Dream Land Villa - Ywangan

Dream Land Villa - Ywangan ဓနုတို့ဌာနေ ရွာငံမြေမှ ကြိုဆိုပါ​၏

😁
09/09/2022

😁

သတိရတာထက်ပိုပါတယ်ကွာ 😔
29/05/2022

သတိရတာထက်ပိုပါတယ်ကွာ 😔

💖
28/11/2021

💖

ဆီထွက်နေကြာနှင့် သီးထပ်သီးညှပ်စိုက်ပျိုးရေး🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹✅ မြန်မာနိုင်ငံမှာစိုက်နေတာက နေကြာတစ်မျိုးတည်းမကပါ။ အစေ့စားနေ...
19/11/2021

ဆီထွက်နေကြာနှင့် သီးထပ်သီးညှပ်စိုက်ပျိုးရေး
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

✅ မြန်မာနိုင်ငံမှာစိုက်နေတာက နေကြာတစ်မျိုးတည်းမကပါ။ အစေ့စားနေကြာစိုက်သည်။ ဆီထွက်နေကြာလည်း စိုက်သည်။ ကျွန်တော်က ဆီထွက်နေကြအကြောင်းပဲရေးချင်၍ ဖြစ်ပါသည်။ ယခုအခါ ဆီထွက်နေကြာကို ရေ၊မြေ၊ ရာသီဥတု အမျိုးမျိုးကွဲပြားသော ဒေသများတွင် အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရာတွင်လည်း နှမ်း၊ မြေပဲတို့ထက်လွယ်ကူပြီး ကုန်ကျစရိတ် သက်သာသည်။ မိုးဦး၌ မေလနှင့် ဇွန်လ၊ မိုးလယ်၌ သြဂုတ်လ၊ မိုးနှောင်းတွင် စက်တင်ဘာလနှင့် အောက်တိုဘာလ၊ မိုးကြိုတွင် ဖေဖော်ဝါရီလနှင့် မတ်လတို့၌ စိုက်ပျိုးသည်။ မိုးစပါးအပြီး ဒီဇင်ဘာလ၌လည်း စိုက်ပါသည်။

♦️ #ဆီထွက်နေကြာစတင်စိုက်ပျိုးခြင်း

✅ ရှေးယခင်က အစေ့စားနေကြာကိုသာစိုက်သည်။ ငှက်စာနှင့် သရေစာအတွက်ဖြစ်သည်။ ဆီထွက်နေကြာကိုတော့ မြန်မာနိုင်ငံမှာ ၁၉၇၆-၇၇ ခုနှစ်မှစ၍ စိုက်သည်ဟု ဖတ်ဖူးပါသည်။ ၁၉၈၀ ပြည့်နှစ်များလောက်မှစ၍ ဆီထွက်နေကြာဧရိယာများ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဆီထွက်နေကြာ စတင်စိုက်ပျိုးစဉ်က ပြည်ပကရရှိသည့် သဘာဝ၀တ်မှုန်ကူးနေကြာမျိုးတွေချည်း ဖြစ်သည်။ ထိုမျိုးများမြန်မာနိုင်ငံ၌ ဖြစ်ထွန်းမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စမ်းသပ်သုတေသနပြုကာ တိုးချဲ့စိုက်ပျိုးခြင်းဖြစ်သည်။ စိုက်ပျိုးနည်း၊ စိုက်ချိန်၊ မြေသြဇာထည့်သွင်းနည်း စသည့် သုတေသနလုပ်ငန်းများကို တပ်ကုန်းစိုက်ပျိုးရေးခြံ၌ စတင်၍လည်းကောင်း၊ ဒေသအလိုက်ဖြစ်ထွန်းမှုကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လည်းကောင်း စမ်းသပ်ခြင်း၊ မျိုးဖြန့်ဝေခြင်းတို့ကို တစ်ပြိုင်တည်းလုပ်ဆောင်ခဲ့ခြင်းကြောင့် ဧရိယာ
ဧက တိုးတက်လာကြောင်း မှတ်တမ်းများတွင် ဖော်ပြထားတာ တွေ့ရှိရပါသည်။

✅ စိုက်ပျိုးခဲ့သည့် သဘာ၀၀တ်မှုန်ကူးနေကြာမျိုးများကို ရှေ့မီနောက်မီများဆိုရင် ကြားဖူးကြမှာပါ။ ဒို့ခေတ်၊ ပုလဲနက်(သို့မဟုတ်)မဟူရာ၊ ပယ်ရီဒိုးဗစ်၊ ဆန်ဖိုလာနှင့် ဂျီအိုအာမျိုးများဟု မှတ်သားမိသည်။များသောအားဖြင့် အသက်ကြီးမျိုးများဖြစ်သည်။အသက်ရက် ၁၀၀ မှ ၁၁၀ လောက်မှ ရိတ်သိမ်းနိုင်သည်။ နေကြာမျိုးများတွင် ဆီပါဝင်မှုရာခိုင်နှုန်းလည်း နည်းကြပါသည်။

♦️ #အထွက်ကောင်းနေကြာမျိုးများထုတ်လုပ်ခြင်း

✅ နောက်တော့ စိုက်ပျိုးရေး သုတေသန၊ ဆီထွက်သီးနှံ သုတေသနဌာနစုက စမ်းသပ်မှု အဆင့်ဆင့်လုပ်ပြီး ထုတ်ဝေလိုက်သည့် သဘာ၀၀တ်မှုန်ကူး နေကြာမျိုးများကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် စိုက်လာတော့သည်။
☑️ ဆင်းရွှေကြာ-၁၊
☑️ ဆင်းရွှေကြာ-၂ နှင့်
☑️ ဆင်းရွှေကြာ-၃ မျိုးများဖြစ်သည်။

✅ မိမိနိုင်ငံမှာပင် သုတေသနပြုထုတ်ဝေသည့် ဤမျိုးများက ယခင်ပြည်ပကတင်သွင်းသည့် မျိုးများထက် တစ်ဧကနေကြာအထွက်သာမက ဆီထွက်ရာခိုင်နှုန်းပါ သာလွန်ကြောင်း သိရပါသည်။

✅ တောင်သူများ ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသည့် ဆင်းရွှေကြာ - ၂ မျိုး၏ အရည်အသွေးလက္ခဏာများကို ဖော်ပြရလျှင် ဤမျိုးသည် စပ်မျိုးမဟုတ်ပါ။ အထွက်ကောင်းမျိုးဖြစ်သည်။ အသက်ရက် ၈၀ မှ ၈၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်အမြင့်မှာ လေးပေမှ ၄ ဒသမ ၅ ပေဖြစ်သည်။ အပွင့်အချင်းမှာ ငါးလက်မမှ ရှစ်လက်မရှိသည်။ အစေ့ ၁၀၀၀ အလေးချိန် ၅၆ ဂရမ်ရှိသည်။
အစေ့တွင်ဆီပါဝင်မှုမှာ၄၀ မှ ၅၀ ရာခိုင်နှုန်းဖြစ်သည်။ တစ်ဧကမှ နေကြာစေ့ တင်း ၃၀ မှ ၄၅ တင်း ထွက်နိုင်သည်။ ထူးခြားသည်မှာ ယိုင်လဲမှုဒဏ်ခံနိုင်ပြီး ရွက်ခြောက်ရောဂါဒဏ်ခံနိုင်ရည်ရှိကြောင်း သိရပါသည်။

✅ သဘာ၀၀တ်မှုန်ကူးမျိုးနှင့် စာရင်တော့ စပ်မျိုးကပို၍ သီးနှံအထွက်ရော၊ ဆီထွက်ရော ပိုကောင်းတာသေချာသည်။ ထို့ကြောင့် ပြည်ပက စပ်မျိုးနေကြာကိုမှာယူတင်သွင်း၍ စိုက်ပျိုးကြည့်သည်။ တကယ်ပင် သီးနှံအထွက်ကောင်းသည်။ ဆီထွက်လည်း ကောင်းသည်။ စိုက်ပျိုးသူ တောင်သူတို့ များစွာအကျိုးရှိပြီး ဆီထွက်သီးနှံထုတ်လုပ်မှုလည်း တိုးတက်ခဲ့သည်ဟုဆိုပါသည်။
သို့သော် ယခုလိုသာ နှစ်စဉ်ပြည်ပက ဝယ်ယူတင်သွင်းနေရလျှင် မျိုးစေ့အတွက် နိုင်ငံခြားငွေ များစွာသုံးစွဲနေရတော့မှာပါ။ ထို့ကြောင့် စပ်မျိုးနေကြာကို ပြည်တွင်း၌ ထုတ်လုပ်ရန် လိုအပ်မည်ဟု သုတေသနပညာရှင်များ သုံးသပ်ခဲ့ကြကြောင်းသိရပါသည်။

♦️ #ရေဆင်းစပ်မျိုးနေကြာ-၁ ထုတ်လုပ်ခြင်း

✅ စပ်မျိုးနေကြာထုတ်လုပ်ရေး လုပ်ငန်းကို ဦးစားပေးစတင်နိုင်တာက ၁၉၉၃-၉၄ ခုနှစ် ဖြစ်သည်။ အထွက်နှုန်းနှင့် ဆီထွက်နှုန်းကောင်းမွန်သော ယခုလက်ရှိကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသည့် ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တာ ကတော့ ၂၀၀၁- ၂၀၀၂ ခုနှစ်တွင် ဖြစ်ပါသည်။ စပ်မျိုးနေကြာကို ပြည်တွင်းမှာထုတ်လုပ်ရရှိသည်နှင့် နေကြာစိုက်ဒေသများတွင် ကျယ်ပြန့်စွာ စမ်းသပ်စိုက်ပျိုးခဲ့ရာလက်ရှိ တောင်သူများစိုက်ပျိုးနေသော သဘာ၀၀တ်မှုန်ကူးမျိုးတွေထက် တစ်ပွင့်ပါအောင် စေ့အရေအတွက်၊ အစေ့ ၁၀၀၀ အလေးချိန်နှင့် ဆီပါဝင်မှုရာခိုင်နှုန်းပိုမိုကြောင်း သိမြင်ခဲ့ကြရသည်။ အထွက်တွင် လက်ရှိ စိုက်ပျိုးနေသောမျိုး

(ထိုအချိန်ကဆန်ဖိုလာမျိုး) ထက် နှစ်ဆအထိ ပိုမိုထွက်ပြီး တစ်ဧက တင်း ၆၀ နှုန်းအထိ ထွက်ရှိခဲ့သည်ဟု သိရှိရပါသည်။

✅ ရေဆင်းစပ်မျိုးနေကြာ - ၁ ၏အရည်အသွေးလက္ခဏာများကို ဖော်ပြရလျှင် ဤမျိုးသည်
သဘာ၀၀တ်မှုန်ကူးမျိုးမဟုတ် စပ်မျိုးဖြစ်သည်။ အသက်ရက်မှာ ၈၀ မှ ၈၅ ရက်နှင့် ရိတ်သိမ်းနိုင်သည်။ အပင်အရပ်မှာ လေးပေမှငါးပေခန့်ရှိသည်။ အပွင့်အချင်းမှာ ငါးလက်မမှ ကိုးလက်မ ဖြစ်သည်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၉၀၀ အထိရှိသည်။
မျိုးအောင်မြင်မှုရာခိုင်နှုန်း ၉၀ မှ ၉၅ ရာခိုင်နှုန်းဖြစ်သည်။ အစေ့ ၁၀၀၀ အလေးချိန်ဂရမ်မှာ ၄၅ မှ ၅၀ ရှိသည်။ အစေ့တွင် ဆီပါဝင်မှုမှာ ၄၈ မှ ၅၁ ရာခိုင်နှုန်းဖြစ်သည်။

✅ ဆီထွက်နိုင်မှုမှာ အစေ့တစ်တင်းမှ ဆီလေးပိဿာမှ ၄ ဒသမ ၅ ပိဿာထွက်နိုင်သည်။ ထူးခြားချက်မှာ အပင်ယိုင်လဲမှုဒဏ်ကို ခံနိုင်သည်။ နေကြာရွက်ခြောက်ရောဂါဒဏ်ကို ခံနိုင်သည်။ နေရာဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ဝတ်မှုန်ကူးရန် ပျား၏အကူအညီ မပါသော်လည်း တစ်ဧကမှ အထွက် ၅၅ တင်းမှ တင်း၆၀ အထိထွက်ရှိနိုင်ကြောင်း သိရပါသည်။

♦️ #သီးထပ်သီးညှပ်စိုက်ပျိုးရေး

✅ ယခုအခါ ဆီထွက်နေကြာကို မြန်မာနိုင်ငံတစ်ဝန်း လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေနှင့် မြစ်ဝကျွန်းပေါ်ဒေသများပါမကျန် စိုက်ပျိုးလျက်ရှိသည်။ နေကြာတစ်မျိုးတည်း သီးသန့်စိုက်နိုင်သကဲ့သို့ သီးထပ်သီးညှပ်လည်း စိုက်ပျိုးနိုင်သည်ဖြစ်ရာ စိုက်ပျိုးနိုင်သည့် သီးထပ်သီးညှပ် သီးနှံပုံစံများကို ဖော်ပြလိုပါသည်။ မိုးဦးယာသီးနှံများဖြစ်သော မိုးမြေပဲ၊ နှမ်းလျင်၊ ပဲတီစိမ်း
သီးနှံတို့အပြီး သီးထပ်စိုက်ပျိုးနိုင်သည်။ သို့သော် မိုးပြောင်းဖူး သီးနှံအပြီး နေကြာသီးနှံကိုတော့ သီးထပ်စိုက်ပျိုးခြင်းမပြုသင့်ပါ။ အကြောင်းမှာ သီးနှံနှစ်မျိုးစလုံးသည် အပင်အာဟာရများကို များစွာစားကြသဖြင့် မြေဆီသြဇာလျင်မြန်စွာ လျော့နည်းသွားနိုင်၍ ဖြစ်ပါသည်။

✅ မိုးဦးပဲစင်းငုံသီးနှံ စိုက်ပျိုးစဉ်ကလည်း နေကြာနှင့် သီးညှပ်စိုက်ပျိုးနိုင်သည်။ နေကြာကို ပဲစင်းငုံ
အတန်းနှစ်ခုအကြားတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခွဲမှ နှစ်ပေအကွာအဝေးထားပြီး စိုက်ပျိုးနိုင်သည်။ နေကြာသီးညှပ်စိုက်ခြင်းကြောင့် ပဲစင်းငုံ၏ တစ်ဧကဝင်ဆံ့မှုကို မထိခိုက်ပါ။ ပဲစင်းငုံအမြစ်များမှ မြေထဲရှိဖော့စ်ဖိတ်ကို အရည်ပျော်စေသဖြင့် နေကြာသည် ဖော့စ်ဖိတ်ဓာတ်ကို လုံလောက်စွာရရှိနိုင်ပြီး ဆီထွက်နှုန်း ပိုမိုကောင်းစေသည်ဟု သိရပါသည်။

✅ ပဲတီစိမ်းစိုက်ပျိုးရာတွင်လည်း သီးညှပ်စိုက်နိုင်သည်။ ပဲတီစိမ်းအတန်း လေးတန်းခြားတိုင်း နေကြာတစ်တန်းကို တစ်ပင်နှင့်တစ်ပင် တစ်ပေအကွာထားပြီး စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းလည်းရ စားသုံးဆီလည်း ရနိုင်သဖြင့် တောင်သူအတွက် စီးပွားရေးနစ်နာမှုမရှိကြောင်း သိရပါသည်။

✅ ဆောင်းရာသီ ဂျုံသီးနှံစိုက်ပျိုးရာတွင်လည်း သီးညှပ်စိုက်ပျိုးနိုင်သည်။ ဂျုံသီးနှံလေးတန်းခြားတိုင်း နေကြာတစ်တန်းကိုတစ်ပင်နှင့်တစ်ပင် တစ်ပေအကွာထားပြီးစိုက်ပျိုးနိုင်သည်။ သီးနှံနှစ်မျိုးစလုံးအတွက် အပင်ပြုစုနည်းမှာ လုပ်ရိုးလုပ်စဉ်အတိုင်းဖြစ်သည်။ ဂျုံသီးနှံအထွက်လည်းရ ဆီလည်းရမည် ဖြစ်ပါသည်။ ကြံသီးနှံနှင့် သီးညှပ်စိုက်နိုင်သည်။ ကြံပင်တန်းနှစ်တန်းအ
ကြားတွင် နေကြာကို တစ်ကျင်းနှင့် တစ်ကျင်း တစ်ပေခွဲခန့်ခွာ၍ မျိုးစေ့ချနိုင်သည်။

✅ နေကြာသည် သက်တမ်း ၈၅ ရက်နှင့် ရက် ၉၀ ခန့်သာရှိသဖြင့်ကြံကျင်းစာမကျွေးမီပင် ရိတ်သိမ်းနိုင်သည်။ နေကြာသီးညှပ် စိုက်ခြင်းကြောင့်တစ်ဧကတွင်ရှိရမည့် ကြံပင်အရေအတွက်ကိုလည်း လျော့နည်းစေခြင်းမရှိပါ။ စပါးအပြီး သီးထပ်အဖြစ်လည်း စိုက်ပျိုးနိုင်သည်။ သက်လျင်နှင့် သက်လတ်မိုးစပါး ရိတ်သိမ်းအပြီးတွင် မြေအစိုဓာတ်ရှိချိန် ထွန်ရေးပြင်ပြီး နေကြာကို စိုက်ပျိုးနိုင်သည်။ ဒီဇင်ဘာလပထမပတ်လောက်စိုက်နိုင်လျှင် မတ်လဆန်းလောက်တွင် ရိတ်သိမ်းနိုင်ပါသည်။ စနစ်တကျ စိုက်ပျိုးပြီး မြေအစိုဓာတ်ထိန်းသိမ်း
နိုင်သောလယ်မြေဖြစ်လျှင် စပါးလည်းရ နေကြာလည်းရသဖြင့် ဆန်သာမက ဆီပါဖူလုံစေမည် ဖြစ်ပါသည်။

✍️ #မောင်ဖူးေ၀ (တောင်တွင်းကြီး)
📡
🌎 မြန်မာတောင်သူကြီးများဂျာနယ်

(The Farmer Journal တွင် ပုံနှိပ်ဖော်ပြခဲ့ဘူးသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်)

Dream    Come         True... 💗
10/11/2021

Dream
Come
True... 💗

အောင်ပန်း ရွာငံ ဝန်းကျင်က သဘာဝအလှတရားများ....စိတ်အကြည်ဓါတ်ရ​စေတဲ့ မြင်ကွင်း​လေး​တွေ..
26/07/2021

အောင်ပန်း ရွာငံ ဝန်းကျင်က သဘာဝအလှတရားများ....
စိတ်အကြည်ဓါတ်ရ​စေတဲ့ မြင်ကွင်း​လေး​တွေ..

Address

Ywangan
Ywangan

Telephone

+959885090170

Website

Alerts

Be the first to know and let us send you an email when Dream Land Villa - Ywangan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dream Land Villa - Ywangan:

Share

Category