It's Home Myanmar

It's Home Myanmar Are you looking for an apartment in Yangon? If so, then you should consider It's Home Myanmar - Apartment Rental.

This condo is perfect for both locals and foreigners who are relocating to Yangon. It's Home Myanmar - Apartment Rental offers serviced apartments, new buildings, and reasonable prices in a great location with a good environment. Whether you're a family or an individual, you'll be sure to find the perfect place to call home. With It's Home Myanmar - Apartment Rental, you can rest assured that you'

ll be living in comfort and style. So, if you're looking for modern accommodation in Yangon, look no further than It's Home Myanmar - Apartment Rental.

ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့ကို It's Home Myanmar မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
02/03/2026

ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့ကို It's Home Myanmar မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Happy Chinese New Year! 🧧🐎၂၀၂၆ ခုနှစ် မီးမြင်းနှစ်မှာ စွမ်းအားအသစ်၊ စိတ်ကူးအသစ်တွေနဲ့အတူ အောင်မြင်မှုပန်းတိုင်ကို အမြန်ဆ...
17/02/2026

Happy Chinese New Year! 🧧🐎

၂၀၂၆ ခုနှစ် မီးမြင်းနှစ်မှာ စွမ်းအားအသစ်၊ စိတ်ကူးအသစ်တွေနဲ့အတူ အောင်မြင်မှုပန်းတိုင်ကို အမြန်ဆုံး လှမ်းကိုင်နိုင်ကြပါစေ။ 💪

မြင်းဆိုတာ ခွန်အားနဲ့ အရှိန်အဟုန်ကို ကိုယ်စားပြုတဲ့အတွက် ဒီနှစ်မှာ မိတ်ဆွေတို့ မျှော်မှန်းထားတဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေဆီကို အရောက်လှမ်းနိုင်ပြီး စိတ်တိုင်းကျ ဖန်တီးထားတဲ့ အိမ်ဂေဟာလေးတွေကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေလို့ It's Home Myanmar မိသားစုကနေ ဆုတောင်းပေးလိုက်ပါတယ်။

ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေးဖြစ်ပါစေခင်ဗျာ။ 🧧

Gong Xi Fa Cai!

၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၁၂) ရက် ကြာသပတေးနေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် "ပြည်ထောင်စုနေ့" အား ပြည်ထောင်စုဖွားတိုင်း...
12/02/2026

၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၁၂) ရက် ကြာသပတေးနေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် "ပြည်ထောင်စုနေ့" အား ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ It's Home Myanmar မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

The It's Home Myanmar family, together with all national races born of the Union, proudly honors and welcomes the 79th anniversary of Union Day, falling on Thursday, February 12, 2026.

02/02/2026

ရန်ကုန်မြို့အတွင်း
🏡 အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများကို ပိုင်ဆိုင်ထားတဲ့
“ဒဂုံ (၄) မြို့နယ်” ဖြစ်တဲ့

📍 ဒဂုံမြို့သစ်မြောက်ပိုင်း
📍 ဒဂုံမြို့သစ်တောင်ပိုင်း
📍 အရှေ့ဒဂုံ
📍 ဒဂုံဆိပ်ကမ်း

ဒီမြို့နယ် (၄) ခုအနက်
👉 လက်ရှိ ဈေးနှုန်းအကောင်းဆုံး ဖြစ်နေတဲ့ မြို့နယ်က ဘယ်မြို့နယ်လဲ?
👉 ဘာကြောင့် အဲ့ဒီမြို့နယ်က Demand ပိုများနေတာလဲ?

ဒီမေးခွန်းလေးနဲ့ပတ်သက်ပြီး
📹 Data + Market Insight ပါတဲ့ Video လေးကို မကြာခင် It’s Home Myanmar မှာ ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဒါကြောင့်
👉 It’s Home Myanmar page ကို Follow လုပ်ထားပေးဖို့ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ 🙏

💬 Comment မှာလည်း သင့်အမြင်ကို Share ပေးခဲ့ပါနော်။



01/02/2026

It’s Home Myanmar မှ အနာဂတ်မှာ ရင်းနှီးမြုပ်နှံမှု ပြုလုပ်လိုတဲ့ လူကြီးမင်းများပဲဖြစ်ဖြစ်၊ တိတ်ဆိတ်ငြိမ်သက်စွာ အနားယူနေထိုင်လိုပြီး လုံခြုံမှုရှိတဲ့ အိမ်မျိုးတည်ဆောက်ရန် ရှာဖွေနေသူ လူကြီးမင်းများပဲဖြစ်ဖြစ် စိတ်ဝင်စားမယ့် မြေကွက်တစ်ကွက်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

အမှတ်(၃)လမ်းမကြီး ပေါ်ရှိ ရခိုင်ကျောင်းမှတ်တိုင်ကနေ တစ်မိနစ်လောက်သာဝင်ပြီး ဘယ်တစ်ခါချိုးတာနဲ့ ရောက်ရှိမယ့် ပုလဲ အမှတ်(၂) ရပ်ကွက် ရွှေခတ္တာအိမ်ရာက ခြံနံပါတ်(၁) မြေကွက်ပဲ ဖြစ်ပါတယ်။ ပေ ၄၀၊ ပေ ၆၀ မြေကွက်ဖြစ်ပြီး ဂရန်အမည်ပေါက် ရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။မြေကွက်တောင်ဘက်လှည့်ဖြစ်ပြီး Solar System တပ်ဆင်ဖို့အတွက်လည်း အင်မတန်သင့်တော်လှပါတယ်ခင်ဗျာ။ Private ဆန်ပြီး တိတ်ဆိတ်ငြိမ်သက်လုံခြုံတဲ့ အိမ်ရာဖြစ်ပြီး အိမ်အလုံးပေါင်း (၃၀) သာ တည်ဆောက်သွားမည့် အိမ်ရာပဲဖြစ်ပါတယ်။

Facilities တွေ အနေနဲ့ကတော့ ရေကူးကန် (ကလေး၊လူကြီး)၊ Public Recreational Area၊ အားကစားပြုလုပ်နိုင်မည့် Public Sport Compound များကိုပါ ထည့်သွင်းတည်ဆောက်ပေးထားတာဖြစ်လို့ အမှန်တကယ်ရွေးချယ်သင့်တဲ့ မြေကွက်ပဲဖြစ်ပါတယ်ခင်ဗျာ။ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့နယ်၊မြောက်ဥက္ကလာပ မြို့နယ်တို့နဲ့ အနီးတွင်တည်ရှိပြီး ရန်ကုန် မန္တလေး အမြန်လမ်း၊ ရန်ကုန် ပြည်လမ်း၊ ရန်ကုန် ပဲခူးလမ်း တို့ကို မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်မှာဖြစ်လို့ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကောင်းမွန်သော မြေကွက်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

❝ စုပေါင်းညီညာ တပို့တွဲလအခါ နွေးထွေးလှတဲ့ အိမ်ဂေဟာ ❞အေးချမ်းတဲ့ ဆောင်းလေပြေနဲ့အတူ ရောက်ရှိလာတဲ့ မြန်မာတို့ရဲ့ ချစ်စရာ့ဓလ...
01/02/2026

❝ စုပေါင်းညီညာ တပို့တွဲလအခါ နွေးထွေးလှတဲ့ အိမ်ဂေဟာ ❞

အေးချမ်းတဲ့ ဆောင်းလေပြေနဲ့အတူ ရောက်ရှိလာတဲ့ မြန်မာတို့ရဲ့ ချစ်စရာ့ဓလေ့ တပို့တွဲလပြည့်နေ့ (ထမနဲပွဲတော်) လေးမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

တူညီသော စေတနာ၊ စိတ်ဓာတ်တွေနဲ့ စုပေါင်းအားထည့်ပြီး ထိုးကြတဲ့ ထမနဲပွဲလေးလိုပဲ လူကြီးမင်းတို့ရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများကြားမှာလည်း စည်းလုံးမှု၊ ပျော်ရွှင်မှုတွေ အမြဲတမ်း ဝေဆာနေပါစေ။

စိတ်လက်အေးချမ်းမှုတွေနဲ့ ပြည့်စုံတဲ့ "အိမ်" ဆိုတာ မိသားစုတိုင်းအတွက် အလိုအပ်ဆုံးအရာတစ်ခုမို့၊ နွေးထွေးလုံခြုံတဲ့ အိမ်ဂေဟာလေးတွေမှာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း It’s Home Myanmar Real Estate မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Happy Full Moon Day of Tabodwe! 🌕✨

🏡 မြေဝယ်ချင်ပေမယ့်  ဘယ်နေရာကစရမလဲ မသိဘူးလား?📩 Messenger မှာ  “မြေဝယ်” လို့ စာရေးလိုက်ပါ။ Free Consultation ပေးပါမယ်။
31/01/2026

🏡 မြေဝယ်ချင်ပေမယ့်
ဘယ်နေရာကစရမလဲ မသိဘူးလား?

📩 Messenger မှာ
“မြေဝယ်” လို့ စာရေးလိုက်ပါ။

Free Consultation ပေးပါမယ်။

❝ မြေအမျိုးအစားများနှင့် အရောင်၊ သင်္ကေတ ဖော်ပြချက်များ ❞မင်္ဂလာပါခင်ဗျာ။ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်တော့မယ...
26/01/2026

❝ မြေအမျိုးအစားများနှင့် အရောင်၊ သင်္ကေတ ဖော်ပြချက်များ ❞

မင်္ဂလာပါခင်ဗျာ။ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်တော့မယ်ဆိုရင် သိထားသင့်တဲ့ မြေအမျိုးအစား သင်္ကေတတွေရယ်၊ မြေအမျိုးအစားအလိုက်ကို အရောင်ဖြင့် မြေပုံဆွဲထားတာတွေကို သိရှိဖို့ လိုအပ်ပါတယ်ခင်ဗျာ။ ဒီလို သင်္ကေတတွေရယ် မြေပုံအရောင်တွေကို သိရှိထားမှ မိမိတို့ ဝယ်ယူမည့် တန်ဖိုးရှိတဲ့မြေတွေကို ခွဲခြမ်းစိတ်ဖြာပြီး ခိုင်မာသေချာတဲ့ ရင်းနှီးမြုပ်နှံမှု ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် လူကြီးမင်းတို့အတွက် မြေအမျိုးအစားများနှင့် အရောင်၊ သင်္ကေတ ဖော်ပြချက်များ ကို မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။

မြေအမျိုးအစားများနှင့် အရောင်၊ သင်္ကေတ ဖော်ပြချက်များ
သင်္ကေတဖြင့်ခွဲခြားထားသော မြေအမျိုးအစားများ
(Category of Lands by Symbols)

မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် - R1
- ပထမတန်းစားဆိုရင် - R2
- ဒုတိယတန်းစားဆိုရင် - R3
- တတိယတန်းစားဆို( ၁ ဧက) အထွက်နှုန်းတင်း(၃၀)‌အောက် - R4
- စတုတ္ထတန်းစား (၁ ဧက) အထွက်နှုန်း တင်း(၂၀)အောက် - RG
အစိုးရဆည်ရေသောက်လယ်မြေ - RP
ပုဂ္ဂလိကဆည်ရေသောက်လယ်မြေ - TM
ကန်ရေသောက်မူရင်းလယ်မြေ - M/MY
မူရင်းလယ်မြေ - C
ချောင်းရေဝင်မြေ - Y
ယာမြေ - RR
ရာဘာကြက်ပေါင်စေးစိုက်မြေ - TY/YY
တောင်ယာမြေ - K/KA/KY
ကိုင်းမြေ - KY
ကိုင်းမြေရင့် - G/U
ဥယျာဥ်ခြံမြေ - D
ဓနိမြေ - O
အပိုင်ရမြေ - L
အရောင်ဖြင့် ခွဲခြားထားသော မြေအမျိုးအစား
(Category of Lands by Color)

၁။ ဂရန်မြေ (L) မြေပုံကို အနီရောင်နဲ့ဆွဲ
၂။ ဘိုးဘပိုင်မြေ (B) မြေပုံကို အပြာရောင်နဲ့ဆွဲ
၃။အစိုးရမြေ (A) မြေပုံကို ခရမ်းရောင်နဲ့ဆွဲ
၄။ရွာမြေ (A) လိမ္မော်ရောင်နဲ့ မြေပုံဆွဲ
၅။သာသနာ့မြေ (A) အစိမ်းရောင်နဲ့ဆွဲ

ဆရာကောင်ဟိန်းစိုး (Strategic)
ဆရာသူ့ထက်ကျော်လွင်
အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှုဖြင့် ကြွယ်ဝမှုတည်ဆောက်ခြင်း စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်မည့် မိတ်ဆွေများအနေဖြင့် မရှိမဖြစ် ဆောင်ထားသင့်သော စာအုပ်တစ်အုပ် ဖြစ်ပါတယ်ခင်ဗျာ။

စမ်းချောင်းဗဟိုချက်က အသင့်နေရုံ ပြင်ဆင်ပြီးသား ရှားပါး တိုက်သစ် Mini Condo 🏢📍 တည်နေရာ - စမ်းချောင်းမြို့နယ် 💰 ကျပ် သိန်း...
22/01/2026

စမ်းချောင်းဗဟိုချက်က အသင့်နေရုံ ပြင်ဆင်ပြီးသား ရှားပါး တိုက်သစ် Mini Condo 🏢

📍 တည်နေရာ - စမ်းချောင်းမြို့နယ်

💰 ကျပ် သိန်း ၄,၈၀၀ ကျပ် (ညှိနှိုင်းနိုင်)

မင်္ဂလာပါခင်ဗျာ 🙏

မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ မိသားစုအတွက် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ပြီး၊ ရင်းနှီးမြှုပ်နှံရန်လည်း အလွန်သင့်တော်တဲ့ Fully Furnished Mini Condo လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

🏗 အဓိကအားသာချက် ရှားပါး တိုက်အသစ် (သက်တမ်း ၂ နှစ်သာရှိ) ဖြစ်သောကြောင့် ကိုယ်တိုင်နေထိုင်ရန်ပဲဖြစ်ဖြစ်၊ ပြန်လည်ငှားရမ်းရန်ပဲဖြစ်ဖြစ် လက်မလွှတ်သင့်သော အခွင့်အရေးကောင်း တစ်ခုပါ။

🏠 အခန်းနှင့် တိုက်အင်္ဂါရပ်များ

✅ Fully Furnished (အဝတ်အိတ်ဆွဲပြီး တက်နေရုံအသင့်)
✅ စာရွက်စာတမ်းအပြည့်အစုံ / BCC ကျပြီး
✅ ၂၄ နာရီ ဓာတ်လှေကား (Lift Battery Backup System ပါဝင်)
✅ ၂၄ နာရီ Key Card Security System
✅ Transformer နီးသဖြင့် မီးအားအလွန်ကောင်း
✅ ရေအရည်အသွေးကောင်း (အဝီစိရေ)
✅ ၂၄နာရီမီးအသုံးပြုနိုင်မယ့် Inverter & Battery Backup System

📍 Location အားသာချက်များ

• ပြည်လမ်း၊ ဦးဝိစာရလမ်း၊ ဗားကရာလမ်းမကြီးများနှင့် အနီးဆုံးတွင်ရှိခြင်း။
• ရွှေတိဂုံဘုရား၊ ပြည်သူ့ရင်ပြင်သို့ မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်ခြင်း ။
• ဒဂုံစင်တာ၊ ဂမုန်းပွင့်၊ Spirits Shopping Centers များနှင့် အနီးဆုံးတွင်ရှိခြင်း။
• ဈေး၊ ဆေးရုံ၊ ကျောင်းများနှင့် အနီးဆုံးတွင်ရှိခြင်း။

📈 Investment Value

• နေရာကောင်းဖြစ်လို့ လစဉ် အငှားဝင်ငွေ ကောင်းကောင်းရနိုင်ခြင်း။
• ROI (Return on Investment) တွက်ခြေကိုက်ခြင်း။
• တိုက်သက်တမ်းနုပြီး ခိုင်မာတဲ့အတွက် ရေရှည်မှာ တန်ဖိုးတက်လာမည့် နေရာဖြစ်ခြင်း။

📞 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက

📩 Page Messenger
📱 09 972 419 999
📱 Viber – 09 972 419 999

"လူကြီးမင်းရှာဖွေနေ‌သော နွေးထွေးလုံခြုံစိတ်ချရတဲ့ အိမ်" It's Home Myanmarမင်္ဂလာပါခင်ဗျာ။မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို...
21/01/2026

"လူကြီးမင်းရှာဖွေနေ‌သော နွေးထွေးလုံခြုံစိတ်ချရတဲ့ အိမ်" It's Home Myanmar

မင်္ဂလာပါခင်ဗျာ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ လူကြီးမင်းတို့အတွက် ဘေးကင်းလုံခြုံပြီး အေးချမ်းစွာ အနားယူအပန်းဖြေ နေထိုင်နိုင်ဖို့ ရန်ကုန်မြို့ရဲ့ အချက်အချာကျပြီး စည်ကားလှတဲ့ စမ်းချောင်းမြို့နယ်မှာ It’s Home Myanmar Apartment Rental ရဲ့ အဆင့်မြင့်အခန်းတွေ ရှိပါတယ်ခင်ဗျာ။

အလွယ်တကူသွားလာနိုင်ဖို့အတွက် ပြည်လမ်း၊ ဦးဝိစာရလမ်း၊ ဗားကရာလမ်းတွေနဲ့ အနီးဆုံးနေရာဖြစ်ပြီး ရွှေတိဂုံဘုရား၊ ပြည်သူ့ရင်ပြင် အစရှိတဲ့ အထင်ကရနေရာများကို မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်ပါတယ်။ ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရန်အတွက်လည်း အစိုးရကျောင်းများဖြစ်ကြတဲ့ အထက (၂) စမ်းချောင်း၊ အထက (၁) ကမာရွတ်တို့ကို လမ်းလျှောက်ပြီး သွားလာနိုင်တဲ့အထိ နီးစပ်ပြီး၊ International School များတည်ရှိရာ ရှင်စောပုလမ်း (ဝင်ဆာလမ်း) နှင့်လည်း အနီးဆုံးဖြစ်ပါတယ်။

ဈေးဝယ်စင်တာများဖြစ်တဲ့ ဒဂုံစင်တာ၊ ဂမုန်းပွင့်၊ Spirits တို့အပြင် San Chaung Link Night Market၊ လူငယ်တွေကြားခေတ်စားပြီး နာမည်ကြီးတဲ့ Entertainments Street ဖြစ်တဲ့ ပဒုမ္မာလမ်း၊ စမ်းချောင်းလမ်းတို့နဲ့ အနီးဆုံးနေရာမှာတည်ရှိပြီး မိနစ်ပိုင်းအတွင်း သွားရောက်နိုင်ပါတယ်ခင်ဗျာ။ ကျန်းမာရေးကိစ္စနှင့် ကာလရှည်နေထိုင်မည့်သူများအတွက်လည်း အဆင်ပြေနီးစပ်သော နေရာဖြစ်ပြီး အာရှတော်ဝင်ဆေးရုံ၊ မဟာမြိုင်ဆေးရုံတို့ကို မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

ကောင်းမွန်သန့်ရှင်းပြီး လေဝင်လေထွက်ကောင်းမွန်သော အခန်းများဖြစ်ပြီးတော့ Aircon, Furniture, Refrigerator, Washing Machine, Dry Machine တွေပါဝင်တဲ့အပြင် -

• ၂၄ နာရီ အသုံးပြုနိုင်တဲ့ ဓာတ်လှေကား
• ၂၄ နာရီ အသုံးပြုနိုင်တဲ့ မီးနဲ့ရေ
• ၂၄ နာရီ ဂရုစိုက်စောင့်ရှောက်ပေးမယ့် လုံခြုံရေးစနစ်
• ၂၄ နာရီ အသုံးပြုနိုင်မည့် မြန်နှုန်းမြင့် အင်တာနက်လိုင်း (24 Hour High-Speed Internet)
• စိတ်ကြိုက်ချက်ပြုတ်စားသောက်နိုင်ဖို့အတွက် မီးဖိုချောင်ပစ္စည်းအပြည့်အစုံ
• အဝတ်လျှော်စက်/ ခြောက်စက်
• ရေပူရေအေးစက်/ ရေသန့်စက်
• Mini Bar
• တစ်ပတ်တစ်ရက် Cleaning Service
• စိတ်ချလက်ချ အနားယူနိုင်ဖို့ တာဝန်အပြည့်ယူပေးနိုင်တဲ့ Security Service

ဒီလိုအချက်တွေကြောင့် အခန်းတွေက ခဏလေးနဲ့ ပြည့်တာဖြစ်လို့ အမြန်ဆုံး အခန်း Booking တင်ထားမှ စိတ်ချရမယ်နော်။ ရရှိနိုင်တဲ့ အခန်းအမျိုးအစားနဲ့ ဈေးနှုန်းအသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Page Messenger ကဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

➧ Address: No.(42), Myaynigone Zay Street, Sanchaung Township, Yangon.
• Email: [email protected]
• Phone: (+959) 972 419 999

❝ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပါစေ ❞ယနေ့ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး အချိန်အခါသမယကနေ စတင်ပြီးတော့ စီးပွားလာဘ်လာဘမျ...
29/01/2025

❝ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပါစေ ❞

ယနေ့ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး အချိန်အခါသမယကနေ စတင်ပြီးတော့ စီးပွားလာဘ်လာဘများတိုးတက်ပြီး ရည်မှန်းချက်များအားလုံကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေကြောင်း It’s Home Myanmar - Apartment Rental ကနေ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

❝ Happy Chinese New Year ❞

Starting from this auspicious time of the Chinese New Year, may your business prosperity grow, and may all your goals and aspirations be successfully achieved in this new year. Warm wishes and blessings from It’s Home Myanmar - Apartment Rental.



➧ Address: No.(42), Myaynigone Zay Street, Sanchaung Township, Yangon.
• Email: [email protected]
• Phone: (+959) 972 419 999
• Whatsapp: (+959) 972419999
• Viber: (+959) 972419999

Address

No. 42, Myaynigone Zay Street, Myaynigone, Sanchaung Township
Yangon
11111

Telephone

+959972419999

Website

Alerts

Be the first to know and let us send you an email when It's Home Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to It's Home Myanmar:

Share