Lai Lai Hotel - Shwe Thaung Yan Beach

Lai Lai Hotel - Shwe Thaung Yan Beach Lai Lai Hotel မှ နွေးထွေးစွာကြိုဆိုပါသည်
(444)

🌧 မိုးဦးရာသီရဲ့ အေးမြတဲ့အငွေ့အသက်တွေကို ချစ်ရတဲ့ မိသားစုနဲ့အတူ အပန်းဖြေ ဖြတ်သန်းဖို့ ရွှေသောင်ယံ "LAI LAI Hotel" မှ နွေး...
29/05/2026

🌧 မိုးဦးရာသီရဲ့ အေးမြတဲ့အငွေ့အသက်တွေကို ချစ်ရတဲ့ မိသားစုနဲ့အတူ အပန်းဖြေ ဖြတ်သန်းဖို့ ရွှေသောင်ယံ "LAI LAI Hotel" မှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင့်... ✨

​ဝဿန်မိုးကြောင့် စိမ်းစိုလှပနေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ 🌳🌺 သစ်ပင်ပန်းမန်တွေရဲ့အလှကို တဝကြီးခံစားရင်း...

🌊🌊 မိုးရေစက်တွေကြားထဲမှာ ပိုပြီး သန့်ရှင်းကြည်လင်နေတဲ့ ကမ်းခြေအလှကို ငေးမောဖို့ အကောင်းဆုံးအချိန်လေးပါပဲ။

​📣 June လရဲ့ အထူးမိုးရာသီ Promotion လေးလည်း ရှိတာမို့...
ဒီလိုအပန်းဖြေခရီးလေးကို လက်မလွှတ်ရအောင် အခုပဲ အမြန်ဆုံး Hello လိုက်တော့နော်📲

"ကျွန်တော်တို့၏ ရွှေသောင်ယံ LAI LAI Hotel တွင် Staff Party အစီအစဉ်အတွက် လာရောက်တည်းခို အပန်းဖြေခဲ့ကြသော Nice Fare Travel...
17/05/2026

"ကျွန်တော်တို့၏ ရွှေသောင်ယံ LAI LAI Hotel တွင်
Staff Party အစီအစဉ်အတွက် လာရောက်တည်းခို အပန်းဖြေခဲ့ကြသော Nice Fare Travel & Tour မှ တာဝန်ရှိသူများနှင့် အဖွဲ့သားများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။ 🙏✨

နေ့တိုင်းလိုလို ရွာသွန်းနေတဲ့ မိုးစက်လေညင်းကို ရှူရှိုက်လို့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အေးအေးလူလူ အပန်းဖြေဖို့ ရှာဖွေ...
16/05/2026

နေ့တိုင်းလိုလို ရွာသွန်းနေတဲ့ မိုးစက်လေညင်းကို ရှူရှိုက်လို့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အေးအေးလူလူ အပန်းဖြေဖို့ ရှာဖွေနေပါသလား? 🏖️☔

​ဒါဆိုရင်တော့ မိုးရာသီရဲ့ သာယာလှပတဲ့ မြင်ကွင်းတွေနဲ့အတူ စိတ်အေးချမ်းသာစွာ အနားယူနိုင်တဲ့ Lai Lai Hotel ရှိရာ "ရွှေသောင်ယံကမ်းခြေ" ကိုသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🏨ကမ်းခြေရဲ့ အလှအပအပြင် ဟိုတယ်ရဲ့ အေးမြသန့်ရှင်းတဲ့ ရေကူးကန်မှာလည်း အပန်းဖြေနိုင်ဦးမှာပါ 🥰

မိသားစု၊ သူငယ်ချင်းချင်းတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရနေ့ရက်တွေကို ဖန်တီးဖို့ အခုပဲ Lai Lai Hotel မှာ Booking တင်လိုက်ရအောင်🏨💖

​Yangon Office

📍 No. 783, Mahabandoola Road, Lanmadaw Township, Yangon, Myanmar.

📞 Phone : 09 955599915, 09 404070502

​Hotel Direct

📞 Phone : 09 404070501, 09 955599926

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ 🌍📅 မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အားဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 🎉...
01/05/2026

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ 🌍

📅 မေလ (၁) ရက်နေ့တွင် ကျရောက်သော
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား
ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 🎉

လုပ်ငန်းခွင်အသီးသီးတွင်
ကြိုးစားဆောင်ရွက်နေကြသော
👨‍🔧 ကာယလုပ်သားများနှင့်
🧠 ဉာဏလုပ်သားများအားလုံးအား

လုပ်ငန်းဆောင်တာများ
အဆင်ပြေချောမွေ့ကာ
အောင်မြင်မှုများ ရရှိပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏

"မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အလေးအမြတ်ထားရာ နေ့ထူးနေ့...
30/04/2026

"မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ဤသို့သော မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အချိန်အခါတော်ဝယ် ​ရွှေ​သောင်ယံ LAI LAI Hotel ၏ မိတ်​ဟောင်း မိတ်သစ် ဧည့်သည်​တော်များအာလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကာ ဘေးဘယဝေးကွာ၍ အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🙏🙏🙏

နွေအပူဒဏ်က အရမ်းပြင်းနေလို့ စိတ်ရောလူပါ ပင်ပန်းနေပြီလား? 🌞သစ်ပင်ရိပ်အေးအေးနဲ့ ပင်လယ်လေနုအေးလေးတွေ ရှိရာ LAI LAI Hotel က ...
24/04/2026

နွေအပူဒဏ်က အရမ်းပြင်းနေလို့ စိတ်ရောလူပါ ပင်ပန်းနေပြီလား? 🌞
သစ်ပင်ရိပ်အေးအေးနဲ့ ပင်လယ်လေနုအေးလေးတွေ ရှိရာ LAI LAI Hotel က ဧည့်သည်တော်များကို နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင်။

🏊‍♂️ Private Swimming Pool ထဲမှာ စိတ်ကြိုက် ရေစိမ်ရင်း အပူဒဏ်ကို မေ့ပစ်လိုက်ပါ။
🌿 စိမ်းစိုနေတဲ့ သစ်ပင်ရိပ်တွေအောက်မှာ စာအုပ်လေးဖတ်လိုက်၊ အပန်းဖြေလိုက်နဲ့ အေးချမ်းတဲ့ ခံစားမှုကို ရရှိစေမှာပါ။

🏖️ ပင်လယ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေအေးလေးတွေက ဧည့်သည်တော်များရဲ့ ပိတ်ရက်တွေကို အေးချမ်းစွာနဲ့ကုန်ဆုံးစေမှာ အသေအချာပါပဲ။

ဒီလို အေးမြတဲ့ ဝန်းကျင်မှာ အပန်းဖြေဖို့အတွက် အခုပဲ ဖုန်းဆက်ပြီး အခန်းလေးတွေ ကြိုတင် Booking လုပ်ထားလိုက်တော့နော်.. ✨

📞 Reservation Contact:

09 404070501, 09 404070502

09 955599915, 09 955599926

Lai Lai Hotel ၏ သင်္ကြန်အကြိုနေ့ ဆုတောင်းလွှာ​💦 သင်္ကြန်အကြိုနေ့၏ မင်္ဂလာရှိသော အခါသမယတွင်...​လူကြီးမင်းတို့၏ စိတ်နှလုံး...
13/04/2026

Lai Lai Hotel ၏ သင်္ကြန်အကြိုနေ့ ဆုတောင်းလွှာ

​💦 သင်္ကြန်အကြိုနေ့၏ မင်္ဂလာရှိသော အခါသမယတွင်...

​လူကြီးမင်းတို့၏ စိတ်နှလုံးကို အေးမြစေမည့် သင်္ကြန်ရေပက်ဖျန်းမှုများနှင့်အတူ Lai Lai Hotel မိသားစုမှ ချစ်ခင်ရပါသော မိတ်ဆွေများအားလုံးကို အထူးပင် နှုတ်ခွန်းဆက်သအပ်ပါသည်။

​ဒီကနေ့ ကျရောက်သော သင်္ကြန်အကြိုနေ့မှစ၍...

​မိသားစုဝင်များနှင့်အတူ ပျော်ရွှင်ကြည်နူးဖွယ် အချိန်များကို ပိုင်ဆိုင်နိုင်ပါစေ။

​ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းပြီး ဘေးဘယာဝေးကွာပါစေ။

​နှစ်သစ်မှာ လိုအင်ဆန္ဒများအားလုံး တစ်လုံးတစ်ဝတည်း ပြည့်ဝနိုင်ကြပါစေ။

​လူကြီးမင်းတို့၏ အားလပ်ရက် အမှတ်တရတိုင်းမှာ Lai Lai Hotel က အမြဲရှိနေပါမည်။ 🌸

​ပျော်ရွှင်စရာ မြန်မာ့ရိုးရာ အတာသင်္ကြန်ဖြစ်ပါစေရှင်💦✨

31/03/2026

🌊 Lai Lai Hotel - ရွှေသောင်ယံကမ်းခြေ 🌊
​သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း ပင်လယ်ပြင်ကြီးရဲ့ အလှပဆုံး View တွေနဲ့အတူ အနွေးထွေးဆုံး ဝန်ဆောင်မှုတွေကို ရရှိနိုင်မယ့်နေရာ...။

​🏝️ ဘာတွေရရှိနိုင်မလဲ?
​Best Sea View: အခန်းထဲကနေ ပင်လယ်ပြင်ကြီးကို တဝကြီးကြည့်ရှုခံစားနိုင်ခြင်း။
​Warm Service: မိသားစုသဖွယ် နွေးထွေးပျူငှာတဲ့ ဝန်ဆောင်မှု။
​Relaxing Vibe: ပိတ်ရက်တွေကို စိတ်အေးချမ်းသာစွာနဲ့ သက်တောင့်သက်သာ ဖြတ်သန်းနိုင်ခြင်း။

​💦 သင်္ကြန်အထူးအစီအစဉ်
၂၀၂၆ ခုနှစ်ရဲ့ နှစ်သစ်အတာသင်္ကြန်ကို ပျော်ပျော်ပါးပါး ကြိုဆိုဖို့အတွက် ရွှေသောင်ယံ Lai Lai Hotel ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ လူကြီးမင်းတို့ရဲ့ အားလပ်ရက်တွေဟာ ကျွန်ုပ်တို့နဲ့အတူရှိနေရင် ပိုမိုပြည့်စုံသွားမှာ အသေအချာပါပဲ။
​စိတ်ဝင်စားလို့ စုံစမ်းချင်တယ်ဆိုရင်တော့ -

📞 Phone: 09:404070501
09:404070502
09:955599915
09:955599926
ရွှေသောင်ယံကမ်းခြေရဲ့ ကြည်လင်တဲ့ပင်လယ်ပြင်နဲ့ လတ်ဆတ်တဲ့လေပြည်လေညှင်းတွေကြားမှာ အပန်းဖြေဖို့ စဉ်းစားနေတဲ့သူတွေအတွက်
Lai Lai Hotel က အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။

Lai Lai Hotel မှ နွေးထွေးစွာကြိုဆိုပါသည်

"ပူပြင်းတဲ့ မတ်လရဲ့ နေ့ရက်တွေမှာ စိတ်ဖိစီးမှုတွေကို ပင်လယ်ထဲ မျှောချလိုက်ကြစို့။ 🏝️ဆူညံသံတွေနဲ့ ဝေးရာ ရွှေသောင်ယံက Lai L...
03/03/2026

"ပူပြင်းတဲ့ မတ်လရဲ့ နေ့ရက်တွေမှာ စိတ်ဖိစီးမှုတွေကို ပင်လယ်ထဲ မျှောချလိုက်ကြစို့။ 🏝️

ဆူညံသံတွေနဲ့ ဝေးရာ ရွှေသောင်ယံက Lai Lai Hotel မှာ အေးချမ်းတဲ့ ပင်လယ်လေညှင်းကို ရှူရှိုက်ရင်း အပန်းဖြေဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🌊 နေဝင်ချိန်အလှကို ငေးမောရင်း မမေ့နိုင်စရာ ပိတ်ရက်တွေကို ပိုင်ဆိုင်ဖို့ အခုပဲ ပြင်ဆင်လိုက်ရအောင်။ 🏖️"

❄🌨 ဆောင်းရာသီရဲ့ အေးမြတဲ့ လက်ကျန်အငွေ့အသက်လေးတွေနဲ့🌊 ပင်လယ်ပြင်ကနေ စည်းချက်ညီညီ ရိုက်ခတ်လာတဲ့ လှိုင်းခတ်သံလေးတွေကို ခံစာ...
06/02/2026

❄🌨 ဆောင်းရာသီရဲ့ အေးမြတဲ့ လက်ကျန်အငွေ့အသက်လေးတွေနဲ့

🌊 ပင်လယ်ပြင်ကနေ စည်းချက်ညီညီ ရိုက်ခတ်လာတဲ့ လှိုင်းခတ်သံလေးတွေကို ခံစားဖို့

🏖 ရွှေသောင်ယံ LAI LAI HOTEL ကို အရောက်လှမ်းလာဖို့ ဖိတ်ခေါ်ပါရစေနော်…

🏮 2026 Chinese New Year ကို ကြိုဆိုရင်း

🎉 February 2026 အထူး Promotion လေးတွေကို အရယူလိုက်ပါနော်

☎ Contact & Reservation
📱 09 404070501 – 09 404070502
📱 09 955599915 – 09 955599916

Address

No. 1 Ward, Shwe Thaung Yan Beach, Shwe Thaung Yan Township, Pathein District
Ayeyarwady Region

Opening Hours

Monday 08:00 - 21:30
Tuesday 08:00 - 21:30
Wednesday 08:00 - 21:30
Thursday 08:00 - 21:30
Friday 08:00 - 21:30
Saturday 08:00 - 21:30
Sunday 08:00 - 21:30

Telephone

+959404070501

Website

Alerts

Be the first to know and let us send you an email when Lai Lai Hotel - Shwe Thaung Yan Beach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lai Lai Hotel - Shwe Thaung Yan Beach:

Share

Category