22/09/2023
ဂျပန်မိုးလေဝသအေဂျင်စီက လာမည့်နှစ် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် အိုကီနာဝါ တို့သို့ လေအေးများဝင်ရောက်ရန် ခက်ခဲမည်ဟု ဆိုပါတယ်။
အပူချိန်များက ပုံမှန်ထက် ပိုများနေပြီး ဂျပန်မြောက်ပိုင်းတွင်မူ အပူချိန်က ပုံမှန်ထက် သို့မဟုတ် မြင့်မားဖွယ်ရှိပါတယ်။
ဆောင်းရာသီတွင် ကျမယ့် နှင်းပမာဏက ဂျပန်ပင်လယ်ဘက်ခြမ်းတွင် လျော့နည်းမည် သို့မဟုတ် ယခင်နှစ်များနှင့် အတူတူပင် ဖြစ်ပုံရပါတယ်။
ယခုနွေရာသီတွင် ဂျပန်ပင်လယ်ပြင်ရှိ ရေအပူချိန်က အလွန်မြင့်မားလာလို့ ဆောင်းရာသီတွင်ပင် အပူချိန်များ ဆက်လက်မြင့်မားနေနိုင်ပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီက ``ပူတဲ့ဆောင်းရာသီဖြစ်မယ် ထင်ရတယ်။ ဒါပေမယ့် ဆီးနှင်းတွေ တပြိုင်နက်တည်းကျလာနိုင်တယ်။ သတိထားကြပါ´´