17/01/2026
သမီးရဲ့ပုဂံသွားတဲ့ video လေးတွေကြည့်ပြီး ပုဂံမှာအဆင်ပြေရဲ့လား စိတ်ချရရဲ့လားဆိုတာတွေသိချင်နေတဲ့သူတွေအတွက် ဒီ post လေးနဲ့ မျှဝေပေးလိုက်ပါတယ်ရှင့်။ သမီးတို့ဟိုတယ်ကြော်ငြာလေးလည်းတစ်ခါတည်းလုပ်မယ်နော် 🥰🥰🥰 ပုဂံရောက်ပြီဆိုရင် ကိုယ်သွားတဲ့နေရာတွေမှာ လုံခြုံစိတ်ချရဖို့အတွက် ဒေသခံတွေကိုအရင်ဆုံးမေးပြီးမှသွားပါနော်။ ဟိုတယ်ဝန်ထမ်းတွေ၊ mini oway မောင်းတဲ့ဆရာတွေ၊ မြင်းလှည်းဆရာတွေ၊ guide တွေ စတဲ့ ဒေသခံတွေက မသွားနဲ့လို့ပြောတဲ့နေရာတွေကို မသွားဘဲ၊ သတ်မှတ်ထားတဲ့အချိန်အတိုင်း ဟိုတယ်ပြန်လာမယ်၊ ဒေသခံတွေပြောတဲ့လမ်းကြောင်းတွေအတိုင်းပဲသွားမယ်ဆိုရင် အဆင်ပြေပါတယ်ရှင့်။ နောက်တစ်ခုက ပုဂံသွားဖို့စဉ်းစားနေရင် သမီးတို့ရဲ့ Hotel Sincere Smile (Bagan) လေး ရှိပါတယ်နော်။ ပုဂံမြို့သစ်၊ ချောက်-ညောင်ဦး လမ်းမကြီးပေါ်မှာရှိပြီး လောကနန္ဒာဘုရားနဲ့မျက်စောင်းထိုးမှာတည်ရှိပါတယ်ရှင့်။ ဒီနှစ်မှာလည်း ဟိုတယ်မှာလိုအပ်တာတွေကို ပြန်လည်ပြုပြင်တာတွေလည်းလုပ်တော့မှာမို့ ပုဂံကိုရောက်ခဲ့ရင် သမီးတို့ဟိုတယ်လေးမှာ လာရောက်တည်းခိုဖို့ ဖိတ်ခေါ်ပါရစေရှင့် 🥰🥰🥰 ပုဂံမှာပြေးတဲ့ video တွေကိုလည်း သမီးတို့ဟိုတယ်လှေခါးမှာ ရိုက်လို့ရတယ်နော် ☺️ လူလည်းရှင်းပြီး bagan vibe လည်း အပြည့်ခံစားရပါတယ်လို့။ သမီးရိုက်လာတဲ့ဟိုတယ်ပုံလေးတွေက နည်းသွားလို့ Hotel page ထဲမှာ ဝင်ကြည့်ပေးပါနော်။ ပုဂံရောက်တဲ့အခါ သမီးတို့ရဲ့ Hotel Sincere Smile က အပြုံးလေးတွေနဲ့ကြိုနေပါတယ်ရှင့် 🥰🥰🥰 Hotel Sincere Smile Bagan