Bangkok Haven

Bangkok Haven A relaxing and luxurious experience in Bangkok

03/02/2026

🎭 နိုင်ငံခြားသားတစ်ဦး ထိုင်းကွန်ဒိုတစ်ခုမှာ Air BnB တည်းခဲ့ရတာကို ရွှတ်နောက်‌နောက် ရေးထားတာလေး သဘောကျလို့ ဘာသာပြန်ထားပါတယ် 😁

​ချုံပုတ်ထဲ သော့သွားနှိုက်ခိုင်းတဲ့ တရုတ် Airbnb အိမ်ရှင်မင်း ခင်ဗျား...

​အားလပ်ရက်ကလေးမှာ ကျွန်တော် ဘန်ကောက်မှာ အနားယူဖို့ လာတာပါ။ လျှို့ဝှက်အေးဂျင့် မစ်ရှင်ထွက်လာတာ မဟုတ်ပါဘူး။

​ခင်ဗျားရဲ့ ကြော်ငြာမှာတော့ "VIP အဆင့်မြင့် အတွေ့အကြုံ" တဲ့။ ဒါပေမဲ့ Check-in ဝင်ရတဲ့ ပုံစံက ရုပ်ရှင်ထဲက မူးယစ်ဆေး အရောင်းအဝယ် လုပ်ရတဲ့ ပုံစံမျိုး ဆိုတာကိုတော့ ခင်ဗျား ကြိုပြောမထားခဲ့ဘူးနော်။

​လေယာဉ်က ဘန်ကောက်ကို ညသန်းခေါင်ချိန်ကြီး ရောက်တယ်။ ခင်ဗျားက ညွှန်ကြားချက် စာမျက်နှာ ၄၀ ကျော်ပါတဲ့ PDF ဖိုင်ကြီး ပို့လာတယ်။

"စာတိုက်ပုံးခန်းထဲကိုသွား။ လုံခြုံရေးဝန်ထမ်း မမြင်စေနဲ့။ တကယ်လို့ သူ လာမေးခဲ့ရင် ရှန်ဟိုင်းက ဝမ်း (Wang) ဆိုတဲ့ ဝမ်းကွဲညီအစ်ကိုလို့ ပြောလိုက်။ စာတိုက်ပုံး နံပါတ် ၈၈၈ ကိုဖွင့်။ ကတ်ကိုယူပြီး ပြေးပေတော့။"

​ဆရာသမားခင်ဗျား... ကျွန်တော့်ရုပ်က ခင်ဗျားရဲ့ ဝမ်းကွဲညီအစ်ကိုနဲ့ တစ်စက်ကလေးမှ မတူပါဘူး။ လုံခြုံရေးကလည်း ကျွန်တော် ရှန်ဟိုင်းက "ဝမ်း" မဟုတ်မှန်း ကောင်းကောင်းကြီး သိပါတယ်။

​ပြီးတော့ Lobby မှာ
"Airbnb လက်မခံပါ။ ကျူးကျော်သူကို ဖမ်းဆီးအရေးယူမည်"
ဆိုတဲ့ ဗီနိုင်းပိုစတာကြီးကလည်း လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်ကြီးလောက် ရှိတာဗျ။

အဲဒီမှာ နေနေရတဲ့ ကာလပတ်လုံး အဆောက်အဦး မန်နေဂျာကြီးက ကျွန်တော့်ကို ဘယ်တော့ ပြည်နှင်ဒဏ်ပေးမလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ နေခဲ့ရတာ။

​အခန်းအကြောင်း ပြောရဦးမလား?

​ဘာလို့ အရာရာတိုင်းက ရွှေရောင်တွေချည်း ဖြစ်နေရတာလဲ? ရွှေရောင် လိုက်ကာ၊ ရွှေရောင် ခေါင်းအုံး၊ နောက်ပြီး ရွှေရောင် ပလတ်စတစ် မီးဆိုင်းကြီး။ ကြည့်ရတာ ထရမ့်တာဝါနဲ့ ဈေးပေါပေါ ကာရာအိုကေဆိုင် ညားပြီး မွေးလာတဲ့ ကလေးကျနေတာပဲ။

​ကုတင်အကြောင်းလည်း ပြောပါဦးမယ်။ ကျွန်တော် လမ်းဘေးပလက်ဖောင်းပေါ် ခဏခဏ မူးပြီးအိပ်ခဲ့ဖူးတာတောင် ဒီမွေ့ယာထက်တော့ ပိုပျော့ပါသေးတယ်။ ဒါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကုတင်လား? ဒါမှမဟုတ် ကျောက်ပြားကြီးကို အိပ်ရာခင်းနဲ့ ပတ်ထားတာလား?

​ပြီးတော့ အဲယားကွန်းပျက်သွားတဲ့ အချိန်ကစလို့ ခင်ဗျားဆီက စာပြန်တာတွေ ရပ်သွားပါရောလား။ ရုတ်တရက်ကြီး အော့ဖ်လိုင်း ဖြစ်သွားလိုက်တာများဗျာ။

ထားပါ ထားပါ ... ​နောက်တစ်ခါကျရင်တော့ ကျွန်တော် ဟိုတယ်မှာပဲ ဘွတ်ကင်လုပ်တော့မယ် ... နော်။ အနည်းဆုံးတော့ ကားပါကင် ပန်းအိုးထဲက သော့သွားနှိုက်ရမယ့်အစား ဟိုတယ် Reception မှာ ခန့်ခန့်ညားညားနဲ့ သော့သွားယူလို့ ရသေးတယ်‌လေ 😁

Belle Grand Condo ရဲ့ညဘက်အလှ
04/01/2026

Belle Grand Condo ရဲ့ညဘက်အလှ

24/12/2025

အခန်းငှါးရန်ရှိသည် ။ ငှါးလိုပါက တိုက်ရိုက်ဆက်သွယ်နိုင်ပါသည် ။

၆လ သို့မဟုတ် ၁နှစ် စာချုပ်

နေရာ : Central Rama9, Param 9 MRT နဲ့ walking distance ၅ မိနစ်အတွင်း တည်ရှိ၊ အိမိအောက်တွင် Tops Supermarket နှင့် 24 hr 7/11 အပြင် အခြားသော စားသောက်ဆိုင် နှင့် ဆိုင်ခန်းများစွာရှိ

အခန်း : Sqft 1130 ၊ 2ယောက်အိပ် 3 ခန်း ၊ 2 bathroom ၊ kitchen ၊ ကျယ်သော living room ၊ balcony ၂ခု၊ နောက်ဖေးစတိုခန်း၁ခု

Amenities : Swimming Pool အကြီး၁ခု ၊ ပုံမှန် swimming pool ၁ခု ၊ Gym ၊ Wi-Fi ၊ washing machine၊ Microwave ၊ Kitchen and Kitchenware

Walking distance ၅မိနစ်အတွင်း : MRT, Jodd Fair, Central Rama9, Unilever, 9 Tower, Fortune Town, Lotus
MRT နဲ့အရမ်းနီးသဖြင့် easy transportation ပါရှင့်
(MRT ကိုလမ်းမလျှောက်ချင်ရင် Shuttle service ရှိပါတယ်)

10-20 မိနစ် distance အတွင်း: Asoke , Param9 hospital, Siam, Pratunam, MBK, Sukhumvit , Samitivej Hospital , Bumrungrad Hospital, Terminal 21 Shopping Mall.

25/06/2025

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

အခန်းငှါးရန်ရှိသည် ။  နေရာ : Central Rama9, Param 9 MRT နဲ့ walking distance ၅ မိနစ်အတွင်း တည်ရှိ၊ အိမိအောက်တွင် Tops Su...
20/05/2025

အခန်းငှါးရန်ရှိသည် ။

နေရာ : Central Rama9, Param 9 MRT နဲ့ walking distance ၅ မိနစ်အတွင်း တည်ရှိ၊ အိမိအောက်တွင် Tops Supermarket နှင့် 24 hr 7/11 အပြင် အခြားသော စားသောက်ဆိုင် နှင့် ဆိုင်ခန်းများစွာရှိ

အခန်း : Sqft 1060 ၊ 2ယောက်အိပ် 3 ခန်း ၊ 2 bathroom ၊ kitchen ၊ ကျယ်သော living room ၊ balcony ၂ခု

Amenities : Swimming Pool အကြီး၁ခု ၊ ပုံမှန် swimming pool ၁ခု ၊ Gym ၊ Wi-Fi ၊ washing machine၊ Microwave ၊ Kitchen and Kitchenware

Walking distance ၅မိနစ်အတွင်း : MRT, Jodd Fair, Central Rama9, Unilever, 9 Tower, Fortune Town, Lotus
MRT နဲ့အရမ်းနီးသဖြင့် easy transportation ပါရှင့်
(MRT ကိုလမ်းမလျှောက်ချင်ရင် Shuttle service ရှိပါတယ်)

10-20 မိနစ် distance အတွင်း: Asoke , Param9 hospital, Siam, Pratunam, MBK, Sukhumvit , Samitivej Hospital , Bumrungrad Hospital, Terminal 21 Shopping Mall.

Bangkok ကို Family Vacation ထွက်ဖို့ စီစဉ်နေကြသူများအတွက် Prime Location ဖြစ်သော Central Rama9 area အတွင်းရှိ Condo တွင်...
20/05/2025

Bangkok ကို Family Vacation ထွက်ဖို့ စီစဉ်နေကြသူများအတွက် Prime Location ဖြစ်သော Central Rama9 area အတွင်းရှိ Condo တွင် အိမ်ငှါးလို့ရကြောင်း သတင်းကောင်းပါးပါရစေရှင့် ။

Address

No: 141/479, Building A2, Belle Grand Rama 9 (Belle Avenue 2) Condominium, Soi Rama 9 Soi 3, Khwaeng Huai Khwang, Khet Huai Khwang, Thailand.
Yangon
10310

Opening Hours

Monday 09:30 - 18:30
Tuesday 09:30 - 18:30
Wednesday 09:30 - 18:30
Thursday 09:30 - 18:30
Friday 09:30 - 18:30
Saturday 09:30 - 18:30
Sunday 09:30 - 18:30

Telephone

+959955103388

Website

Alerts

Be the first to know and let us send you an email when Bangkok Haven posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bangkok Haven:

Share