မုန့်နှစ်ကို နွှင့်ပြစ်တဲ့အဖွဲ့ကပါ

ငါတို့များ
ဘူးသီးကြော်စားရင်
အပြင်ကမုန့်နှစ်ကြော်ပဲစားပြီး
အထဲက ဗူးသီးဖတ်ကိုလွှ- င့်ပ- စ်တာ ..... 😄

အေး
ဒါပေမယ့်
ဘူးသီးမပါဘဲ
မုန့်နှစ်ကြီးပဲကြော်ကျွေးမယ်
စာ:မလား လာမေးရင် လုံးဝမစာ:ဘူး ..... 😄

အဲဒါ
ဘူးသီးကြော်အပေါ်မှာ
ငါတို့ထားတဲ့ သ- စ္စာပဲ ..... 🤣🤣🤣

30/12/2024

ကျွန်တော့်နာမည် တိုးတက် ပါ။
ကျွန်တော်တို့ ဘယ်နေရာ၊ ဘယ်အချိန်မှာ တွေ့ခဲ့ကြသည် သိခဲ့ကြသည်ဖြစ်ဖြစ် လူတချို့ကတော့ ကျွန်တော့်ကို မှတ်မိကြမယ်ထင်ပါတယ်။

ကျွန်တော့်ကို မှတ်မိတဲ့သူတချို့လည်းရှိမယ်။ သေသေချာချာ မမှတ်မိကြ တဲ့သူတွေလည်းရှိမှာပါ။

ဒါပေမယ့် ကျွန်တော့်page မှာ ရှိနေတဲ့ သူတွေတော်တော်များများကတော့ မှတ်မိကြသေးလို့ ရှိနေကြတာလို့ ယုံကြည်ချင်ပါတယ်။

Facebook မှာ Like တွေ Follow တွေထက် စာတစ်ခုခုရေးပြီး ပြောဆိုဆက်သွယ်နိုင်ကြခြင်းရှိမရှိ သိချင်မိပါတယ်။

ဒါကြောင့် "အမှတ်တရဆုံတွေ့မှု " ဆိုတဲ့ အစီအစဉ်လေးတစ်ခုမှာ ပါဝင်ကြည့်ရအောင်။ အဓိကကတော့ ပုံမတင်ထားတဲ့ ဒီ Post ကို ဘယ်သူတွေဖတ်ကြမလဲဆိုတာပါ။ နည်းပညာတွေထဲ နစ်မွန်းနေကြတဲ့အခါ မိတ်ဆွေရင်း ဆက်ဆံရေးကို မေ့လျော့နေတတ်ကြပါတယ်။ ဒီစာကိုမဖတ်ဖြစ်လည်း လူမှု ဆက်ဆံရေး စမ်းသပ်ချက်တစ်ခု သက်သက်ပဲ သတ် မှတ်လိုက်ပါမယ်။

မတော်တဆ ဒီစာကို အဆုံးထိဖတ်ဖြစ်ခဲ့ရင်တော့၊ စာဖတ်သူနဲ့ ကျွန်တော်နဲ့ ပတ်သက်တဲ့ စကားစုတစ်ခုလောက် Comment မှာချန်ပေးခဲ့ပါ။

ဥပမာ စာဖတ်သူအနေနဲ့ ကျွန်တော့်ကို အမှတ်ရနေစေတဲ့နေရာဖြစ်ဖြစ်၊ အရာဝတ္ထုတစ်ခုဖြစ်ဖြစ်၊ လုပ်ရပ်တစ်ခုဖြစ်ဖြစ်၊ အမှတ်တရတစ်ခုခုပေါ့။

ပြီးရင် ဒီစာကို အစအဆုံး ကူးယူပြီး စာဖတ်သူရဲ့ Wall ပေါ်မှာ ပြန်တင်ပေးပါ။ မ Share ပါနဲ့

ကူးယူဖော်ပြတဲ့အခါ ကျွန်တော့်နာမည်ကို စာဖတ်သူနာမည်နဲ့အစားထိုးပေးပါ။ စာဖတ်သူ ကူးယူပြန်တင်တဲ့စာကိုကော ဘယ်သူတွေဖတ်မလဲ၊ မန့်ပေးမလဲ ကြည့်ကြည့်ကြတာပေါ့။

Credit

05/12/2024
ဒီဇင်ဘာလထဲမှာ ပုဂံသွားမယ့် အစီစဥ်ရှိရင် ရှယ်သိမ်းထားလိုက်နော် 😘
01/12/2024

ဒီဇင်ဘာလထဲမှာ ပုဂံသွားမယ့် အစီစဥ်ရှိရင်
ရှယ်သိမ်းထားလိုက်နော် 😘

ဒီဇင်လာမှာ ပုဂံသွားဖို့အစီစဥ်ရှိရင်
ရှယ်ထားလိုက်ပါ 😘

ပုဂံမှာလည်ဖို့ ဘုရားဖူးဖို့ သွားရောက်နိုင်တဲ့ ဘုရားများ နဲ့ ပုဂံအနီးတစ်ဝိုက်နေရာများ

ပုဂံမှာသွားလာလည်ပတ်မယ်ဆိုရင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ပုဂံကိုသွားမယ့်သူတွေအမေးအများဆုံးက ပုဂံမှာဘယ်လိုလည်ရမလဲဆိုတာပါပဲ။ ပုဂံကို ဘယ်လိုလည်မလဲဆိုတာကို ကျနော်ခွဲခြားထားတာလေးပြောပြချင်ပါတယ်။ဘယ်လိုသွားရင်အဆင်ပြေတာလေးလဲ ခွဲပြထားပါတယ်။

ပုဂံမှာ ၁ညအိပ် ၂ရက်နေမယ်ဆို
ပထမရက်
မနက်ပိုင်းမှာ ညောင်ဦး - ဝက်ကြီးအင်း
ညနေပိုင်းမှာ ဓမ္မရံကြီး စူဠာမဏိ ပြသာဒ်ကြီး
မင်းနန်သူဘက်

ဒုတိယရက်
မနက်ပိုင်း - စွယ်တော်လေးဆူ (သို့မဟုတ်)
ပုဂံမြို့သစ် ဓမ္မရာဇိက
ညနေပိုင်း - ပုဂံမြို့ဟောင်း
------------------------------------------------------------------------
၂ညအိပ်၃ရက်နေမယ်ဆိုရင်
ပထမရက်
မနက်ပိုင်း- ညောင်ဦး - ဝက်ကြီးအင်း
ညနေပိုင်း -မင်းနန်သူရွာ

ဒုတိယရက်
မနက်ပိုင်း- စွယ်တော်လေးဆူ
ညနေပိုင်း - ဓမ္မရံကြီး စူဠာမဏိ ပြသာဒ်ကြီး
ဓမ္မာရာဇိက

တတိယရက်
မနက်ပိုင်း - ပုဂံမြို့သစ်
ညနေပိုင်း - ပုဂံမြို့ဟောင်း
-------------------------------------------------------------------------
ကိုယ်သွားချင်တဲ့ဘုရားတွေ ရောက်အောင်သွားချင်တာတွေ မဖြစ်မနေသွားချင်တဲ့ဘုရားတွေကိုစာရင်းတစ်ခုလုပ်ပြီး ဆက်စပ်သွားဖို့ လမ်းကြောင်းစဉ်းစားစေချင်ပါတယ်။

ကျနော်က ပုဂံကို အောက်ပါအတိုင်းခွဲပါတယ်။
----------------------------------------------------------------------------
Zone 1
ညောင်ဦး ဝက်ကြီးအင်းဘက်

Zone 2
မြို့ဟောင်း တောင်ဘီ

Zone 3
ပုဂံမြို့သစ် မြင်းကပါ

Zone 4
အနော်ရထာလမ်းနဲ့ လေဆိပ်လမ်းကြား

Zone 5
မင်းနန်သူရွာအနီးတစ်ဝိုက်
--------------------------------------------------------------------
ဒီတော့ Zone 1မှာဘာဘုရားတွေပါမလဲဆိုရင်

ညောင်ဦးမြို့အနီးဝန်းကျင်မှ ပုဂံဘုရားများ
•••••••••••••••••••••••••••••••••••••••••••••••••••
ကျောက်ဂူဥမင်- ညောင်ဦးအထွက် ပခုက္ကူမြင်းခြံလမ်း
ကုန်းတော်ကြီး - ညောင်ဦးမြို့အရှေ့မြောက်ဘက်
သကျမုနိ- ညောင်ဦးမြို့အရှေ့မြောက်ဘက်
ရွှေသပိတ်- ညောင်ဦးမြို့အရှေ့မြောက်ဘက်
ချောက်ဘုရားလှ- ညောင်ဦးမြို့အရှေ့မြောက်ဘက်
ဆပဒစေတီ- ညောင်ဦးမြို့အဝင်
ငှက်ပစ်တောင်- ညောင်ဦးမြို့ဆပဒရပ်ကွက်
ရှင်အရဟံအုတ်ကျောင်း
သမီးဝှက်ဥမင်
မြားသဥမင်
ရွှေစည်းခုံ- ညောင်ဦးလမ်းမတော်
ကျန်စစ်သားဥမင်- ညောင်ဦးလမ်းမတော်

အနော်ရထာလမ်းနဲ့ ဝက်ကြီးအင်း အနီးဝန်းကျင်မှ ဘုရားများ
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဂူပြောက်ကြီး -အနော်ရထာလမ်း
ဂူပြောက်ငယ် -အနော်ရထာလမ်း
အလိုဝ်တော်ပြည့် -အနော်ရထာလမ်း
စဉ့်ပုထိုး -အနော်ရထာလမ်း
အရှေ့လိုဏ်ရှည်ဘုရား- အနော်ရထာလမ်း
ရွာဟောင်းကြီးဘုရား - အနော်ရထာလမ်း
ရွှေနန်းရင်တော် - အနော်ရထာလမ်း
ဗူးလည်သီး - အနော်ရထာလမ်းမှဝင်နိုင်
ဆူးလေကုန်းဘုရား
နပဲတော (ဝတ္တနတောဘုရားစု)
တမာလမ်း - ပုဂံဂေါက်ကွင်းဝင်ပေါက်
ထီးလိုမင်းလို- ညောင်ဦးလမ်း
ရွှေလိပ်တူး- ညောင်ဦးလမ်း
ယင်မနားဘုရား- ညောင်ဦးလမ်း
သိကြားပုန်း - ညောင်ဦးလမ်း
သိကြားဟစ် - ညောင်ဦးလမ်း
မြစည်းခုံ - ညောင်ဦးလမ်း
===================================
Zone 2 မှာပါမယ့်ဘုရားတွေက

တောင်ဘီအနီးမှဘုရားများ
••••••••••••••••••••••••••••••••••••••••••••
ဥပါဠိသိမ်- ညောင်ဦးလမ်း
တိုင်တစ်ရာကျောင်း- ညောင်ဦးလမ်း
နတ်ထောင့်ကျောင်း- တောင်ဘီရွာအတွင်း
ရွှေကွန်ချာ- တောင်ဘီရွာအတွင်း

ပုဂံမြို့ဟောင်းအနီးမှဘုရားများ
•••••••••••••••••••••••••••••••••••••
မင်းအိုချမ်းသာ- ညောင်ဦးလမ်းအနီး
အာနန္ဒာ- ညောင်ဦးလမ်းအနီး
သရပါတံခါး- ညောင်ဦးလမ်း
နန်းတော်ရာ- ညောင်ဦးလမ်းပေါ်
ပုဂံနန်းတော် ညောင်ဦးလမ်းပေါ်
မဟာဗောဓိ - သီရိပစ္စယာဟိုတယ်အဝင်လမ်း
ဂူပိစပ်ဘုရား - သီရိပစ္စယာဟိုတယ်အဝင်လမ်း
ရွှေထီးဆောင်းဘုရား - သီရိပစ္စယာဟိုတယ်အဝင်လမ်း
မျက်တော်ပြေ- ညောင်ဦးလမ်းနဲ့ဗူးဘုရားအဝင်လမ်းထောင့်
အတွင်းစည်းခုံ- ညောင်ဦးလမ်းနဲ့ဗူးဘုရားအဝင်လမ်းထောင့်
ဗူးဘုရား - ဧရာဝတီမြစ်ကမ်းအနီး
ကန်တော့ပလ္လင်- ညောင်ဦး ချောက်လမ်း
မီးမလောင်ကျောင်း- ညောင်ဦးချောက်လမ်း
ဖားဘုရား ဖွတ်ဘုရား ပေါက်ပင်ဘုရား- မီးမလောင်ကျောင်းအနား
ပုဂံပြတိုက်- ညောင်ဦးချောက်လမ်း
မင်္ဂလာစေတီ- ညောင်ဦးချောက်လမ်း
ပုထိုးသားများ -မီးမလောင်ကျောင်းနောက်ကျောလမ်း
ငကျွဲနားတောင်း -မီးမလောင်ကျောင်းနောက်ကျောလမ်း
မဟာစေတီ- မီးမလောင်ကျောင်းနောက်ကျောလမ်း
မင်္ဂလာစေတီ- မီးမလောင်ကျောင်းနောက်ကျောလမ်း
ပသာဒဘုရား - အနော်ရထာလမ်းပေါ်
ဆင်များရှင်ဘုရား - အနော်ရထာလမ်းပေါ်
သဗ္ဗညု -အနော်ရထာလမ်းအနီး
ဂရို့ဘုရား - သဗ္ဗညု ဘုရားအနီး
ရွှေဂူကြီး -သဗ္ဗညု ဘုရားအနီး
တဘက်ကျဘုရား -သဗ္ဗညု ဘုရားအနီး
သံတော်ကြား -သဗ္ဗညု ဘုရားအနီး
ပိဋကတ်တိုက်-သဗ္ဗညု ဘုရားအနီး
ပုတ္တလင်ဘုရား -သဗ္ဗညု ဘုရားအနီး
=====================================
Zone 3 မှာတော့

မြင်းကပါအနီးမှဘုရားများ
•••••••••••••••••••••••••••••••••••••
မီးငြိမ်းကုန်း - အနော်ရထာလမ်းနဲ့ညောင်ဦးလမ်းဆုံအနီး
တဝဂူဘုရား - အနော်ရထာလမ်းနဲ့ညောင်ဦးလမ်းဆုံအနီး
မြင်းပြဂူဘုရား - အနော်ရထာလမ်းနဲ့ညောင်ဦးလမ်းဆုံအနီး
နွားပြဂူဘုရား-အနော်ရထာလမ်းနဲ့ညောင်ဦးလမ်းဆုံအနီး
ဂူပြောက်ငယ်မြင်းကပါ - မြင်းကပါ
ဂူပြောက်ကြီး မြင်းကပါ - မြင်းကပါရွာ
မြစေတီ - မြင်းကပါရွာ
မြင်းကပါ - မြင်းကပါရွာ
မနူဟာ - မြင်းကပါရွာ
နန်းဘုရား - မနူဟာအနီး
ပြတ်စရွှေဂူ - မြင်းကပါရွာ အနောက်
အပယ်ရတနာဘုရား - ညောင်ဦး ချောက်လမ်းပေါ်
နဂါးရုံဘုရား - ညောင်ဦး ချောက်လမ်းပေါ်
လေးမျက်နှာဘုရား- ညောင်ဦး ချောက်လမ်းပေါ်
စိုးမင်းကြီးဘုရား- ညောင်ဦး ချောက်လမ်းပေါ်
စိုးမင်းကြီးအုတ်ကျောင်း- ညောင်ဦး ချောက်လမ်းပေါ်
ကျောက်မြတ်မော်- ညောင်ဦး ချောက်လမ်းကဝင်ရောက်နိုင်
စိမ်းညက်အမ - ညောင်ဦး ချောက်လမ်းပေါ်
စိမ်းညက်ညီမ - ညောင်ဦး ချောက်လမ်းပေါ်

ပုဂံမြို့သစ်အနီးမှဘုရားများ
••••••••••••••••••••••••••••••
ပျူစေတီ လေးဆူတန်း - ညောင်ဦး ချောက်လမ်းပေါ်(မြို့သစ်)
ကျောက်စကားကြီးဘုရား - လောကနန္ဒာအဝင်လမ်း
အရှေ့ဖက်လိပ်- လောကနန္ဒာအဝင်လမ်း
အနောက်ဖက်လိပ်- လောကနန္ဒာအဝင်လမ်း
လောကနန္ဒာ- လောကနန္ဒာအဝင်လမ်း
လောကနန္ဒာဥယျာဉ်-ညောင်ဦးချောက်လမ်း
ဗိုလ်ချိုမိဂူပြောက်- လောကနန္ဒာဥယျာဉ်တွင်း
စေတနာကြီးဘုရား -ညောင်ဦးချောက်လမ်း
တာမဏိသိမ်ဘုရား - မြို့သစ်လေဆိပ်လမ်း
=================================
Zone 4 မှာတော့

မြို့သစ်လေဆိပ်လမ်းမှဘုရားများ
•••••••••••••••••••••••••••••••
ဓမ္မရာဇိကဘုရား - မြို့သစ်လေဆိပ်လမ်းပေါ်
သစ္စာဝတီဘုရား - မြို့သစ်လေဆိပ်လမ်းပေါ်
ဖွားစောအုတ်ကျောင်း - ဖွားစောရွာအနီး
သံပြင်စွာဘုရား-ဖွားစောရွာအနီး

အနော်ရထာလမ်းမကြီးမှဝင်ရောက်နိုင်သောဘုရားများ
••••••••••••••••••••••••••••••••••••••••••••••••••••••
လောကထိပ်ပန်
ရွှေဆံတော်
ရှင်ပင်သာလျောင်း
လောကဥသျှောင်
တောင်ဂူနီ
မြောက်ဂူနီ

စကိုဗယ်ပေါ်တော်မူ
အင်းဘုရား
ဓမ္မရံကြီး

တစ်ဝက်ဘုရား
စူဠာမဏိဘုရား
စူဠာမဏိရှုခင်းကြည့်ကုန်း
ညောင်လက်ဖက်ကန်ရှုခင်းကြည့်ကုန်း
သပိတ်မှောက်ဘုရား

ပြသာဒ်ကြီးဘုရား
ဂူဘုရား
=====================================
Zone 5 မှာ ပါဝင်သောဘုရားများ

မင်းနန်သူရွာအနီး မှ ဘုရားများ

ဆင်ဖြူရှင်ဘုရား
ဆင်ဖြူရှင်ကျောင်းတိုက်
မင်းနန်သူရှုခင်းကြည့်ကုန်း
လေးမျက်နှာဘုရား
ညီနောင်ဘုရား
ဘုရားသုံးဆူ
နရသီဟပတေ့
သမ္ဘူလဘုရား
သမ္ဘူလတံတိုင်း
နန္ဒပညာ
ဝိနည်းဓိုရ်
အဇ္ဇဂေါဏဘုရား
နန်းမြင့်မျှော်စင်
===================================
ပြည့်၅ပြည့်ပြည့်ဘုရားများ
•••••••••••••••••••••••••••
ရွှေဆံတော်ဘုရား(အရှေ့)
လောကနန္ဒာဘုရား (အရှေ့ဘက်)
တာမဏီသိမ်ကျောင်း
ဓမ္မရာဇိက (အရှေ့ဘက်)
ဓမ္မရာဇိက (တောင်ဘက်)

စွယ်တော်လေးဆူဘုရားများ
•••••••••••••••••••••••••••••
ရွှေစည်းခုံ
လောကနန္ဒာ
တန့်ကြည်တောင်
တုရင်တောင်

ဘုရားစုများ
•••••••••••••••••••
ဝတ္တနတောဘုရားစု(နပဲတော)
ခေမင်္ဂဘုရားစု
ဆူးလေကုန်းဘုရားစု

ရေကန်ကြီးများ
••••••••••••••••••••••••••
မင်းနန်သူရွာ လေးထောင့်ကန်
ဆင်ဖြူရှင်ကျောင်းတိုက်ကန်
ဦးကျည်ပွေ့ရေကန်
မြကန်
အလံပုဂံရေကန်

ရှုခင်းကြည့်ကုန်းများ
•••••••••••••••••••••••••••
ညွန်လက်တစ်ဖက်ကန်ရှုခင်းကြည့်ကုန်း
စူဠာမဏိ ရှုခင်းကြည့်ကုန်း
အိုးထိန်းကုန်း
မင်းနန်သူရှုခင်းကြည့်ကုန်း
ကိုးမောက်ကန်ရှုခင်းကြည့်ကုန်း

ကျောင်းတိုက်များ
•••••••••••••••••••••••
ရွှေနန်းရင်တော်
ဆင်ဖြူရှင်ကျောင်းတိုက်
မင်းနန်သူကျောင်းတိုက်
စိုးမင်းကြီးအုတ်ကျောင်း
ဘွားစောအုတ်ကျောင်း
တာမဏီအုတ်ကျောင်း

ပုဂံမြို့အနီးကလည်ပတ်စရာများ
••••••••••••••••••••••••••••••••••
စလေရုပ်စုံကျောင်း
ဆားလယ်ပုဂံ
Bagan Theme Park
ပခုက္ကူမြို့ဘုရားများ
ပလင်းကမ်းသာယာဆင်စခန်း
ကျောက်ပန်းတောင်း
ပိုင်ထန်းတော

December  ချိန်ခါမှာ Yangon မှာ 🔸မိသားစုနဲ့အပန်းဖြေဖို့၊ 🔸ချစ်ရသူများနဲ့ ကောင်းမွန်သောအမှတ်တရတွေဖန်တီးဖို့၊ သက်သောင်းသက်...
28/11/2024

December ချိန်ခါမှာ Yangon မှာ

🔸မိသားစုနဲ့အပန်းဖြေဖို့၊
🔸ချစ်ရသူများနဲ့ ကောင်းမွန်သောအမှတ်တရတွေဖန်တီးဖို့၊
သက်သောင်းသက်သာ ပျော်ရွှင်စွာ Hotel Keio Yangon မှာ လာရောက် အနားယူကြရအောင်နော် ...❤️

Hotel Keio Yangon ရဲ့ December အခန်း ဈေးနှုန်းလေးတွေကတော့ 👇🏻

💒Normal Night
💠Superior Room - 66,000 MMK Discount Promotion 59,000MMK
💠Deluxe Room - 76,000 MMK Discount Promotion 68,000MMK ( Pagoda Views / River Views with balcony)☘️
💠Triple Room - 98,000 MMK Discount Promotion 88,000MMK
💠Suite Room - 150,000 MMK Discount Promotion 135000MMK
⌛Check in : 02:00PM~ Check out: 12:00PM

💒Night Stay
💠SuperiorRoom55,000MMK
💠Deluxe Room 64,000MMK
⌛Check in: 07:00PM ~ Check out: 09:00AM

💒Daycation
💠Superior Room - 35,000 MMK
💠Deluxe Room - 40,000 MMK
💠 Triple Room - 50,000 MMK
💠 Suite Room - 60,000 MMK
⌛Check in : 10:00AM~Check out: 05:00PM

💕💕Hotel Keio _ Your Ideal Hotel 💕💕

☎️𝐁𝐨𝐨𝐤𝐢𝐧𝐠 : 𝟎𝟗 𝟒𝟎𝟖 𝟗𝟗𝟕 𝟕𝟖𝟖, 𝟎𝟗 𝟕𝟔𝟕 𝟕𝟖𝟎 𝟕𝟕𝟕, 𝟎𝟗 𝟗𝟒𝟓 𝟔𝟗𝟕 𝟖𝟖𝟖

🏠𝐀𝐝𝐝𝐫𝐞𝐬𝐬 𝐍𝐨. 𝟑/𝟓𝟕, 𝐀𝐡𝐥𝐨𝐧𝐞 𝐊𝐚𝐧𝐧𝐚 𝐑𝐨𝐚𝐝, 𝐀𝐡𝐥𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

# Hotel Keio Yangon
# Hotel လမ်းညွှန်

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Hotel လမ်းညွှန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hotel လမ်းညွှန်:

Share