26/08/2026
⚠️ သတိပေးကြေညာချက် 🚨
လေးစားရပါသော ဧည့်သည်တော်ကြီးများရှင် ...
ပုဂံသီရိပစ္စယာဟိုတယ်၏ အမည်ကို အလွဲသုံးစားပြုလုပ်၍ Viber, TikTok မှတစ်ဆင့် ငွေကြေးလိမ်လည်တောင်းခံမှုများ ရှိနေကြောင်း စုံစမ်းသိရှိရပါသဖြင့် ဧည့်သည်တော်များ အထူးသတိပြုနိုင်ပါရန် အသိပေးအပ်ပါသည်။
📞 ဟိုတယ်၏ တရားဝင် ဆက်သွယ်ရန် ဖုန်းနံပါတ်များ
🏢 Yangon Sales Office — 09 77 373 2020
📝 Yangon Reservation — 09 77 373 0202
🏛️ Bagan Hotel Direct — 09 940 111 700 | 09 440 476 507
📲 တရားဝင် ချန်နယ်များဆိုင်ရာ အသိပေးချက်
အခန်းကြိုတင်စာရင်းပေးသွင်းခြင်းနှင့် ငွေပေးချေမှုများကို တရားဝင် page Messenger နှင့် အထက်ဖော်ပြပါ တရားဝင် ဖုန်းနံပါတ်များမှသာ ဆက်သွယ်ဆောင်ရွက်ပါသည်။
ဟိုတယ်အနေဖြင့် အခြားမည်သည့် ပြင်ပအကောင့်များ၊ အွန်လိုင်းပလက်ဖောင်းများနှင့် အမည်မသိ ဖုန်းနံပါတ်များမှတစ်ဆင့် ငွေကြေးလွှဲပြောင်းခိုင်းခြင်း လုံးဝ (လုံးဝ) မရှိပါ။
⚠️ အထူးသတိပြုရန်
မသင်္ကာဖွယ် ဆက်သွယ်တောင်းခံမှုများ ကြုံတွေ့ရပါက မည်သည့်ငွေကြေးမျှ ကြိုတင်လွှဲပြောင်းခြင်း မပြုဘဲ ဟိုတယ်၏ တရားဝင် ဖုန်းနံပါတ်များသို့ ဦးစွာ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။