ဟိုတယ်အကြောင်းသိကောင်းစရာ

  • Home
  • Myanmar
  • Bagan
  • ဟိုတယ်အကြောင်းသိကောင်းစရာ

ဟိုတယ်အကြောင်းသိကောင်းစရာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဟိုတယ်အကြောင်းသိကောင်းစရာ, Hotel, bagan, Bagan.

11/06/2023

ဘဝဆိုတာ ဝထ္တုတစ်ပုဒ် ဆိုရင်
မကောင်းတဲ့အခန်းတွေကျော်ပြီး
ကောင်းတဲ့အခန်းတွေကိုပဲ ရွှေး
ဖတ်ခြင်နေမိတယ်။
ဘဝဟာ ကဗျာတစ်ပုဒ် ဆိုရင်
တော့နုနုလှလှကာရန်လေးတွေ
နဲ့ဖွဲ့သီနေခြင်မိတယ်။
တကယ်တော့ဘဝဆိုတာ
ရွှေးပြီးဖတ်လို့ရတဲ့ဝထ္ထ္ထုတစ်ပုဒ်
မဟုတ်သလို
နုနုလှလှကာရန်လေးတွေနဲ့
ဖွဲ့သီနေလို့ရတဲ့ကဗျာတစ်ပုဒ်
လဲမဟုတ်ပြန်ဘူး။
တကယိတော့ဘဂဆိုတာ
ရွှေးဖတ်လို့မရ ဖွဲ့နွဲ့လို့မရတဲ့
အဖြစ်အပျက်မှန်တွေပဲ
ရေးမှတ်နေရတဲ့ ဒိုင်ယာယီစာအုပ်
တစ်အုပ်ပါ။

08/05/2017
ဟိုတယ်ဝန်ထမ်းတွေဟာ လစာအပြင် service money ကိုလည်းရကြပါတယ်။service moneyဆိုတာ ဝန်ဆောင်မူ့ကြောင့်ရရှိတဲ့ငွေဖြစ်ပါတယ်။servi...
05/03/2016

ဟိုတယ်ဝန်ထမ်းတွေဟာ လစာအပြင် service money ကိုလည်းရကြပါတယ်။service money
ဆိုတာ ဝန်ဆောင်မူ့ကြောင့်ရရှိတဲ့ငွေဖြစ်ပါတယ်။
service money ကဘယ်လိုရသလဲဆိုတော့ ဧည့်
သည်တစ်ယောက်က တည်းတာပဲဖြစ်ဖြစ် စားတာပဲ
ဖြစ်ဖြစ် သောက်တာပဲဖြစ်ဖြစ် ဒေါ်လာ 100 ကျရင်
110 ပေးချေရပါတယ်။အဲ့ဒီ 10% ရာခိုင်နှုန်းက
ဝန်ဆောင်မူပေးတဲ့ဝန်ထမ်းတွေအတွက် ဧည့်သည်
ကမဖြစ်မနေပေးဆောင်ရပါတယ်။တစ်လစာရတဲ့
service money စုစုပေါင်းကို ဝန်းအရေအတွက်နဲ့
စားပြီးရတဲ့ငွေကိုညီညီမျှမျှ ခွဲဝေပေးရပါတယ်။

01/06/2015

အဲ့ဒီလို Duty ဆင်းတဲ့အခါမှာခြောက်ရက်ဆက်ပြီး
တိုင်း Day off တစ်ရက်ရပါ ဧည့်သည်များလို့အဲ့ဒီ
ရက်မှာ မနားရရင်လည်း Over time day off ပြန်ပေး
ပါတယ်။Over time day off ပေးတယ်ဆိုတာ
သတ်မှတ်ချိန်တဲ့ပိုတဲ့အချိန်တွေကိုခေါ်တာပါ။
ဒါကလည်း Over time အချိန်က ၄နာရီ ပျော်မှပေး
တာပါ။
Day off အပြင် Public holiday လို့ ခေါ်တဲ့ အများ
ပြည်သူရုံးပိတ်ရက်တွေလည်းနားရပါတယ်။
အဲ့ဒီရက်တွေကဘာတွေလဲဆိုတော့ အစိုးရက
သတ်မှတ်ထားတဲ့ရုံးပိတ်ရက်တွေပါ။
ဥပမာ လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့
စတာတွေဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီရက်တွေကို ဟိုတယ်ဝန်ထမ်းတိုင်း
တိုက်ရိုက်နားလို့မရပါဘူး။နောက်မှ ရက်အစား
ပြန်နားကြရပါတယ်။
တိုက်ရိုက်နားလေ့ရှိတဲ့သူတွေကတော့Finance
ဌာနနဲ့ Department Head ခေါ်တဲ့ဌာနမန်နေဂျာ
တွေပဲဖြစ်ပါတယ်။
တစ်ခြားရှိသေးတဲ့ခွင့်တွေကတော့တစ်နှစ်မှာ
Casual leave (၆)ရက် ။ရှောင်တစ်ခွင့်ခေါ်
တယ် သာရေး နာရေးမှာပေးတယ် နာရေးကို
ဦးစားပေးတယ်။
Sick leave (၆)ရက် နာမကျန်းခွင့် သာမန်ဖျား
တာဖြစ်ပေမဲ့ဆရာဝန်ဆေးလက်မှတာနဲ့မှပေးလို့
ရတယ်
Medical leave ဆိုတဲ့ဆေးရုံတက်ဖို့လိုအပ်ရင်တော့
တစ်လအထိပေးပါတယ်။
marry leave လက်ထပ်ခွင့်ကတော့(၃)ရက်ပေးပါ
တယ်
Maternity leave အိမ်ထောင်သည်အမျိုးသမီးများ
မီးဖွားခွင့်ကတော့ မီးမဖွားမှီ (၄၂)ရက် မီးဖွားပြီး(၄၂)
ရက်ပေးပါတယ်။
Annual leave ဆိုတဲ့နှစ်ပတ်လည်ခွင့်ကတော့(၁၀)
ရက်ရပါတယ်။
အခုပြောပြခဲ့တဲ့ခွင့်အားလုံးက လစာနဲ့ခံစားရတာတွေ
ပါ။

ဟိုတယ်မှာဌာနဖွဲ့စည်းတာတွေလည်းပြောပြီးသွားပြီ။ခန့်ထားမဲ့ဝန်ထမ်းအရေတွက်လည်းပြောပြပြီးပြီ။အခု Duty ဘယ်လိုဆင်းရတယ်ဘယ်လိုခြွဲ...
01/06/2015

ဟိုတယ်မှာဌာနဖွဲ့စည်းတာတွေလည်းပြော
ပြီးသွားပြီ။ခန့်ထားမဲ့ဝန်ထမ်းအရေတွက်လည်း
ပြောပြပြီးပြီ။အခု Duty ဘယ်လိုဆင်းရတယ်
ဘယ်လိုခွဲခြားထားတယ်ဆိုတာပြောပြပါမယ်။
Duty ဆင်းရတဲ့အချိန်တွေကိုအောက်ပါအတိုင်း
သတ်မှတ်ထားပါတယ်
ဲMorning Shift မနက် ၀၅း၃၀မှ နေလည့် ၁၄း၀၀
အထိ(အလုပ်ချိန်က ၀၈း၀၀ပေမဲ့ Rest Tine မိနစ်
၃၀ထည့်ပေါင်ထားတာပါ။တစ်ချို့က တစ်နာရီထည့်ပေါင်းလေ့ရှိတယ်။
Evening shift နေလည် ၁၃း၃၀ မှ ည ၂၂း၀၀ အထိ
Night shift ည ၂၁း၃၀ မှ မနက် ၀၆း၀၀ အထိ
Day shift မနက် ၀၈း၃၀ မှ ညနေ ၁၇း၀၀ အထိ
Split shift ကတော့အချိန်ပိုင်းခွဲဝေဆင်းရတာပါ။

အဲ့ဒီလိုဌာနတွေဖွဲ့စည်းတဲ့အခါမှာလည်းဝန်ထမ်းအရေအတွက်ကလိုသေးတယ်ဝန်ထမ်းဦးရေတွက်တာကတော့၁.၅ပါဆိုလိုတာကတစ်ခန်းဆိုတစ်ယောက်ခွဲဆယ...
31/05/2015

အဲ့ဒီလိုဌာနတွေဖွဲ့စည်းတဲ့အခါမှာလည်း
ဝန်ထမ်းအရေအတွက်ကလိုသေးတယ်
ဝန်ထမ်းဦးရေတွက်တာကတော့၁.၅ပါ
ဆိုလိုတာကတစ်ခန်းဆိုတစ်ယောက်ခွဲ
ဆယ်ခန်းဆို(၁၅)ယောက် ။အခန်း(၁၀၀)
ဆို(၁၅၀)ယောက်ဖြစ်ရပါ့မယ်။

ဟိုတယ်တစ်လုံးဆောက်ပြီးသွားလို့ ဟိုတယ်စတင်လည်ပတ်တော့မယ်ဆိုရင်အောက်ပါဌာနတွေကို ပထမဆုံးဖွဲ့စည်းရပါတယ်။ဌာနတွေကတော့(1)Front O...
29/05/2015

ဟိုတယ်တစ်လုံးဆောက်ပြီးသွားလို့ ဟိုတယ်
စတင်လည်ပတ်တော့မယ်ဆိုရင်အောက်ပါ
ဌာနတွေကို ပထမဆုံးဖွဲ့စည်းရပါတယ်။
ဌာနတွေကတော့
(1)Front Office ဧည့်ကြိုဌာန
Reception လို့လည်းသုံးနုန်းလေ့ရှိတယ်
(2)Finance ဘဏ္ဌာရေးဌာန
Account လို့လည်းသုံးလေ့ရှိတယ်
(3)Food and Beverage Service အစား
အသောက်နှင့်အဖျော်ယမကာ ဝန်ဆောင်မူ့
ဌာန
Restaurant လို့လည်းသုံးနုန်းကြတယ်
(4)Food and Beverage Production
အစားအသောက်နှင့်အဖျော်ယမကာထုတ်
လုပ်ပေးတဲ့ဌာန
Kitchen လို့လဲသုံးကြတယ်
(5)Human Resources Development
လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာန
အဲ့ဒီဌာနအောက်မှာ Security ဆိုတဲ့ လုံခြုံရေး
ရှိတယ်
(6)ME လို့ခေါ်လေ့ရှိတဲ့ Maintain ant
Engineering ပြုပြင်ထိမ်းသိမ်းရေးဌာန
(7)Housekeeping လို့ေါ်တဲ့ အိပ်ခန်းဆောင်
ထိမ်းသိမ်းရေးဌာန
စသည်တို့ဖြစ်ပါတယ်။

အညာမှာတမာတွေဝေနေပြီပေါ့
26/03/2015

အညာမှာတမာတွေဝေနေပြီပေါ့

20/03/2015

Address

Bagan
Bagan

Telephone

09402786710

Website

Alerts

Be the first to know and let us send you an email when ဟိုတယ်အကြောင်းသိကောင်းစရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category