22/08/2023
ありがたいイベントですね。
良いお仕事とご縁があるように皆さんぜひ参加してみてください。
ဂျပန်ရောက် မြန်မာကျောင်းသား များ အလုပ်ဝင်ရန်အခွင့်အလမ်းများတဲ့လုပ်ငန်းတွေက
ဘာတွေဖြစ်မလဲ ?
မိမိတက်နေသောကျောင်းအမျိုးအစား၊ သင်ယူနေသောဘာသာရပ် နှင့်လိုက်ပြီး အလုပ်ဝင်လွယ်သော ကုမ္ပဏီလုပ်ငန်းအမျိုးအစားများကို Sharing လုပ်သွားပါမယ်။
အလုပ်ဝင်လွယ်သော လုပ်ငန်းအမျိုးအစားကိုသိခြင်းဖြင့်၊ 内定ရနိုင်သည့် အခွင့်အရေးများပိုမိုရရှိမှာဖြစ်ပါတယ်။
Pattern (1)
မြန်မာတွင် (IT・Engineer) ဘာသာရပ်ဖြင့် ၄ နှစ် တက္ကသိုလ်ကျောင်းပြီးထားသူ ဖြစ်ပြီး၊ ယခု လက်ရှိ ဂျပန် တွင် Language School တက်ရောက်နေသူများ
University graduate in MM (IT, Engineering) ⇒ Language School(JP) ⇒Work in JP
ထိုသူများအတွက်က ဂျပန်နိုင်ငံမှာ တစ်ခြားသော လုပ်ငန်းများကို ဝင်ရောက်ဖြေဆိုတာထက်စာလျှင်၊ IT, Engineering (機電) ပိုင်း အလုပ်တွေက အလုပ်ရနိုင်မည့်အခွင့်အလမ်းများသလို၊ မြန်မာမှာသင်ယူခဲ့သော ပညာရေးကိုလည်း ကောင်းကောင်းအသုံးချနိုင်လို့၊ ပိုပြီး effective ဖြစ်ပါတယ်။
မှတ်ချက် နှင့် သတိထားစရာ
Schedule အရမ်း tight ဖြစ်ခြင်းနှင့်၊ Japanese Language School ပေါ်လိုက်ပြီး၊ Job Hunting ပိုင်း support အားနည်းသည့် ကျောင်းတွေလည်းရှိနိုင်တာမို့လို့၊ မိမိဘာသာ情報収集(information gathering)ပြုလုပ် ဖို့လို့အပ်ပါတယ်။ Job Fair များ၊ 合同説明会 များ သွားခြင်းကို အိုဆုဆုမဲလုပ်ပါတယ်။
Pattern (2)
ဂျပန်တွင် (IT .Engineer) ဘာသာရပ် ဖြင့် ဆန်းမွန်းတက်နေသူ
College in JP (IT, Engineering) ⇒ Work in JP
မြန်မာနိုင်ငံမှာ တက္ကသိုလ်မပြီးထားပဲ၊ ဂျပန်တွင် IT, Engineer ပိုင်း ဖြင့် Senmon တက်နေသူများအတွက်လည်း Pattern 1 နည်းတူ တစ်ခြားသော လုပ်ငန်းများကို ဝင်ဖြေတာထက်၊ IT, Engineering(機電)ပိုင်းကို ဝင်ဖြေတာက အလုပ်ရနိုင်မည့်အခွင့်အလမ်းများနိုင်ပါတယ်။
မှတ်ချက် နှင် သတိထားစရာ
Corona နောက်ပိုင်းတွင် 新卒(no experience) ဖြင့် အလုပ်ခန့်သော်လည်း၊ အရည်အချင်းမြင့်မားသူများကိုသာခန့်သောကုမ္ပဏီများပိုများလာပါသည်။ ထို့အတွက် ဂျပန်စာ နှင့် အခြားသော ကိုယ့်အတွက်အထောက်အကူဖြစ်စေမည့် certificate များ ကို ကျောင်းမပြီးခင်၊ အလုပ်စမရှာသေးခင်ထဲက၊ သေချာအချိန်ယူပြင်ဆင်ပြီး ယူထားဖို့လိုအပ်ပါလိမ့်မယ်။
Pattern (3)
ဂျပန်တွင်တက္ကသိုလ်တက်နေသူ
University in JP ⇒ Work in JP
ဂျပန်ကုမ္ပဏီတွေက ဥရောပ နှင့် အမေရိက က Top ranked တက္ကသိုလ်တွေကလွဲရင်၊ တခြားသော နိုင်ငံမှ တက္ကသိုလ် ကျောင်းဆင်းသူထက် ၊ ဂျပန်က တက္ကသိုလ်ကျောင်းဆင်းသူကို ပို 評価လုပ်ပါတယ်။
အကြောင်းအရင်းက culture နှင့် language ပိုင်းကို ပိုမို နားလည်သူလို့ အသိအမှတ်ပြုလို့ပါ။ ဂျပန်လူမျိုးများကြားထဲမှာဆိုလျှင်လည်း၊ နောက်ဆုံးပညာရေးအဆင့် 高卒(အထက်တန်းအောင်), 専門卒(College ဘွဲ့ရ),大卒(တက္ကသိုလ် undergraduate ၄နှစ်ဘွဲ့ရ), 院卒(Master တန်းပြီးသူ) စသည့် ပညာရေးနှင့်လိုက်ပြီး၊ ပျှမ်းမျှလစာ မတူပါဘူး။ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ကိုတက်ရောက်ပြီးဘွဲ့ရမည့်သူဖြစ်ပါက ဂျပန်ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများပြားမှာဖြစ်ပြီး၊ အလုပ်ရရှိရန် အခွင့်အလမ်းများတဲ့ အလုပ်တွေက တော့အောက်ပါ လုပ်ငန်းများဖြစ်ပါတယ်။
A) 卸売業・小売業
(Wholesale/Retail)= 商社( Trading Company )
B) 製造業
(Manufacturing)= メーカー(Maker Company)
C) 職業紹介・労働者派遣業
(Employment Agency / Worker Dispatching Businesses )= HR ကုမ္ပဏီများ, ဟခင်း ကုမ္ပဏီများ
D) 情報通信業
(information and communication industry) = Media, News, Telecommunication ကုမ္ပဏီများ
E) 宿泊業
( Accommodation business ) = Hotel , တည်းခိုခန်း လုပ်ငန်းများ
F) 金融・保険業
( Finance/Insurance) = Bank, Credit Card, အာမခံ ကုမ္ပဏီများ
G) 不動産業
( Real estate ) = အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ
H) 大手接客対応サービス
(Customer service)= Yodobashi, Bigcamera, Softbank, etc
မှတ်ချက် နှင် သတိထားစရာ
အထူးသဖြင့် မိမိ native ဘာသာစကား ကို အသုံးပြုနိုင်သော လုပ်ငန်းများ၊ မိမိတိုင်းပြည် ကို 進出(expanding business) လုပ်လောက်သည့် ကုမ္ပဏီလုပ်ငန်းများနှင့် 国際性 ကောင်းသော လုပ်ငန်းများ(外国人積極的採用中企業) ကအလုပ် ခန့်လေ့ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ဆင်းသူအနေနဲ့က ဂျပန်လူမျိုးနည်းတူ Job Opportunities ပိုများသလို၊ ကိုယ်စိတ်ဝင်စားသည့် လုပ်ငန်း နှင့် ကုမ္ပဏီကောင်း တွင် အလုပ်ဝင်နိုင်ဖို့အတွက်၊ Job Fair or 合同説明会များသွားပြီး 業界研究(Industry Research)・企業研究(Company Research) များသေချာပြုလုပ်ဖို့တော့လိုအပ်ပါတယ်။
Pattern (4)
မြန်မာတွင် IT, Engineer မဟုတ်သည့် ဘာသာရပ်ဖြင့် တက္ကသိုလ်ဘွဲ့ရပြီး၊ ဂျပန်တွင် Language school တက်နေသူများ
University in MM (Languages, Literature, International Affairs, Business) ⇒ Language School JP ⇒ Work in JP
မြန်မာတွင် IT, Engineer အထူးပြုမဟုတ်သည့် ဘာသာရပ် ( English, Japanese, Literature, International Relationship, Business) ပိုင်း ဖြင့် ၄နှစ် တက္ကသိုလ်တက်ရောက်ဘွဲ့ရပြီး၊ ဂျပန်တွင် Language Schoolတက်နေသူအနေနဲ့ အလုပ်ရဖို့အခွင့်အလမ်းများသည့် လုပ်ငန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
A) 翻訳・通訳 (Translation/ Interpretation)
B) 一般事務 (Office work)
C) 飲食業(Restaurant industry)
D) 接客サービス&販売業界 (Department, Supermarket)
မှတ်ချက် နှင် သတိထားစရာ
Japanese School ကနေ အလုပ်တန်းရှာရမှာဖြစ်တာကြောင့်၊ Schedule tight ဖြစ်ပါတယ်။ Language School နဲ့လိုက်ပြီး၊ Pattern 1 နည်းတူ ၊ မိမိဘာသာ နဲ့ 情報収集(information gathering)ပြလုပ် ဖို့လို့အပ်ပြီး၊ Job Fair များ၊ 合同説明会 များ သွားခြင်းကို အိုဆုဆုမဲလုပ်ပါတယ်။
――――――――――――――――――――――
業界・企業研究ပြုလုပ်ရင်း၊ Job opportunities ကောင်းများ ရှာဖွေတွေ့ ရှိနိုင်မည့် ၊ Job Hunting EventミャンマーJob Fair ကို နောက်လ September 10 ရက်နေ့တွင် Tokyo မြို့ မှာကျင်းပသွားဖို့ရှိပါတယ် 😮 😮 🎉 🎉
မိနစ်ပိုင်းမျှသာ အချိန်ပေးယုံဖြင့်၊ အလွယ်တကူ registration လုပ်နိုင်ပြီး၊ မြန်မာလူမျိုးများကို အထူး သီးသန့် အလုပ်ခန့်လိုသော လုပ်ငန်းအသီးသီးမှ ကုမ္ပဏီများတက်ရောက်မှာဖြစ်သည့်အတွက်၊ 内定 ရဖို့ အခွင့်အရေးလည်း များစွာရရှိမှာဖြစ်ပါတယ်။
Entry Link
https://docs.google.com/forms/d/e/1FAIpQLScMB7SbEJ4VsHQseBheEnjTYGnOrR6mrC6YQMkN_cfZBlnTFQ/viewform
ကျင်းပမည့်နေ့ရက်နှင့် အချိန်
2023年9月10日(日曜日)12:00~17:00
(受付:12:00~12:45)
အသေးစိတ်ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်နိုင်ပါတယ်။
https://www.facebook.com/photo/?fbid=1954442884954935&set=a.580966632302574
-----------------------------------------------------------------------
စကားချပ်
Japan-Myanmar Jobs & Knowledge株式会社アルバイトタイムス(ARBEIT TIMES CO.,LTD) သည်ဂျပန်တွင်
စတင်တည်ထောင်ခဲ့သည်မှာနှစ်ပေါင်း ၅၀နှစ်ကြာ ရှိပြီဖြစ်ပြီး 東証JASDAQ上場 (The Tokyo Stock Exchange JASDAQ တွင်စာရင်းပေးသွင်းခံထားရသော)ဂျပန်ဥပဒေများနှင့်အညီ မှန်ကန်စွာလုပ်ကိုင်နေသော ကုမ္ပဏီတခုဖြစ်ပါသည်။
အလုပ်ရှာဖွေသူဆီမှ ဝန်ဆောင်မှုအခမဲ့၊နည်းမှန်၊လမ်းမှန်ဖြင့်ဂျပန်ရောက်မြန်မာလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများစွာ၊ဗဟုသုတများစွာရရှိအောင် Myanmar Job Fairs , Seminars , Online events , Live Programs ,SNS Programs, Tokuteigino Kaigo Exam Programsများစွာကို စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နေသော HR Media ကုမ္ပဏီဖြစ်ပါသည်။
နိုင်ငံခြားသားမြန်မာလူမျိုးသီးသန့်ကို 専門ထားပြီး အလုပ်အကိုင်မိတ်ဆက်ပေးလျှက်ရှိပါသည်။
၂၀၁၅ မှ စတင်၍ ယခုအချိန်အထိ 株式会社アルバイトタイムズ(ARBEIT TIMES CO.JP)မှမြန်မာလူမျိုးအတွက် သီးသန့် JobFair များကို
Real Job Fair event ၈ကြိမ် နှင့် ကိုရိုကာလ တွင် ၉ကြိမ်နှင့် ၁၀ကြိမ်မြောက်ကိုOnline မှ ကျင်းပခဲ့ပြီးဖြစ်ပါသည်။
ထိုပွဲများမှမြန်မာလူမျိူးစုစုပေါင်းအယောက် ၃၀၀နီးပါး အလုပ်ရရှိခဲ့ပြီးဖြစ်ပါသည်။
◆◆◆........◆◆◆........◆◆◆..........◆◆◆........◆◆◆.....◆◆◆
Credit:Japan-Myanmar Jobs& Knowledge