28/06/2026
မင်္ဂလာပါ
ဒီတခေါက်တော့ beginner များcampingထွက်တဲ့အခါ
ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အဆင်မပြေမှုလေးတွေနဲ့ကြိုတင်ပြင်ဆင်သင့်တာလေးတွေကို
ရေးသွားပေးပါ့မယ်
၁။ရာသီဥတု အပေါ်ကြိုတင်ပြင်ဆင်မှုမပြည့်စုံခြင်း☔️❄️☀️
🚫အဖြစ်တတ်ဆုံး အရာတွေထဲတခုကတော့
ရာသီဥတုတဲ့လိုက်လျှောညီထွေတဲ့ အဝတ်အစားနဲ့gearမပါလာခြင်းပါ
ညဘက် ချမ်းလို့ အိပ်မပျော်တာ ၊မိုးရွာပြီး ဖိနပ်ရေစိုခြေထောက်အေးတာ၊နေပူတဲ့အခါလဲလုံလောက်တဲ့အရိပ်မရှိလို့ နေပူလောင်တာတွေဖြစ်တတ်ပါတယ်
⭕️ကြိုတင်ပြင်ဆင်သင့်တာကတော့ ဘယ်ရာသီပဲဖြစ်
ပေါ့ပါးပြီးအခြောက်လွယ်တဲ့ဘောင်းဘီအရှည်နဲ့အိင်္ကျီလက်ရှည်၊ဦးထုပ်၊နေကာမျက်မှန်တွေယူလာသင့်ပါတယ် ကန့်ဆိုက်တွေအများစုဟာတောင်ပေါ်ဖြစ်ဖြစ် တောအုပ်ထဲမှာဖြစ်ဖြစ်ရှိတာများကြလို့ နေ့လင်းနဲ့ညရဲ့ အပူချိန်ကွာခြားမှုများကြပါတယ် သေချာနွေးနွေးထွေးထွေးအိပ်လို့ရမဲ့
sleeping gearကလဲလိုအပ်ပါမယ်
၂။comfortableဖြစ်တဲ့ထိုင်ခုံမပါခြင်း
🚫Begiinerအများစုဟာ တဲတွေတခြားgearတွေကို
အရေးစိုက်တတ်ကြပေမဲ့ တကယ်တမ်း လိုအပ်တဲ့အဓိကgearက chairပါ
ဘာကြောင့်လဲဆိုရင် campingထွက်တဲ့အခါ
အချိန်တော်တော်များများဟာ ထိုင်နေရတဲ့အချိန်ဖြစ်ပါတယ် သက်တောင့်သက်သာဖြစ်တဲ့ထိုင်ခုံပါမပါဟာအရမ်းအရေးကြီးပါတယ်
⭕️ပြင်ဆင်သင့်တာကတော့ကျောမှီပါပြီး ကိုယ့်ခန္ဓာကိုယ်နဲ့သင့်တော်တဲ့ ခုံကိုmustအနေနဲ့ ယူလာသင့်ပါတယ်
၃။တဲထိုးအချိန်အရမ်းကြာခြင်း
🚫ပထမဆုံးအကြိမ်အဖြစ် ဝယ်ခါစတဲကို camp siteရောက်မှ အထုပ်ဖွင့်စတင်ထိုးတဲ့အခါ
ကြိုတင်မှန်းထားတဲ့အချိန်ထက်ပိုကြာတတ်ပါတယ် setအနေနဲ့ပါလာတတ်တဲ့ ငုတ်ペグတွေက
မြေမဆိုက်တာ ၊လေတိုက်လို့ တိုင်pole frameကြိုးတာတွေကြုံရတတ်ပါတယ်
⭕️ကြိုတင်ပြင်ဆင်မှုအနေနဲ့ကတော့ ကိုယ်ဝယ်ထားတဲ့တဲထိုးပုံကို youtubeဖြစ်ဖြစ် ပါလာတဲ့マニュアルဖြစ်ဖြစ်ကြိုတင်လေ့လာပါ
ဖြစ်နိုင်ရင်အိမ်နားကပန်းခြံလိုနေရာမျိုးမှာ試し張りအစမ်းကြိုထိုးကြည့်တာ လုပ်သင့်ပါတယ်
၄။အစားအသောက် အဝယ်များခြင်း
🚫ပျော်မယ်ရွှင်မယ်စိတ်နဲ့ လိုအပ်တာထက်ပိုပြီး
အစားအသောက်များဝယ်တတ်ကြပါတယ်
နောက်တခုက camp site အများစုဟာ အစောဆုံး ၁၀-၁၁နာရီမှဝင်ရတတ်ပါတယ် ရောက်ရောက်ခြင်းတဲထိုးပြင်ဆင်တာနဲ့အချိန်ကြာတတ်ပြီး
နေ့လည်စာ အချိန်ကို ကျော်လွန်တတ်ပါတယ်
အဲ့ဒီအခါ တနပ်စာ ပိုသွားတာမျိုးဖြစ်ပြီး
အသားစိမ်းငါးစိမ်းများပိုရင်လည်း နောက်နေ့မကောင်းလို့ လွှင့်ပြစ်ရတတ်ပါတယ်
⭕️ပြင်ဆင်သင့်တာကတော့ အချိန်ကိုကြိုတင်မှန်းဆပြီး နေ့လည်စာ ညစာ နောက်နေ့မနက်စာကို ကြိုတင်သတ်မှတ် လိုအပ်တာပဲဝယ်သင့်ပါတယ်
၅။ပတ်ဝန်းကျင်နဲ့ပြဿနာတက်တတ်ခြင်း
🚫ညအိပ်campingသွားတဲ့အခါ အရက်သောက်တာပျော်ကြတာ သဘာဝပါ ၊ ဒါပေမဲ့ဂျပန်နိုင်ငံရဲ့ camp siteတိုင်းမှာ silent time(quiet time)သတ်မှတ်ထားပါတယ် ၊ညဘက် သတ်မှတ်ထားတဲ့အချိန်ထက်နောက်ကျပြီး အသံကျယ်လောင်စွာစကားပြောတာတွေလုပ်မိရင် အနီးအနားက လူတွေနဲ့ပြဿနာတတက်တတ်ပါတယ်
⭕️ကြိုတင်ပြင်ဆင်သင့်တာတော့ camp siteက သတ်မှတ်ထားတဲ စည်းကမ်းルールကိုကြိုတင်မှတ်ထားပြီးလိုက်နာဖို့လိုအပ်ပါတယ်
🏕️အခုလိုရာသီမှာcampingကို စတင်ဖို့စဉ်းစားနေတဲ့
သူတွေ ပျော်ရွှင်ပြီး သက်တောင့်သက်သာဖြစ်တဲ့ camping tripလေးဖြစ်ကြပါစေခဗျာ⛺️