𝐇𝐨𝐭𝐞𝐥 𝐘𝐚𝐝𝐚𝐧𝐚𝐫𝐛𝐨𝐧 𝐁𝐚𝐠𝐚𝐧

  • Home
  • Myanmar
  • Bagan
  • 𝐇𝐨𝐭𝐞𝐥 𝐘𝐚𝐝𝐚𝐧𝐚𝐫𝐛𝐨𝐧 𝐁𝐚𝐠𝐚𝐧

𝐇𝐨𝐭𝐞𝐥 𝐘𝐚𝐝𝐚𝐧𝐚𝐫𝐛𝐨𝐧 𝐁𝐚𝐠𝐚𝐧 Customer Satisfaction is our First Priority. It is within reach of railway station, bus station, lacquer ware workshop and the Ayarwaddy river.
(876)

Hotel Yadanarbon Bagan hotel is located in a historic location within the archelogical zone and 15 minutes drive from the Nyaung Oo airport. It is one of the best places to have a panoramic view of Bagan Pagodas, Temples, sunrise and sunset. Once you stay with us either on business or pleasure, sweet memories of your stay here will remain with you forever.

ပုဂံရောက်ရင် အသုပ်ပူပူ၊ အကြော်မွှေးမွှေးလေးစားရဖို့မဖြစ်မနေ သွားရမယ့် အကြော်ဆိုင် (၃) ဆိုင်✨ပုဂံခရီးစဉ်မှာ ဘုရားဖူးရတာ၊ ...
09/08/2026

ပုဂံရောက်ရင် အသုပ်ပူပူ၊ အကြော်မွှေးမွှေးလေးစားရဖို့
မဖြစ်မနေ သွားရမယ့် အကြော်ဆိုင် (၃) ဆိုင်✨

ပုဂံခရီးစဉ်မှာ ဘုရားဖူးရတာ၊ ဓာတ်ပုံရိုက်ရတာတွေအပြင် နောက်ထပ် အတွေ့အကြုံတစ်ခုကတော့ "ပုဂံအကြော် နဲ့ ရိုးရာအသုပ်" စားရတဲ့ အရသာပဲဖြစ်ပါတယ်ရှင်။ 🥰

မနက်စောစော လေနုအေးလေးမှာပဲဖြစ်ဖြစ်၊ ညနေစောင်း အပန်းဖြေရင်းနဲ့ပဲဖြစ်ဖြစ် ပုဂံရောက်ရင် မဖြစ်မနေ ဝင်ထိုင်သင့်တဲ့ နာမည်ကြီး အကြော်ဆိုင် (၃) ဆိုင်ကို မျှဝေပေးချင်ပါတယ်နော် 👇

၁။ ဇကောဝိုင်းအကြော်ဆိုင် -
ပုဂံမြို့သစ်မှာ တည်ရှိပြီး နာမည်ကြီး လူကြိုက်များသော အကြော်ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ဒီဆိုင်က သူ့ရဲ့ ထူးခြားကောင်းမွန်တဲ့ မန်းကျည်းချဉ်ရည်နဲ့ အရသာရှိလှတဲ့ တန်ဖိုးသင့်သည့် အကြော်စုံတွေကြောင့် နာမည်ကြီး လူကြိုက်များကြပါတယ်။

နေရာလေးကတော့…
ပုဂံမြို့သစ်ဘက် လောကနန္ဒာဘုရား သွားတဲ့လမ်းမကြီးရဲ့ ညာဘက်မှာ ရှိပါတယ်။

၂။ ဇီးရိပ်အကြော်ဆိုင် -
ဇီးပင်အရိပ်အေးအေးလေးအောက်မှာ သဘာဝအငွေ့အသက် အပြည့်နဲ့ အေးအေးဆေးဆေး ထိုင်စားလို့ရတဲ့ ဆိုင်လေးပါရှင်။ ပုဂံရဲ့ ဒေသစာ ဘူးသီးကြော်၊ အာလူးကြော် ပူပူဆိမ့်ဆိမ့်လေးတွေကို ချိုချဉ်စပ် အချဉ်ရည်လေးနဲ့ တွဲဖက်စားသုံးရင်း မနက်ခင်း ကော်ဖီ/ရေနွေးကြမ်း သောက်ရတဲ့ ခံစားချက်က တကယ့်ကို အပန်းပြေစေပါတယ်နော်။

နေရာလေးကတော့…
ရွှေဆံတော်ဘုရားနားက ဇီးပင်အကြီးကြီးအောက်မှာရှိပါတယ်ရှင်။

၃။ နေညိုညိုအကြော်ဆိုင် -
ညနေစောင်း နေဝင်ချိန်အလှကို ခံစားရင်း အကြော်ပူပူလေး သောက်စားချင်သူတွေအတွက် အကွက်တိပါပဲရှင်။ နာမည်လေးအတိုင်းပဲ ညနေခင်း နေညိုချိန် ပုဂံရဲ့ အငွေ့အသက်ကို အပြည့်အဝရရှိစေပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စကားစမြည်ပြောရင်း ပေါ့ပေါ့ပါးပါး အနားယူဖို့ အရမ်းကောင်းတဲ့ ဆိုင်လေးပါနော်။

နေရာလေးကတော့..
မြင်းကပါရွာ၊ မနူဟာဘုရားအကျော် ပုဂံမြို့သစ်သွားတဲ့ လမ်းညာဘက်ခြမ်းမှာ ရှိပါတယ်။

ဒီလို မြန်မာ့ရိုးရာ အကြော်ဆိုင်လှလှလေးတွေမှာ ဗိုက်ဝအောင် စားသောက်ပြီးရင်တော့... ပုဂံမြို့သစ်မှာရှိတဲ့ Hotel Yadanarbon မှာ သက်တောင့်သက်သာနဲ့ ပြန်လည်အနားယူဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 🏨✨
သန့်ရှင်းအဆင့်မြင့်ပြီး အခန်းအမျိုးအစား စုံလင်တဲ့အပြင် ရေကူးကန်လည်း ပါဝင်တာမို့လို့ ခရီးသွာဧည့်သည်တွေရဲ့ ပင်ပန်းသမျှ အတ္တနိမိတ္တ ပျောက်ကွယ်သွားမှာ အမှန်ပါပဲနော်။

ဟိုတယ် Booking အတွက် အသေးစိတ် သိရှိလိုပါက Page Chat Box မှတစ်ဆင့်ဖြစ်စေ၊

✨ Sales & Reservation
ဖုန်း 09 940 001 143၊
09 7777 45 867 တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သလို

✨ Hotel Direct ဖုန်း
09 458 259 852၊
061 246 5240
တို့သို့လည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင်။

Hotel Yadanarbon Bagan သို့ အလွယ်တကူ လာရောက်နိုင်ဖို့အတွက် လမ်းညွှန်မြေပုံ 🧭 https://maps.app.goo.gl/bzm5qvuBjZoQpbj46

လိပ်စာ - မြတ်လေးလမ်း၊ ပုဂံမြို့သစ်၊ Hotel Yadanarbon Bagan။

အဖော်မပါဘဲ တစ်ယောက်တည်းခရီးထွက်တော့မယ်ဆိုရင် ဘာတွေ ပြင်ဆင်သွားရမလဲတစ်ခါတလေကျရင်လည်း အလုပ်တွေ၊ စိတ်ရှုပ်စရာတွေကို ခဏမေ့ပစ...
07/08/2026

အဖော်မပါဘဲ တစ်ယောက်တည်း
ခရီးထွက်တော့မယ်ဆိုရင် ဘာတွေ ပြင်ဆင်သွားရမလဲ

တစ်ခါတလေကျရင်လည်း အလုပ်တွေ၊ စိတ်ရှုပ်စရာတွေကို ခဏမေ့ပစ်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေး ခရီးထွက်ချင်တဲ့သူတွေများရှိမလား။ ရှေးဟောင်းအငွေ့အသက်တွေနဲ့ အေးချမ်းလှတဲ့ ပုဂံမြေကတော့ Solo Travel ထွက်ဖို့အတွက် အကောင်းဆုံး နေရာတစ်ခုပါပဲရှင်။ 🥰

ဒါပေမဲ့ တစ်ယောက်တည်း ခရီးထွက်မှာဆိုတော့ မသွားခင် အရာရာ အဆင်ပြေအောင် ဒီအချက်လေးတွေကိုတော့ မဖြစ်မနေ ပြင်ဆင်သွားဖို့ လိုမယ်နော်... 👇

၁။ ပေါ့ပေါ့ပါးပါး အဝတ်အစားနဲ့ ဖိနပ်အပါး -
ပုဂံမှာ ဘုရားဖူးရတာ၊ စေတီတွေပေါ် တက်ရတာနဲ့ လမ်းလျှောက်ရတာ များတာမို့လို့ ပေါ့ပါးပြီး အပူဒဏ်ခံနိုင်တဲ့ အဝတ်အစား (ဥပမာ - ရိုးရာဝတ်စုံ သို့မဟုတ် အထည်နုနုလေးတွေ) နဲ့ လမ်းလျှောက်ရလွယ်တဲ့ ဖိနပ်အပါး/စီးညှပ်လေးတွေကိုပဲ စီးသွားပါနော်။

၂။ Power Bank နဲ့ Tripod လေး ဆောင်ထားပါ -
တစ်ယောက်တည်း သွားတာဆိုတော့ ဓာတ်ပုံရိုက်ပေးမယ့်သူမရှိရင် ရိုက်ရအဆင်ပြေအောင် Tripod (သုံးချောင်းထောက်) လှလှလေးတစ်ချောင်း ယူသွားပါ။ ပြီးတော့ တစ်နေကုန် ဖုန်းနဲ့ ပုံရိုက်၊ Map ကြည့်ရမှာမို့လို့ Power Bank လေးလည်း အပြည့်အားသွင်းပြီး ဆောင်ထားဖို့လည်းလိုပါမယ်နော်။

၃။ Sunscreen နဲ့ အသုံးအဆောင်များ -
ပုဂံရဲ့ နေရောင်ခြည်က တော်တော်လေး စူးတာမို့လို့ Sunscreen (နေလောင်ကာခရင်မ်)၊ နေကာမျက်မှန်၊ ထီး သို့မဟုတ် ဦးထုပ်လေးတွေကတော့ မရှိမဖြစ်ပါပဲရှင်။

၄။ သွားလာရေးအတွက် ကြိုတင်လေ့လာပါ -
တစ်ယောက်တည်း သွားတာမို့လို့ ပုဂံရောက်ရင် တုတ်တုတ် (Tuk Tuk) စီးမလား၊ E-bike ငှားစီးမလား ဆိုတာကို ကြိုတင်စဉ်းစားထားဖို့လည်း လိုပါမယ် ရှင်။ (ဟိုတယ်ရတနာပုံမှာတော့ လွယ်လွယ်ကူကူ ငှားရမ်းလို့လည်းရပါတယ်နော်)။

၅။ လုံခြုံပြီး သက်တောင့်သက်သာရှိတဲ့ တည်းခိုခန်းကို ရွေးချယ်ပါ -
ဒါကတော့ အရေးကြီးဆုံးပါပဲ! တစ်ယောက်တည်း ခရီးသွားတဲ့အခါ စိတ်အေးချမ်းရဖို့နဲ့ လုံခြုံမှုရှိဖို့အတွက် တည်းခိုမယ့် ဟိုတယ်က အရမ်းအရေးကြီးပါတယ်ရှင်။

ပုဂံမြို့သစ်မှာရှိတဲ့ Hotel Yadanarbon ဟာဆိုရင် သွားလာရလွယ်ကူတဲ့ လမ်းမပေါ်မှာရှိလို့ လုံခြုံစိတ်ချရတဲ့အပြင် ဝန်ထမ်းမလေးတွေကလည်း မိသားစုလို နွေးထွေးစွာ ကူညီပေးကြတာမို့လို့ Solo Traveler လေးတွေအတွက် အကြိုက်တွေ့စေမှာ အမှန်ပါပဲနော်။ 🥰

ဈေးနှုန်းကလည်း ၅၅,၀၀၀ ကျပ် ကနေ စတင်တာမို့လို့ Budget ချွေတာချင်တဲ့ Solo Traveler ညီမလေးတို့အတွက် အကွက်တိပဲပေါ့ရှင်!
ဒီတော့ တစ်ယောက်တည်း ပုဂံကို ခရီးထွက်ဖို့ စိတ်ကူးနေရင် ဘာမှ မတွေးဆိုင်းနေနဲ့တော့နော်... အထုပ်ဆွဲပြီး ပုဂံမြေကို ထွက်ခွာခဲ့လိုက်ပါတောနော်…

ဟိုတယ် Booking အတွက် အသေးစိတ် သိရှိလိုပါက Page Chat Box မှတစ်ဆင့်ဖြစ်စေ၊

✨ Sales & Reservation
ဖုန်း 09 940 001 143၊
09 7777 45 867 တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သလို

✨ Hotel Direct ဖုန်း
09 458 259 852၊
061 246 5240
တို့သို့လည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင်။

Hotel Yadanarbon Bagan သို့ အလွယ်တကူ လာရောက်နိုင်ဖို့အတွက် လမ်းညွှန်မြေပုံ 🧭 https://maps.app.goo.gl/bzm5qvuBjZoQpbj46

လိပ်စာ - မြတ်လေးလမ်း၊ ပုဂံမြို့သစ်၊ Hotel Yadanarbon Bagan။

ပုဂံရောက်ရင် ချစ်ရတဲ့သူတွေအတွက် အိမ်ပြန်လက်ဆောင် ဝယ်ဖို့ မမေ့နဲ့ဦးနော် 🎁😋✨ပုဂံခရီးစဉ်ကနေ ပြန်တော့မယ်ဆိုရင် ဘာတွေ လက်ဆောင...
04/08/2026

ပုဂံရောက်ရင် ချစ်ရတဲ့သူတွေအတွက်
အိမ်ပြန်လက်ဆောင် ဝယ်ဖို့ မမေ့နဲ့ဦးနော် 🎁😋✨

ပုဂံခရီးစဉ်ကနေ ပြန်တော့မယ်ဆိုရင် ဘာတွေ လက်ဆောင်ဝယ်သွားရမလဲ စဉ်းစားရခက်နေလားရှင်။ ပုဂံဒေသထွက် စားသောက်ဖွယ်ရာလေးတွေကတော့ ဝယ်သွားသူရော၊ လက်ဆောင်ရသူပါ အသည်းစွဲဖြစ်စေမယ့် အိမ်ပြန်လက်ဆောင်လေးတွေပါပဲနော်။ 🥰

ညီမလေးတို့ ပုဂံရောက်ရင် လက်မလွှတ်တမ်း ဝယ်သွားသင့်တဲ့ အရသာရှိလှတဲ့ ဒေသထွက် အစားအစာ (၄) မျိုးကို ညွှန်းပေးချင်ပါတယ်ရှင်
ဒါတွေကတော့…👇

ပုဂံထန်းလျက် - ပုဂံမြေရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ထန်းလျက်အစစ်ကတော့ အချိုဓာတ်ကဲပြီး စိမ့်နေတာပါပဲရှင်။ ထန်းလျက်ခဲလေးတွေ၊ အုန်းသီးပါတဲ့ ထန်းလျက်နဲ့ ဇီးပါတဲ့ ထန်းလျက်လေးတွေကို ရိုးရာတောင်းလေးတွေနဲ့ ထုပ်ထားတာမို့လို့ လက်ဆောင်ပေးရင် အရမ်းချစ်စရာကောင်းပါတယ်နော်။

ပုန်းရည်ကြီး - ပုဂံရောက်ရင် ပုန်းရည်ကြီး မဝယ်ခဲ့ရင် မပြည့်စုံဘူးနော်! ပဲပိစပ်ကနေ အချဉ်ဖောက်ပြီး လုပ်ထားတဲ့ ပုန်းရည်ကြီးနှစ်ကို ဝက်သားနဲ့ပဲချက်ချက်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးနဲ့ ပဲဆီစမ်းပြီး သုပ်စားစား ထမင်းမြိန်စေတာ အမှန်ပါပဲရှင်။

လက်ပံပွင့်ကြော် - လက်ပံပွင့်ခြောက်လေးတွေကို အကြွပ်ကြော်ထားတာမို့လို့ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ အရမ်းကောင်းပါတယ်ရှင်။ ထမင်းဝိုင်းမှာ မပါမဖြစ် မြှောက်စားလို့ရတဲ့ ဒေသထွက် အမြည်းစားစရာလေးပါနော်။

နှမ်းဖက်ချဉ် - နှမ်းဖတ်ကို သဘာဝအတိုင်း အချဉ်ဖောက်ထားတာမို့လို့ ချဉ်ချဉ်စိမ့်စိမ့် အရသာလေးနဲ့ ဆီစမ်းပြီး စားရင် အရသာက တကယ်ကို အနိဋ္ဌာရုံပါပဲရှင်။ ပုဂံဒေသရဲ့ ထူးခြားတဲ့ ရိုးရာအစာတစ်မျိုးမို့လို့ လက်ဆောင်ပေးရင် ပိုပြီး သဘောကျကြမှာပါ။

ဒီလို ဒေသထွက် အစားအစာတွေကို စိတ်ကြိုက်ဝယ်ယူပြီးရင်တော့ Hotel Yadanarbon မှာ ခဏပြန်နားပြီး အထုပ်အပိုးတွေ သေချာပြင်ဆင်လို့ ရပါတယ်နော်။ ဟိုတယ်မှာ အေးအေးဆေးဆေး အနားယူရင်း ခရီးစဉ်ကို အပန်းဖြေလို့လည်းရပါတယ် ရှင် 🥰

ဟိုတယ် Booking အတွက် အသေးစိတ် သိရှိလိုပါက Page Chat Box မှတစ်ဆင့်ဖြစ်စေ၊

✨ Sales & Reservation
ဖုန်း 09 940 001 143၊
09 7777 45 867 တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သလို

✨ Hotel Direct ဖုန်း
09 458 259 852၊
061 246 5240
တို့သို့လည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင်။

Hotel Yadanarbon Bagan သို့ အလွယ်တကူ လာရောက်နိုင်ဖို့အတွက် လမ်းညွှန်မြေပုံ 🧭 https://maps.app.goo.gl/bzm5qvuBjZoQpbj46

လိပ်စာ - မြတ်လေးလမ်း၊ ပုဂံမြို့သစ်၊ Hotel Yadanarbon Bagan။

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဆိုသည့်အတိုင်း ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားရာ ဒီနေ့လို ဝါဆိုလပြည့...
29/07/2026

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဆိုသည့်အတိုင်း ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားရာ ဒီနေ့လို ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ ၇ရက် သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ရှင်။


#ဝါဆိုလပြည့်နေ့

ဇူလိုင် (၁၉) ရက်နေ့တွင်ကျရောက်သော(၇၉) နှစ်မြောက် အာဇာနည်နေ့ကို ကျဆုံးလေပြီသော ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရစွာဖြင့...
19/07/2026

ဇူလိုင် (၁၉) ရက်နေ့တွင်ကျရောက်သော
(၇၉) နှစ်မြောက် အာဇာနည်နေ့ကို ကျဆုံးလေပြီသော ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရစွာဖြင့် ဦးညွတ်ဂါရဝပြုလိုက်ပါတယ် ရှင်

#အာဇာနည်နေ့

ပုဂံခရီးစဉ်မှာ အိမ်မှာနေရသလိုမျိုး နွေးထွေးမှုနဲ့ စိတ်အေးချမ်းမှုကို ပေးစွမ်းမယ့် "Hotel Yadanarbon"ခရီးတစ်ခုသွားတဲ့အခါ ...
12/07/2026

ပုဂံခရီးစဉ်မှာ အိမ်မှာနေရသလိုမျိုး နွေးထွေးမှုနဲ့
စိတ်အေးချမ်းမှုကို ပေးစွမ်းမယ့် "Hotel Yadanarbon"

ခရီးတစ်ခုသွားတဲ့အခါ တည်းခိုတဲ့နေရာက ကိုယ့်အိမ်လိုမျိုး စိတ်လွတ်လပ်ပေါ့ပါးပြီး အရာရာအဆင်ပြေနေဖို့က အရမ်းအရေးကြီးပါတယ်ဟုတ်။ အဲဒီလို ခံစားချက်မျိုးရဖို့အတွက် Hotel Yadanarbon က အမြဲတမ်း အဆင်သင့် ရှိနေပါတယ်ရှင်။ 🥰

ကျွန်မတို့ ဟိုတယ်လေးက ပုဂံမြို့သစ်ရဲ့ သွားလာရလွယ်ကူတဲ့ လမ်းမပေါ်မှာ တည်ရှိပြီး ဧည့်သည်တော်များအတွက် အကောင်းဆုံးအရာတွေကို ဖန်တီးပေးထားပါတယ်နော် -

✨ နွေးထွေးပျူငှာမှု - ဟိုတယ်ကို စခြေချကတည်းက ပြုံးရွှင်စွာနဲ့ ဆီးကြိုမယ့် ဝန်ထမ်းမလေးတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုက လူကြီးမင်းတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ချက်ချင်းပျောက်ကွယ်သွားစေမှာပါ။

✨ ပြီးပြည့်စုံတဲ့ Facility - ကျယ်ဝန်းသန့်ရှင်းတဲ့ ရေကူးကန် (Swimming Pool)၊
အခန်းတိုင်းမှာ အသုံးပြုနိုင်တဲ့ အမြန်နှုန်းမြင့် Wifi အပြင် အရသာရှိတဲ့ မနက်စာ (Breakfast) ကိုလည်း စီစဉ်ပေးထားပါတယ်ရှင်။

✨ ခရီးစဉ်အဆင်ပြေစေမှု - ပုဂံတစ်ခွင် လည်ပတ်ဖို့အတွက် တုတ်တုတ် (Tuk Tuk) ဝန်ဆောင်မှုနဲ့ E-bike ငှားရမ်းတာတွေကိုပါ တစ်ပါတည်း စီစဉ်ပေးလို့ စိတ်ပူစရာ လုံးဝမလိုတော့ဘူးပေါ့။

ဒါ့ကြောင့် ဈေးနှုန်းသက်သာပြီး သန့်ရှင်းအဆင့်မြင့်တဲ့ အခန်းအမျိုးအစားစုံလင်စွာလည်း ရှိတာမို့လို့...
ဒီတစ်ခေါက် ပုဂံခရီးစဉ်မှာတော့ အမှတ်တရတွေ အပြည့်နဲ့ နွေးထွေးစွာ နားခိုဖို့ Hotel Yadanarbon ကိုပဲ လှမ်းခဲ့ရအောင်ရှင်။ 🤗💖

✨ Sales & Reservation
09940001143, 09787179231
Hotel Yadanarbon Bagan သို့ အလွယ်တကူ လာရောက်နိုင်ဖို့အတွက် လမ်းညွှန်မြေပုံ 🧭 https://maps.app.goo.gl/bzm5qvuBjZoQpbj46
လိပ်စာ - မြတ်လေးလမ်း၊ ပုဂံမြို့သစ်၊ Hotel Yadanarbon Bagan

မိုးရွာပြီးစ စိမ်းစိုပြီး အေးမြနေတဲ့ ပုဂံမြေရဲ့ အလှကို ခံစားဖူးကြလားရှင် 🌧️🌿✨အများစုက ပုဂံကို နွေရာသီနဲ့ ဆောင်းရာသီမှာပဲ...
11/07/2026

မိုးရွာပြီးစ စိမ်းစိုပြီး အေးမြနေတဲ့
ပုဂံမြေရဲ့ အလှကို ခံစားဖူးကြလားရှင် 🌧️🌿✨
အများစုက ပုဂံကို နွေရာသီနဲ့ ဆောင်းရာသီမှာပဲ သွားကြတာများတယ်ဟုတ်။ ဒါပေမဲ့ တကယ်တော့ မိုးရာသီမှာရှိတဲ့ ပုဂံရဲ့ အလှကလည်း ရင်သပ်ရှုမောစရာ အပြည့်ပါပဲနော်။ 😍 မိုးဖွဲဖွဲလေးအောက်မှာ အုတ်နီရောင် ဘုရားစေတီတွေနဲ့အတူ ဘေးပတ်ပတ်လည်က သစ်ပင်လေးတွေ၊ မြက်ခင်းလေးတွေက စိမ်းလန်းစိုပြေနေတာမို့လို့ တကယ့်ကို မျက်စိပသာဒ ဖြစ်စေပါတယ်ရှင်။

မိုးရာသီ ပုဂံခရီးစဉ်ရဲ့ အားသာချက်တွေကတော့ -
🌿 လူအရမ်းမရှုပ်ဘဲ ကိုယ်နှစ်သက်တဲ့ ဘုရားတွေကို စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်မယ်။
🌿 ဖုန်တထောင်းထောင်း မဖြစ်ဘဲ လေထုက အေးမြသန့်စင်နေမယ်။
🌿 ဓာတ်ပုံရိုက်ရင်လည်း စိမ်းစိုတဲ့ သဘာဝအလှကြောင့် ပုံထွက်က တစ်မျိုးလေး ဆန်းပြီး လှနေမှာပါနော်။

မိုးအေးအေးလေးမှာ ပုဂံတစ်ခွင် လည်ပတ်ပြီးရင်တော့ Hotel Yadanarbon ရဲ့ နွေးထွေးတဲ့ အခန်းလေးတွေထဲမှာ ကော်ဖီပူပူလေးတစ်ခွက် သောက်ရင်း အပန်းဖြေလိုက်ပါဦးရှင်။ ☕
ပြီးတော့ ဟိုတယ်မှာ ရေကူးကန်လည်း ရှိတာမို့လို့ ညနေစောင်း အေးအေးဆေးဆေး Relax လုပ်ဖို့အတွက်လည်း အကောင်းဆုံးပဲပေါ့။ 🥰
ဒီမိုးရာသီမှာ ပုဂံရဲ့ အေးချမ်းတဲ့အလှကို လာရောက်ခံစားဖို့ အောက်ကနံပါတ်လေးတွေကနေ အခန်းကြိုတင် Booking လုပ်ထားလိုက်တော့နော်... 👇

✨ Sales & Reservation
09940001143, 09787179231
Hotel Yadanarbon Bagan သို့ အလွယ်တကူ လာရောက်နိုင်ဖို့အတွက် လမ်းညွှန်မြေပုံ 🧭 https://maps.app.goo.gl/bzm5qvuBjZoQpbj46
လိပ်စာ - မြတ်လေးလမ်း၊ ပုဂံမြို့သစ်၊ Hotel Yadanarbon Bagan

ပုဂံမြေရဲ့ သမိုင်းလှလှလေးတွေကို လက်ဖဝါးပေါ်မှာ အမှတ်တရ သိမ်းဆည်းခဲ့ကြမလားပုဂံကိုရောက်ရင် ဘုရားဖူးရုံတင်မကဘဲ အသည်းစွဲဖြစ်...
09/07/2026

ပုဂံမြေရဲ့ သမိုင်းလှလှလေးတွေကို
လက်ဖဝါးပေါ်မှာ အမှတ်တရ သိမ်းဆည်းခဲ့ကြမလား

ပုဂံကိုရောက်ရင် ဘုရားဖူးရုံတင်မကဘဲ အသည်းစွဲဖြစ်ရတဲ့ ရိုးရာအနုပညာတစ်ခု ရှိပါတယ်ရှင်။ အဲဒါကတော့ ပုဂံဘုရားတွေရဲ့ အနီးအနားမှာ တွေ့ရတတ်တဲ့ "ရိုးရာလက်ပန်းချီ (Hand Paint)" လေးတွေပဲ ဖြစ်ပါတယ်။

စက္ကူဖြူဖြူပေါ်မှာ ဆွဲတာမဟုတ်ဘဲ ကိုယ့်ရဲ့ လက်ဖဝါး သို့မဟုတ် လက်မောင်းလေးပေါ်မှာ ပုဂံရဲ့ အထင်ကရ အမှတ်တရပုံရိပ်တွေ၊ ကနုတ်ပန်းတွေကို စိတ်ရှည်လက်ရှည်နဲ့ ဆွဲပေးကြတာပါ။

👉 ဘာလို့ ဆွဲသင့်လဲဆိုတော့ -
🎨 ဓာတ်ပုံရိုက်တဲ့အခါ ပုဂံရဲ့ အငွေ့အသက်ကို ပိုပြီး ပေါ်လွင်စေတယ် (အထူးသဖြင့် နေဝင်ချိန် လက်ကလေးမြှောက်ပြီး ရိုက်ရင် အရမ်း aesthetic ဖြစ်ပါတယ်ရှင်)။
🎨 ကိုယ်တိုင်လည်း ပုဂံရဲ့ ရိုးရာအနုပညာရှင်တွေကို အားပေးရာ ရောက်ပါတယ်နော်။
🎨 ဆေးကလည်း အလွယ်တကူ မပျက်ဘဲ ခရီးစဉ်တစ်လျှောက် အမှတ်တရပုံလှလှလေးတွေ ဖန်တီးပေးနိုင်လို့ပါ။

ဒီလို ချစ်စရာကောင်းတဲ့ ပုဂံယဉ်ကျေးမှုတွေကို လေ့လာပြီးရင်တော့...
ပုဂံမြို့သစ်က Hotel Yadanarbon မှာ ပြန်လည်အနားယူဖို့ ဖိတ်ခေါ်ပါရစေရှင်။ သန့်ရှင်းသပ်ရပ်တဲ့ အခန်းလေးတွေက ၅၅,၀၀၀ ကျပ်ကနေ စတင်ပြီး ရှိတာမို့လို့ ခရီးသွားညီမလေးတို့အတွက် အဆင်ပြေဆုံး ဖြစ်မှာပါရှင်။ 🥰

အခန်းကြိုတင်ဘွတ်ကင်လုပ်ဖို့နဲ့ အသေးစိတ်ကို စုံစမ်းချင်တယ်ဆိုရင်တော့ အောက်ကအချက်အလက်လေးတွေအတိုင်း ဆက်သွယ်ပေးနော်... 👇✨

✨ Sales & Reservation
09940001143, 09787179231
Hotel Yadanarbon Bagan သို့ အလွယ်တကူ လာရောက်နိုင်ဖို့အတွက် လမ်းညွှန်မြေပုံ 🧭 https://maps.app.goo.gl/bzm5qvuBjZoQpbj46
လိပ်စာ - မြတ်လေးလမ်း၊ ပုဂံမြို့သစ်၊ Hotel Yadanarbon Bagan

ပုဂံမြေမှာ တုတ်တုတ် (Tuk Tuk) လေးစီးပြီးလည်ပတ်ရတဲ့ ခံစားချက်ကို အချစ်ဆုံးပဲ 🛺💨✨ပုဂံကိုရောက်ရင် ဘာနဲ့လည်ရတာ အမိုက်ဆုံးလဲလ...
03/07/2026

ပုဂံမြေမှာ တုတ်တုတ် (Tuk Tuk) လေးစီးပြီး
လည်ပတ်ရတဲ့ ခံစားချက်ကို အချစ်ဆုံးပဲ 🛺💨✨

ပုဂံကိုရောက်ရင် ဘာနဲ့လည်ရတာ အမိုက်ဆုံးလဲလို့ မေးရင် ညီမကတော့ "တုတ်တုတ်" လို့ပဲ ဖြေရမှာပါပဲ။ 🤠 ကားအအေးခန်းထဲကနေ ကြည့်ရတဲ့အလှထက် တုတ်တုတ်လေးစီး၊ ပုဂံမြေရဲ့ လေနုအေးလေးကို ခံစားရင်း ရွာလေးတွေထဲ ပတ်စီးရတာက ပိုပြီး ခရီးသွားရသကို ပေးစွမ်းနိုင်ပါတယ်ရှင်။

တုတ်တုတ်လေးစီးပြီး ပုဂံမှာ ဘာတွေလုပ်လို့ရလဲဆိုတော့ -
👉 ဘုရားလမ်းကြားလေးတွေထဲ ဖြတ်မောင်းရင်း စိတ်ကြိုက် နေရာအသစ်တွေ ရှာဖွေမယ်။
👉 ဖုန်တထောင်းထောင်းနဲ့ ပုဂံမြေရဲ့ အငွေ့အသက်ကို ခံစားလို့ရမယ်။
👉 လမ်းမှာတွေ့တဲ့ ရိုးရာထန်းရည်ဆိုင်လေးတွေမှာ ခဏဝင်နားပြီး ထန်းလျက်ခဲလေးတွေ စားမယ်။

တစ်နေ့ကုန် ပျော်ပျော်ပါးပါး လည်ပတ်ပြီးလို့ ပင်ပန်းလာပြီဆိုရင်တော့... Hotel Yadanarbon ရဲ့ ရေကူးကန်အေးအေးလေးထဲမှာ အပန်းဖြေရင်း စိတ်ကို Relax လုပ်လို့လည်းရတယ်။ အဲဒါပြီးရင်တော့ အေးစိမ့်နေတဲ့ Aircon အခန်းလေးထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူရုံပဲပေါ့။ 🥰

ခရီးသွားရတာ ဝါသနာပါတဲ့ သူငယ်ချင်းတွေကို Mention ခေါ်ပြီး ဒီတစ်ခေါက် ပုဂံခရီးစဉ်ကို တုတ်တုတ်လေးစီးပြီး အတူတူ လည်ဖို့ Plan လိုက်တော့နော်! 👇

အသေးစိတ် သိရှိလိုပါက
✨ Sales & Reservation
09940001143, 09787179231

Hotel Yadanarbon Bagan သို့ အလွယ်တကူ လာရောက်နိုင်ဖို့အတွက် လမ်းညွှန်မြေပုံ 🧭 https://maps.app.goo.gl/bzm5qvuBjZoQpbj46

လိပ်စာ - မြတ်လေးလမ်း၊ ပုဂံမြို့သစ်၊ Hotel Yadanarbon Bagan။

ပုဂံရောက်ရင် လူသိနည်းတဲ့Hidden Gems နေရာလေးတွေဆီ သွားကြမယ် 📸✨ပုဂံလို့ပြောရင် အာနန္ဒာ၊ သဗ္ဗညု စတဲ့ နာမည်ကြီးဘုရားတွေကိုပဲ...
30/06/2026

ပုဂံရောက်ရင် လူသိနည်းတဲ့
Hidden Gems နေရာလေးတွေဆီ သွားကြမယ် 📸✨

ပုဂံလို့ပြောရင် အာနန္ဒာ၊ သဗ္ဗညု စတဲ့ နာမည်ကြီးဘုရားတွေကိုပဲ ပြေးမြင်တတ်ကြတယ်ဟုတ်။ ဒါပေမဲ့ ပုဂံမြေရဲ့ တကယ့်အလှတရားက လူ သိပ်မရှုပ်ဘဲ အေးအေးချမ်းချမ်းနဲ့ သဘာဝအလှကို ခံစားလို့ရမယ့် နေရာလေးတွေမှာလည်း ရှိနေပါသေးတယ်ရှင်။ 🥰

ဒီတစ်ခေါက် ပုဂံခရီးစဉ်မှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ် ပုံထွက်ဆန်းဆန်းလေးတွေ ရစေမယ့် Hidden Gems နေရာလေးအချို့ကို မျှဝေပေးချင်ပါတယ်နော် 👇

၁။ မင်းနန်သူရွာအနီးက လေးမျက်နှာဘုရားစု (သို့) ဘုရားသုံးဆူဝန်းကျင်
ပုဂံရဲ့ အရှေ့ဘက်ခြမ်း မင်းနန်သူရွာနားက ဘုရားစုလေးတွေဆီ သွားကြည့်ပါ။ လူအလာနည်းပြီး ကုန်းမြင့်လေးပေါ်မှာရှိလို့ ညနေစောင်းရင် တခြားဘုရားတန်းကြီးတွေကို လှမ်းမြင်ရတဲ့အပြင် လယ်ကွင်းပြင်စိမ်းစိမ်းလေးတွေနဲ့ အရမ်း aesthetic ဖြစ်တဲ့ ပုံလေးတွေ ရနိုင်ပါတယ်ရှင်။

၂။ အလိုတော်ပြည့်ဘုရားအနီးက ကျောက်ဂူဘုရားင
နာမည်ကြီး အလိုတော်ပြည့်ဘုရားကြီးရဲ့ အနောက်ဘက် လမ်းကြားလေးတွေထဲ ဝင်ကြည့်ရင် လူသူဆိတ်ငြိမ်ပြီး ရှေးဟောင်းအုတ်ကျောင်းတိုက် အမိုးခုံးလေးတွေ ရှိတယ်ဆိုတာရော သိကြလား။ အဲဒီနံရံတွေကြားထဲမှာ ဓာတ်ပုံရိုက်ရင် တကယ့်ကို ပုဂံရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အလှတရားကို ရစေမှာပါနော်။

၃။ လောကနန္ဒာစွယ်တော်ရှင်ဘုရားအနီးက မြစ်ကမ်းပါးကုန်းမြင့်
ညနေခင်းနေဝင်အလှကို တဝကြီးခံစားဖို့ဆိုရင် လောကနန္ဒာဘုရားဝန်းကျင်က မြစ်ကမ်းပါးဘက်ကို လျှောက်သွားကြည့်ရင် လူသိနည်းတဲ့ ကုန်းမြင့်အစွန်းလေးတွေ ရှိပါတယ်။ အဲဒီနေရာကနေ ကြည့်ရင် ဧရာဝတီမြစ်ကြီးရဲ့ အလှကို အပေါ်စီးကနေ မြင်ရပြီး နေဝင်ချိန် ဓာတ်ပုံရိုက်ရင် ပုံထွက်က တကယ့်ကို cinematic ဆန်ဆန်လေး လှနေမှာပါနော်။

ဒီလို နေရာအလှလေးတွေကို စိတ်အေးလက်အေး လည်ပတ်ပြီးရင်တော့ ပုဂံမြို့သစ်မှာရှိတဲ့ Hotel Yadanarbon မှာ သက်တောင့်သက်သာနဲ့ ပြန်လည်အနားယူဖို့ မမေ့နဲ့ဦးနော်။ အခန်းလေးတွေက သန့်ရှင်းသပ်ရပ်တဲ့အပြင် ဈေးနှုန်းကလည်း ၅၅,၀၀၀ ကျပ်ကစပြီး ရှိတာမို့လို့ အဆင်ပြေစေမှာဖြစ်ပါတယ်ရှင်။ 🤗

အသေးစိတ် သိရှိလိုပါက
✨ Sales & Reservation
09940001143, 09787179231

Hotel Yadanarbon Bagan သို့ အလွယ်တကူ လာရောက်နိုင်ဖို့အတွက် လမ်းညွှန်မြေပုံ 🧭 https://maps.app.goo.gl/bzm5qvuBjZoQpbj46

လိပ်စာ - မြတ်လေးလမ်း၊ ပုဂံမြို့သစ်၊ Hotel Yadanarbon Bagan။

Address

Myat Lay Road, Bagan Myothit
Bagan

Alerts

Be the first to know and let us send you an email when 𝐇𝐨𝐭𝐞𝐥 𝐘𝐚𝐝𝐚𝐧𝐚𝐫𝐛𝐨𝐧 𝐁𝐚𝐠𝐚𝐧 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐇𝐨𝐭𝐞𝐥 𝐘𝐚𝐝𝐚𝐧𝐚𝐫𝐛𝐨𝐧 𝐁𝐚𝐠𝐚𝐧:

Shortcuts

Share

Category