E-Outfitting Royal Inn Bagan

E-Outfitting Royal Inn Bagan E-Outfitting Royal Inn is a lovely destination for nature lovers. We offer a beautiful blend of great service & comfort.

From organic products to camping, we got everything you need to relax from stress. We compromise character & experience you never had.

🎆🎉 WELCOME NEW YEAR with Royal Inn 🎉🎆New Year ကို နွေးထွေးစွာ ကြိုဆိုဖို့ညောင်းဦးနားမှာရှိတဲ့ Royal Inn ကိုအထူး New Year...
29/12/2025

🎆🎉 WELCOME NEW YEAR with Royal Inn 🎉🎆
New Year ကို နွေးထွေးစွာ ကြိုဆိုဖို့
ညောင်းဦးနားမှာရှိတဲ့ Royal Inn ကို
အထူး New Year Promotion နဲ့ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ 🏨✨
💥 New Year Special Room Rates 💥
🎄 Twin Room – တစ်ရက် 50,000 ကျပ်
🎄 Double Room – တစ်ရက် 50,000 ကျပ်
🎄 လူစုအိပ် (6 ယောက်အထိ) အခန်းလည်း ရရှိနိုင်ပါတယ် 👨‍👩‍👧‍👦
📍 Location – ညောင်းဦးအထွက် လေယာဉ်ကွင်းအနီးမှာပါ

New Year ခရီးထွက်မယ့်သူများ၊ ဘုရားဖူးမိတ်ဆွေများအတွက်
အဆင်ပြေဆုံးနေရာပါ 🛕🚗
✨ New Year ကို Royal Inn မှာ ဘာကြောင့်ရွေးချယ်သင့်လဲ?
✔ သန့်ရှင်းသပ်ရပ်
✔ စျေးနှုန်းသင့်တင့်
✔ မိသားစု၊ မိတ်ဆွေများအတွက် အဆင်ပြေမဲ့နေရာလေး

📩 Page Inbox မှာ အမြန်ဆုံး ဆက်သွယ်လိုက်ပါ
⚠️ New Year ကာလအတွက် အခန်းအရေအတွက် ကန့်သတ်ထားပါတယ်
အမြန်ဆုံး Booking လုပ်ဖို့ မမေ့ပါနဲ့နော် ⚠️

Ph.09677254120;09267778128

🎇 Royal Inn မှာ New Year ကို အေးချမ်းစွာ ကြိုဆိုလိုက်ပါ တယ်🎇

30/11/2025

ပုဂံကို မိသားစုနဲ့ဖြစ်ဖြစ်၊ ချစ်ရတဲ့သူတွေနဲ့ဖြစ်ဖြစ်၊
သူငယ်ချင်းတွေစုဖွဲ့ပြီးလာဖို့စဥ်းစားနေရင်

ကျွန်တော်တို့ E-Outfitting Group ရဲ့
E-Outfitting Royal Inn ကို မကြာသောအချိန်တွင်
စတင်ဖွင့်ပါတော့မည်။ အကောင်းဆုံးပြင်ဆင်မှုများနဲ့
ကြိုးစားနေပါတယ် 📣

☎️ ph : 09965515058

📍 လိပ်စာ - ကျောက်ပန်းတောင်း- ညောင်ဦးလမ်း၊
ကျောက်စစ်ကန်ရွာ၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့။

If you are planning to visit Bagan with your family, loved ones, or a group of friends,

Our E-Outfitting Group's
E-Outfitting Royal Inn will open Coming Soon!

☎️ ph : 09965515058

📍Address - Kyaukpandaung- Nyaung U Road,
Kyauksitkan Village, Nyaung U Township, Bagan.

Find us on Google Map : ‘E-Outfitting Royal Inn
’

"မြန်မာမှန်ရင် ပုဂံ ရောက်ဖူးရမယ်"ဆိုတဲ့ စကားနဲ့အညီ ပုဂံကို မိသားစုနဲ့ဖြစ်ဖြစ်၊ ချစ်ရတဲ့သူတွေနဲ့ဖြစ်ဖြစ်၊သူငယ်ချင်းတွေစုဖ...
29/11/2025

"မြန်မာမှန်ရင် ပုဂံ ရောက်ဖူးရမယ်"ဆိုတဲ့ စကားနဲ့အညီ

ပုဂံကို မိသားစုနဲ့ဖြစ်ဖြစ်၊ ချစ်ရတဲ့သူတွေနဲ့ဖြစ်ဖြစ်၊
သူငယ်ချင်းတွေစုဖွဲ့ပြီးလာဖို့စဥ်းစားနေရင်

ကျွန်တော်တို့ E-Outfitting Group ရဲ့
E-Outfitting Royal Inn ကို မကြာသောအချိန်တွင်
စတင်ဖွင့်ပါတော့မည်။ အကောင်းဆုံးပြင်ဆင်မှုများနဲ့
ကြိုးစားနေပါတယ် 📣

☎️ ph : 09965515058

📍 လိပ်စာ - ကျောက်ပန်းတောင်း- ညောင်ဦးလမ်း၊
ကျောက်စစ်ကန်ရွာ၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့။

As the saying goes, "If you are truly Myanmar,
you must visit Bagan."

If you are planning to visit Bagan with your family, loved ones, or a group of friends,

Our E-Outfitting Group's
E-Outfitting Royal Inn will open Coming Soon!

☎️ ph : 09965515058

📍Address - Kyaukpandaung- Nyaung U Road,
Kyauksitkan Village, Nyaung U Township, Bagan.

Find us on Google Map : ‘E-Outfitting Royal Inn
’

✨(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့✨🇲🇲ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို မိဘပြည်သူများနှင...
04/01/2025

✨(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့✨🇲🇲

ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို မိဘပြည်သူများနှင့်အတူ E-Outfitting Royal Inn Bagan
မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#လွတ်လပ်ရေးနေ့

🎊 May the next 365 days bring you countless reasons to smile.🎊 Sending you warm wishes for a joyful and fulfilling year ...
01/01/2025

🎊 May the next 365 days bring you countless reasons to smile.

🎊 Sending you warm wishes for a joyful and fulfilling year ahead.

🎊 Let’s make 2025 the best year yet—full of love, laughter, and growth.




🎊 Happy Karen  New Year 🎊 #ကရင်အမျိုးသားနှစ်သစ်ကူးနေ့ 🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်နေ့၊ခရစ်နှ...
30/12/2024

🎊 Happy Karen New Year 🎊

#ကရင်အမျိုးသားနှစ်သစ်ကူးနေ့
🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊
ပြာသိုလဆန်း(၁)ရက်နေ့၊
ခရစ်နှစ် ၂၀၂၄၊ ဒီဇင်ဘာလ (၃၀)ရက်၊
တနင်္လာနေ့မှာ ကျရောက်တဲ့ (၈၇)ကြိမ်မြောက်
''ကရင်နှစ်သစ်ကူးနေ့" အား ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်...



Best wishes for a joyous Christmas filled with love, happiness and prosperity!May all that is beautiful, meaningful and ...
25/12/2024

Best wishes for a joyous Christmas filled with love, happiness and prosperity!

May all that is beautiful, meaningful and brings you joy be yours this holiday season and throughout the coming year!

🥰🌲❄️☃️🌲🥰

"သီတင်းကျွတ်လပြည့်နေ့"မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းစီးပွါးလဒ်လာဘ...
17/10/2024

"သီတင်းကျွတ်လပြည့်နေ့"

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်
အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းစီးပွါးလဒ်လာဘများ
တိုးပွါးပြည့်စုံကြပါစေ🙏

၇ရက်သားသမီး အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေကြောင်း
E-Outfitting Group မှ ဆုမွန်ကောင်း
ပို့သလိုက်ပါတယ်🙏🙏🙏

#သီတင်းကျွတ်
#မီးထွန်းပွဲ

07/10/2024

Royal Inn Bagan

☘️🏡Nature

⛺🏕️Camp

🥦🥬🍇Farm

Group Booking များကို ဈေးနှုန်းချိုသာစွာနဲ့
Booking Reservation တင်လို့ရပါပြီနော်....

Reservation
📞 09965515058
📞09250883758

Address: Kyauk Sitkan Village, Kyaukpadaung - Bagan Road, Bagan.



မြစေတီကျောက်စာ (ခ) ရာဇကုမာရ်ကျောက်စာ (အစောဆုံးကျောက်စာ)  #အေဒီ ၁⁠၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီကျေ...
27/09/2024

မြစေတီကျောက်စာ (ခ) ရာဇကုမာရ်ကျောက်စာ
(အစောဆုံးကျောက်စာ)

#အေဒီ ၁⁠၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီကျောက်စာ သည် မြစေတီ ခြေရင်းနားတွင် တွေ့ရှိရသည်။

ပုဂံမြို့တောင်ဖက်၊ မြင်းကပါရွာရှိ မြစေတီဘုရားအနီး၌ တွေ့ခဲ့သည်ကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု အမည်တွင်လျက်ရှိသော ကျောက်စာကား ရှေးပုဂံခေတ်ဟောင်းတွင် ရေးထိုးသော ကျောက်စာများအနက် လက်ဦးကျရုံမကဘဲ သမိုင်းနှင့် စာပေတို့ကို ခန့်မှန်းသုံးသပ်ရာ၌ အထောက်အကူပြုသောကြောင့် အလေးတမူ ဂရုပြုကာ အရေးထားအပ်သော ကျောက်စာဖြစ်၏။ ယင်းကျောက်စာကို ဂူပြောက်ကြီး ကျောက်စာဟူ၍လည်းခေါ်ကြသည်။

#ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ်ကျောက်စာဟုလည်းခေါ်သည်။

အလားတူ ကျောက်စာတစ်ခုကိုလည်း မြစေတီအနီးရှိ အဆောက်အဦးတွင်လည်း တွေ့ရသည်။

#မြစေတီ ကျောက်စာတိုင်သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖက်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။

မြစေတီကျောက်စာအရ ရာဇကုမာရ်မင်းသားသည် ကျန်စစ်သားမင်းနှင့် ကြင်ရာတော် သမ္ဘူလ၏သားဖြစ်သည်ဟု သိရသည်။

#ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့်သား
(ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။

သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနူဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။

ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကျိန်စာများ ပါရှိသည်။

#မြစေတီ ကျောက်စာတိုက်နှစ်တိုင်ရှိရာ၊ ပုဂံပြတိုက်တွင် ကျောက်စာတိုင် တစ်ခုရှိ၍၊ မြင်းကပါ မြစေတီ ရင်ပြင်ပေါ်တွင်ကျောက်စာတိုင် တစ်ခုကို စိုက်ထူထား၏။

ပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်ကို ခရစ်နှစ် ၁၈⁠၈၆ - ၈၇ ခု( မြန်မာ ၁၂၄၈ ခုနှစ်ခန့်) တွင် ရန်ကုန်အစိုးရ ကောလိပ်ပါဠိစာ ပါမောက္ခနှင့် အစိုးရ ကျောက်စာဝန်အဖြစ် တွဲဖက်ရွက်ဆောင်သော ဂျာမန်ပညာရှိ ဒေါက်တာ ဖိုရှမ်းမားသည် ပုဂံမြို့ တောင်ဖက် မြင်းကပါရွာအနီး မြစေတီခြေရင်း၌ ကပ်လျက်စတင်တွေ့ရှိခဲ့၏။

#မြစေတီ ရင်ပြင်ပေါ်တွင်စိုက်ထူထားသော ကျောက်စာတိုင်ကိုမူ ဂူပြောက်ကြီးလိုဏ်ဂူအတွင်း၌ ၃ ပိုင်း ကျိုးပြတ်လျက် စတင်တွေ့ခဲ့ရလေသည်။

#ကျောက်စာတိုင် တစ်တိုင်တွင် ၄ မျက်နှာရှိရာ၊ တစ်မျက်နှာလျှင် ဘာသာတစ်မျိုးစီရှိလျက် ပါဠိ၊မြန်မာ၊ မွန်နှင့်ပျူစာ ၄ မျိုးရေးထိုးထား၏။

#ထိုမြစေတီ ကျောက်စာကို ပျူစာ၊ မွန်စာတို့ဖြင့် ရေးထိုးထားသည်ကိုတွေ့ရသော ကြောင့်လည်း မြန်မာစာနှင့် ယှဉ်ကာ၊ အဓိပ္ပါယ် ဖော်နိုင်ကြ၍ အထူးသဖြင့် ပျူစာကိုလေ့လာရာ၌ သဲလွန်စရနိုင်သဖြင့် နှောင်းပညာရှိတို့အတွက် အဖိုးထိုက်တန်လှသော ကျောက်စာ ဖြစ်ပေသည်။

ထို့အပြင် ရာဇကုမာရ်သည် ထီးနန်းစည်းစိမ်ကို မဆက်ခံရသော်လည် အမိအဖိ၏ ဂုဏ်ကျေးဇူးကို မည်မျှ သိတတ်ရိုသေ ကိုင်းရှိုင်းတတ်သော သားကောင်းရတနာ ဖြစ်ကြောင်း ဤမြစေတီကျောက်စာကို ဖတ်ရှုခြင်းဖြင့် သိသာနိုင်ပေသည်။





ပုပ္ပါးတောင်သမိုင်း^^^^^^^^^^^^^^^^^အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the ...
09/09/2024

ပုပ္ပါးတောင်သမိုင်း
^^^^^^^^^^^^^^^^^

အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရှတိုက်သားအချို့က ဖူဂျီတောင် (Mt. Fuji) နှင့်တူသည် ဟူ၍လည်း -ကောင်း တင်စား ပြောဆိုကြသည်။
ပုပ္ပားနှင့်ပတ်သက်၍ အဆိုနှစ်ခု ရှိသည်။ ပထမအဆိုမှာ ပုပ္ပားသူသည် ပုဗ္ဗ-အရှေ့အရပ်ဟူသော စကားမှ ဆင်းသက်လာပြီး ယင်းအရှေ့အရပ်မှာ ခရစ်နှစ် ၁၀၇-ခု၊ သမုဒ္ဒရာဇ်မင်းသည် ယုန်လွှတ်ကျွန်း၌ ရွာပေါင်း ၁၉-ရွာဖြင့် ပုဂံကိုတည်ထောင်သော ခေတ်ဦးပုဂံ ဖြစ်သည်။
သို့သော် ရာဇဝံသဇာလိနီကျမ်းအဆိုအရ
ယုန် လွှတ်ကျွန်းသည် ဧရာ၀တီမြစ်နံဘေး ခြောက်မိုင်ခန့်အကွာရှိ တုရင်းတောင်အရှေ့ဖက်တွင်ရှိ၏-ဟု ဆိုသောကြောင့် ပုဗ္ဗဟူသောအဆို မဖြစ်နိုင်ပါ။

ဒုတိယအဆိုမှာ ပုပ္ပားဟူသည် ပုပ္ဖဟူသောစကားမှ ဆင်း သက်လာပြီး ဓာတုပဋိသန္ဓာရကျမ်းနိဒါန်းတွင် ပုပ္ဖာ၀နပဗ္ဗတ-ပန်းတောတောင်-ဟုလည်း ဆိုထားသည် ။
ရှေးစာဟောင်းတို့တွင် ပုပ္ဖ ပသဝေတိ ဇနေတီတိ ပုပ္ပား-ဟု ဆိုသော၍ အဓိပ္ပာယ်မှာ ပန်းတို့ကို ဖြစ်စေ တတ်သောကြောင့် ပုပ္ပားဟူ၍ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း ပုပ္ပားဒေသသည် အပူပိုင်းဒေသဖြစ်နေ ပါလျက် စိန်းလန်းစိုပြေကာ ရာသီအလိုက် ပန်းတို့ဖြင့် ဝေ၀ဆာဆာရှိနေသည်ကို တွေ့ရနိုင်သောကြောင့် ပုပ္ဖဟူသောစကားမှာ လက္ခံ့နိုင်ဖွယ်စကားဖြစ်တော့သည်။

ပုပ္ပားတောင်သည် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း
ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဖက် ၁၀-မိုင်ခန့်အကွာတွင် တည်ရှိပြီး ပဲခူးမြို့၏ မြောက်ဖက်ခြမ်းတွင် သီးခြားတည် ရှိနေသော တောင်တန်းကြီးဖြစ်သည်။
ရန်ကုန်နှင့်ပုပ္ပားမြို့သည် ၄၀၅-မိုင်ကွာဝေး၍ ကျောက်ပန်းတောင်းမြို့၊ မြင်းခြံမြို့၊ ပုဂံညောင်ဦးမြို့တို့မှ သွားရောက်နိုင်သော ပုပ္ပားတောင်မကြီး၏ အနောက်တောင်ခြေတွင်တည်ရှိသည့် ရှေးဟောင်းမြို့လေး တစ်မြို့ဖြစ်သည်။

ပထမပုဂံ၏ ခုနစ်ဆက်မြောက်မင်းဆက်ဖြစ်သည့် သေလည်ကြောင်မင်း (ခရစ် ၃၄၄)သည် သီရိပစ္စယာမြို့တော်သစ်ကို ထူထောင်ခဲ့သည်။
အစောဆုံးမှတ်တမ်းအရ ဒုတိယပုဂံခေတ် သေ လည်ကြောင်မင်း (ခရစ် ၃၄၄-၃၈၇)သည် ဧရာ၀တီမြစ်တစ်လျှောက် တကောင်းမှပုဂံသို့ မျောလာသော စကားပင်တုံးကြီးကို ဆယ်ယူကာ နတ်မောင်နှမရုပ်တု ထုလုပ်ခဲ့သည်။ ထို့နောက် ပုပ္ပားတောင်သို့ပို့ကာ နတ်ကွန်းဆောက်၍ ပူဇော်ခဲ့သည်။ ယင်းမှ ပုပ္ပားဖြစ်တည်ခဲ့သည်ဟုဆို၏။

ယင်းသေလည်ကြောင်မင်း လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ပုပ္ပားနတ်တောင်လင်္ကာသည် အစောဆုံးမြန်မာကဗျာတစ်ပုဒ်ဖြစ် ခဲ့ပြီး ကျော်ကြားခဲ့သည်။
ပုပ္ပားနှင့်ပတ်သက်ကြသူများကို အများအပြား တွေ့ရသည်။ အနော်ရထာဘုရင် သည် အမိ၀မ်းကွဲတော်စပ်သူ နောင်တော်စုက္ကတေးမင်းကို ပုန်ကန်စဉ်က ပုပ္ပားတွင် ခြေကုပ်ယူကာ နေ ထိုင်ခဲ့ပြီး အောင်မြင်သောအခါ ရွှေအောင်ဇံစေတီကို တည်ထားခဲ့သည်။ ပထမပုံဂံမင်း၏ ၂၀-ဆက်မြောက် ပုပ္ပားစောရဟန်းမင်းသည် ပုပ္ပားနယ်သားဖြစ်သည်။ သူရဲကောင်းလေးဦးထဲမှ ငလုံးလက်ဖယ်သည် ပုပ္ပား နယ်သားဖြစ်သည်။
ပုပ္ပားသည် မည်သည့်အချိန်က ပေါ်ပေါက်ခဲ့သည်ဟု အတိအကျဆိုရန် ခက်ခဲသော်ငြား မြန်မာမှတ်တမ်းများတွင် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း၁၀၁-တွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်လတ္တံ့ဟု ဗျာဒိတ်တော်ရှိခဲ့သည်ဟု ဆိုသည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံချိန်သည် ဘီစီ၅၄၅-ဖြစ်၍ ယင်းအဆိုအရ ဘီစီ ၄၄၄-ဖြစ်ပါလိမ့်မည်။
မှတ်တမ်းတစ်စောင်တွင် ၄၄၂-ဟုဆိုသည်။

ဘူမိဘေဒပညာရှင်တို့ကမူ ပုပ္ပားတောင်သည် ရှေးကမီးတောင်တစ်ခုဖြစ်ခဲ့ပြီး အကြိမ်ကြိမ်ပေါက်ကွဲ ခဲ့ကာ နောက်ပိုင်းမှ မီးသေတောင်ဖြစ်ခဲ့သည်ဟုဆိုသည်။
သုတေသနပြုချက်အရ သက်နှောင်းကပ် (Cenozoic Era)၏ မိုင်အိုဆင်းယုဂ် (Miocene Period) နှောင်းပိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၁၅-သန်းခန့်က ပုပ္ပားမီးတောင် ပေါက်ကွဲဆဲဖြစ်ပြီး စတုတ္ထကပ် ပလိုင်စတိုဆင်းယုဂ် (Pleistocene Period) အလွန် နှစ် တစ်သန်းမှ ငါးသောင်းကာလအတွင်းထိ မီးသေတောင်မဖြစ်သေးပဲ ကျောက်ချောခေတ် (Neolithic Age) အစ လွန်ခဲ့သော နှစ်ခုနစ်ထောင်ခန့်ရောက်သောအခါမှ မီသေတောင်ဖြစ်သည်-ဟု ခန့်မှန်းရသည်ဆို၏။

ထိုအချိန်က ပုပ္ပားတဝိုက် ကျောက်ခေတ်လူသားတို့ နေထိုင်နေပြီ-ဟု အမေရိကန်ပညာရှင် Hellmut De Terra နှင့် Hellam movius တို့က ဆိုသည်။ အထောက်အထားများကိုလည်း တွေ့ရသည်။
ပုပ္ပားတောင်ကို အနောက်ဖက်မှကြည့်လျှင် တောင်ထွတ်နှစ်ခုကိုမြင်ရပြီး
မြောက်ဖက်မှကြည့်လျှင် ဂျပန်နိုင်ငံရှိ ဖူဂျီရာမ (Mt. Fuji) ကဲ့သို့ မီးတောင်တစ်ခုကိုသာ တွေ့ရပါမည်။ ပုပ္ပားဒေသ၏ အပူချိန်မှာ ၁၀၈ံ-ဖာရင်ဟိုက်ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၅၅ံ-ဖာရင်ဟိုက်ရှိကာ နှစ်စဉ်ပျမ်းမျှမိုးရေချိန်မှာ ၄၅-လက် မဖြစ်သည်။ မိုးရာသီတွင် မုတ်သုန်လေသည် အနောက်အရပ်မှတိုက်လေ့ရှိ၍ နွေရာသီတွင် အရှေ့မြောက် အရပ်မှ တိုက်လေ့ရှိသည်။

ရာဇ၀င်ထဲကပုပ္ပား

၁။ ပုဂံခေတ်

မဟာဂီရိနတ်ဟူသော ဝေါဟာရသည် ပထမပုဂံ၏ ၇-ဆက်မြောက် သီရိပစ္စယာမြို့တည် သေလည်ကြောင် မင်းလက်ထက်ကတည်းက ပေါ်ပေါက်နေပြီဖြစ်သည်။
မြန်မာရာဇ၀င်ကျမ်းများ၏ အဆိုအရမူ ဒုတိယ ပုဂံခေတ် သေလည်ကြောင်မင်း (၃၄၄-၃၈၇) လက်ထက်တွင် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် တကောင်းမှပုဂံသို့မျောလာသော စကားပင်တုံးကြီးကို ဆယ်ယ်ကာ နတ်မောင်နှမရုပ်ထုလုပ်ခဲ့သည်။ ထို့နောက် ပုပ္ပားသို့ပို့ကာ နတ်ကွန်းဆောင်ဆောက်လုပ်၍ ပူဇော်ခဲ့သည်ဟုဆို၏။ သေလည်ကြောင်မင်း လက်တွင် ပုပ္ပားနတ်တောင်လင်္ကာပေါ်ထွက်ခဲ့သည်။

"ပုပ္ပားနတ်တောင်လင်္ကာ"

ရွှေနှင့်ယိုးမှားပန်းစံကား
🌼🌼🌼🌼🌼🌼🌼🌼

သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊စုံတောပြား၌
နံရှားကြိုင်လွင့်၊ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ပန်းစံကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ရဲမျိုးသမီး
မောင်ကြီးနှမ၊ညက်လှပြာစင်
မယ့်သည်ပင်သည်၊ခရီးသား
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊သက်ထက်ဆုံးသည်
နုလုံးမခြား၊စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊တုမရှိ။ ။
(ရှေးစာဆို)

ပုဂံပထမမင်းဆက် ၂၀-ဆက်မြောက် စောရဟန်းမင်း(၆၄၀)သည် ပုပ္ပားအရပ်သားဖြစ်သည်။ အနော်ရထာ မင်းသည် ဘုရင်မဖြစ်မီ နောင်တော်စုက္ကတေးမင်းကို တိုက်ခိုက်ရန် ပုပ္ပားအရပ်ကို ခြေကုပ်ယူစခန်းချခဲ့ သည်။
သူရဲကောင်းလေးဦးတွင် တစ်ဦးအ၀င်အပါဖြစ်သည့် ငလုံးလက်ဖယ်သည် ပုပ္ပားအရပ်သားဖြစ်သည်။ ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃)သည် မဟာဂီရိနတ်နှင့် အကြိမ်ကြိမ်စကားပြောဖူးသည်ဟု မြန်မာ ရာဇ၀င်ကျမ်းများတွင်ဆိုသည့်အပြင် မြေးတော်အလောင်းစည်သူ (၁၁၁၃-၁၁၆၀)၏ ဆရာများစာရင်းတွင် မဟာဂီရိနတ်အမည်ပါ၀င်နေသည်။
နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁)လက်ထက်ကျောက်စာတွင် မနုဟာမင်း၏သားတော် သုဓမ္မရာဇ်၊ သုဓမ္မရာဇ်၏သား အသ၀ဏ်ဓမ္မာသည် နရပတိစည်သူမင်း ၏ ရွှေလောင်းလှေတော်ကို ပုပ္ပားအရပ်၍ သွားရောက်အပ်ထားသည်။ ထို့နောက်ပြန်လည် အပ်နှံရာမှ အသ၀ဏ်ဓမ္မာ၏သားတော် နာဂသမန်းသည် ဘုရင့်သမီးတော်နှင့်လက်ဆက်ခွင့်ရခဲ့သည်ဟုဆိုသည်။
မြန် မာရာဇ၀င်ကျမ်းများ၏ ဥဇနာမင်း(၁၂၄၉-၁၂၅၆)လက်ထက် မှတ်တမ်းတွင် ဥဇနာမင်း၏မိဖုရားစောသည် ပုပ့ားအရပ်သူဖြစ်သည်။ ပုပ္ပားအကြောင်း၊ မဟာဂီရိအကြောင်းကို မြန်မာရာဇ၀င်တွင် များစွာဆို ထားသော်ငြား ပုဂံခေတ်ကျောက်စာတို့တွင် တစ်ခွန်းမျှ မဆိုထားခြင်းသည် လွန်စွာသတိပြုဖွယ်ဖြစ်တော့ သည်။

၂။ ပင်းယ၊အင်းဝခေတ်

ပင်းယခေတ်တွင် နောင်တော်သီဟသူသည် စစ်ကိုင်းအသင်္ခယာစောယွမ်းမင်းကို လုပ်ကြံရန် ငခင်ညိုကို နန်းတွင်းသို့ တိတ်တဆိတ်လွှတ်လိုက်ရာ အခွင့်မသာသဖြင့် အချိန်ကြာခဲ့သည်။
တစ်စုံတစ်ရာမစားရသေး ရကား ဆာဆာရှိသည်ကြောင့် ဗလိနတ်စာကိုစားမိသဖြင့် တစ်လုပ်စားဖူး သူ့ကျေးဇူးကို သိတတ်သူဖြစ် သည့်အလျောက် မသတ်ပဲပြန်လှည့်လာခဲ့သည်။ ဤတစ်ချက်သာတွေ့ရသည်။ အင်းဝခေတ်တွင် တောင် ပုပ္ပား စံကားပွင့်ဟူသော အဲချင်းလင်္ကာတစ်ပုဒ်ပေါ်ခဲ့သည်။

"တောင်ပုပ္ပား စံကားပွင့်"
ပုပ္ပားတောင်သည်၊ ရွှေတောင်တည့်လေ၊ ရွှေတောင်ပတ်လုံး၊ စံကားပင်နှင့်
ပန်းပင်ဖုံး၊ တောင်လုံးရနံ့ ကြိုင်စွလေ။
ပုပ္ပားတောင်တွင်၊ နတ်ရှင်နှစ်ပါး၊ ရွှင်စံစား၊ ဘုံခြားဗိမ္ဗာန်၊ မြိုင်စွလေ။
လှိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွစံကား၊ တောင်ပုပ္ပား၊ စံကားပျံ့ကြိုင်မျှ၊
ပန်းလှိုင်စွလေး။
မောင်တော်ရေထက်၊ မယ်မုတ်ရေ၊ ဆယ်လေးသာစွလေ။
ဗိမ္ဗာန်နန်းမှာ၊ ထီးစင်္ကြာဖြန့်ကာ၊ အုပ်မိုးကာစွလေး။

အင်းဝခေတ် အရှင်မဟာရဋ္ဌသာရနှင့် အရှင်မဟာသီလဝံသ
တို့က နတ်ကိုးကွယ်မှုနှင့်ပတ်သက်၍ ဗုဒ္ဓ ဘာသာသာသနာတော်
ညှိုးနွမ်းမည်ကို
မလိုလားသောကြောင့် ပြစ်တင်ရှုတ်ချရေးသားခဲ့ကြသည်။
မဟာဂီရိ၏အဓိပ္ပာယ်မှာ တောင်ကြီးဟူသောအဓိပ္ပာယ်ဖြစ်သည်။
ရှေးက သဘာဝဘေးအန္တရာယ် ကို ကြောက်ရွံ့မှုကြောင့်
သစ်ပင်တောတောင်များကို ကိုးကွယ်ခြင်းအလေ့ရှိခဲ့သည်ကိုလည်း
သတိပြုရာပါသည်။

၃။ တောင်ငူခေတ်

အင်းဝခေတ်တွင်
မည်မျှပင်ရေးသားခဲ့စေကာမူ တောင်ငူခေတ်မတိုင်မီထိ ပုပ္ပားနတ်ကို
ကျွဲနွားစသည် သတ်ဖြတ်ပသကြဟန်တူသည်။
ဘုရင့်နောင်မင်းတရားကြီး(၁၅၅၀-၁၅၈၁)သည် နတ်ကိုးကွယ်မှုကို
အမိန့်တော်ထုတ်ပြန်လျှက် တားမြစ်ခဲ့သည်ကို
တွင်းသင်းမဟာရာဇ၀င်သစ်(ဒုတိယတွဲ)တွင် တွေ့ရသည်။

၄။ညောင်ရမ်းခေတ်
ကသည်းစော်ဘွားတစ်ဦးသည် ၁၅-နှစ်မျှသာရှိသေးသော
ကသည်းမင်းသမီး နှင်းလုံခံကို စနေမင်း(၁၆၉၈-
၁၇၁၄)ထံ ဆက်သခဲ့သည်။ ဘုရင်မှ မင်းသမီးကို ပုပ္ပားမြို့စားအရာ
အပ်နှင်း၍ ကိုယ်လုပ်တော်အရာ
ထားခဲ့သည်။ ညောင်ရမ်းခေတ်နှောင်း အင်းဝနောက်ဆုံးမင်းဆက်
မဟာဓမ္မရာဇာဓိပတိမင်းကို မဏိ
ပူရစော်ဘွားဟုံသည် အသက် ၁၂-နှစ်သာရှိသေးသော
သမီးတော်ကသည်းမင်းသမီးကို ဆက်သခဲ့သည်။
ဘုရင်မှ ပုပ္ပားမြို့စားအရာအပ်နှင်းခဲ့သည်။ စိန္တကျော်သူဦးသြ၏
ကဝိလက္ခဏာသတ်ပုံကျမ်းတွင်
မိစ္ဆာအားလုံး၊ လွှမ်းပိတ်ဖုံး၊ တောင်ပြုံးညီနောင်မင်း-ဟု
စပ်ဆိုခဲ့သည်။

၅။ ကုန်းဘောင်ခေတ်

အလောင်းတော်မင်းတရားကြီးသည်
ပုပ္ပားမဟာဂီရိနတ်ရုပ်များမှ နှမတော်နတ်ရုပ်၏ ဦးခေါင်းကိုငုံ၍ ရွှေ
ချိန်ငါးပိဿာကို ဆက်သခဲ့သည့်အပြင်
နတ်ထိန်းခုနစ်အိမ်ထောင်ကိုလည်း ခန့်အပ်တော်မူခဲ့သည်။
ဘိုးတော်ဘုရား(၁၇၈၂-၁၈၁၉)ကို ၁၇၈၄-ခုတွင်
ပုပ္ပားနယ်သားငဘုန်းသည် ပုန်ကန်ခဲ့သဖြင့် အုပ်ချုပ်ရေး
ပရိယာယ်ကြောင့်လောမသိ မဟာဂီရိနတ်မောင်နှမတို့ကို
ချီးမြှောက်ခြင်းအဆက်သွယ်ရှိခဲ့သည်။ ခရစ် ၁၇၈၅-တွင် ရွှေစင်
၅၅-ကျပ်သားဆက်သခဲ့သည်။ မင်းထုန်းမင်းသည်လည်း
ပဉ္စမသင်္ဂါယနာတင်မင်းတစ် ပါးဖြစ်သော်ငြား
ပုပ္ပားကိုစည်းရုံးရေးအသွင်ဖြင့် ပုပ္ပားဒေသခံ
ဦးမှုံကို မြို့အုပ်ရာထူးအပ်နှင်းခဲ့သည်။ သီပေါ မင်းလက်ထက်
နန်းသက်ခုနစ်နှစ်တွင် ပုပ္ပားနှင့်ပတ်သက်၍
ထူးခြားသည့်ဆက်နွယ်မှုမရှိခဲ့ပေ။

၆။ ကိုလိုနီခေတ်

သီပေါမင်း ပါတော်မူပြီးနောက် ပုပ္ပားဒေသမှ
ဗိုလ်နက်ကျော်သည်လည်း တွန်းလှန်တိုက်ခိုက်သူများအဖြစ်
ပါ၀င်ခဲ့သည်။ ၁၉၂၀-တွင် ဂေါပကလူကြီး ဦးသာတင်ဆိုသူက
ပုပ္ပားတောင်ကလပ်ပေါ်သို့ တက်ရောက်နိုင် ရန် လူသွားလမ်းကို
ခုတ်ထွင်ရှင်းလင်းခဲ့သည်။

၁၉၂၁-တွင် ကျိုက်ထီးရိုးဆရာလေး ဦးပန်းအေးသည်
- တောင်ကလပ်ပေါ်တွင် စေတီတစ်ဆူတည်ထားခဲ့ပြီး ၁၉၂၄-တွင်
၁၈-ပေမြင့်သော တံခွန်တိုင်ကို - မောနေယျကိုယ်တော်၏
ဦးဆောင်မှုဖြင့် တောင်ကလပ်ပေါ်တွင် စိုက်ထူခဲ့သည်။ ၁၉၂၅-တွင်
ပထမဆုံး ဘာသာရေးပွဲတော်အဖြစ် အနေကဇာတင်ပွဲကို
ကျင်းပခဲ့သည်။ တောင်ကလပ်သို့တက်ရာတွင် သံလှေ ခါးဖြင့်
တက်နိုင်ရန် ဆရာတော်ဦးကောသလ္လဦးဆောင်ခဲ့သည်။

၇။ ဂျပန်ခေတ်

မဟာမိတ်တပ်များ ပုပ္ပားရွာသို့ချီတက်သောအခါ မြေသားလမ်းအဖြစ်
ချဲ့ထွင်ဖောက်လုပ်ခဲ့သည်။
၈။လွတ်လပ်ရေးခေတ်

မြန်မာနိုင်ငံသည် ၄-၁-၁၉၄၈-တွင် ဗြိတိသျှအစိုးရလက်အောက်မှ
လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်
ထင်ရှားသည့်အဆောက်အဦအဖြစ်
ပုပ္ပားအနီး၀န်ကျင်ရှိ တောင်ကုန်းများတွင် အ၀င် အပါဖြစ်သော
သီလတောင်ပေါ်တွင် ဥာဏ်တော် ၂၇-ပေမြင့်သော
ဗျာဒိတ်ပေးရုပ်ပွားတော်တစ်ဆူကို ၁၉၅၉-တွင်
ဆရာတော်ဦးကုမာရနှင့် ဦးသာတင်တို့က ညှိနိုင်းကာ
တည်ထားခဲ့သည်။

"အံ့ဖွယ်ပုပ္ပါး"

၁။သံသတ္ထုမထွက်ဟုဆိုသည်။
ပန်းပဲမောင်တင့်တယ်နှင့် နှမမင်းရာ(မင်းမြတ်လှ)သည် ပန်းပဲဖိုဖြင့် ဖိုကျင်ထိုးလုပ်ကြံစီရင်ခြင်း ခံခဲ့့ရသူများဖြစ်၍ ၄င်းတို့ကတားမြစ်ထားသောကြောင့် ယင်းအလုပ်ဖြင့် အသက်မွေးသူများ မကြီးပွားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားဒေသသည် သံသတ္ထုထွက်ရာအရပ်မဟုတ် သဖြင့် မထွန်းကားခြင်း ဖြစ်နိုင်ပါသည်။

၂။မြေအိုးမြေခွက်လုပ်၍ မကြီးပွားနိုင်ဟုဆိုသည်။
သို့သော် ပုပ္ပားဒေသသည် ရှေးကမီးတောင်ဖြစ်ခဲ့၍ အိုးလုပ်ရန် သင့်တော်သော ရွှံ့စေးမြေမျိုးမတွေ့ရသောကြောင့်လည်း ဖြစ်နိုင်သည်။

၃။ပန်းပဲမောင်တင့်တယ်မောင်နှမတို့၏ ကြေကွဲဖွယ်
ဇာတ်လမ်းကြောင့် ဇာတ်၊ရုပ်သေး၊ပွဲ သဘင်ထောင်ခြင်းဖြင့် မထွန်းကားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားတောင်သည် သူတော်စင်တို့နှစ် သက်သော ဆိတ်ငြိမ်ရာအရပ်ဖြစ်သည်ကိုလည်းကောင်း ပုပ္ပားတောင်နှင့် ၁၁-မိုင်ခန့်မျှသာဝေးသော - ကျောက်ပန်းတောင်းတွင် ဇာတ်ထောင်သူများ၊ သဘင်ဂီတအနုပညာရှင်များ များစွာပေါ်ထွန်းခဲ့သည် ကိုလည်းကောင်း သတိပြုသင့်ပါသည်။

၄။ဆေးဖက်၀င်အပင်တို့ ပေါများသည်။ သက်ရင်းကြီးခေါက်ကို အစဉ်သုံးသဖြင့် ဆရာတော်ဦးနန္ဒသည် သက်တော်၁၂၁-နှစ်ရှည်ခဲ့သည်ကိုလည်းကောင်း ဘကြီးတော်မင်းနန်းတက်စ ၁၁-၁၂-၁၈၁၉-တွင် ဘုရင့် ထံ ဆေးဖက်၀င်အပင်များ စာရင်းတစ်စောင် ဆက်သခဲ့ဖူးသည်ကိုလည်းကောင်း သာယာ၀တီမင်းလက် ထက် ၄-၁-၁၈၄၁-တွင် ယွန်းစု၀န်ကြီးမင်း မဟာမင်းကျော်စည်သူဦးစီး၍ အမတ်ကြီးမဟာဇေယျသင်္ကြန်က ပုပ္ပားအရပ်မှ ဆေးမျိုး ၇၄၈-မျိုး၊ ဆေးအမည် ၁၀၇၄-ပါး ပါ၀င်သော ဆေးဖက်၀င်အပင်များ ထပ်မံဆက် သွင်းခဲ့သည်ကိုလည်းကောင်း ၁၈-၂-၁၈၅၇-တွင် နတ်အုပ်ကဝိဒေဝကျော်သူ၏ မင်းတုန်းမင်းထံသို့ ဆက် သွင်းရသော စစ်တမ်းတွင် ပုပ္ပားတောင်မှ ဆေးဥ၊ဆေးမြစ်၊နတ်ရေစင်များကို လွှတ်တော်တွင်ဆက်သွင်း ရမြဲဖြစ်ကြောင်း ပါရှိသည်ကိုလည်းကောင်း ယင်းတို့ကိုထောက်သောအားဖြင့် လက္ခံရပါမည်။

၅။ပန်းမျိုးစုံပေါသည်။ ပုပ္ဇ-ဟူသောစကားမှ ပုပ္ပားသို့ဖြစ်လာခဲ့ခြင်းဖြစ်၍ ပန်းမျိုးစုံပေါခြင်းသည် မဆန်းပါ၊ ဗျတ္တပန်းဆက်သမားနှင့် ပန်းစားဘီလူးမ မယ်ကု၀ဏ်တို့ဇာတ်လမ်းပင် ပေါ်ထွက်ခဲ့သေးသည်။ ပုပ္ပားတောင် ၏ ပန်းများနှင့်ပတ်သက်၍ ဒွေးချိုး၊တေးထပ်ကဗျာများစွာလည်း
ပေါ်ထွက်ခဲ့သည်။
ဒွေးချိုး = ပန်းပန်လျှင်၊ နန်းဆန်တဲ့စကား၊ ပန်ချင်သူ ဤတောင်ထွတ်က၊ ပန်းဆွတ်လို့သွား။
တေးထပ် =
ဘယ်ဘယ်ဆီ မမှန်းတတ်ပြီဘု
ပန်းကလပ်တောင်စွယ်
သန်းဒဟပ်ချောင်ကျယ်တွင်
ယောင်လည်လည်နေလို့
ကြိုလှည့်ပေါ့ ဆိုတဲ့သံရယ်
ငိုမဲ့ဟန်လေးနှင့်ကရို့
လူးလွန့်တဲ့ ဖူးညွန့်ပျံမှာ
မြူးကွန့်ဟန်တစ်ချို့၊
ခူးဝံ့ရန် တစ်တို့နှင့်
အစို့စို့ခိုင်ဆိုင်၊
ပန်း၀တ်မှုံ ကုင်္ကုမံတွေက
ထုံရနံ့ သင်းလို့ကြိုင်ကြိုင်
နယ်ရှစ်ရပ် ရှစ်ထပ်လှိုင်သည်
ရှစ်ပတ်တိုင် လေဗွေဆန်းပြန်တော့
ရွှေငွေတန်း စမ်းကြဖြူဖြူ
ပန်းကကြူကြူ
မျှော်တဲ့လို့ ခေါ်လှည့်ဆူတယ်
ဖော်မဲ့သူ ကူအုံးတဲ့လေး…..။

၆။နတ်မြင်းရှိသည်ဟုဆိုသည်။
အထောက်ထားမတွေ့သော်ငြား မောင်တော်နတ်ကွန်း
အနောက်ဆောင်နားဆီမှ အရှည် ၁၁-ပေ၊ အမြင့် ၆-ပေရှိသည့် သဘာဝကျောက်နွားတစ်ကောင်နှင့် အရှည် ၁၇-ပေ၊ အမြင့် ၁၀-ပေရှိသည့် သဘာဝကျောက်နွားတို့ကို ဆိုလိုခြင်းဖြစ်နိုင်ရာသည်။

၇။သဘာ၀စိမ့်စမ်းရေ ပေါများသည်။
အစဉ်လာမှတ်သားချက်အရ ၉၉-ခုရှိ၍ ဘိုးတော်ဘုရား (၁၇၈၂- ၁၈၁၉) လက်ထက် ဆက်သသောရတုအရဆိုပါလျှင် အရှေ့အရပ်မျက်နှာတွင် ၈၇-ခု၊ အနောက်ဖက်တွင် ၄၆-ခု၊ တောင်ဖက်တွင် ၁၉-ခု၊ မြောက်ဖက်တွင် ၂၃-ခု၊ ပေါင်း=၁၇၅-ခု ရှိသည်။ လက်တွေ့ရှာဖွေသူတို့ အဆိုအရမူ ၁၃၂-ခုတွေ့ရပြီး ထပ်မံစစ်ဆေးသောအခါ ထို့ထက်ပင်နည်းသွားလေပြီဖြစ်သည်။

၈။နတ်ကျားရှိသည်ဟုဆိုသည်။
မင်းမဟာဂီရိကို မရိုမသေပြုသူတို့ကို ပြသလေ့ရှိပြီး မင်းမဟာဂီရိမောင် -နှမကို မရိုမသေပြုသူတို့၏ ကျွဲ၊နွားတို့ကို ဖမ်းယူစားသောက်တတ်သည်ဟုဆိုသည်။ မြင်ဖူးသူမရှိသော် လည်း ခြေရာကို တွေ့ရတတ်သည်ဆို၏။ တောတွင်းရှိ သာမန်ကျားခြေရာလည်း ဖြစ်နိုင်ပါသည်။

၉။မြွေဆိုးမရှိဟုဆိုသည်။
ရာသီဥတုနှင့် မီးတောင်မြေသဘာ၀အနေထားအရ
အဆိပ်ပြင်းမြွေ မရှိခြင်းလည်း ဖြစ်နိုင်ပါသည်။

သုတေသီတို့ လေ့လာစရာ။

၁။ပုပ္ပါးတောင်ဥယျာဉ် (Popa Mountain Park) = ၁၉၈၃-တွင် တည်ထောင်ပြီး ၁၉၉၃-တွင် သဘာ၀အခြေခံ ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၄၉.၆၃ စတုရန်းမိုင်ရှိပြီး ကိုလိုနီခေတ် ၁၉၀၂-တွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၅၄-၅၅-တွင် ထိန်းသိမ်းကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြန်သည်။

၂။ပုပ္ပါးတောင် အပန်းဖြေဟိုတယ် (Popa Mountain Resort) = ၉-၂-၁၉၈၈-တွင်ဖွင့်လှစ်ခဲ့သည်။

၃။မီးတောင်ဟောင်း = ဘီစီ ၄၄၂-တွင် ပေါက်ကွဲခဲ့ပြီး ယခုအခါ မီးသေတောင်ဖြစ်နေပေပြီ။ ဤမီးတောင်ဟောင်း ပေါက်ကွဲရာမှ မီးတောင်၏အဆို့ (Volcanic Plug) သည် ပုပ္ပားတောင်ကလပ် ဖြစ်ခဲ့ သည်ဟူသော အဆိုတစ်ရပ်လည်းရှိသည်။

၄။ပညာပေးပြခန်း (Environmental education Centre)

၅။ဆေးဖက်၀င်အပင်များစိုက်ခင်း = (Popa Medical Plants) = ဆေးဖက်၀င်အပင်မျိုးပေါင်း ၃၅၀- ခန့် ရှိသည်ဟု ဆိုသည်။

၆။စန္ဒကူးတော = သစ်ခွစသည့် ဆေးဖက်၀င်အပင်များ မျိုးလေးဆယ်ခန့်ကို လေ့လာနိုင်သည်။

၇။စိုက်ပျိုးရေးလုပ်ငန်း

၈။ငှက်ကြည့်ခြင်း = ပုပ္ပါးတွင် ငှက်မျိုးပေါင်း ၁၃၀-ကျော်ကို တွေ့မြင်နိုင်သည်။ ထို ၁၃၀-တို့သည် မြန်မာ ငှက်တို့အပြင် နိုင်ငံခြားငှက်များလည်း အ၀င်အပါဖြစ်သည်။ ဒေသခံငှက်မျိုး ၇၀ခန့်ရှိပြီး နိုင်ငံခြားငှက်မျိုး ၃၀ကျော်ခန့် ရှိသည်။

၉။လိပ်ပြာကြည့်ခြင်း = ကမ္ဘာပေါ်တွင် လိပ်ပြာမျိုးရင်း

(Family) ၁၀-မျိုးရှိပြီး အမျိုးအစားမှာ ၁၇၅၀၀-ရှိသည်။ မြန်မာနိုင်ငံတွင် မျိုးရင်း ၉-ခု၊ အမျိုးအစား ၁၀၀၄-ခုရှိသည်။ မြန်မာတွင် ကမ္ဘာ့ရှားပါးလိပ်ပြာ ၆-မျိုးရှိသည်။

ယင်းတို့မှာ

1.Apollo
2.Kaiser.
3.4.The Common Birdwing နှစ်မျိုး
5.6.The Golden Birdwing နှစ်မျိုး
တို့ဖြစ်သည်။

"ပုပ္ပါးတောင်ကလပ်"

ပုပ္ပါးတောင်ကလပ်ကို

၁။တောင်ကလပ်
၂။နဂါးရစ်တောင်
၃။ပန်းပေးတောင်
၄။ဘဇဂါမ်တောင်
၅။၀ဏ္ဏ ယက္ခတောင်
၆။ဝိဇ္ဇာဓရတောင်ဟူ၍ အမည်ခြောက်မျိုးဖြင့်
ခေါ်ဝေါ်ကြသည်။

နံပါတ်လေးအမည်သည် ရှေး အကျဆုံး
အမည်ဖြစ်သည်။ မြင်းခြံကျောက်ပန်းတောင်းသွား
မော်တော်ကားလမ်းဆုံနေရာမှ တောင်ကလပ်သို့
၂-မိုင်ခရီးဖြင့် ရောက်နိုင်ပါသည်။ တောင်ကလပ်သည်
တောင်မကြီးနှင့် ဆက်စပ်မှုမရှိပဲ သီးခြားတည်ရှိကာ
တောင်မကြီးနှင့် နှိုင်းစာလျှင် ထက်၀က်မျှသာရှိသည်။
အမြင့် ၂၄၁၇-ပေရှိပြီး စောင်းတန်း အတက် လမ်းတစ်လျှောက် မျောက်များအစာတောင်းကြသည်ကို
လည်းကောင်း မျောက်စာရောင်းကြသူတို့ကိုလည်းကောင်း
တွေ့ရသည်။
ပုပ္ပါးတောင်ကလပ်၏ အနောက်တောင်ဘက်ရှိ ထောက်ရှာရိုးအထက်နားတွင် ရှင်သာရဒရသေ့နေထိုင် ခဲ့ဖူးသည်ဟုလည်းကောင်း ၄င်းရသေ့သည် ဒေါက်ချာဟူသော အသုံးအဆောင်ကို စတင်သုံးစွဲခဲ့သည် ဟု လည်းကောင်း ဆိုကြသည်။
ဦးသီလသည်လည်း ပုပ္ပားတောင်သို့အမြဲ ကြွလာတတ်သည်ဆို၏။ ဘိုးမင်းခေါင်သည် ပုပ္ပားတောင်မကြီး၏ အရှေ့မြောက်ဖက် စင်မြင့်ရွာ၌ ဖွားမြင်ပြီး ပုပ္ပားတွင် သာသနာပြု လုပ်ငန်းများဆောင်ရွက်ရင်းပင် ကွယ်လွန်ခဲ့သည်။ ဦးခန္တီသည် ဘိုးမင်းခေါင်၏ တပည့်ဖြစ်ပြီး ဘိုးမင်းခေါင် ထံ မကြာခဏလာရောက်လေ့ရှိသည်ဆို၏။

စာရေးဆရာတင်နိုင်တိုး၏ ပုပ္ပါးဟူသော
စာအုပ်မှထုတ်နှုတ်ရေးသားပါသည်။
Credit to Orginal Up-loader

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

E-Outfitting Royal Inn Bagan မှ

ပုပ္ပါးတောင်တော်ပေါ်သို့ 45 Km ကွာဝေးပါသည်။

Driving Hour 1 hour ခန့် ဖြစ်ပါသည်။




#ပုပ္ပါးတောင်

Address

Kyauk Sit Kan Village
Bagan
05231

Telephone

+959258682797

Website

Alerts

Be the first to know and let us send you an email when E-Outfitting Royal Inn Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to E-Outfitting Royal Inn Bagan:

Share

Category