ကောင်းသန့်

ကောင်းသန့် ကောင်းသန့် ရခိုင်မုန့်တီ

 #သက်သက်လွတ်မှိုသုပ်မှိုရယ် ပဲပြားခြောက်ရယ် ရေညှိရယ် ပဲလိပ်ရယ်ကို ရေနွေးဖျောပြီးကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ နံနံပင် ၊ င...
07/06/2026

#သက်သက်လွတ်မှိုသုပ်

မှိုရယ် ပဲပြားခြောက်ရယ် ရေညှိရယ် ပဲလိပ်ရယ်ကို ရေနွေးဖျောပြီး
ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ နံနံပင် ၊ ငြုပ်သီးမှုန့် ၊ ပဲငံပြာရည် အကြည် ၊ ဆီမွှေးနဲ့ သုပ် တဲ့ မှိုသုပ်

စားကြပါဦးခင်ဗျာ။

ကောင်းသန့်

 #ကြာဆံကြော် ကြာဆံကြော် နဲ့ ပဲပြားကြော် လေးသုံးဆောင်ကြပါဦး ခင်ဗျာ။ကောင်းသန့်
02/06/2026

#ကြာဆံကြော်

ကြာဆံကြော် နဲ့ ပဲပြားကြော် လေး
သုံးဆောင်ကြပါဦး ခင်ဗျာ။

ကောင်းသန့်

 #ကြက်ဥနဲ့ပဲပြားကြော်ချက်သုံးဆောင်ကြပါခင်ဗျာ။ကောင်းသန့်
31/05/2026

#ကြက်ဥနဲ့ပဲပြားကြော်ချက်

သုံးဆောင်ကြပါခင်ဗျာ။

ကောင်းသန့်

 #အုန့်နို့ဆန်ပြုတ်ကျနော် ငယ်ငယ်က ဆန်ပြုတ် ကိုမကြိုက်ဘူး ။ မုန်းတဲ့အထဲမှာတောင်ပါတယ် ။ နေမကောင်းဖြစ်ရင် အိမ်က ထမင်းမကျွေး...
31/05/2026

#အုန့်နို့ဆန်ပြုတ်

ကျနော် ငယ်ငယ်က ဆန်ပြုတ် ကိုမကြိုက်ဘူး ။ မုန်းတဲ့အထဲမှာတောင်ပါတယ် ။ နေမကောင်းဖြစ်ရင် အိမ်က ထမင်းမကျွေးပဲ အသားရယ် ကြက်သွန်ဖြူ ရယ် ငရုတ်ကောင်းရယ် နဲ့ ဆားပါလေကာ ပြုတ်ထားတဲ့ ဆန်ပြုတ်ချည်းလိမ့်တိုက်တာ ။ ပါးစပ်က ဒီတိုင်းနေ မပျက်ပဲ သုံးနပ်လုံး ဆန်ပြုတ်ချည်း သောက်ရလို့ ပျက်ရော ။ ပုံမှန်ထမင်းဟင်း စားချင်လည်း မရဘူး ဆန်ပြုတ်ပဲ ။ အဲ့တော့ မမုန်းခံနိူင်ရိုးလား ။ ဆန်ပြုတ်လို့ အသံကြားရင်ကို ပျို့ချင်သလို အန်ချင်သလို ဖြစ်လာရော။

ကျနော်တို့ ရပ်ကွက်ကို အလယ်က အမှတ် သုံး လမ်း က ဖြတ်သွားလို့ စျေးပိုင်း နဲ့သုမာလာပိုင်း ဆိုပြီး နှစ်ပိုင်း ရှိတယ် ။ အဲ့ဒိအမှတ် သုံးလမ်း နဲ့ စျေးပိုင်း ကို ဦးတိုက်ပြီး ပေါက်တာ က ယုဇန လေး လမ်း ။ သုမာလာ ဘက်က လာသူမှန်သမျှဟာ အဲ့ဒိ လမ်းကို ဖြတ် ၊ အမှတ် သုံးလမ်းကို ကူးပြီးမှ စျေးကို ရောက်တယ် ။ ယုဇန လေးလမ်းထိပ်မှာက မူလတန်းကျောင်းလည်းရှိတော့ အဲ့လမ်းက စျေးသွားစျေးပြန် ၊ ကျောင်းသွား ကျောင်းပြန် နဲ့ တော်တော်စည်ပါတယ် ။ လူစည် တော့ စျေးဆိုင် လည်းပေါတယ် ။ အထူးသဖြင့် မုန့်ပဲသရေစာ ဆိုင်တွေပါ ။

အီ​ကြာကွေးနဲ့တွဲရောင်းတဲ့ အုန်းနိူ့ဆန်ပြုတ် ဆိုင် ၊ မုန့်ဆီကြော် နဲ့တွဲရောင်းတဲ့ အကြော်စုံဆိုင် ၊ ခေါက်ဆွဲ ကြာဆံကို ရိုးရိုးမဟုတ် ကြော်ပြီးသုပ်ရောင်းတဲ့ အသုပ်ဆိုင် ၊ ဘိန်းမုန့်ဆိုင် ၊ စမူဆာ ချည်းသက်သက်ရောင်းတဲ့ဆိုင် ၊ အာဟာရ ဆိုတာကြီးရတဲ့ လဘက်ရည်ဆိုင် ၊ ကျောင်းထိပ် စက္ကူပင်အောက်ဆို ဆီထမင်းသည် ၊ ရွှေထမင်းတို့ မုန့်ဦးနှောက်တို့ရောင်းတဲ့ မြန်မာမုန့်သည် ၊ ကောက်ညှင်းပေါင်းသည် ၊ မုန့်စိမ်းပေါင်းသည် ၊ ကပ်စေးနည်းသည် ၊ အရုပ်သည် စုံလို့ပေါ့ ။

ကျောင်းသွားတိုင်း တခုမဟုတ် တခုတော့ ဝယ်စားတာချည်းပဲ ။ ဆန်ပြုတ်ဆိုင်တော့ ရှောင်ပေါ့ ။ တခါတော့ အမေက စားကြည့်ပါ ဆိုလို့ စားကြည့်တော့မှ လား လား ဆန်ပြုတ်ဆိုတာ ဒီလို ချိုအိစိမ့်ပြီး စားလို့ကောင်းတာလည်း ရှိပါလား ဆိုပြီး ကြိုက်သွားခဲ့တာပါပဲ။ ဒါပေမယ့် အုန်းနို့ ဆန်ပြုတ်ပဲ ကြိုက်တာပါ။ ရိုးရိုးဆန်ပြုတ်တော့ တော်တော်ကြီးတဲ့အထိ မသောက်ဘူး ။ အိမ်ထောင်ကျ ကလေးရပြီး မှော်ဘီ ရောက်​တော့ သူငယ်ချင်း လင်မယား အိမ်မှာ ကျွေးတဲ့ ဝက်သားဆန်ပြုတ် သောက်ရတဲ့ အခါမှ ဆန်ပြုတ် အပေါ် အမြင် ပြောင်းသွားခဲ့တာပါ ။တသက်နဲ့ တကိုယ် စားဖူးတဲ့ ဆန်ပြုတ်ထဲ အရသာ အရှိဆုံးဆန်ပြုတ်ပါပဲ ။ ချက်နည်းက ရိုးရှင်းပေ မယ့် ကျနော် ဘယ်လိုချက်ချက် သူငယ်ချင်းလက်ရာကိုတော့ မမီပါ။ ကျနော်နဲ့ ဆန်ပြုတ် ဇာတ်လမ်းပေါ့လေ ။

အခုလည်း သာကူစေ့ရောထားတဲ့ အုန်းနို့ဆန်ပြုတ်ချိုချိုလေး ကို ဒီကလူတွေ စားကြသလို ဖရုံစေ့ ရယ် ရပ်စ်ဘယ်ရီ ယိုလေးရယ် ထည့်ထားပါတယ် ။

သုံးဆောင်ကြပါခင်ဗျာ။

ကောင်းသန့်

 #ပူပူစပ်စပ်မုန့်ဖတ်ရခိုင်သုပ်မုန့်ဖတ်ကို ကြက်သားငရုတ်သီးချက် ၊ ရေညှိ နဲ့ ကျောက်ပွင့် ထည့်သုပ်တဲ့ မုန့်ဖတ်ရခိုင်သုပ် နဲ့...
30/05/2026

#ပူပူစပ်စပ်မုန့်ဖတ်ရခိုင်သုပ်

မုန့်ဖတ်ကို ကြက်သားငရုတ်သီးချက် ၊ ရေညှိ နဲ့ ကျောက်ပွင့် ထည့်သုပ်တဲ့ မုန့်ဖတ်ရခိုင်သုပ် နဲ့

မုန့်တီဟင်းရည်ပူပူလေး

သုံးဆောင်ကြပါခင်ဗျာ။

ကောင်းသန့်

 #ရွှေထမင်းဒီမနက်တော့  ရွှေထမင်းလေးစားကြပါ။ပဲ နဲ့ နှမ်းလေးပါ ထည့်ထားတယ် ။သုံးဆောင်ကြပါနော်။ကောင်းသန့်
24/05/2026

#ရွှေထမင်း

ဒီမနက်တော့ ရွှေထမင်းလေးစားကြပါ။
ပဲ နဲ့ နှမ်းလေးပါ ထည့်ထားတယ် ။

သုံးဆောင်ကြပါနော်။

ကောင်းသန့်

 #အသားကင်ကောင်းသန့်
23/05/2026

#အသားကင်

ကောင်းသန့်

 #နေ့လည်စာကြက်ရင်ပုံသား ၄ကျပ်ဖိုးကို ၁၀ခြမ်းလောက်ရတယ် ။ အသားချည်းပဲလည်းချက် မစားချင်ဘူး။ ကြက်ဆိုတာ အရိုးကိုက်ရမှ အရသာရှိ...
21/05/2026

#နေ့လည်စာ

ကြက်ရင်ပုံသား ၄ကျပ်ဖိုးကို ၁၀ခြမ်းလောက်ရတယ် ။ အသားချည်းပဲလည်းချက် မစားချင်ဘူး။ ကြက်ဆိုတာ အရိုးကိုက်ရမှ အရသာရှိတာမျိုးလေ ။

အဲ့ဒါနဲ့ ပါလာတဲ့ ၁၀ခြမ်း လုံးက အရေခွံလေးတွေခွာ ဆားဆနွင်းအချို့မှုန့် နယ် ပြီး ဆီထုတ်ပြီး အကြွပ်ကြော် တဲ့ #ကြက်ရည်ခွံကြော်တခွက်

အဲ့ ၁၀ခြမ်းကနေပဲ ရင်နုရိုးနဲ့ ကပ်ရက် အသားလေးတွေနွှာ ခုနက ကြက်ဆီကိုသုံးပြီး မျှင်ငပိရယ် ခွဲ​ခြမ်းရယ် နဲ့ ငပိချက် စပ်စပ်ချက်ပြီး ငရုတ်သီးစိမ်းအုပ် တဲ့ #ကြက်ရိုးငပိချက်တခွက်

အသားချည်းသက်သက် ကျန်တဲ့ ရင်ပုံတွေထဲက နှစ်ခြမ်းယူပြီး ဆနွင်းရည် ငံပြာရည်လေးရည်နဲ့ပြုတ် နူးတော့ အသားမျှင်ယူပြီး air fryer နဲ့ ကြွပ်နေအောင် ကင်တဲ့ #ကြက်မွှခြောက်တခွက်
သူကတော့ ဒီတိုင်းစားလည်းရတယ် ။ ငနီတူကို ရခိုင်သုပ် သုပ်သလို သုပ်စားလည်း ကောင်းတယ် ။ မွှမွှလေးဆိုတော့

ကြက်ပြုတ်ရည်ကို soup base တတုံးထည့်ပြီး ငရုတ်ကောင်းရယ် ကြက်သွန်မြိတ်ရယ် အုပ်ပြီး #ဟင်းချို တခွက်ချက်

ကျန်တဲ့ အသားတွေ ကို တော့ ပြန်သိမ်းထားပေါ့ ။

သုံးဆောင်ကြပါခင်ဗျာ။

ကောင်းသန့်

 #မနက်ခင်းထမင်းကြော် ကောင်းသန့်
21/05/2026

#မနက်ခင်းထမင်းကြော်

ကောင်းသန့်

 #နေ့လည်စာ  #ကြက်ဥအာလူးနဲ့ပုန်းရည်ကြီးချက်ကြက်ဥ အခြမ်းလိုက်လေးတွေနဲ့ အာလူးစီးစီးလေးကို ပုန်းရည်ကြီး အနှစ်များများနဲ့ချက်...
19/05/2026

#နေ့လည်စာ

#ကြက်ဥအာလူးနဲ့ပုန်းရည်ကြီးချက်

ကြက်ဥ အခြမ်းလိုက်လေးတွေနဲ့ အာလူးစီးစီးလေး
ကို ပုန်းရည်ကြီး အနှစ်များများနဲ့ချက်

#ငပိသုပ်

မျှင်ငပိမီးဖုတ်လေးကို ကြက်သွန်စိမ်း ၊ငြုပ်သီးစိမ်း လေးရော အချိမှုန့် လေးပါလေကာထည့်ပြီး ဆီရွှဲရွှဲ နဲ့သုပ်ပြီး နံနံပင်လေးအုပ်

#ဂေါ်ဖီနဲ့ငါးကျပ်တိုက်ဟင်းခါး

ဂေါ်ဖီရိတ်ရိတ်လေး လှီးထားတာကို ငကျည်းကျပ်တိုက်ပြုတ်ရည်ထဲထည့်ပြီး ငရုတ်ကောင်းလေးအုပ်

မိုးအေးအေးနဲ့ ပူပူနွေးနွေးသုံးဆောင်ကြပါခင်ဗျာ။

ကောင်းသန့်

ที่อยู่

Paranvahe 2 As 18
Chiang Mai
26660RAUMA

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66985949104

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ကောင်းသန့်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ကောင်းသန့်:

แชร์