Maldives Resort Doctor - Dr. Aung Min Thu

Maldives Resort Doctor - Dr. Aung Min Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maldives Resort Doctor - Dr. Aung Min Thu, Beach Resort, Male.

Page Messenger မသုံးပါဘူး။ CB reply မပြန်ပါ

👨‍⚕️ Resort doctor in the Maldives
🌊 Medicine, island life & real stories
📚 Clinical tips | Daily life | Behind the scenes
✨ Healing people while living on a paradise island

Microbiology ရဲ့အစ 3rd MB နှစ်စမှာ ပထမဦးဆုံး 1st test က Sterilisation and Disinfection အကြောင်းအရာGeneral microbiology အ...
31/08/2026

Microbiology ရဲ့အစ
3rd MB နှစ်စမှာ
ပထမဦးဆုံး 1st test က
Sterilisation and Disinfection အကြောင်းအရာ
General microbiology အပိုင်းတွေပေါ့
အဲ့ဒါက အရေးကြီးဆုံးအပိုင်းလို့ကို မြင်တယ်
ကျောင်းသားအများစုက နှစ်စမှာ mood မလာဘူး
ဒီအပိုင်းတွေကို အလွယ်တကူ ကျော်မိတတ်တယ်
မလုပ်ရဘူး ဒါလုပ်ငန်းခွင်မှာအရေးကြီးတယ်

GP setting မှာလည်း ဒါကအရေးကြီးတယ်
ကိုယ့်ဆေးခန်းကို upgrade လုပ်ချင်ရင်
ပေါင်းအိုးနဲ့ instrument ထည့်ပြုတ်တာမလုပ်နဲ့
Autoclave မရှိရင် အစားထိုးအနေနဲ့
Pressure canner လေးတွေရှိတယ်
ရေနွေးနဲ့ပြုတ်တာတော့ မသင့်တော်ဘူး
Bacteria spores တွေကို မသတ်နိုင်ဘူး
အဲ့ဒါက အလေ့အကျင့်ကောင်းတွေပဲဗျ
ပစ်စလက်ခက် ဘဝမှာနေတဲ့သူတွေက
ဘယ်တော့မှ ကောင်းမွန်တဲ့ဘဝကိုမရဘူး

Autoclave Record ဆေးခန်းမှာထားတယ်
ဘယ်ပစ္စည်းကို Temp, Duration, Date
Signature ထည့်၊ ၁လကို ၄ကြိမ် ပျှမ်းမျှပေါ့
Resort maintenance လုပ်တဲ့အချိန်
ထိခိုက်အနာတရအချိန်ဆိုရင် ဒီထက်များမယ်
ဒါက အလုပ်ခွင်က သင်ပေးတဲ့ပညာတွေ
GP တယောက်က Minor surgical skill လုပ်ရမယ်
ဆရာတို့ GP ထိုင်လာတဲ့ နှစ်၂၀/၃၀/၄၀ လား
နှစ်၂၀စာ autoclave မှတ်တမ်းရှိပါသလား?
Experience ဆိုတာ ကိန်းဂဏန်းသပ်သပ်မဟုတ်ဘူး
ကိုယ့်အလုပ်မှာ စေတနာပါမှုနဲ့
အသက်မွေးဝမ်းကြောင်းကို သစ္စာစောင့်သိမှုပါ
နှစ်၂၀လုံး လမ်းစဉ်အမှားနဲ့ကျင့်ထားရင်
အဲ့ဒီ experience က သဲထဲရေသွန်ပဲ

ဒါဟာ Nurse ရဲ့တာဝန်ပဲလို့ ပစ်မထားရပါဘူး
Supervise ပြန်လုပ်ရမယ် စစ်ရမယ်
ဒါလည်း ကိုယ့်အလုပ်ပဲ
ကိုယ့်ဆေးခန်းက ကိုယ့်ရဲ့ကိုးကွယ်အားထားရာပဲ
Clinic တခုမှာ structure က အရေးကြီးသလို
Function ကလည်း အရေးကြီးပါတယ်
ဒါလေးကို တင်ပြရင်း အကြံပြုပါရစေ။

🟥 အတွေးတခုခုရရင် YES လို့မန့်ပေးပါ 💟







မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၃၁၊၈၊၂၀၂၆

ဘဝက အမြဲတမ်း ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ဘူးမဟုတ်လားစိတ်ပျက်မသွားပါနဲ့လောကကြီးက ကိုယ့်ကို လမ်းတခု ပိတ်လိုက်တိုင်း နောက်ထ...
25/08/2026

ဘဝက အမြဲတမ်း
ကိုယ်ဖြစ်ချင်သလို
ဖြစ်မလာတတ်ဘူးမဟုတ်လား

စိတ်ပျက်မသွားပါနဲ့
လောကကြီးက
ကိုယ့်ကို လမ်းတခု ပိတ်လိုက်တိုင်း
နောက်ထပ် ပိုကောင်းတဲ့ လမ်းအသစ်တခု
အမြဲ ပြင်ဆင်ပေးတတ်ပါတယ်

အဓိကကတော့
ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
မပျောက်ပျက်သွားဖို့ပါပဲ

ဒီနေ့ ညမမှောင်ရင်
မနက်ဖြန် နေမင်းကြီး
လင်းလင်းလင်းလင်း သာလာတာကို
မြင်ရမှာ မဟုတ်ဘူးလေ

ဒါကြောင့် အခု လောလောဆယ် ခက်ခဲနေလည်း "ဒါဟာ ဖြတ်သန်းမှု တခုပါပဲ" လို့ တွေးပြီး အကောင်းဆုံး ဆက်လျှောက်ကြပါ 🤍

အားလုံးအဆင်ပြေကြပါစေ 🙏

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၂၅၊၈၊၂၀၂၆

18/08/2026




゚viralシ

Visual ပိုင်းက အရေးကြီးပါတယ်ဘယ်လောက်ပဲ ကိုယ်က competent ဖြစ်နေပါစေလူနာရဲ့ Trust က အရေးကြီးတယ်ကိုယ့်ဘဘကြီးက ဆုံးမဖူးတယ်ကိ...
17/08/2026

Visual ပိုင်းက အရေးကြီးပါတယ်
ဘယ်လောက်ပဲ ကိုယ်က competent ဖြစ်နေပါစေ
လူနာရဲ့ Trust က အရေးကြီးတယ်
ကိုယ့်ဘဘကြီးက ဆုံးမဖူးတယ်
ကိုယ့်ဆီလာလည်ရင် အိမ်နဲ့ခြောက်ရတယ်တဲ့
ဆိုလိုတာကတော့ အသွင်အပြင်ပါ
လူတွေဟာ ပြင်ပရုပ်သွင်ကို တအားဂရုစိုက်တယ်
ဒီကတဆင့် Impression တွေဖြစ်တယ်
Don’t judge a book by its cover တဲ့
ဒီစကား ဘာလို့ဖြစ်တည်လာရသလဲ???
Judge လုပ်ကြလွန်းလို့ပေါ့ဗျာ ရှင်းနေတာပဲ
အဲ့ဒါကိုက Human psychology ပါပဲ
တလောကလုံး ဒီအတိုင်းပဲသွားတယ်
ပညာတတ်တွေ ပိုတောင်ဆိုးသေးတယ်ပြောရမယ်
ခများ Judge လုပ်တာ အရမ်းပက်စက်တယ်
စာတကြောင်း တဂါထာကိုကြည့်ပြီး
တဘဝလုံးစာကိုပါ criticize လုပ်တတ်တယ်
မျက်စိတထောက်စာကိုပဲ ကြည့်တဲ့သူများပါတယ်

ကဲထားပါ ဆေးခန်းလေးဆက်ရအောင်
Impression ရှိမှ Trust ကစတင်တယ်
ဆေးခန်းတခုအသွင်ပြင်က ပေတိပေစုတ်နဲ့ဆိုရင်
ကိုယ်တော်တာတတ်တာနောက်မှဗျ
လူနာက Trust issues လေး ရင်ခံနေပြီ
ကျနော့်အခု Resort ဆိုရင် စဉ်းစားကြည့်ပေါ့
Maldives ကိုလာလည်တဲ့ High class တွေ
ဆေးခန်း စုတ်တိစုတ်ပဲ့ဖြစ်နေရင်
ကိုယ်ပြောတာကို လိုက်နာကြမယ်ထင်ပါသလား

ဒီ initial step လေးက အများကြီးတာသွားတယ်
ဆေးခန်းထဲဝင်တာနဲ့ Wow ကနဲဖြစ်သွားတယ်
အမြဲမွှေးနေအောင် Aroma spray, Room spray
တောက်လျှောက်ဖြန်းထားပါတယ်
ဆေးခန်းဆိုပေမဲ့ ဆေးအနံ့မထွက်အောင်ထားတယ်
HR ဘက်ကလည်း support ပေးတယ်
အဟောင်းနဲ့အသစ် ပြန်ပြန်လဲတယ်
၁နှစ်ပြည့်တိုင်း ဆေးအသစ်ပြန်သုတ်ခိုင်းတယ်
လှပါပေ့ဆိုတဲ့ Clinic decoration တွေရှာတယ်
Budget ကိုက်တာလေး ပြန်ဖြည့်တယ်

ဆေးခန်းလေး Upgrade လုပ်ပြီးတဲ့အခါ
ကိုယ်ရဲ့Profession ပိုင်းလည်း မြင့်လာရမယ်
စိတ်ဓာတ်ပိုင်းလည်း မြင့်တက်လာရမယ်
မဟုတ်ရင် ဘာအနှစ်သာရမှမရှိဘဲဖြစ်မယ်
Social media ခေတ်မှာ လူအများစုက
Show off ပိုင်းတွေ ပိုအားစိုက်လာတယ်
Blame နိုင်ရင် လူအထင်ကြီးမယ်ဆိုတဲ့
အတွေးအခေါ်တွေ လွှမ်းမိုးခံနေရတယ်
အဲ့ဒီအကျင့်က လူနာအပေါ်သက်ရောက်ရင်
“မင်းကဆရာဝန်လား၊ ငါကဆရာဝန်လား”
“မင်းက ရိုးရိုးဆရာဝန် ၊ ငါကဘာကောင်”
ဒီလိုတွေဖြစ်ကုန်တော့တာ
“Ego first, Patient last” ဒီလိုပဲဖြစ်ကုန်တာ
အမှားထောက်ပြတာတွေလည်း အလားတူပဲ
စေတနာမှမပါနေတာပဲ ကိုယ်မှန်တယ်
ကိုယ်တော်တယ် ကိုယ်တတ်တယ် ဒါတွေပါပဲ
ကျနော်ကတော့ တစက်မှအထင်မကြီးပါဘူး
ကိုယ့်စံချိန်စံညွှန်းနဲ့လည်း မကိုက်ဘူး

Core values တွေ အားနည်းလာတယ်
ဒါတွေကိုလည်း သတိထားဖြည့်သင့်တယ်
နောက်ဆုံးမှာ Show off လုပ်တာက မေ့သွားကြမှာ
ကိုယ့်ရဲ့Action နဲ့ Professional integrity ကပဲ
ဒီလူဟာ ဘယ်လိုလူလဲမှတ်မိနေကြမှာ။
လူနာတွေအပေါ်ကို ကောင်းတဲ့သူပဲဖြစ်ချင်တယ်
သူတို့ရဲ့ Trust ရဖို့အရေးကြီးတယ်
ဆေးခန်းလေးလည်း လှပသန့်ရှင်းဖို့လိုသလို
စိတ်ဓာတ်ပိုင်းလည်း မြှင့်တင်ဖို့လိုပါတယ်

အတွေးတခုခုရသွားပြီး
လောကအလှဆင်နိုင်ကြပါစေခင်ဗျာ 💟

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၇၊၈၊၂၀၂၆

Medical certificate နဲ့ပတ်သက်လို့အရင်၂ပတ်လောက်ကပဲရုရှားက စုံတွဲလေးက ချောကလက်ပေးသွားတာကျေးဇူးတင်လို့ပါတဲ့ ၂ခုပေးတာ တခုကို...
13/08/2026

Medical certificate နဲ့ပတ်သက်လို့
အရင်၂ပတ်လောက်ကပဲ
ရုရှားက စုံတွဲလေးက ချောကလက်ပေးသွားတာ
ကျေးဇူးတင်လို့ပါတဲ့
၂ခုပေးတာ တခုကို Nurse ကိုပေးလိုက်တယ်၊

လူနာက ဖျားတယ်နုံးတယ်ပေါ့လေ
ဒီမှာ ၂ပတ်လာ အနားယူကြတာ
ပျော်လို့ ဆက်နေချင်ကြတာပေါ့လေ
တကယ်လည်း လာပြတဲ့နေ့က
လူနာက common cold နဲ့
Fever, Sneezing, Myalgia ရှိနေလို့
ဆေး၂ရက်စာပေးပြီး ပြန်လွှတ်လိုက်တာ

နောက်ပြန်လာပြီး Report တောင်းတယ်
ဖျားလို့ဒီမှာဆက်နေရပါမယ်ပေါ့လေ
သူ့ကိုပေးထားတဲ့ဆေးနဲ့ symptoms ရေးတယ်
Email ပို့ပေးလိုက်ပါတယ်
Medical report က လိမ်ရေးလို့တော့မရဘူး
လုပ်လည်းမလုပ်သင့်ဘူးပေါ့လေ
အဆင်ပြေသွားကြတယ်ထင်ပါရဲ့
နောက်ထပ် ရက်အနည်းငယ်ထပ်နေကြပြီးမှ
ကျေးဇူးတင်လို့ဆိုပြီး ဒါလေးလာပေးတယ်

ဒါက ကျနော်က Ethical အပိုင်းတွေရှိလို့သာ
လူနာတကယ်အအေးမိဖျားနာရှိလို့ ပေးရဲတာ
အဆင်ပြေသွားကြလို့ ကြားထဲက ဝမ်းသာရတယ်
တခါတလေ ကိုယ်က ကူညီပေးချင်ပါတယ်
Work ethic ကိုတော့ ချိုးဖောက်လို့မဖြစ်ဘူး
တကယ်ဆေးခန်းလာပြမထားရင် ကိုယ်မပေးဘူး
Resort ဘက်က “It’s your call” ပဲ ဘာမှမပြောဘူး
ဒီမှာကြာကြာနေလေ သူတို့ဝင်ငွေတိုးလေပဲ
၁ရက် $500-1000 မနည်းဘူးလေဗျာ

MC နဲ့ပတ်သက်ရင် အတော်တိုင်ပတ်တယ်
Staff ဆိုရင် သူတို့က မပေးစေချင်ဘူး
F&B staffs တွေက အထူးသဖြင့် service သမားတွေ
အတော်ပင်ပန်းတယ် နားချင်ကြတယ်
ကိုယ်ကျတော့ cough, sneezing ဆို ပေးတာပဲ
အစားအသောက်တွေနဲ့ အဆင်မပြေဘူးပေါ့
F&B Admin ပိုင်းက လွယ်လွယ်မပေးစေချင်ဘူး
သူတို့လူအင်အားနည်းရင် အဆင်မပြေဘူး
“In the end, it’s your call. You’re the doctor”
Medical certificate တွေက လွယ်လွယ်မပေးရဘူး
သာမာန်ဖျားတာကို MC ပေးရင်
လူတွေက အကျင့်ပျက်လာတော့တာပဲ
ဒါတော့ ကျနော့်အလုပ်ခွင်ဗဟုသုတပါ

ဆရာဝန်ဆိုတော့
ရောဂါတခုပဲထိုင်ကုနေရတာမဟုတ်ဘူး
ဒါတွေက Textbook ထဲမှာမပါတာပဲ
Moral ပိုင်းတွေ Ethic ပိုင်းတွေ လူကျင့်ဝတ်
ဘယ်လောက်ထိ စည်းစောင့်နိုင်မလဲ
ဘယ်လောက်ထိ ကူညီပေးနိုင်မလဲ
ဘယ်လောက်ထိ flexible လုပ်ပေးနိုင်မလဲ
Do no harm နဲ့ အကုန်မဖြေရှင်းနိုင်သေးဘူး
ကိုယ်ချထားမယ့်စည်းကို ရှင်းလင်းဖို့လိုတာပေါ့
ဒီသေးသေးလေးတွေက ကိုယ့်ကိုပုံဖော်တယ်
ကိုယ်ဘယ်လိုလူစားမျိုးလဲ သတ်မှတ်တယ်

အတွေးတခုခုရရင် YES လို့မန့်ပေးပါ 💟







ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၁၃၊၈၊၂၀၂၆

ကျနော်တို့ သာမာန်လူလတ်တန်းစားကျတော့Investment ကိစ္စဟာ အတော်အလှမ်းဝေးပါတယ်ကိုယ့်မိသားစုအခြေနေက ၁လစာ ၃လစာ ၆လစာ လောက်ငှရုံပ...
11/08/2026

ကျနော်တို့ သာမာန်လူလတ်တန်းစားကျတော့
Investment ကိစ္စဟာ
အတော်အလှမ်းဝေးပါတယ်
ကိုယ့်မိသားစုအခြေနေက
၁လစာ ၃လစာ ၆လစာ လောက်ငှရုံပဲတွက်ရတာ
မတော်လို့ ရုတ်တရက် ကျန်းမာရေးထဖောက်ရင်
ကူကယ်ရာမဲ့သွားနိုင်တဲ့ဘဝတွေပါပဲ
ဒါက သာမာန်လူလတ်တန်းစားတိုင်းဒီလိုပဲ
အရေးပေါ်အိတ်ဆောင်ငွေဆိုတာ မရှိပါဘူး

၂၀၂၂-၂၀၂၃ ပတ်ဝန်းကျင်ဖြစ်မယ်
မမကြီးက ပြင်သစ်မှာ စကော်လာမရခင်
ဟိုမှာက Euro ငွေနဲ့သုံးရတာ
သူလည်း လက်ထဲမှာ ဆောင်ငွေနည်းလာပြီ
Academic stress ရော၊ Financial stress ရော
ဒါက ဘယ်လောက်စိတ်အားငယ်ရလဲဆိုတာ
ကိုယ့်မမဆို ဖုန်းပြောတိုင်းငိုရတဲ့အထိပဲ
ကိုယ်တိုင်လည်း ထိုင်းမှာနေတဲ့အတောတွင်း
လက်ထဲမှာ ပိုက်ဆံပြတ်လာရင်
သိသာတယ် တုန်တုန်ရီရီတွေဖြစ်လာတာ
ကျနော်တို့စိတ်ဓာတ်က ချေးဌားရတာထက်
အငတ်ဘဲခံပါတယ် သူများဆီမချေးတတ်ဘူး

ထိုင်းမှာနေတဲ့အတောအတွင်း
ကျနော်အိမ်ကို ပိုက်ဆံတပြားမှ မထောက်ပံ့နိုင်ဘူး
ဒါပေမဲ့ financial plan တခုချထားခဲ့တယ်
နိုင်ငံရေးမကောင်းတာရယ်
ကိုယ်တိုင်လည်းနိုင်ငံ အပြင်ဘက်ကို
တနည်းမဟုတ်တနည်းထွက်ရမှာ ခန့်မှန်းမိတယ်

ကျနော်တို့လက်ရှိနေအိမ်ကို ဝိတ်လျှော့ပါတယ်
ထုံးစံအတိုင်း စီးပွါးရေးမလုပ်တတ်သူအတွက်
Stable income ကို ဘဏ်တိုးစဉ်းစားပါတယ်
Investment လုပ်ဖို့ risk မယူရဲပါဘူး
နိုင်ငံရေးမကောင်းတဲ့အခါ
Business model က multifactorial ဖြစ်သွားတယ်
ပိုပိုပြီး အလှမ်းဝေးသွားပါတယ်

မိသားစုတိုင်ပင်ပြီး ဘဏ်တိုးနဲ့ထိန်းထားမယ်ပေါ့
KBZ MAB ဒီ(၂)ခုကတော့ အဆင်ပြေဆုံးပဲ
Fixed acc ထားပြီး အတိုးယူမယ်
ခက်တာက အတိုးတင်တွက်ရတာမဟုတ်ဘူး
အိမ်ရောင်းရတဲ့ငွေကို အိမ်အသစ်ပြန်ဆောက်တာ
အဲ့ဒီမှာ Payment က ၇ ရစ်ခွဲသွင်းရတယ်
အဲ့ဒီ ၇ ရစ် နဲ့ ငွေသေထားမယ့်အချိန်ကို
အတိအကျပြန်တွက်ရတယ်
အိမ်ဆောက်ဖို့ ငွေအရစ်သွင်းဖို့ due တဲ့အချိန်မှာလေ
မသွင်းနိုင်ရင် စရံငွေအကုန် ဆုံးပါတယ်
အဲ့ဒီအိမ်ရောင်း/ဝယ်/ဆောက် financial plan ကို
ကျနော်ပဲ အစဆုံး ဆွဲတာပါ

ဒီ plan အားလုံးကို ကျနော်ကစလို့
အိမ်ကညီမ အငယ်ဆုံးလေးဆီကပါမကျန်
သဘောတူညီမှုယူပြီးမှ ဆုံးဖြတ်ချက်ချပါတယ်
Paternalism ဝါဒ ကျနော့်မိသားစုတွင်းမှာ မရှိပါ
လူတိုင်းကိုယ်ပိုင်ဆုံးဖြတ်ချက်အတွေးခေါ်ရှိရမယ်
အိမ်ကိုရှင်းပြရတယ် ဘယ်ကိစ္စမဆိုရှင်းပြတယ်
အခုပုံလေးဆိုရင် ကျနော်တို့အခြေနေက
၁လကို ၄-၅သောင်းလေး ပိုရဖို့ကအစ
Maximal profit ရအောင်ခြစ်ကုတ်တွက်ရတယ်
အကြပ်တည်းဆုံးအခြေနေတွေဟာ
အကောင်းဆုံးတွက်ချက်မှုတွေကိုဖြစ်စေတယ်

နောက်ဆုံးမှာတော့ အိမ်လည်းဆောက်ပြီးပြီ
မမကြီးလည်း ဘွဲ့ရသွားပြီ
ကျနော်လည်းအလုပ်ရပြီ
အိမ်ကိုလည်း ငွေမပို့ရဘဲ ၂နှစ်စီမံပေးနိုင်ခဲ့တယ်

“If the going gets tough, the tough get going” ဆိုတဲ့ဆောင်ပုဒ်လေးအတိုင်းပဲ ကျနော့်ဘဝတလျှောက်လုံး ကံပေးလာတဲ့အခြေနေအတိုင်း ကျောက်ခဲကနေ ရေညှစ်ချသလို ညှစ်ထုတ်ပြီးကြိုးစားခဲ့ရတဲ့ မှတ်တမ်းလေးတွေကို ကျနော့်လို ဘဝတူတွေရှိတယ်ဆိုရင် စိတ်မလျှော့ဖို့ အားပေးချင်ပါတယ်။

အတွေးတခုခုရရင် ရေးရကျိုးနပ်ပါတယ်။




မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၁၊၈၊၂၀၂၆

ကနေ့ အရဟံ ဂုဏ်တော် စပါပြီပုတီး ၉ ပတ်စိတ်မယ် ဂုဏ်တော်ပွားမယ်ပြီးရင် ညသန်းခေါင်ထိ စာဖတ်မယ်မနက် ၁နာရီ ၂နာရီ ရောက်ရင်လည်းရော...
07/08/2026

ကနေ့ အရဟံ ဂုဏ်တော် စပါပြီ
ပုတီး ၉ ပတ်စိတ်မယ်
ဂုဏ်တော်ပွားမယ်
ပြီးရင် ညသန်းခေါင်ထိ စာဖတ်မယ်
မနက် ၁နာရီ ၂နာရီ ရောက်ရင်လည်းရောက်မယ်
Content တွေရေးမယ်
Video တွေတင်မယ်
OHCM short summary တွေရေးမယ်
အတန်းသစ်တွေ ဆက်တိုက်ဖွင့်မယ်
စာမေးပွဲတွေဆက်ဖြေမယ်
စာမေးပွဲဖြေမယ့်သူတွေကို ပြန်ကူညီမယ်

လူနာတွေကို ကိုယ်တိုင်လည်းကြည့်မယ်
ကိုယ့်မောင်နှမတွေကိုလည်း တဆင့်မျှဝေမယ်
ကိုယ်ကစာသင်နေတဲ့သူဖြစ်လို့
ဆရာတယောက်အနေနဲ့ စာမဖတ်တဲ့နေ့က လိမ်တာပဲ
လူနာအနေနဲ့လည်း ကိုယ့်ကိုကုနေတဲ့သူက
နည်းမှန်လမ်းမှန်ကုတဲ့သူ ဖြစ်စေချင်မှာပဲ
ကိုယ်ချင်းစာစိတ်နဲ့ ဆေးပညာကိုလေ့လာပါတယ်
ကိုယ့်အခန်းမှာ ကုန်ဆုံးချိန်ထက်
ဒီဆေးခန်းမှာ နေတဲ့အချိန် ပိုများပါတယ်

ဒီဆေးခန်းလေးသာ သက်ရှိလူသားတယောက်ဆိုရင်
ကျနော့်ကို သံယောဇဥ်အလွန်ရှိလိမ့်မယ်
သူ့ကို မေတ္တာလည်းပို့ပေးတယ်
သူတော်ကောင်းတရားကိုလည်း သေချာကျင့်တယ်
ဒီဆေးခန်းကနေ ပီတိနဲ့ထွက်သွားတဲ့လူနာလည်း
အများကြီးရှိနေပါပြီ။

ကျနော်လူတော်တယောက်ဖြစ်ရေးကို မဦးတည်ဘူး
လူကောင်းတယောက်တော့ သေချာပေါက်ဖြစ်ချင်တယ်
ကိုယ့်တာဝန်ကို အဆုံးစွန်ကျေပွန်ချင်တယ်
ကိုယ့်အသက်မွေးဝမ်းကြောင်းကိုချစ်တယ်
အသက်နဲ့ထပ်တူ ချစ်မြတ်နိုးရပါတယ်
၁နှစ်တာလုံး ခင်မင်ပေါင်းဖက်ခွင့်ရတဲ့
ကျနော့်ရဲ့ချစ်လှစွာသော Clinic လေးရေ
ကံမကုန်ခင်အထိ ငါတို့အတူဆက်လျှောက်ကြမယ်
ဒီညလည်း တာဝန်ကျေကြဦးစို့ကွယ် 😘😘

ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၇၊၈၊၂၀၂၆

Resort staff တွေအတွက် ကျနော်တို့ Free ပေးတဲ့ဆေး lists ရှိပါတယ်ကျနော့် resort မှာတော့ ၂၅၆ မျိုးအထိ အခမဲ့ရနိုင်ပါတယ်Monthl...
06/08/2026

Resort staff တွေအတွက်
ကျနော်တို့ Free ပေးတဲ့ဆေး lists ရှိပါတယ်
ကျနော့် resort မှာတော့
၂၅၆ မျိုးအထိ အခမဲ့ရနိုင်ပါတယ်
Monthly supply လည်း အမြဲရပါတယ်

ကျနော်အလုပ်လုပ်တဲ့ Company ဘက်က
Male မှာလည်းရှိတာမို့လို့
Medicine supply ပေးတဲ့ pharmacy လည်းရှိတယ်
သူကတော့ ဆေးအမျိုးအစား ပိုစုံတာပေါ့လေ
ဒါနဲ့ Keto plus shampoo လေးတွေ့လို့
ကျနော်ဒါလည်း ဝယ်ချင်တယ်
That's Ok. Take it တဲ့
သူပြောပေးမယ်တဲ့ Personal use အတွက်ဆိုရင်ပေါ့

သူများနိုင်ငံမှာ အလုပ်လုပ်တာဆိုတော့
တခုခုအခွင့်ကောင်းယူလိုက်ရင်
မြန်မာတွေက ဒါမျိုးအချိုးဆိုတဲ့ label အတပ်မခံနိုင်ဘူး
လူနည်းစုဖြစ်လေ ပိုသတိထားရလေပဲ
ဒါတွေက Free supply ထဲမပါတာမို့
Chargeable items အုပ်စုထဲ ပါတာပါ
မြန်မာငွေ ၁၅၀၀၀ ပဲရှိတယ်
စျေးမကြီးပါဘူး Free ယူလည်း သူတို့မမွဲသွားဘူး
ကိုယ့်ရပိုင်ခွင့်ထဲမှာလည်း
Company ရဲ့ဆေး free သုံးပါလို့မပါဘူး
ရပိုင်ခွင့်မဟုတ်ဘဲနဲ့တော့ အလကားမယူဘူး
သူတို့လည်း ကျေနပ်လို့ လစာပေးဌားတာ
ကိုယ်လည်းကျေနပ်လို့ လစာနဲ့အလုပ်လုပ်တာ
ကိုယ့်ရပိုင်ခွင့်မဟုတ်ရင် လက်ရှောင်တာကောင်းတယ်
အဲ့တာက မာနထားတာနဲ့မဆိုင်ဘူး
အခွင့်အရေးကို အလွယ်တကူ ယူတတ်တဲ့အကျင့်
အဲ့ဒါကို ချိုးနှိမ်ထားတာ အကောင်းဆုံးပဲ။

Pharmacist ဆရာနဲ့ကလည်း
Male ရောက်တိုင်း ဝင်လည်ဖြစ်နေတော့
တော်တော်ကို ရင်းနှီးနေပါပြီ
အခွင့်ရေးယူရတာက လူကိုအကျင့်ပျက်စေတယ်
သေးသေးလေးကစလို့
အမှုမဲ့အမှတ်မဲ့မထားဘဲ ရေရှည်ကိုတွေးပါ
ဒါဟာ ဘဝတလျှောက်လုံးမှာ
ကောင်းတဲ့အလေ့အကျင့်ဖြစ်ပါတယ်

အတွေးတခုခုရရင် ရေးရကျိုးနပ်ပါတယ်။
အတွေးတခုခုရရင် YES လို့မန့်ပေးပါ။

ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၆၊၈၊၂၀၂၆

ကဲ ၁နှစ်တော့ ပြီးပြန်ပါပြီMedical checkup for work visa again မနှစ်က ဒီအချိန် Full of uncertainty လုံးလည်လိုက်နေတာဒီ၁နှစ...
06/08/2026

ကဲ ၁နှစ်တော့ ပြီးပြန်ပါပြီ
Medical checkup for work visa again
မနှစ်က ဒီအချိန်
Full of uncertainty လုံးလည်လိုက်နေတာ
ဒီ၁နှစ်လုံး အကောင်းဆုံး နေထိုင်ခဲ့ပါတယ်
ထူးထူးခြားခြားပါပဲ
ဒီနေ့က ဝါတွင်း ဥပုသ်နေ့ဖြစ်လို့
သွားရင်းလာရင်း ၈ပါးသီလ ယူထားပါတယ်

ဒီကျွန်းပေါ်မှာ မှီတင်းနေထိုင်ကြတဲ့
သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များနှင့်တကွ
Maldives ကျွန်းနိုင်ငံလေးရဲ့
သမုဒ္ဒရာကြီးကို တိုင်တည်သစ္စာပြုအပ်ပါတယ်
ဤ၁နှစ်တာအတွင်း
အသက်ထက်ဆုံး
သီလ၊ သမာဓိ၊ ပညာ (၃)ပါးကို
ဖြည့်ဆည်းအပ်သော ပါရမီအစုစုတို့ကြောင့်
မိမိပတ်ဝန်းကျင်ရှိ သက်ရှိသတ္တဝါအားလုံး
ကိုယ်စိတ်ချမ်းမြေ့ကြပါစေ
ဒုက္ခဘေးဒဏ်အပေါင်းမှ လွတ်ကင်းကြပါစေ
မိမိလည်း ဒီဘဝအဆုံးမှာပဲ
မအိုရာ ၊မနာရာ ၊ မသေရာဖြစ်သောတရားကို
မလွဲမသွေ ရှာဖွေတွေ့ရှိပါစေ 🙏








ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၆၊၈၊၂၀၂၆

03/08/2026

ကျနော့်ဖုန်းထဲမှာ
Video တွေအများကြီးရှိနေပါပြီ
Edit လုပ်ဖို့အချိန်မရဖြစ်နေလို့ပါ
ဟိုဘက် Page မှာလည်း
စာတွေက တောက်လျှောက်မပြတ်
ဒီဘက်ကို အစကထင်တာ
ဪ ငါ view လေးတွေပြရုံပဲ
Memories လေးတွေအမှတ်တရ
Cultural differences လေးတွေ
Unique lifestyle and national symbol လေးတွေ
ဒါတွေရင်းနှီးခွင့်ရဖို့ ရည်ရွယ်တာပါ
ကျနော်လက်ပြဿနာဖြစ်ပြီးနောက်
အတော်လေး စိတ်လျှော့လိုက်ပါတယ်
စိတ်ကလုပ်ချင်နေတိုင်းလည်း
လူကနောက်က မလိုက်နိုင်တော့ဘူး

ကျနော်တို့ကျွန်းလေး
ရေကြီးမှုဖြစ်ပွါးပေါ့ 😅
ကုန်းပေါ်ထိတော့မရောက်ပါဘူး
မုန်တိုင်းကာလဆိုရင် ရောက်တယ်
အခုထိတော့ မကြုံဖူးသေးတာ

ဟုတ်ကဲ့
Maldives လာလည်မယ့်သူတွေ
ဒီရာသီလေးတွေ သတိထားပါ
လှိုင်းကြီးတတ်တာလေးရှိလို့ပါ
အခုချိန်က low season ဖြစ်ပါတယ်
မလာခင် research သေချာလုပ်ပါ
Maldives တခေါက်လာဖို့ဆိုရင်
ခရီးစရိတ် အတော်ထောင်းလိမ့်မယ်
ဗဟုသုတပါခင်ဗျာ

Engagement လေးတွေ
တောင်းခံပါရစေဗျ 💟






ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၃၊၈၊၂၀၂၆

Address

Male
00000

Website

Alerts

Be the first to know and let us send you an email when Maldives Resort Doctor - Dr. Aung Min Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category