For a better you

For a better you A kind and welcoming space where I share real experiences, helpful knowledge, and gentle guidance for those new to front office roles.

You’re not alone—I’m here to help you grow with confidence and care.😉🎀

We Don’t Work the Front Desk. We Run the Front Line.”Let’s set the record straight:- We don’t just check guests in.- We ...
17/05/2025

We Don’t Work the Front Desk. We Run the Front Line.”

Let’s set the record straight:

- We don’t just check guests in.
- We don’t just smile and hand over keys.
- And we definitely don’t just answer phones.

We run the pressure point of the entire hotel.

- We manage expectations before they become complaints.
- We deliver brand experience before the guest even sees their room.
- We solve problems before they escalate.
- We lead shifts—often without a formal title.

That’s not entry-level.
That’s frontline strategy.
And yes—it’s leadership.

Every shift, we balance tech systems, guest emotions, language barriers, and real-time decisions. There’s no “I’ll get back to you next week.”
It’s now. It’s live. It’s us.

And that’s why we believe the front office isn’t the bottom of the ladder.
It’s the launchpad.
Because if we can lead from reception—we can lead anywhere.

To every front desk team, night manager, concierge, and guest service agent:
Don’t wait for a promotion to act like a leader. We already are.

Hospitality isn’t for the passive.
It’s for the fast-thinkers, the problem-solvers, the empaths, the doers.
The ones who show up—every shift—with excellence and purpose.

We may work the desk.
But we don’t stand behind it. We lead from it.

အားလုံးပဲ မင်္ဂလာပါ။နောက်ဆိုရင်တော့ ခနခနရေးနိုင်အောင်လုပ်ပါ့မယ်။🤞😉ဒီနေ့မှာတော့ ကိုယ်လုပ်နေတဲ့ Front Office အလုပ်ရဲ့   Po...
05/09/2024

အားလုံးပဲ မင်္ဂလာပါ။နောက်ဆိုရင်တော့ ခနခနရေးနိုင်အောင်လုပ်ပါ့မယ်။🤞😉

ဒီနေ့မှာတော့ ကိုယ်လုပ်နေတဲ့ Front Office အလုပ်ရဲ့ Positive and Negative အခြေအနေလေးတွေကိုပြောပြပေးသွားပါမယ်။

Positive ဖြစ်တဲ့အကြောင်းအရာတွေကတော့ ကိုယ်နဲ့ဝါသနာတူ မောင်လေးညီမလေးတွေကို အားတက်စေချင်တာအတွက်ပါ။

Negative လေးတွေကတော့ တကယ်ကြုံလာခဲ့ရင် ဖြစ်တတ်ပါလားဆိုပီး စ်ိတ်ထဲမှာ ပြင်ဆင်ထားနိုင်အောင်ပါ။

ပထမဆုံးအနေနဲ့ Positive လေးတွေကို အများကြီးအရင်ပြောပြပေးပါမယ်။

✅Front Of The House ဖြစ်တဲ့အတွက် Check In, Check Out တွေရော ဖြတ်သွားဖြတ်လာတွေရောမှာ Guest ချောချောလေးတွေနဲ့ အကြာကြီးစကားပြောရပါတယ်။ စတာပါ🤣

ကိုယ်တွေက အရှေ့မှာပဲနေရတော့ လူတိုင်းက်ိုမြင်ပီးနှုတ်ဆက်ရင်း လူချစ်လူခင်ပေါပါတယ်။တခြား Department ကသူတွေနဲ့လည်း အမြဲတွေ့နေရတဲ့အတွက် ခင်သူမင်သူတကယ်ပေါပါတယ်။ Office ထဲမှာထိုင်နေရတာမျိုးမဟုတ်တဲ့အတွက် အလုပ်ချိန်တကယ်ကုန်တာ မြန်ပါတယ်။ အရမ်းအလုပ်များတဲ့နေ့တွေဆိုရင် အချိန်ဆိုတာ အကုန်မြန်ချက်ပါပဲ။

✅ကိုယ့်အတွက်ကတော့ Uniform က အသက်ပါပဲ။ အရင်က FO လုပ်ချင်တာက Coat နဲ့ Skirtလေးဝတ်ချင်လွန်းလို့ပါ။ အရင် property နှစ်ခုမှာတုန်းက Skirt သိပ်မဝတ်လိုက်ရပါဘူး။ ဒါပေမယ့်
အခုဒီ US မှာ တော့ skirt တော်တော်ဝတ်ဖြစ်ပါတယ်။ ပဲများချင်လို့ပါ🙄စတာပါ နောက်တာပါ အတည်ပါ😜

ကိုယ့်ကိုယ်ကို skirt လေးနဲ့ ဒေါက်မြင့်လေး
ဝတ်လိုက်ရင် confidence ရှိသလိုခံစားရပီး နေရထိုင်ရအဆင်ပြေပါတယ်။ Hotel အသစ်ပြောင်းတိုင်း Uniformအသစ် နဲ့ Name Tag ရရင် အရမ်းပျော်စရာကောင်းပါတယ်နော်။ ကိုယ့်အင်္ကျိီကိုယ်ဝတ်တာမျိုးမဟုတ်ပဲ သူတို့ပေးတဲ့ styleလေးနဲ့ Brand နဲ့ကိုက်တဲ့ အဝတ်အစား ဝတ်ရတာ အရမ်းလိုက်ဖက်ပါတယ်။ပီးတော့ Hotel တော်တော်များများက Uniform ကို laundry ပေးလိုက်ရုံပဲဆိုတော့ ကိုယ်လျှော်စရာလည်းမလိုပဲ အလုပ်လာရင် ကိုယ့်ဘာသာ သွားထုတ်ပီးဝတ်လိုက်ရုံပါပဲ။

✅ကိုယ်တိုင် English စာအရမ်းတိုးတက်လာပါတယ်။ ကိုယ်ရဲ့အသံထွက်က အရင်က
အရမ်းမကောင်းခဲ့ပါဘူး။ Dubai ရောက်ခါစက ဘယ်သူဘာပြောပြော နားမလည်ခဲ့ပါဘူး။

ဘာမှလည်းမပြောရဲခဲ့တာပါ။ တကယ်ပါ🤣

ကိုယ်ပထမဆုံးလုပ်ခဲ့တဲ့ Hotel က Intern လေးကိုယ့်ကို တော်တော် စိတ်ရှည်ရှည်နဲ့ သင်ပေးခဲ့ပါတယ်။ တစ်ယောက်ထဲ lobby မှာ တစ်လလောက် Guest တွေကို စကားပဲပြောနေခဲ့ရတာပါ။ ဒါပေမယ့် ခြောက်လ တစ်နှစ်လောက်ကြာ တဲ့အခါမှာ အရမ်းတိုးတက်လာပါတယ်။ ပြောရင်းပြောရင်းသူများပြောတဲ့ စကားလုံးလေးတွေကိုပဲ
မရည်ရွယ်ပဲ လိုက်ပြောမိပီး ကိုယ်မသိတဲ့ စကားလုံးအသစ်တွေကို သုံးနိုင်လာပါတယ်။

တခြားဘာသာစကားအသစ်တွေသင်ချင်စိတ်လည်းပေါက်လာပါတယ်။ အလုပ်အတူတူ
လုပ်ခဲ့တဲ့သူတွေမှာ နိုင်ငံပေါင်းစုံကသူတွေပါတဲ့အတွက် ကိုယ်ဘယ်ဘာသာကို ဝါသနာပါလဲဆိုတာ ဘယ်ဘာသာက အရေးပါသလဲဆိုတာလဲ ကိုယ်ကိုယ်တိုင်မြင်တွေ့လာရမှာပါ။ ဘာသာစကားအသစ်တွေသင်ကြပါနော်။ English စာကိုလည်း နေ့တိုင်းတစ်နေ့တစ်ကြောင်းပဲဖြစ်ဖြစ် အသစ်အသစ်လေးတွေ မှတ်သွားကြည့်ပါ။အချိန်တစ်ခုရောက်လာရင် တကယ်တိုးတက်လာပါလိမ့်မယ်။ ကိုယ့်တုန်းကတော့ Youtube ကြည့်ပါတယ်။တစ်နေ့ကို သုံးမိနစ်လောက်ပဲ ကြည့်တာပါ။ English စာက တကယ် လိုအပ်ပါတယ်။ ရာထူးကြီးလာရင် လူတွေရှေ့စကားပြောတဲ့အခါ English မကောင်းလို့တော့မရပါဘူး။ Guest တွေနဲ့ တစ်ခါတစ်လေ အခြေတင်ဖြစ်တဲ့အခါ
ကိုယ်မရှင်းပြနိုင်လို့မရပါဘူး။

✅အရေးကြီးတဲ့ Meeting တွေ ပွဲတွေ တက်ရလေ့ရှိပါတယ်။ General Manager တို့ Hotel Manager တို့နဲ့ Hotel တွေရဲ့ အရေးကြီးတဲ့ meeting တွေမှာ Front Office Agent တွေ Intern တွေ ကအစ
အကုန်တက်ရပါတယ်။ အဲ့ဒီမှာ Hotel Revenue တွေအကြောင်း Goals တွေ Targets တွေအကြောင်း အစုံအလင်ပြောကြပါလိမ့်မယ်။ကိုယ့်အကြံအဉာဏ်တွေကိုလည်း ထုတ်ပြောလို့ရပီး သူတို့ကနားထောင်ပေးပါတယ်။ ဘာဖြစ်လို့ကိုယ်တွေက ဒီ Meeting တွေတက်ရသလဲဆိုရင် Guest တွေက
ကိုယ်တွေနဲ့ပဲ check in အစမှာတွေ့ပီး check out ထွက်သွားရင် လည်း ကိုယ်တွေကိုပဲ ပြောဆိုသွားတာမလို့ပါ။ အဲ့ဒီတော့ ကိုယ်တွေက နေရာတိုင်းက Feedback ပေါင်းစုံကို ကြားရသိရပါတယ်။ အဲ့ဒီအစည်းအဝေးတွေမှာ ကိုယ်တွေရဲ့ Mission Visionတွေကို ကြီးကြီးကျယ်ကျယ်ဆွေးနွေးကြပါတယ်။ တနည်းပြောရရင်တော့ ခေါ်ပီး pressureပေးတာပေါ့လေ🤣

ဒါပေမယ့်လည်း အဲ့ဒီမှာ ကိုယ်က စိတ်ဝင်တစားနဲ့ ကိုယ်သာ သူတို့နေရာမှာ အကြီးအကဲတစ်ယောက်ဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုတာတွေကို သင်ယူနိုင်ပါတယ်။ အကြံဉာဏ်တွေလည်းထုတ်ပြောလို့ရတဲ့အတွက် ကိုယ့်ကိုယ်ကို အသိမှတ်ပြုခံရတယ်လို့လည်း တစ်မျိုးလေးတော့ခံစားမိပါတယ်။

✅တစ်ယောက်နဲ့တစ်ယောက်အရမ်းကူညီကြတယ်။ကိုယ်တွေ့ခဲ့တဲ့သူတွေကတော်တော်များများ စိတ်ထားကောင်းကြပါတယ်။ Hospitality Industry ကသူတွေက များသောအားဖြင့် ကြင်နာတတ်တယ်လို့ထင်ပါတယ်။ အကောင်းပဲ မြင်ကြည့်တာလည်းကောင်းပါတယ်။ တချို့ တော်တော်ဆိုးဆ်ိုးတွေရှိပေမယ့် လူတိုင်းတော့မဟုတ်ပါဘူး။ တစ်နေရာမှာ တစ်ယောက်နှစ်ယောက်​လောက်ပါပဲ။

က်ိုယ့်ရဲ့ အထက်လူကြီးတွေတော်တော်များများက သူတို့ရဲ့ team ကို တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမဖို့ teamwork သေချာတည်ဆောက်ထားတာတွေ့ခဲ့ရတယ်။Dubai မှာ လုပ်ခဲ့တဲ့ Hotel နှစ်ခုလုံးမှာလည်း ကိုယ့်ကိုချစ်တဲ့သူတွေပေါခဲ့ပီး အခုလည်း တော်တော်များများသဘောကောင်းကြပါတယ်။ အဓိကကတော့ ရာထူးဘာညာ သိပ်မခွဲခြားကြပဲ သင်ပေးကြ ကူညီတတ်ကြတာကို သဘောကျပါတယ်။

✅အပေါင်းအသင်းမိတ်ဆွေတကယ်ပေါပါတယ်။ Hotel Industry ကြီးက ကျယ်ပြန့်ပေမယ့် အချိန်တန်ရင် တစ်ကွေ့ကွေ့မှာ ပြန်ဆုံတတ်လို့ လူတိုင်းအပေါ် ကြီးကြီးမားမား အထစ်အငေါ့ဖြစ်စေမယ့် ကိစ္စတွေမဖြစ်တာအကောင်းဆုံးပါပဲ။

ကိုယ့်အတွက်တော့ ကိုယ့်ကို ချစ်သလို ကိုယ်ကချစ်တဲ့သူတွေ အများကြီး Dubaiမှာကျန်ခဲ့လို့ သူတို့ကို အခု အရမ်းလွမ်းနေမိပါတယ်။ အချိန်တစ်ခုမှာတော့ ပြန်ဆုံကြဦးမှာပါလေ။

အစက Positive ရော Negative ရော တစ်ခုထဲပေါင်းရေးမလို့ပေမယ့် စာတော်တော်ရှည်သွားလို့ Negative လေးတွေကို နောက်တစ်ခုပဲခွဲရေးလိုက်ပါတော့မယ်နော်။

နောက်ဆုံးမှာ အရဲ့စွန့်ပီး ညှပ်လိုက်တဲ့ new hair styleလေးကြည့်သွားရင်း အမောပြေ coffee လေးသောက်သွားပါဦး။😂

အတည်ပေါက်ကြီးမရေးနိုင်လို့ပါ sorry🤭

သိချင်တာလေးတွေလည်းရှိရင် မေးပါနော်။ပြန်ဖြေပေးပါ့မယ်😘

Questions and Answers about Hotel Interviews🍀💪🏻ကိုယ်တွေ့ကြုံခဲ့ရသမျှ Hotel interviews တွေထဲမှာ အမေးအများဆုံး Questions a...
21/08/2024

Questions and Answers about Hotel Interviews🍀💪🏻

ကိုယ်တွေ့ကြုံခဲ့ရသမျှ Hotel interviews တွေထဲမှာ အမေးအများဆုံး Questions and Answers လေးတွေကိုရေးပေးသွားချင်လို့ပါ။

နောက်ဖြေကြမယ့် မောင်လေးညီမလေးတွေအတွက် အထောက်ကူလေးဖြစ်အောင်ပါ။

ကိုယ် Hotel Interviews တွေ အနည်းဆုံးဆယ်ခုလောက် ဖြေခဲ့ဖူးပါတယ်။ သတိထားမိသလောက်
သူတို့မေးသမျှတွေက ထူးထူးဆန်းဆန်းတွေ ထွင်ပီးမေးတာမျိုးသိပ်မရှိခဲ့ပါဘူး။

1. ပထမဆုံးအမေးများဆုံး မေးခွန်းကတော့
Tell Me About Yourself ပါ။
ဘယ်နေရာပဲရောက်ရောက် သေချာပေါက်ဖြေရမှာက ဒီမေးခွန်းပါပဲ။

ဒီမေးခွန်းမှာ ငယ်ငယ်တုန်းက Myself Paragraph လိုမျိုးသွားဖြေရင်တော့ သေချာပေါက် Impression ကျမှာပါ။ သူတို့က ကိုယ်လက်ရှိဘာလုပ်နေတယ်ဆိုတာရယ်၊ဘာလုပ်နိုင်တယ်ဆိုတာရယ်၊ဘာတွေလုပ်ခဲ့နိုင်တဲ့ဆိုတာရယ်ကို သိချင်လို့မေးတဲ့မေးခွန်းပါ။

ကိုယ်ကတော့ ကိုယ့်နာမည်ရယ်၊ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်ရယ်၊ကိုယ်ဘယ်ကျောင်းတက်ခဲ့တယ်ဆိုတာမျိုးရယ်ကို မြန်မြန်လေးနဲ့အတိုချုံးပြောလိုက်ပါတယ်။

ပီးတာနဲ့ ကိုယ်ရခဲ့ဖူးတဲ့ Achievement တစ်ခုခုကို သေချာပေါက်ပြောပါတယ်။ဘာဆုတစ်ခုခုပဲ
ဖြစ်ဖြစ် သေချာပေါက် mention သင့်ပါတယ်။
ပီးရင် ကိုယ်လက်ရှိလုပ်နေတဲ့ Daily Task List တွေထက် ကိုယ်က ဘာတွေကို ပိုပီး team အတွက်လုပ်နေဖြစ်ပါတယ်လို့ပြောနိုင်ရင် သူတို့ကအရမ်းအထင်ကြီးပါတယ်။

ကိုယ်နဲ့ ရင်းနှီးတဲ့ manager တွေဆီက သူတို့ပြောတာတွေကိုပါ လေ့လာရသလောက်က ဒီတစ်ချက်တွေမှာ ကောင်းကောင်းပြောနိုင်ရင် အခြေနေတော်တော်ကောင်းပါတယ်တဲ့။ပီးရင်တော့ အခုကိုယ်လာလျှောက်တဲ့ အလုပ်ကနေ ဘာတွေကိုသင်ယူနိုင်ဖိို့မျှော်လင့်ထားပါတယ်။ကိုယ်ဘယ်လိုစိတ်အားထက်သန်ပီး တက်ကြွနေပါတယ်ဆိုတာမျိုးလေး တစ်ကြောင်းနှစ်ကြောင်းလောက်ပြောနိုင်ရင် ဒီမေးခွန်းအတွက် လုံးဝ perfect ဖြစ်သွားပါပီ။

2.မေးခွန်း နံပါတ် ၂ကတော့ များသောအားဖြင့် ကိုယ်လုပ်ခဲ့ဖူးတဲ့ experience တွေကိုမေးတာများပါတယ်။

ဘာတွေလုပ်ခဲ့တယ် ဘယ်လိုလုပ်နိုင်ခဲ့တယ်ဆိုတာလေးကို အကျဉ်းချုံးပဲပြောရင်ရပါတယ်။

OR Why should they hire you? ဆိုတာမျိုးလည်းမေးတတ်ပါသေးတယ်။
ဒီမှာကတော့ ခုနကပြောသလို ကိုယ်ဒီအလုပ်က်ိုဘယ်လိုစိတ်အားထက်သန်ပြီး သင်ယူချင်ပါတယ်၊team ကောင်းကောင်းနဲ့ဆုံရပီး အတွေ့ကြုံများများရချင်ပါတယ် ဆိုပီးပြောရင်ရပါတယ်။

3.မေးခွန်းနံပါတ်၃ကတော့ အများအားဖြင့် Tell us about your strengths and weaknesses ပါ။

ဒီနေရာမှာ နည်းနည်း trick များပါတယ်။ သူတို့က ငါတစ်ခါတစ်လေ အလုပ်နောက်ကျတတ်တာတို့ အစည်းအဝေးမှာ ငါဘယ်လိုအထက်လူကြီးကို support ပေးတာတို့ အဲ့လိုမျိုးတွေကို ကြားချင်မှာတော့မဟုတ်ပါဘူး။

ကိုယ်ဆိုရင်တော့ ကိုယ့်ရဲ့အားသာချက်က Communication ကောင်းတာရယ်၊စိတ်ရှည်တာရယ်၊team အပေါ် blame ပဲ blame မနေပဲ အကောင်းမြင်တာရယ်လို့ဖြေပါတယ်။ သင်ယူတာလည်းမြန်တယ်ဆိုတာမျိုး၊ သူများသင်ပေးရင် သေချာလိုက်မှတ်တတ်တာမျိုးကိုလည်းဖြေဖြစ်ပါတယ်။သင်ယူချင်စိတ်ရှိတဲ့သူကို သူတို့ကအရမ်းသဘောကျပါတယ်။ အရမ်းကြီး smart ဖြစ်နေဖို့မလိုပါဘူး။

Weakness ကိုဖြေရတာ အဖြေတော်တော်ရွေးတဲ့မေးခွန်းပါ။ ကိုယ်ဆိုရင်တော့ system ပိုင်းဆိုင်ရာ ချက်ချင်းမမှတ်မိတတ်ဘူးလို့ဖြေပါတယ်။ တစ်ချိန်ထဲမှာပဲ အကုန်လိုက်ပီးရေးမှတ်တတ်ထားပါတယ်လို့လည်းပြောဖြစ်ပါတယ်။ system အသစ်တစ်ခု ဆိုတာ နေ့ချင်းညချင်းတတ်သွားနိုင်တဲ့အရာတစ်ခုမဟုတ်တာကို သူတို့ကပိုသိပါတယ်။Hotel တိုင်းက သုံးကြတဲ့ system တွေမတူကြပါဘူး။ Opera,Light Speed,etc အမျိုးစုံပါပဲ။

နောက်တစ်ခုက ကိုယ့်အနေနဲ့ multitasking လုပ်ဖို့ ခက်ခဲတယ်လို့ဖြေပါတယ်။ အရမ်း busy ဖြစ်တဲ့အချိန်ကျရင် ကိစ္စတွေတစ်ခုပီးတစ်ခုဖြစ်လာတဲ့အခါ multi task လုပ်ဖို့ကတကယ်မလွယ်ပါဘူး။ ဒီအရာကိုလည်း experience တော်တော်များလာမှ သေချာလုပ်ဖို့ အဆင်ပြေလာတာပါ။ဒါကိုလည်းသူတို့ကနားလည်ပါတယ်။ ကိုယ်ဆိုရင် အလုပ်စပီဆိုတာနဲ့ A4 စာရွက်ကို ခေါက်ပီး လာသမျှ ကိစ္စကိုချရေးထားတတ်တဲ့ အကျင့်ရှိပါတယ်။ အဲဒီတော့ ကိစ္စတွေကို မမေ့တော့သလို နေ့တစ်နေ့တာပီးတဲ့အခါ ကိုယ်ဘာကျန်သေးလဲဆိုတာ အကုန်ပြန်စစ်လို့ရပါတယ်။ တစ်နေကုန် ကိုယ့်ရဲ့ coat အင်္ကျီထဲမှာ အဲ့ဒီစာရွက်ကိုထည့်ထားတာပါ။ တစ်နေ့တာကုန်ရင်
စာရွက်ကို ပြန်စစ်ပီးမှ အလုပ်မှာလွှတ်ပစ်ခဲ့ပါတယ်။

4.နောက်မေးခွန်းတစ်ခုကတော့ Where do you see yourself in five years or in future?ပါ။

ဒီနေရာမှာ ကိုယ်က ဘာဝါသနာပါမှန်းမသိသေးပါဘူး။ ဒီအလုပ်ကို စမ်းလုပ်ကြည့်ချင်လို့၊နောက်ကျရင် sales and marketing ပြောင်းရင်ပြောင်းဖြစ်မှာပေါ့၊ဘာညာသွားပြောရင်တော့ သူတို့က ကိုယ်နဲ့အချိန်ဆက် အကုန်ခံတော့မှာမဟုတ်ပါဘူး။ အတွေ့အကြုံမရှိသေးတဲ့သူဆိုရင်တောင် ရာထူးကြီးကြီးကသူတွေကိုသဘောကျလို့ သူတို့လိုဖြစ်ချင်လို့ဆိုတာမျိုးကို ရွှီးလို့ရပါသေးတယ်။ Guest တွေကိုပျော်အောင်လုပ်ပေးချင်လို့၊ problem solving skills တွေအများကြီးသင်ယူပီး management level ကိုရောက်ချင်လို့ပါလို့ဖြေရင်လည်းရပါတယ်။

Interviews တွေက တကယ်တော့ သေချာလေးဆရာကျကျရွှီးနိုင်ရင်ရပါတယ်။သူတို့နဲ့ကိုယ်နဲ့အခုမှတွေ့ဖူးကြတာလေနော်။ ရင်တုန်နေစရာ မေ့သွားစရာတော့မလိုပါဘူး။မေးတဲ့သူ များသောအားဖြင့်က သဘောကောင်းကြတဲ့သူတွေပါပဲ။

5.နောက်ဆုံးတစ်ခုက Please tell us one of your favorite story with your guest.လိုမျိုးပါ။

သူတို့ဒီမေးခွန်းမေးခဲ့ရင် ကိုယ်လုပ်ခဲ့ဖူးတဲ့ အကောင်းဆုံး အရာတစ်ခုကို မရှိရှိတာဆွဲပီးဖြေပါ။ Interview မသွားခင် Hotelier အတွက်ဆိုရင် ကိုယ် guest အတွက်လုပ်ပေးခဲ့ဖူးတဲ့ story လေးတစ်ခုကို ပြင်ဆင်သွားစေချင်ပါတယ်။ကိုယ်ဆိုရင် တော်တော်များများရှိပါတယ်။ ကိုယ်က amenities တွေ ပြင်ဆင်ပေးတာမျိုး surprise လုပ်ပေးတာမျိုးတွေ၊ပန်းလေးတွေ၊Balloons လေးတွေ ပြင်ပေးတာမျိုးတွေသဘောကျတော့ check in လုပ်နေတုန်း သူတို့ကတစ်ခုခု special occasion ရှိတယ်ဆိုရင် တစ်ခုခုလုပ်ပေးဖြစ်ပါတယ်။ ဥပမာ ပြောရရင် ကိုယ်အဲ့ဒီလိုလုပ်ပေးခဲ့လို့ ဧည့်သည်က အရမ်းပျော်သွားပီး ကိုယ့်နာမည်ကို mention လုပ်သွားတာမျိုး၊ Good Review ရေးသွားတာမျိုးအထိ သူတို့ကို အတိုချုံးလေးပြောပြနိုင်ရင် အဆင်ပြေပါပီ။

ဒါမှမဟုတ်ရင် ဖြစ်ခဲ့ဖူးတဲ့ complaint တစ်ခုကို ကိုယ်ဘယ်လိုကောင်းကောင်းကြီး ဖြေရှင်းနိုင်ခဲ့တယ်ဆိုတာမျိုးလည်းထည့်ပြောလို့ရပါသေးတယ်။ သူတို့က manager အကူအညီမယူပဲ ကိုယ့်ဘာသာကိုယ် ဖြေရှင်းလိုက်နိုင်စွမ်းရှိတာမျိုးကိုလည်း အရမ်းကြိုက်ပါတယ်။

6.နောက်ဆုံးအနေနဲ့သူတို့မေးလေ့ရှိတာက Do You Have Any Questions About Us?ပါ။

ဒီနေရာမှာ salary တွေ accommodation တွေကိုအရင်မေးတာထက် Teamwork ကဘယ်လိုမျိုးလဲတို့၊ weekly schedule ကဘယ်လိုမျိုးလေးလဲတို့ကိုမေးတာမျိုးလေးကပိုကောင်းတယ်ထင်ပါတယ်။ ပီးရင် သူတို့ဆီမှာ ဘယ်လို Training and development plan တွေရှိလဲတို့ ကိုယ်တွေအတွက်ဘယ်လိုမျိုး target တွေချပေးထားလဲတို့ကို မေးရင်သူတို့ကပိုသဘောကျတတ်ပါတယ်။ နောက်ဆုံးမှ ကိုယ့် salary နဲ့ transportation,accommodation တွေအကြောင်းမေးတာကောင်းပါတယ်။

ပီးရင် Interview မဖြေခင် ကိုယ်ဖြေမယ့် company အကြောင်း General လေး လေ့လာသွားတာကောင်းပါတယ်။ ပီးရင် ကိုယ့်ရဲ့နောက်အကျင့်တစ်ခုက Hotel တစ်ခုခုမှာ interview မဖြေခင် မိနစ်၄၀လောက်ရောက်အောင်သွားပီး နည်းနည်းလှည့်ပတ်ကြည့်တတ်တဲ့အကျင့်ရှိပါတယ်။ အဲ့ဒီလိုလုပ်ရင် အဲ့ဒီနေရာနဲ့ နည်းနည်းအသားကျသွားပီး စိတ်လှုပ်ရှားတာလည်း သက်သာသွားပါတယ်။ ပီးရင် အဝတ်အစားကိုလည်း formal ကျကျလေးနဲ့ သက်တောင့်သက်သာလေးဖြစ်မယ့်အရာကိုဝတ်သွားတတ်ပါတယ်။ ပီးရင်နောက်ဆုံးအချက်ကတော့ Interview ဖြေနေတဲ့အချိန် ပြုံးဖို့မမေ့ပါနဲ့နော်။

အခုလို ကိုယ်သိသလောက်လေး share ပေးလို့ တစ်ချို့တစ်လေ မောင်လေးညီမလေးတွေအထောက်အကူဖြစ်သွားရင်ပဲကျေနပ်ပါပီ။

မေးခွန်းတွေတော်တော်များများက Youtube မှာရှာလို့ရပေမယ့် အဖြေတွေကတော့ မတူနိုင်ဘူးပေါ့နော်။
ပီးရင် နောက်ဆုံးတစ်ခုက Interview မသွားခင်မှာ အခုလိုမေးတတ်တဲ့မေးခွန်းလေးတွေကို ကိုယ့်ဘာသာ မှန်ရှေ့မှာ ပြောကြည့်တာမျိုး၊ video ရိုက်ပီး ပြန်ကြည့်တာမျိုးလေးတွေလည်းလုပ်ကြည့်သင့်ပါတယ်။ ကိုယ့်တုန်းကတော့ တကယ်အထောက်အကူဖြစ်ခဲ့လို့ပါနော်။

Interview ဖြေမယ့်သူတိုင်း ကံကောင်းကြပါစေ🍀😉🤞

What’s on your mind?🤔This is just a question from facebook before you write something here.I will gonna write everything...
22/07/2024

What’s on your mind?🤔

This is just a question from facebook before you write something here.

I will gonna write everything in my mind right now.🙄

စာရေးသူ US ကို ဝှီးဆိုပီးရောက်သွားပါပီ။🤭

ကိုယ့်ရဲ့ အခုထိ လျှောက်လာခဲ့တဲ့ Career Path လေးနဲ့ ကြိုးစားခဲ့ပုံလေးကို ရေးပေးချင်လို့ပါ။တချို့ညီမလေးတွေလည်း လာမေးကြလို့ sharing လုပ်ပေးချင်တာလေးလည်းပါပါတယ်။

ပထမဆုံးအလုပ်ကတော့ Four Points by Sheraton က တစ်နှစ်တာ Intern လေးတစ်ယောက်ပါ။ Permanent ဆက်လုပ်ဖို့ Offer ပေးခဲ့ပေမယ့် တစ်နှစ်ပြည့်ပီး နောက်တစ်ခုကိုပြောင်းလာခဲ့ပါတယ်။ Opera System ကို သုညက စသင်ခဲ့ချိန်ပေါ့။ခြောက်လလောက်နေမှ အကုန်သိသလောက်ဖြစ်သွားခဲ့ပါတယ်။ လစာလေးနည်းနည်းနဲ့ ရုန်းကန်ရင်းနဲ့ပဲ တစ်နှစ်ပြည့်သွားတာပါပဲ။ အချိန်တွေကမြန်ပါတယ်။

နောက်တစ်ခုကတော့ The Westin Dubai Mina Seyahi ပါ။ ကိုယ်အချစ်ဆုံး ကိုယ့်ကို အချစ်ဆုံး team ရှိတဲ့နေရာပေါ့။ဒီမှာ Director က အရမ်းစိတ်ထားကောင်းတော့ Team ကောင်းကောင်းနဲ့တကယ်တွေ့ခဲ့ပါတယ်။ အရမ်းအလုပ်များပေမယ့် ကိုယ့်ရဲ့ Team ကို ဘယ်လိုဂရုစိုက်ရမယ် ဘယ်လိုစိတ်ကောင်းထားရမယ်ဆိုတာကို တကယ်သင်ယူခဲ့ရပါတယ်။ရှင်းရှင်းပြောရရင် Manager တစ်ယောက်ဖြစ်ခဲ့ရင်တောင် ဘယ်လိုစိတ်ကောင်းမျိုးထားပီး နားလည်မှုရှိရမယ်ဆိုတာကို ကိုယ့်ကို တကယ်သင်ပြပေးခဲ့ကြတယ်။တစ်ချိန်ကျရင် သူတို့ကို ပြန်တွေ့ရဖို့ တကယ်မျှော်လင့်ပါတယ်။

အခုလက်ရှိကတော့ W Fort Lauderdale ပါ။
နိုင်ငံအသစ်၊system အသစ်၊ ပုံစံ တွေလည်းအကုန်အသစ်ပါပဲ။ ဒါပေမယ့် လုပ်ခဲ့သမျှ အကုန်လုံး Marriott Bonvoy ပါပဲ။တစ်ခါတစ်လေ HR ကိုမကြိုက်ပေမယ့် ခေါင်းမာမာနဲ့ မပြောင်းခဲ့ပါဘူး။🤣

ဒီကို စရောက်ရောက်ချင်းတော်တော်ခက်ခဲပါတယ်။ System က Opera အစား ဒီမှာ Light Speed ကိုသုံးပါတယ်။ ကျွန်မ အရမ်းကျွမ်းနေပီဖြစ်တဲ့ Opera ကို လုံးဝ လက်လွှတ်လိုက်ရပါတယ်။ အကုန်ပြန်သင်ရပေမယ့် ဒီ system က paperwork အရမ်းနည်းပီး အရမ်းလွယ်တာကို တစ်လလောက်နေတော့ သတိထားမိလာပါတယ်။ အစက Opera ကို ၂နှစ်လောက်သုံးလာခဲ့ပီး Light Speed သုံးဖို့ အရမ်း stress များနေခဲ့ပေမယ့် အခုတစ်လနဲ့ အကုန်နီးပါး သိနေပါပီ။ ဒီမှာ တော်တော်များများ Dubai နဲ့ အရမ်းကွာပါတယ်။ အခန်းကအစ ၄၀၀ကျော်မှာ Low Season တောင် Fully booked ပါပဲ။ အရမ်း busy ဖြစ်လွန်းပီး အရမ်းအတွေ့အကြုံရပါတယ်။ ဒီကသူတွေက Dubai ကသူတွေထက် စကားပြောရဆိုရ
ပိုခက်ပါတယ်။ ပြသနာတက်ရင် တော်ရုံတန်ရုံ ဖြေရှင်းပုံမျိုးနဲ့တကယ်ကိုမရပဲ မကျေနပ်နိုင်ကြတာကိုတွေ့ရတယ်။ စကားကိုသေချာပြောနိုင်မှရသလို scammers တွေ လူလိမ်တွေအရမ်းပေါတဲ့အတွက်အရမ်းဂရုစိုက်ရပါတယ်။

တစ်ရက် ၈နာရီပဲ လုပ်ရပေမယ့် Dubai မှာ ၁၁နာရီလောက်လုပ်ရတာနဲ့ ပင်ပန်းမှုနှုန်းအတူတူပါပဲ။

Luckily Dubai Trained Me Well!!!!🤣

ကိုယ်တစ်လလောက်နဲ့ အသားကျအောင် အရမ်းမြန်အောင်လုပ်နိုင်တာမြင်တော့ ဒီကသူတွေက သဘောကျပါတယ်။ ဘယ်ရမလဲ ဒီလောက် အလုပ်လုပ်ခဲ့တာ ဒီမှာတော့အေးဆေးပဲဆိုပီး ကိုင်တာပါပဲ။
လူကသာသေးသေးပေမယ့် ကိုယ်တကယ်အလုပ်ကြိုးစားပါတယ်။🫣

ဒါပေမယ့်လည်း ရတဲ့ပိုက်ဆံနဲ့တန်အောင် ပင်ပန်းပါတယ်။ ပျော်တဲ့ဘက်တွေပဲ မပြောပြချင်လို့ နောက်post တွေကျရင် ကိုယ်မျက်ရည်ပေါက်ပေါက်ကျဖူးတဲ့ caseတွေ sharing လုပ်ပါဦးမယ်။ဒီတိုင်း ကြုံတတ်တာလေးတွေကိုပြောပြချင်တာပါ။🤣🤣

ပီးရင် Hotel Interview တွေမှာမေးတတ်တာလေးတွေ ပြင်ဆင်သင့်တာလေးတွေရယ် US visa interview Experience Sharing လေးတွေလည်းရေးချင်ပါသေးတယ်။

ဒီတစ်ခါတော့ ဘာမှကျွေးစရာမရှိလို့ ကိုယ့်အဖေ edit ပေးထားတဲ့ပုံလေးတွေ ထည့်ထားပါတယ် ဟိ🫶🏻

Language barrier and Grooming Standards for Front Office 💃Hello 👋 I am back after 16 days🫣ဒီနေ့ sharing လုပ်ပေးချင်တာလေး...
28/03/2024

Language barrier and Grooming Standards for Front Office 💃

Hello 👋 I am back after 16 days🫣

ဒီနေ့ sharing လုပ်ပေးချင်တာလေးကတော့ Dubai မှာ အလုပ်လုပ်နေရင်း FOမှာလုပ်ရင် ဘယ် ဘာသာစကားတွေတတ်ထားရင် ပိုအကျိုးရှိနိုင်တယ် ပိုအားသာနိုင်တယ်ဆိုတာလေးရယ် အလုပ်လာရင် ဝတ်ထားပြင်ဆင်ထားသင့်တဲ့ General Grooming Standards လေးတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။😉

ပထမဆုံး ကျွန်မရဲ့ လေးစားအားကျရတဲ့ Director of Front Office အကြောင်းလေးပြောပါမယ်။ သူက ဘာသာစကားလေးမျိုးတတ်ပါတယ်။ တစ်ခါတစ်လေ သူအိမ်စောစောမပြန်ရတာက အဲ့ဒါကြောင့်ပါပဲ🤣 ကျွန်မကို သူ့မိန်းမတော့ အိမ်စောစောမပြန်လာလို့ ရိုက်တော့မယ်ဆိုပြီး အမြဲ စနောက်တတ်ပါသေးတယ်။

သူပြောတတ်တဲ့ Language တွေက Arabic, Russian, Spanish, German and French ပါ။ သူက Egyptian ဆိုတော့ Arabic လိုက မွေးထဲက တတ်ပီးသားပေါ့နော်။ အားကျစရာကြီးပါ။

ကိုယ်ကလည်း လေးမျိုးလောက်တတ်ပါတယ်။ Chinese, Korean, Spanish and Japanese ပါ။ တတ်တယ်ဆိုတာ ခြေဟန်လက်ဟန်နဲ့တတ်တာပါ။ ပြောတာတွေနားလည်လို့ မတောက်တခေါက်နဲ့ တစ်ခါတစ်လေ ဆရာမကြီးလုပ်တတ်ပါတယ်။ 🤣စာတွေပြန်လုပ်ရပါတော့မယ်။

ဒီ Hotel မှာ အဓိကများတာက Russian တွေပါ။ သူတို့က English လိုလုံးဝကိုမပြောတဲ့အပြင် သူတို့နဲ့ စကားပြောနိုင်တဲ့သူကိုပဲ လူထင်ပါတယ်။ အများစုက translate ကို ဖုန်းနဲ့လုပ်တာတောင် အားမရပါဘူး။ အရမ်းသဘောကောင်းတဲ့သူတွေကျတော့လည်း အရမ်းချစ်စရာကောင်းပါတယ်။ သူတို့ကြိုးစားရှင်းပြတာက ကိုယ့်အတွက်ချစ်စရာလေးပါ။ ဒါပေမယ့် သူတို့ကEnglish ကို Basicလောက်တောင်မပြောတော့ တစ်ခါတစ်လေ တကယ်ဒုက္ခရောက်ပါတယ်။

FO မှာ သူတို့ရဲ့ Reservation အတိုင်း meals plan တွေအကြောင်း Facilities အကြောင်း အကုန်ရှင်းပြရတော့ ဘာသာစကားမတတ်ရင် ပိုကြာပါတယ်။

ကိုယ်ကတော့ ပိုလွယ်အောင် ကိုယ့်ဖုန်းထဲမှာ translate လုပ်ထားတဲ့ format တွေကိုသုံးပါတယ်။ သူတို့လာရင် ရွေးပြီးပြလိုက်ရုံပဲဆိုတော့ ပိုမြန်တာပေါ့လေ။

အဲ့တော့ ဒီမှာကိုယ်မြင်ရသလောက်က Russian နဲ့ UAE ဖြစ်တဲ့တွက် Arabic စကားပါ။
ဒီနှစ်ခုက ပထမ priority ပေါ့နော်။ အကြံပေးရရင်တော့ ဘာသာစကားတစ်ခုခုတတ်ထားတိုင်း တပန်းသာပါတယ်။ ဘယ်ဘာသာပဲပြောတတ်ပြောတတ် အသုံးချရမယ့် အချိန်ဆိုတာရောက်လာမှာပါပဲ။

Spanishနဲ့ Italian လည်းတော်တော်များများသုံးတာတွေ့ရပါတယ်။ဘာပဲတတ်ထားတတ်ထား အကုန်တကယ်အကျိုးရှိပါတယ်။တချို့ Hotelတွေဆိုရင် ဘာသာစကား တစ်ခုပိုတတ်ရင် တစ်ခု Allowance တွေပေးတာမျိုးရှိပါတယ်။ တစ်လကို AED 500 လောက်အနည်းဆုံးလို့ ကြားမိပါတယ်။သူတို့က ကိုယ်ဒီဘာသာစကားကို တကယ်တတ်ကြောင်းတော့စစ်မှာပါ။

နောက်တစ်ခုကတော့ Grooming Standard အကြောင်းအတိုချုံးလေးပါ။ Details တွေတော့မဟုတ်ပေမယ့် General လေးပါ။

Front Office Department မှာ ယောကျာ်းလေးတွေကတော့ uniform cover မဖြစ်တဲ့နေရာတွေမှာ Tattoo လိုမျိုးမရှိရင်ကောင်းပါတယ်။ ဆံပင်ရှည်ကြီးတွေတော့ထားလိို့မရပါဘူး။ဆံပင်ကိုသေသေသပ်သပ်အမြဲညှပ်ပီး Jel လိမ်းရပါတယ်။ ခြေစွပ်,name tag,pin အဲဒါလေးတွေလည်းမေ့လို့မရပါဘူး။ ပီးတော့ အနံ့အသက်မကောင်းလို့လည်းအဆင်မပြေပါဘူး။ ​ရေမွှေးလေးဆောင်ထားပြီး ကိုယ့်ရဲ့ အနံ့အသက်ကို ကိုယ်ဂရုစိုက်ရပါတယ်။

ပီးတော့ ကိုယ်ကတော့ Duty ချိန်မှာ ကြက်သွန်နီ ကြက်သွန်ဖြူတွေ မစားဖြစ်ပါဘူး။ အရမ်းအနံ့စွဲလို့ Guest နဲ့ စကားပြောရင် အရမ်း Impression အောက်ပါတယ်။ ခြေသည်းလက်သည်းဆိုရင်လည်း အကုန် ညှပ်ပီး သေသေသတ်သတ်လေး ရှိနေရင် အရမ်း Perfect ပါပဲ😉

မိန်းကလေးတွေလည်း အတူတူပါပဲ။ဆံပင်ရှည်ဆိုအမြဲစည်းထားရပီး ဆံပင်တို ဂုတ်လွတ်ရင်တော့စည်းစရာမလိုပါဘူး။ သူများတွေကတော့ စကပ်အောက်မှာstocking အသားကပ်လိုမျိုးဝတ်ကြပါတယ်။ ကိုယ်ကတော့ မနေတတ်လို့ ခြေအိတ်ပဲဝတ်ပါတယ်။ အခုကိုယ့် uniform က ဘောင်းဘီအပွလေးဆိုတော့ အရမ်း နေရတာ အဆင်ပြေပါတယ်။လက်သည်းခြေသည်းကတော့ အရမ်းကြီးမရှည်မထားပဲ n**e color လေးတွေဆိုးလို့ရပါတယ်။ အနီရောင်ကြီးတွေ အရင့်ကြီးတွေတော့ အဆင်မပြေပါဘူး။ ချက်ချင်းဖျက်ခိုင်းပါလိမ့်မယ်။

ဖိနပ်ကိုတော့ hotel ကပေးတဲ့ အနိမ့်လေးပဲ စီးဖြစ်ပါတယ်။ စလုပ်ခါစက ဒေါက်မြင့်မှ ဒေါက်မြင့်ပါ။ Hotel က မပေးရင် ကိုယ့်ဘာသာ အပြင်မှာ သတ်သတ်ကို ဝယ်စီးတာပါ။ ခုတော့ အနိမ့်လေးတွေက လူပိုသက်သာလို့ ဒေါက်မြင့်ကြီးတွေမစီးဖြစ်တော့ပါဘူး။ Reception မှာ ပုပုလေး သေးသေးလေး ဆို ကျွန်မပါပဲ။

အရပ်နဲ့ပတ်သတ်လို့ ခနခန Group တွေထဲမှာမေးတာတွေ့လို့ပြောရပါဦးမယ်။ တချို့က အရပ်ပုလို့ အဆင်ပြေလား ဝလို့အဆင်ပြေလားတွေမေးကြတာတွေ့ရတယ်။ ကိုယ့်အရပ်က ၅ပေ ၂ ပါ။ ဒါပေမယ့် တစ်ခါမှ အရပ်နဲ့ပတ်သတ်လို့ ငါ့ကို အလုပ်မခန့်လောက်ဘူး လို့ မတွေးမိပါဘူး။ ဝတာပိန်တာနဲ့လည်းမဆိုင်သလို အရည်ချင်းနဲ့ပဲ ဆိုင်ပါတယ်။

Grooming Standard နဲ့အညီလေးနေနိုင်ရင်ရပါပီ။ ကိုယ့်ကိုသဘောကျတဲ့သူက ဘယ်လိုပဲဖြစ်ဖြစ် အလုပ်ခေါ်မှာပါ။ သေချာပါတယ်။Interview မှာ သပ်သပ်ရပ်ရပ်လေး ပြင်သွားရင်ရပါပီနော်🥰

ဒီနေ့တော့ ဒီလောက်ပါပဲ အားရင် Coffee လေးတူတူသောက်သွားပါဦး …zzz

Front Office’s Basic Salary + Service Charges and Upsells in Dubaiအခု post လေးကတော့ အပေါ်က သုံးခုအကြောင်းရေးချင်လို့ပါ။ ...
12/03/2024

Front Office’s Basic Salary + Service Charges and Upsells in Dubai

အခု post လေးကတော့ အပေါ်က သုံးခုအကြောင်းရေးချင်လို့ပါ။ လူတော်တော်များများအတွက် ချိန်လို့လည်းရပီး တွေးချင်တာလေးတွေတွေးလို့ရတာပေါ့လေ။

ကိုယ့်ကိုလာမေးရင်တော့ ကိုယ်က အကုန် ပြောပြတတ်ပါတယ်။ လျှိုထားစရာလည်းမရှိသလို မနာလိုစရာတွေလည်းမရှိပါဘူး။ ကိုယ်အရည်ချင်းရှိရင် ကိုယ်ရသင့်တဲ့ လစာရမယ် ဒါပါပဲ။ ရတဲ့ပိုက်ဆံနဲ့လည်း ရှိတဲ့ pressure က မသေးပါဘူး။

ကိုယ်သိတာလေး ကိုယ်ရေးပြီး sharing လုပ်ရုံပါပဲနော်။သူများ Hotel တွေ ဘယ်လိုလဲဆိုတာ ကိုယ်မသိပါဘူး။ ပိုများနိုင်သလို ပိုလည်းနည်းနိုင်ပါတယ်။

ကိုယ့်တုန်းကတော့ Internship နဲ့ စခဲ့တာဆိုတော့ Front Office Internship ဆိုရင် Basic 1000 AED ပဲရှိပါတယ်။ဒါပေမယ့် Hotel အကြီးအသေးနဲ့ occupancy ပေါ်မူတည်ပြီး Service Charge အနည်းအများကွာတာဆိုတော့ Upsellတွေ အသားကုန်လုပ်နိုင်ရင် Internship ဘဝနဲ့တင် 2000 AED က အသာလေးရနိုင်ပါတယ်။ကြိုးစားမှနော်🙄

Internship ပီးလို့ Permanent ဖြစ်ရင် Basic Salary က Hotel ပေါ်မူတည်ပြီး 1800 - 2200 AED လောက်အနည်းဆုံးရကြပါတယ်။ တခြား Hotelတွေတော့မသိပါဘူး။ ကိုယ်လက်လှမ်းမှီသလောက်ပဲပြောတာပါ။

Upsell တွေ incentive တွေနဲ့ဆိုရင် ကြိုးစားရင် ကြိုးစား Upsellလုပ်နိုင်သလောက် ပိုက်ဆံရပါတယ်။ Service Charges ကတော့ Dubai မှာ တစ်လကို Front Office က 500 AED လောက် maximum ရတတ်ပါတယ်။

ကိုယ့် hotel က အရမ်းနည်းတယ်ထင်ပါတယ်လေ🤣တခြား hotel က သူငယ်ချင်းတွေက အဲ့ဒီထက် Service Charges ပိုရကြပါတယ်တဲ့။

ကိုယ်ကတော့ အဲ့လိုကြောင့် Upsell ကို ပိုလုပ်ဖြစ်ပါတယ်။ Service charges ကို မျှော်ပီး အချိန်တန်ရင် စိတ်ပျက်ရတာမျိုးကို မကြိုက်လို့ပါ။ Upsell ကကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက်ရပါတယ်။

Upsell ဆိုတာ ကိုယ့်မှာ ရှိတဲ့ Hotel က အခန်းတွေ Meal plansတွေ Breakfast တွေတို့ကို သတ်မှတ်ထားတဲ့ဈေးနဲ့ Check-In လုပ်တဲ့ချိန်မှာ Guest ကို ရောင်းတာပါ။

အဲ့ဒီအတွက် Company ဘက်ကပေးတဲ့ percentage နဲ့ ​ရောင်းနိုင်သလောက် ပိုက်ဆံရတာပါ။ ကိုယ်ကတော့ အဲ့ဒါလုပ်ရတာပျော်လို့ Front Office ကို ကြိုက်တာလည်းပါပါတယ်။ ဒါပေမယ့် အကျိုးဆက်တွေ Complain တွေဆိုတာလည်း အမြဲတူတူ တွဲပါနေကျပါ။

Dubai မှာက Hotel အများစုက မြင်ရသလောက်တော့ Accommodation နဲ့ အစားသောက် provide ဖြစ်လို့ Basic ကို လူလည်ကျပြီး
လျှော့ထားတာလို့ ထင်ပါတယိ။ Accommodation က အရမ်းကောင်းရင်တော့နေရတာတန်ပါတယ်။ မကောင်းရင်တော့လည်း တန်ဘူးပေါ့နော်။

ပီးတော့ Hotel မှာ သူတို့ပေးတဲ့ Emirates ID နဲ့ insurance နဲ့လည်းတွဲပါပီးသားဆိုတော့ တော်ရုံ နေမကောင်းတာ ဖျားနာတာအတွက် ပိုက်ဆံသိပ်မကုန်ပါဘူး။

ဒါပေမယ့် သွားနဲ့ မျက်စိ ကျန်းမာရေးမှာတော့ သူ့ insurance က cover မဖြစ်တဲ့အတွက် ဒုက္ခရောက်ပါတယ်။တတ်နိုင်ရင် Dubai မလာခင် ရှိသမျှသွားတွေ ဖာသင့်တာဖာ စွပ်သင့်ရင်လည်းစွပ်ပြီး မျက်စိတွေလည်းသေချာစစ်လာစေချင်ပါတယ်။

မျက်ကပ်မှန် မျက်မှန်တပ်တဲ့သူဆိုရင်လည်း ရှိသမျှ အကုန်သယ်လာတာကောင်းပါတယ်။

ဒီမှာ တခြားကိုယ်မသိလို့လားတော့မသိပါဘူး။မျက်ကပ်မှန်တစ်ဖက်တင် 150 AED ရှိပါတယ်။ Degreeနဲ့ပါ။ရန်ကုန်မှာဆို အဲ့ဒီ တစ်ဖက်စာက မျက်ကပ်မှန် ဆယ်စုံလောက် ဝယ်လို့ရပါတယ်။🤣

ကျွန်မ တိုင်ပတ်နေကျကိစ္စပေါ့လေ။ 🤣

Dubai မှာက တချို့က အကုန်ဈေးကြီးတယ်လို့ပြောကြတယ်။ ဟုတ်ပါတယ်။ ဈေးကြီးတယ်ဆိုတာထက်ပြောရရင် နည်းနည်းလှုပ်လိုက်တာနဲ့ တစ်ရာလောက်က အသာလေးပြုတ်သွားတာပါ။ စားချင်စရာ ဝယ်ချင်စရာ သွားချင်စရာတွေ များလို့နေမှာပါ။
အလုပ်လည်းလုပ် မုန့်လည်းစား စုလည်းစုပေါ့လေ။

ဒါပေမယ့် Dubai က Experience ယူဖို့အတွက်တော့ လာရတာကောင်းပါတယ်။ သင်ယူစရာတွေလည်း သင်လို့ကောင်းသလို လူမျိုးစုံလည်းတွေ့ဖူး ကြုံဖူးသွားပါမယ်။

နောက်တစ်ခေါက်မှ သင်ထားသင့်စရာ ဘာသာစကားကိစ္စလေးတွေ job description လေးတွေအကြောင်းဆက်ရေးပါဦးမယ်။

ခုတော့ လမ်းကြုံ လိမ္မော်သီးလေး စားသွားပါဦး....🍊🤣

Experience sharing for Front Office…..ဒါက ဟိုအရင်ကရေးခဲ့တာလေးပါ နောက်မှ အသစ်ရေးတော့မယ်။🤭ပိတ်ရက်အားတုန်း စာရေးချင်စ်ိတ်လေ...
11/03/2024

Experience sharing for Front Office…..

ဒါက ဟိုအရင်ကရေးခဲ့တာလေးပါ နောက်မှ အသစ်ရေးတော့မယ်။🤭

ပိတ်ရက်အားတုန်း စာရေးချင်စ်ိတ်လေးပေါက်လာလို့ ကိုယ်နှစ်နှစ်နီးပါးကြုံခဲ့ရတဲ့အတွေ့ကြုံလေးတွေကို စိတ်ထဲရှိရာရေးမလို့ပါ….

Dubai ကိုစရောက်တာ လွန်ခဲ့တဲ့ ၂နှစ်က intern တစ်ယောက်အနေနဲ့ Hotel တစ်ခုမှာ join ဖြစ်တာပေါ့လေ။

ကိုယ်က အရမ်းကံမကောင်းတတ်တော့ စရောက်ထဲက လေယာဉ်က တိမ်တွေများလို့ဆိုပီး မဆင်းနိုင်ဖြစ်ပီး Delay ဖြစ်သွားလို့ ကိုယ့်ကိုလာကြိုပေးတဲ့သူက မစောင့်တော့ပဲ ကိုယ့်ဘာသာ taxi စီးလာခဲ့ရတယ်။

အဲ့တုန်းက Covid ရှိတုန်းဆိုတော့ လေဆိပ်အဝင်အထွက်ကလည်း စစ်လိုက်ရတဲ့ testတွေဆိုတာမနည်းဘူး။

အဲ့လိုနဲ့ Hotel စရောက်တော့ First day မှာပေါ့လေ။

စတွေ့ရတဲ့အခက်အခဲက ကိုယ်မသိတဲ့ system မဟုတ်ပဲ သူတို့ပြောနေတဲ့စကားကို ကိုယ်နားမလည်တာပါပဲ။😂

သူတို့က English အစစ်မဟုတ်ပဲ Indian Arabic တွေက English ကို သူတို့အသံနဲ့ဝဲပြောနေတာကို ကိုယ်က နားမလည်တာပါ။ ကိုယ်က ပြောရရင် self study လောက်နဲ့ ကြိုးစားသင်ယူပြီး You Tube လောက်ပဲလေ့လာတော့ English အစစ်တွေပြောတာကို နားလည်ပါတယ်။ သူတို့နဲ့ စကားပြောတာမှာ ငုတ်တုပ်မေ့တော့တာပါပဲ။😂

ဒါပေမယ့် ကိုယ်စလုပ်ခဲ့တဲ့ Hotel ကိုအရမ်းကျေးဇူးတင်မိပါတယ်။ ကိုယ့်ကို သူတို့အရမ်း trainပေးခဲ့လို့ ဒီနေ့ဒီလိုနေနိုင်တာပါ။

စကားနားမလည်တဲ့ ကိုယ့်ကို Managerက တစ်လလုံးလုံး Computer ရှေ့မှာ မရပ်ခိုင်းပဲ စကားတွေပဲလိုက်ပြောခိုင်းပါတယ်။ ပထမတစ်လသူတို့စကားပြောတာကို နားလည်ပီးမှ opera system ကို နောက်တစ်လလောက်သင်ရပါတယ်။

အကုန် လွယ်လွယ်လေးသင်ခဲ့တာမဟုတ်ပဲ တစ်ခုချင်း step by steps လိုက်မှတ်ပီး တစ်နေ့တစ်ခုရအောင်ကျက်ပါတယ်။

ကိုယ်က တက်ကြွတော့ အဲ့ဒါတွေက ခနလေးနဲ့အဆင်ပြေသွားခဲ့တယ်ပြောရမယ်။

အဲ့ဒါတွေပီးလို့ နောက်တစ်ဆင့်ကျတော့ ပြဿနာက multi tasking လုံးဝမလုပ်နိုင်ခဲ့တာပါ။Check In လုပ်ရင် Desktop ကိုကြည့်ရင်း Guest ကို စကားမပြောနိုင်ပဲသတ်သတ်ကြီး ဖြစ်နေခဲ့တာ။ Computer နဲ့ လုပ်တာကသတ်သတ် လေရွှီးတာကသတ်သတ်ပေါ့လေ😂

အဲ့ဒါကို သတိထားမိတဲ့ ကိုယ့် seniorတွေက Briefing တိုင်းမှာ ကိုယ့်ကို role playတွေလုပ်ခိုင်းပီး သင်ယူစေခဲ့တယ်။ သူတို့ နေ့တိုင်း Briefing မှာ မေးခွန်းတိုင်း ကိုဖြေရတာက ကိုယ်ပါပဲ။ အငယ်ဆုံးလည်း အငယ်ဆုံးကိုး😂😂

အဲဒီ အချိန်တွေက ကိုယ့်အတွက်ပြောရရင်ခက်ခဲခဲ့တယ်ဆိုပေမယ့်လည်း Senior ကောင်းကောင်းတွေနဲ့ တွေ့ခွင့်ရခဲ့လို့ ကိုယ်ကံကောင်းခဲ့ပါတယ်။

နောက် internship တစ်နှစ်အတွင်းမှာလည်း နေ့ရက်တိုင်းက အသစ်တွေချည်းပါပဲ။ လူမျိုးစုံ စိတ်မျိုးစုံ mood swings မျိုးစုံတွေကို နေ့တိုင်းတွေ့ရမှာပါ။😂

အလုပ်တိုင်းက Pressure တွေ Stressတွေရှိတဲ့အပြင် ကိုယ်ကိုယ်တိုင်က ပြည့်အောင် ကြိုးစားရမယ့် Own Target တွေလည်းရှိပါသေးတယ်။ အဲ့ကြားထဲမှာ နေ့တိုင်း Guest Complaints တွေကို လည်း ကြုံရပါသေးတယ်။

အခု ကိုယ့်ကိုယ်ကိုသတိထားမိတာတစ်ခုက အတွေ့အကြုံကပဲ ကိုယ့်ကိုသင်သွားမယ်ဆိုတာပဲ။

မလုပ်ကြည့်ရသေးရင် မဖြစ်လာသေးရင် ဘာမှလည်းမသိသလိုဘာမှလည်းမတတ်လာဘူးပေါ့လေ။ ကိုယ်လုပ်ခဲ့မိတဲ့အမှားတွေလည်းအများကြီးပါပဲ။ ဒါပေမယ့်လည်း နောက်မဖြစ်အောင်ကြိုးစားပီး စိတ်မကောင်းမဖြစ်နေပဲ မေ့ပစ်နိုင်အောင်လုပ်ရပါတယ်။

အခုထိ ကိုယ်မနက်Coffeeသောက်ပီးတာနဲ့ နေ့တိုင်းနေ့တိုင်း ကြုံနေရတာတွေက မရိုးနိုင်သေးပါဘူး။ နောက်ထပ်လည်း အများကြီး ကြုံရဦးမှာပါ။

မိုးလင်းတာနဲ့ Breakfast သွားမစားပဲ Reception မှာ လာအော်ရမှ စားဝင်တဲ့ Guestမျိုးတွေတောင်တွေ့နေရတုန်းပါပဲ။ Dramaတွေချိုးပီး ကိုယ်ကပဲလူဆိုးမကြီးလိုမျိုးဖြစ်သွားရတဲ့ကိစ္စတွေလည်းအများကြီးပါပဲ။

ဥပမာဆိုရင် ကိုယ်ဝန်ဆောင်သည်တစ်ယောက် မနက်အစောကြီး Hotel ကိုလာပီး ငါ့ကိုအခန်းအခုပေးဆိုပီး လာအော်တာမျိုးတွေပေါ့လေ။ Check In လုပ်ရမယ့်အချိန်က ညနေ ၃နာရီကို သူက မနက်၇နာရီထဲကလာပီး ကိုယ်ကသူ့ကိုချက်ချင်းအခန်းမပေးလို့ပါဆိုပီး အော်ဟစ်ငိုယိုတာမျိုးတွေပါ😂

နင်အခုအခန်းသွားရှင်းဆိုတာကပါသေးတယ်😂

တစ်ခါဆို နင့်နာမည်ဘယ်သူလည်းငါ့ကိုပြောစမ်း မန်နေဂျာနဲ့နင့်ကိုတိုင်မယ် ဆိုပီးမေးလို့ name tag ပါဖြုတ်ပေးလိုက်ခဲ့ဖူးပါတယ်။😂

ကိုယ်မှန်နေရင် ဘယ်ကောင်ကြီးဖြစ်နေဖြစ်နေ မကြောက်တတ်တာတော့ အမှန်ပါပဲ😂

အဲ့ဒါကြောင့် တစ်ခါတစ်လေ အရမ်းသဘောကောင်းတဲ့ Guestတွေဆိုရင် ကိုယ်တွေက အသားကုန်ကောင်းပေးတော့တာပါပဲ။အလကားပေးလို့ ရသမျှအကုန်ပေးပါတယ်။အရမ်းပျော်လို့😂

အခုတော့ အရာအားလုံး အသားကျပီး အဆင်ပြေလာခဲ့ပီ။

ပုံလေးတွေကတော့ သတိရလို့ ဒီတိုင်းထည့်လိုက်တာပါ။ Dubai စ ရောက်ခါစက front office internship လုပ်တုန်းက ပုံလေးတွေပေါ့။

Address

Dubai
Dubai
DUBAI

Website

Alerts

Be the first to know and let us send you an email when For a better you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share