Char Yaw Satt

Char Yaw Satt ꓛ ꓬꓳ ꓢꓷ

14/07/2026

ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ကျွန်တော်ဟာ မိသားစုကို ပြန်လည်စုစည်းကာ ဘဝသစ်ကို စတင်တည်ဆောက်ခဲ့ရပါတယ်။ မိမိ၏ ဉာဏ်ပညာ၊ အတွေးအခေါ်နှင့် ယုံကြည်ချက်တို့ကို အခြေခံ၍ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို စတင်လုပ်ဆောင်ခဲ့တယ်။ မိမိဘက်မှ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ ပေမယ့် နောက်ဆုံးတွင် အရာအားလုံးကို အဖဘုရားသခင်၏ လက်တော်သို့ အပ်နှံကာ ဆုတောင်းခဲ့ပါတယ်။
ဘုရားသခင်၏ အလိုတော်အတိုင်း လမ်းဖွင့်ပေးခြင်း၊ ဖြေရှင်းပေးခြင်းများကို တွေ့မြင်ခဲ့ရသဖြင့် အဖဘုရားသခင်အား အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့်ဘဝ၏ ဝန်ထုပ်ဝန်ပိုးများကို လျော့ပါးပျောက်ကင်းစေရန် အခွင့်အရေးပေးတော်မူသော အဖဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းလျက်ရှိပါတယ်။ အာမင်။
ထို့ပြင် ယနေ့ အသက် (၁၃) နှစ်ပြည့်မြောက်သွားသော သားလေး ဂျော့ရူးဝါးအပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အစဉ်သက်ရောက်ပါစေ။ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်စုံကာ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကောင်းမြတ်သော ဘဝလမ်းကို လျှောက်လှမ်းနိုင်ပါစေ။ အာမင်။

ချာယောဆက်

11/06/2026

အချစ်ဆိုတာ နှလုံးသားရဲ့ ခံစားချက်တစ်ခုတည်း မဟုတ်ပါဘူး။
ရည်းစားဘဝက အချစ်နဲ့ အိမ်ထောင်သည်ဘဝက အချစ်ဟာ လုံးဝမတူကြပါဘူး။ ရည်းစားဘဝမှာ "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းနဲ့ လုံလောက်နိုင်ပေမယ့် အိမ်ထောင်သည်ဘဝမှာတော့ ချစ်ခြင်းမေတ္တာအပြင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ သစ္စာတရားနဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် စဉ်းစားနိုင်တဲ့ အသိဉာဏ်တွေ လိုအပ်လာပါတယ်။
အိမ်ထောင်သည်တစ်ယောက်ရဲ့ အချစ်ကို သူဘယ်လောက် ခံစားတတ်သလဲဆိုတာနဲ့ မတိုင်းတာနိုင်ပါဘူး။ သူ့ရဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ မိသားစုအပေါ် ဘယ်လောက် တာဝန်ကျေသလဲ၊ သားသမီးတွေရဲ့ ဘဝအပေါ် ဘယ်လောက် အကျိုးသက်ရောက်မှုရှိသလဲ ဆိုတာနဲ့ တိုင်းတာရပါတယ်။
သားသမီးတွေဟာ မိဘတွေရဲ့ အနှစ်သာရပါ။ သူတို့ငယ်စဉ်ကာလမှာ မိဘတွေက ချစ်ခြင်း၊ ယုယခြင်း၊ ပြုစုပျိုးထောင်ခြင်းတွေ ပေးခဲ့ကြတာဟာ တစ်နေ့မှာ ကိုယ့်ကို ပြန်ကျေးဇူးဆပ်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် မဟုတ်ပါဘူး။ ဒါဟာ အကျိုးမမျှော်တဲ့ မိဘမေတ္တာစစ်စစ် ဖြစ်ပါတယ်။
တကယ်တော့ မိဘမေတ္တာဆိုတာ "ငါ့အတွက် ဘာပြန်ရမလဲ" လို့ တွက်ချက်တတ်တဲ့ မေတ္တာမဟုတ်ဘူး။ "သူတို့ဘဝ ကောင်းဖို့" ဆိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့ ပေးဆပ်တတ်တဲ့ မေတ္တာ ဖြစ်ပါတယ်။
ယနေ့ခေတ်မှာ Facebook၊ TikTok နဲ့ အခြားသော လူမှုကွန်ရက်များရဲ့ လွှမ်းမိုးမှုအောက်မှာ လူငယ်အများစုဟာ နိုင်ငံခြားယဉ်ကျေးမှုတွေကို အတုယူလာကြပါတယ်။ တိုးတက်မှုကို လက်ခံရမှာ မှန်ပေမယ့် ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု၊ ကိုယ့်ရဲ့ တန်ဖိုးထားရမယ့် အမွေအနှစ်တွေကိုတော့ မပျောက်ကွယ်စေသင့်ပါဘူး။
လွတ်လပ်မှုဆိုတာ စိတ်ကြိုက်နေထိုင်ခွင့်တစ်ခုတည်း မဟုတ်ပါဘူး။ လွတ်လပ်မှုရဲ့ နောက်ကွယ်မှာ တာဝန်ယူမှု ရှိရပါတယ်။
"ဒီနေ့ပျော်ရရင် ပြီးရော" ဆိုတဲ့ စိတ်နဲ့ ဘဝကို တည်ဆောက်လို့ မရပါဘူး။ ဒီနေ့ရဲ့ အမှားတစ်ခုဟာ မနက်ဖြန်မှာ သားသမီးတွေရဲ့ မျက်ရည်ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ရဲ့ တာဝန်မဲ့မှုတစ်ခုဟာ မိသားစုတစ်ခုလုံးရဲ့ ဘဝကို ထိခိုက်စေနိုင်ပါတယ်။
ထို့ကြောင့် တာဝန်ယူနိုင်စွမ်း မရှိသေးဘဲ ကလေးတစ်ယောက်ကို ဒီလောကထဲ ခေါ်မလာသင့်ပါဘူး။ ကလေးတစ်ယောက် မွေးဖွားလာခြင်းဟာ ခဏတာပျော်ရွှင်မှုရဲ့ ရလာဒ်မဟုတ်ဘဲ ဘဝတစ်ခုလုံးကို တာဝန်ယူရမယ့် ကတိကဝတ်တစ်ခု ဖြစ်ပါတယ်။
မိသားစုကို တန်ဖိုးထားတတ်သူ ဖြစ်ပါစေ။ သားသမီးတွေရဲ့ အနာဂတ်ကို စဉ်းစားတတ်သူ ဖြစ်ပါစေ။ ကိုယ့်တာဝန်ကို ကိုယ်ယူတတ်သူ ဖြစ်ပါစေ။
အချစ်စစ်ဆိုတာ ခံစားချက်တစ်ခဏ မဟုတ်ဘူး။ အချစ်စစ်ဆိုတာ တာဝန်ယူမှု၊ စွန့်လွှတ်မှု၊ သစ္စာတရားနဲ့ မိသားစုအတွက် ပေးဆပ်ရဲတဲ့ နှလုံးသားတစ်ခု ဖြစ်ပါတယ်။
ချာယောဆက်

Love is not merely an emotion of the heart.

The love experienced during a romantic relationship is completely different from the love required in marriage. In a relationship, the words “I love you” may seem enough, but in married life, love alone is not sufficient. It must be accompanied by responsibility, accountability, faithfulness, and the wisdom to think about the future of one's children and family.

The love of a married person cannot be measured simply by the depth of their feelings. It should be measured by how responsible their decisions are toward their family and how those decisions affect the lives and future of their children.

Children are the very essence of their parents. The love, care, and sacrifices parents give during their children's early years are not motivated by the expectation of being repaid someday. They are expressions of genuine parental love that seeks nothing in return.

True parental love does not calculate, "What will I get back?" Instead, it is driven by a single desire: "May their lives be better."

Today, under the influence of Facebook, TikTok, and other social media platforms, many young people are increasingly adopting foreign cultures and lifestyles. While embracing progress is important, we should not allow our own traditions, values, and cultural heritage to disappear.

Freedom is not simply the ability to do whatever one wants. True freedom comes with responsibility.

A life cannot be built on the mindset of "As long as I'm happy today, that's enough." A mistake made today may become your children's tears tomorrow. An act of irresponsibility today may affect the future of an entire family.

Therefore, no one should bring a child into this world without being prepared to take responsibility. The birth of a child is not the result of a momentary pleasure; it is a lifelong commitment and responsibility.

Value your family. Think about the future of your children. Be willing to take responsibility for your own actions.

True love is not a temporary feeling.

True love is responsibility, sacrifice, faithfulness, and a heart willing to give of itself for the sake of family.

— Cha Joseph

爱,并不仅仅是一种心中的感觉。

恋爱中的爱与婚姻中的爱是完全不同的。恋爱时,一句“我爱你”或许就足够了;但在婚姻里,除了爱情之外,还需要责任感、担当、忠诚,以及为子女未来着想的智慧。

一个已婚之人的爱,不能仅仅以他感受得有多深来衡量,而应该看他的每一个决定,对家庭承担了多少责任,以及对孩子的人生产生了怎样的影响。

孩子是父母生命的延续,是父母存在意义的一部分。父母在孩子年幼时给予他们爱护、关怀与养育,并不是因为期待有一天能够得到回报,而是出于一种无私而纯粹的父母之爱。

真正的父母之爱,不会计算“我能得到什么回报”;它只是怀着一个简单而坚定的愿望——“愿孩子拥有更好的人生”。

在当今时代,受到 Facebook、TikTok 以及各种社交媒体的影响,许多年轻人越来越倾向于模仿外国文化。接受进步与发展固然重要,但我们不应该因此失去自己的传统文化和那些值得珍惜与传承的价值观。

自由,并不仅仅意味着随心所欲地生活。自由的背后,必须伴随着责任。

人生不能建立在“只要今天快乐就足够了”的想法之上。今天的一个错误,可能会成为明天孩子的眼泪;今天的一次不负责任,可能会影响整个家庭的未来。

因此,在还没有承担责任能力的时候,不应该轻易把一个孩子带到这个世界上。一个孩子的诞生,不只是短暂快乐的结果,而是一份需要用一生去承担的承诺与责任。

愿我们珍惜家庭; 愿我们懂得为孩子的未来着想; 愿我们学会承担属于自己的责任。

真正的爱情,不是一时的感觉。

真正的爱情,是责任、牺牲、忠诚,以及一颗愿意为了家庭而付出的心。

—— Cha Joseph(查·约瑟夫)

01/06/2026

ဦးယောဆက် ပိုင်ဆိုင်သော ပြင်ဦးလွင်မြို့၊ ရေငယ်ရွာ (အနောက်) ရပ်ကွက် (၁၁) ကွင်း၊ အကွက်အမှတ် (၆၈၀)၊ ဦးပိုင်အမှတ် N/25၊ ဧရိယာ (၃.၇၁) ဧကရှိသော ခြံမြေကို မြန်မာနိုင်ငံ လီဆူခရစ်ယာန် အသင်းချုပ် (LCCM) အား ၁၉၉၇ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် စေတနာ၊ မေတ္တာ၊ သဒ္ဓါတရားပြည့်ဝစွာဖြင့် အပြီးအပိုင် လွှဲပြောင်းလှူဒါန်းခဲ့ပါသည်။
အဆိုပါ လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် သဘောတူအတည်ပြုခြင်းကို ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် တရားဝင် ပြုလုပ်ခဲ့ပါသည်။

ꓒꓵ ꓶ ꓢꓲ ꓒ: ꓞꓳ ꓔꓲ ꓬꓳ-ꓢꓷ ꓥꓪ ꓚꓲ ꓛꓬ ꓐꓱ ꓥ ꓟ ꓑꓬꓲꓠ-ꓴ-ꓡꓪꓲꓠ ꓡꓳ ꓒꓱ ꓬꓰ-ꓥꓺ ꓞꓳ ꓘꓹ ꓗ. ꓠꓯ. ꓢꓲ ꓬꓹ-ꓗꓴꓷ.ꓼ 11 ꓟ꓾ ꓮ-ꓗꓴꓷꓼ ꓮ ꓟꓮꓼ 680 ꓴ.-ꓑꓮꓠ ꓮ:-ꓟꓮꓼ ꓠ/25 ꓰ ꓗꓼ 3.71 ꓰ ꓗꓼ ꓙꓳˍ ꓟ ꓟꓲ ꓠꓯ ꓔꓯ꓾ ꓟꓬ-ꓟ ꓗꓴꓷ ꓡꓲ-ꓢꓴ ꓘꓴ ꓜꓲ ꓞꓳ ꓜꓴ ꓜꓲꓼ (ꓡꓚꓚꓟ) ꓔꓯ 1997.5.23 ꓠꓬꓲ ꓗꓪ ꓠꓵ ꓠꓲꓹ ꓙ ꓗꓳ ꓟ ꓠꓲ ꓟ ꓡꓰ ꓗ ꓛꓲ ꓛꓲ ꓡꓰ ꓔꓲ ꓖꓶ ꓗꓷ ꓟ ꓥ ꓡꓳ=
ꓔꓲ ꓖꓶ ꓗꓷ ꓟ ꓐꓰ ꓗꓴ ꓙꓲ: ꓙꓳ ꓢꓲ꓾ꓠꓬꓲ ꓛꓱ: ꓗꓪ ꓟ ꓬꓲ ꓠꓬꓲ ꓐꓴ ꓠꓲꓹ ꓧꓳꓹ ꓢꓲ 2026. 5. 31 ꓠꓬꓲ ꓗꓪ ꓮ ꓙꓵ ꓢꓴ ꓔꓯ ꓖꓶ ꓟ꓾ ꓡꓯꓼ ꓟꓼ ꓔꓳ ꓟ ꓔꓯ ꓣꓱ ꓬꓰ ꓢꓲ ꓡꓯ ꓙꓱ ꓗꓷ ꓟ ꓥ ꓡꓳ=

19/05/2026

တောက်ပနေသော ကြယ်တစ်ပွင့် ရုတ်တရက် ကြွေကျသွားသလိုပါပဲ
လူအများရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ တန်ဖိုးရှိသူတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရခြင်းဟာ ယနေ့ထိတိုင် မယုံနိုင်လောက်အောင် ကြေကွဲဝမ်းနည်းစရာကောင်းလှပါတယ်။

သူဟာ ကိုယ့်အကျိုးထက် အများအကျိုးကို အမြဲရှေ့တန်းတင်ခဲ့သူ
လိုအပ်နေသူတွေကို ကူညီပေးဖို့ ဘယ်တော့မှ လက်မနှေးခဲ့သူ
လူတိုင်းအပေါ် နွေးထွေးကြင်နာစွာ ဆက်ဆံတတ်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ရိုးသားမှု၊ မေတ္တာတရား၊ အနစ်နာခံမှုတွေကြောင့် လူရိုသေ လူချစ်လူခင်များပြားခဲ့ပြီး လူအများရဲ့ နှလုံးသားထဲမှာ အစားထိုးမရနိုင်တဲ့ နေရာတစ်ခုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူ့ရဲ့ အပြုံးတွေကို ပြန်မြင်ချင်နေမိတယ်
သူ့ရဲ့ အသံတွေကို ပြန်ကြားချင်နေမိတယ်
ဒါပေမယ့် အားလုံးဟာ အမှတ်တရတွေအဖြစ်သာ ကျန်ရှိတော့မှာမို့ နှလုံးသားထဲမှာ အဆုံးမရှိ လွမ်းဆွတ်နေရပါတယ်။

ခန္ဓာကိုယ်သာ ဝေးကွာသွားပေမယ့်
သူလုပ်ဆောင်ခဲ့တဲ့ ကောင်းမှုတွေ၊ သူပေးခဲ့တဲ့ မေတ္တာတွေ၊ သူချန်ထားခဲ့တဲ့ နွေးထွေးမှုတွေကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

ချစ်ခင်လေးစားရပါသောသူငယ်ချင်း ဦးခွန်ဆာရေ
ကောင်းရာသုဂတိလားပါစေ။
ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ထာဝရ ရှင်သန်နေဦးမှာပါ
အမြဲတမ်း အောက်မေ့ သတိရနေပါမယ်။

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဌ
ဦးယောဆက်

14/05/2026

ဝမ်းနည်းကြေကွဲခြင်း

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဌဖြစ်သူ ကချင်တိုင်းရင်းသားကြီး ဦးခွန်ဆာ ကွယ်လွန်သွားကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း မိသားစုဝင်များအားလုံးမှ အထူးဝမ်းနည်းကြေကွဲရပါသည်။
ဦးခွန်ဆာသည် အသင်း၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများအတွက် အားကြိုးမာန်တက် ဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်ပြီး အသင်းအပေါ် ထားရှိခဲ့သော စေတနာ၊ တာဝန်ယူမှုနှင့် ပေးဆပ်အနစ်နာခံမှုများကို အမြဲဂုဏ်ပြုအမှတ်ရနေမည်ဖြစ်ပါသည်။
ခရစ်ယာန်ယုံကြည်ခြင်းကို ခိုင်မာစွာကိုင်စွဲထားသူတစ်ဦးဖြစ်သည့် ဦးခွန်ဆာသည် လူသားချင်းစာနာထောက်ထားမှု၊ မေတ္တာတရားနှင့် အများအကျိုးဆောင်ရွက်မှုတို့ဖြင့် လူအများ၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါသည်။
ကောင်းသောတိုက်ပွဲကို ငါတိုက်ပြီးပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီးပြီ၊ ယုံကြည်ခြင်းကို စောင့်ရှောက်ပြီးပြီ။ (၂ တိမောသေ ၄:၇)
ဦးခွန်ဆာ ကွယ်လွန်သွားခြင်းသည် အသင်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး၊ ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ကွယ်လွန်သူ ဦးခွန်ဆာသည် ထာဝရဘုရားရှင်၏ ရင်ခွင်တော်၌ ငြိမ်သက်အေးချမ်းစွာ အနားယူနိုင်ပါစေကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များအား ဘုရားရှင်၏ နှစ်သိမ့်ခြင်းနှင့် ခွန်အားများ ရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဌ
ဦးယောဆက်

01/05/2026

ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုသူ လူတစ်စု၏ မမှန်ကန်သော သတင်းများ၊အခြေအမြစ်မရှိသော စွပ်စွဲရေးသားမှုများကြောင့် ကျွန်တော်တို့ ရွှေလိပ်ပြာမိသားစုအနေနဲ့ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအရ များစွာထိခိုက်နာကျင်နေရပါသည်။
အမှန်တရားမဟုတ်သော အကြောင်းအရာများသည် မိသားစုတစ်စု၏ဂုဏ်သိက္ခာနှင့် အသက်မွေးဝမ်းကျောင်းကိုပါ ထိခိုက်စေနိုင်ကြောင်းကိုလည်း နားလည်ပေးစေလိုပါသည်။
ထို့ကြောင့် မည်သည့်သတင်းကိုမဆို မူရင်းအချက်အလက်ကို သေချာစီစစ်ခြင်းမရှိဘဲ အလွယ်တကူ ယုံကြည်မိခြင်းမရှိစေရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ သတင်းတစ်ခု၏နောက်ကွယ်တွင် လူသားများ၏ဘဝ၊ မိသားစုများ၏ခံစားချက်များ ပါဝင်နေကြောင်းကို စာနာနားလည်ပေးစေလိုပါသည်။

မှတ်ချက်။ ။၁၉၉၃ ခုနှစ်တွင် ကျွန်တော်တို့မိသားစုသည် တိုင်းပြည်အတွက် ၂၅% အခွန်ကို တာဝန်ယူပြီး အပြည့်အဝထမ်းဆောင်ခဲ့သည့် မှတ်တမ်းများလည်း ရှိနေပါသည်။
ဒီအချက်များသည် ကျွန်တော်တို့မိသားစု၏ သစ္စာရှိမှုနှင့် တာဝန်ယူမှုကို ဖော်ပြနေသော သက်သေတစ်ရပ်ဖြစ်ပါသည်။
နားလည်ပေးမှုနှင့် စာနာမှုများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
အောက်တွင်ဖော်ပြထားသောပုံတွင် ဒေါ်လာ 6 သန်းကျော်ရောင်းချပြီး 25%သောအခွန်ကို ပေးဆောင်ထားသော စာရင်းမှတ်တမ်းဖြစ်ပါတယ်။

09/04/2026
23/03/2026

ကမ္ဘာလုံးဆိုင်ရာ လီဆူလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဥက္ကဌ ဦးချိုဆာရီ ကွယ်လွန်အနိစ္စရောက်ရှိခြင်းသည် ကျွန်ုပ်တို့အတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုတစ်ခုဖြစ်ပါသည်။ သူ၏ ကောင်းမှုကုသိုလ်များနှင့် ကြိုးစားအားထုတ်မှုများကို အမြဲအမှတ်ရနေမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။

တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဌ
ဦးယောဆက်

ꓟꓵ ꓗꓳ ꓓꓵ ꓓꓵ ꓡꓲ-ꓢꓴ ꓞꓳ ꓫꓵ: ꓪꓴ: ꓟꓴ ꓛꓵ: ꓔꓴ ꓜꓴ
ꓢ ꓡ ꓙꓵ ꓓ ꓟ ꓢꓲ: ꓒ: ꓛꓳ:-ꓢ-ꓬꓰ ꓾ ꓧꓪ: ꓖꓳ ꓓꓱ
ꓡꓳꓹ ꓬꓰ ꓟ ꓠꓬ꓾ ꓥꓪ ꓠꓴ ꓐꓱ ꓶ꓾ ꓔꓲ. ꓫꓵꓺ ꓧꓪ ꓗꓷ ꓟꓼ ꓠ ꓟ ꓫꓴ ꓡꓰ ꓓꓴ ꓬꓲ ꓓ ꓟ ꓕꓲ ꓟ ꓥ ꓡꓳ=
ꓬꓲ ꓡꓰ ꓣꓱ ꓬꓰ ꓗꓷ ꓟ꓾ ꓙꓲˍ ꓟ ꓟꓬꓱ: ꓐꓬꓱꓼ ꓘꓶˍ ꓐꓰ꓾ ꓢꓯꓼ ꓕꓵ ꓔ ꓬꓰꓹ ꓟ ꓔꓯ ꓮꓺ ꓕꓯ ꓥˍ ꓟꓲ ꓓꓵ ꓙ: ꓢꓲꓼ ꓙꓬ ꓚꓲ ꓟꓶ ꓔꓬ ꓓꓴ ꓥ ꓢꓲ꓾ ꓗ. ꓠꓯ ꓢꓲ ꓜꓰ ꓔꓲ ꓬꓰ ꓟ꓾ ꓦꓲ ꓘꓴ ꓡ ꓞꓳ ꓐꓴ ꓐꓰ ꓕꓲ ꓡꓰꓸꓼ ꓠꓲ ꓫ ꓟꓬ ꓫ꓾ ꓪˍ ꓡꓳ=
ꓡꓳ ꓟꓲ: ꓗꓴꓷ ꓞꓳ ꓫꓵ: ꓞꓳ ꓙꓲ: ꓐꓴ
ꓟꓬꓱ: ꓐꓬꓱꓼ ꓘꓶ: ꓢ ꓡ ꓙꓵ: ꓓ: ꓟꓺ
ꓢꓲ: ꓒ ꓛꓬ: ꓬꓳ-ꓢꓷ

Address

Yangon
11201

Website

Alerts

Be the first to know and let us send you an email when Char Yaw Satt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share