Myanmar Han

Myanmar Han Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Han, Hotel resort, 33-B Kyauk Pa Daung-Nyaung Oo Highway, Near Mt. Tu-Yin Taung, Bagan.
(246)

သတင်းတွေ၊ အသိပေးစာ notification တွေနဲ့ အမြဲရှုပ်ထွေးနေတဲ့ လောကထဲကနေ ခေတ္တရုန်းထွက်ပြီး မိမိကိုယ်တိုင်နဲ့ ပြန်လည်ချိတ်ဆက်...
31/08/2026

သတင်းတွေ၊ အသိပေးစာ notification တွေနဲ့ အမြဲရှုပ်ထွေးနေတဲ့ လောကထဲကနေ ခေတ္တရုန်းထွက်ပြီး မိမိကိုယ်တိုင်နဲ့ ပြန်လည်ချိတ်ဆက်ဖို့ Digital Detox ခရီးစဉ်လေး တစ်ခု ဖန်တီးလိုက်ပါ။

ညောင်ဦးမြို့အဝင် တုရင်တောင်ခြေမှာ ရှိတဲ့ Myanmar Han ဟိုတယ်ဟာ သဘာဝတရားရဲ့ အသံတွေကို နားထောင်ရင်း စိတ်ကို ငြိမ်သက်စေမယ့် အိုအေစစ်လေးတစ်ခုဖြစ်ပါတယ်။ အေးချမ်းတဲ့ အခန်းလေးထဲမှာ စာအုပ်တစ်အုပ် ဖတ်မလား၊ မနက်ခင်း လေကောင်းလေသန့် ရှူရှိုက်ရင်း ဘာမှတွေးမထားဘဲ အနားယူမလား... စိတ်ဖိစီးမှုမှန်သမျှ ဒီမှာတင် ပပျောက်သွားစေရပါမယ်။

အနှောင့်အယှက်ကင်းကင်းနဲ့ စစ်မှန်တဲ့ အနားယူခြင်းကို ခံစားချင်တယ်ဆိုရင်တော့ Myanmar Han က သင့်အတွက် အသင့်ရှိနေပါတယ်ရှင် ✨🛌

Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525

ပုံထဲမှာ မြင်တွေ့နေရတဲ့ ရှေးဟောင်းသုတေသန လက်ရာအပြည့်နဲ့ သမိုင်းဝင် ဘုရားတစ်ဆူဟာ ဘာဘုရားဖြစ်မလဲဆိုတာ ပုဂံ Fan စစ်စစ်တွေ ခ...
24/08/2026

ပုံထဲမှာ မြင်တွေ့နေရတဲ့ ရှေးဟောင်းသုတေသန လက်ရာအပြည့်နဲ့ သမိုင်းဝင် ဘုရားတစ်ဆူဟာ ဘာဘုရားဖြစ်မလဲဆိုတာ ပုဂံ Fan စစ်စစ်တွေ ခန့်မှန်းကြည့်ရအောင်။

A. အာနန္ဒာဘုရား
B. ရွှေစည်းခုံဘုရား
C. ဓမ္မရံကြီးဘုရား
D. သဗ္ဗညုဘုရား

အဖြေမှန်ကို သိကြတဲ့သူတွေက Comment မှာ ရေးပေးခဲ့ကြပါဦးနော်👇

ပုဂံရဲ့ သမိုင်းဝင် ဘုရားတွေကို လှည့်လည်ဖူးမြော်ရင်း အနားယူဖို့အတွက် Myanmar Han ဟိုတယ်ကလည်း နွေးထွေးစွာ စောင့်ကြိုလျက်ရှိပါတယ်♡

Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525

ပုဂံမြေ၏ သမိုင်းဝင် ရှေးဟောင်းစေတီပုထိုးများကို ဖူးမြော်စဉ် အမျိုးဘာသာ၊ သာသနာနှင့် ရှေးဟောင်းအနုပညာလက်ရာများကို လေးစားတန...
21/08/2026

ပုဂံမြေ၏ သမိုင်းဝင် ရှေးဟောင်းစေတီပုထိုးများကို ဖူးမြော်စဉ် အမျိုးဘာသာ၊ သာသနာနှင့် ရှေးဟောင်းအနုပညာလက်ရာများကို လေးစားတန်ဖိုးထားပြီး အစဉ်အလာ ယဉ်ကျေးမှုများကို လိုက်နာပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

1⃣ ဖိနပ်နှင့် ခြေအိတ်များ ချွတ်ထားခြင်း — ဘုရားရင်ပြင်နှင့် လိုဏ်ဂူတော်များအတွင်း ဝင်ရောက်စဉ် ဖိနပ်၊ ခြေအိတ်များကို စနစ်တကျ ချွတ်ထားပါ။

2⃣ ယဉ်ကျေးသပ်ရပ်စွာ ဝတ်ဆင်ခြင်း — ပခုံး၊ ဒူးဆစ်များ ဖုံးအုပ်သော သင့်တော်သည့် အဝတ်အစားများကို ဝတ်ဆင်၍ ဖူးမြော်ပါ။

3⃣ နံရံဆေးရေးပန်းချီများကို မထိတွေ့ခြင်း — ရှေးဟောင်းအနုပညာလက်ရာများ မပျက်စီးစေရန် လက်ဖြင့် ထိတွေ့ခြင်း၊ စာရေးသားခြင်းများကို ရှောင်ကြဉ်ပါ။

4⃣ ငြိမ်သက်စွာ ဖူးမြော်ခြင်း — အခြားဖူးမြော်သူများနှင့် တရားဘာဝနာပွားများသူများကို အနှောင့်အယှက် မဖြစ်စေရန် အသံကျယ်ကျယ် ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။

သာသနိကအဆောက်အအုံများကို လေးစားတန်ဖိုးထားရင်း ပုဂံခရီးစဉ်အတွင်း စိတ်အေးချမ်းသာစွာ အနားယူနိုင်ဖို့ တုရင်တောင်ခြေက Myanmar Han မှာ နွေးထွေးစွာ စောင့်ကြိုလျက်ရှိပါသည်။ 🤍

📞 Booking / စုံစမ်းရန်
09 - 778 777 783 | 09 - 458 422 086 | 09 - 260 599 525

ပုဂံမြေဆီ ခြေချလိုက်တာနဲ့ စိတ်ရောကိုယ်ပါ ငြိမ်းအေးသွားစေမယ့် အိုအေစစ်လေးတစ်ခု… 🏨✨ညောင်ဦးမြို့အဝင် Tour Gate လေးကို ကျော်...
20/08/2026

ပုဂံမြေဆီ ခြေချလိုက်တာနဲ့ စိတ်ရောကိုယ်ပါ ငြိမ်းအေးသွားစေမယ့် အိုအေစစ်လေးတစ်ခု… 🏨✨
ညောင်ဦးမြို့အဝင် Tour Gate လေးကို ကျော်လိုက်တာနဲ့ တုရင်တောင်ခြေက Myanmar Han မှာ နွေးထွေးစွာ ကြိုဆိုခံစားရမှာပါ။

🛎 Warm Welcome
Welcome Drink လေးနဲ့အတူ ဝန်ထမ်းများရဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုက ခရီးပန်းလာသမျှကို အမောပြေစေမှာပါ။

🌿 Peaceful Stay
သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့ အခန်းလေးတွေ၊ တုရင်တောင်တန်းရဲ့ သဘာဝအလှနဲ့ အာဟာရပြည့် Breakfast Buffet တို့က သင့်ရဲ့ ပုဂံခရီးစဉ်ကို ပိုမိုပြည့်စုံစေမှာပါ။

👋 Memorable Goodbye
ပြန်ခါနီးမှာလည်း ဂရုတစိုက် နှုတ်ဆက်မှုတွေနဲ့အတူ “ပုဂံပြန်လာရင် Myanmar Han ကိုပဲ ပြန်လာမယ်” ဆိုတဲ့ အမှတ်တရလေးကို ယူဆောင်သွားနိုင်မှာပါ။

ခရီးသွားခြင်းရဲ့ စစ်မှန်တဲ့အနှစ်သာရကို Myanmar Han မှာ ခံစားလိုက်ပါ။ ♡

📞 Booking / စုံစမ်းရန်
09 - 778 777 783 | 09 - 458 422 086 | 09 - 260 599 525

ပုဂံဆိုတာ... ရောက်ဖူးရုံနဲ့ မပြီးဘဲ စိတ်ကိုပါ အေးချမ်းမှုတွေနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ နေရာတစ်ခုပါ"ရှေးဟောင်း စေတီပ...
14/08/2026

ပုဂံဆိုတာ... ရောက်ဖူးရုံနဲ့ မပြီးဘဲ စိတ်ကိုပါ အေးချမ်းမှုတွေနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ နေရာတစ်ခုပါ"

ရှေးဟောင်း စေတီပုထိုးတွေကြား ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေအေးအေး၊ ဧရာဝတီမြစ်ပြင်ထက်က ရွှေရောင်လွှမ်းတဲ့ နေဝင်ချိန်နဲ့ အညာမြေရဲ့ ရိုးရှင်းတဲ့ အလှတရားတွေဟာ ပုဂံခရီးစဉ်တစ်ခုရဲ့ အစားထိုးလို့မရနိုင်တဲ့ တန်ဖိုးတွေပါပဲ။ ဒီလို ငြိမ်းချမ်းလှတဲ့ အခိုက်အတန့်တွေကို ကိုယ်တိုင်ရောက်ရှိ ခံစားဖူးမှ စိတ်ရဲ့ မောပန်းသမျှတွေ ပြေပျောက်သွားရတာပါ။ 🛕

ဒီလို တန်ဖိုးရှိလှတဲ့ ပုဂံခရီးစဉ်မှာ အနားယူခြင်းတွေပါ ပြည့်စုံသွားစေဖို့ တုရင်တောင်ခြေက Myanmar Han ဟိုတယ်လေးလည်း ရှိနေပါတယ်။ သန့်ရှင်းသပ်ရပ်ပြီး အေးချမ်းတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ပုဂံမြေမှာ အမှတ်တရကောင်းတွေကို ဖန်တီးလိုက်ရအောင်နော် ♡

Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525

Myanmar Han တွင် စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်ရန် အခန်းအမျိုးအစားအလိုက် ဈေးနှုန်းများကို ဖော်ပြပေးလိုက်ရပါတယ်။✨Sup...
11/08/2026

Myanmar Han တွင် စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်ရန် အခန်းအမျိုးအစားအလိုက် ဈေးနှုန်းများကို ဖော်ပြပေးလိုက်ရပါတယ်။

✨Superior — 70,000 MMK
✨Superior Triple — 75,000 MMK
✨Deluxe — 80,000 MMK
✨Deluxe Triple — 95,000 MMK
✨Family — 105,000 MMK

သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိလှတဲ့ အခန်းတွေအပြင် အာဟာရပြည့်ဝတဲ့ မနက်စာ Breakfast Buffet ကလည်း စောင့်ကြိုနေဦးမှာမို့ အခုပဲ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော် ♡

Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525

ပုဂံမြေကို ရောက်ပြီဆိုရင် 'ဒါလေးတော့ လုံးဝမသွားဘဲ ပြန်လို့မဖြစ်ဘူး' ဆိုတဲ့ မသွားမဖြစ် နေရာလေးက ဘယ်နေရာ ဖြစ်မလဲ❓သမိုင်းဝင...
31/07/2026

ပုဂံမြေကို ရောက်ပြီဆိုရင် 'ဒါလေးတော့ လုံးဝမသွားဘဲ ပြန်လို့မဖြစ်ဘူး' ဆိုတဲ့ မသွားမဖြစ် နေရာလေးက ဘယ်နေရာ ဖြစ်မလဲ❓

သမိုင်းဝင် တန်ခိုးကြီး ဘုရားစေတီတွေကို ဖူးမြော်ရတာလား၊ ဧရာဝတီမြစ်ထဲမှာ လှေစီးရင်း နေဝင်ချိန်ကို ကြည့်ရတာလား၊ ဒါမှမဟုတ် တုရင်တောင်ပေါ်ကနေ ပုဂံမြေရဲ့ မြင်ကွင်းကျယ်ကြီးကို ငေးမောရတာလား... တစ်ယောက်နဲ့တစ်ယောက် ပုဂံမှာ သဘောအကျဆုံး အခိုက်အတန့်နဲ့ အနှစ်သက်ဆုံး နေရာတွေကတော့ မတူနိုင်ကြပါဘူး။ 🛕✨

ပုဂံရောက်ရင် အကြိုက်ဆုံးနဲ့ အမြဲတမ်း သွားဖြစ်တဲ့ နေရာလေးတွေ ရှိရင် Comment မှာ တခြားခရီးသွား မိတ်ဆွေတွေပါ သိအောင် မျှဝေပေးခဲ့ပါဦးနော် 👇❤️

Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525

ဝါဆိုမိုးမိတ် အေးရိပ်မြုံတွင်... စိတ်ရွှင်လန်း၍ ကုသိုလ်တရားများ ပြည့်စုံကြပါစေ 🌧️🛕ရှေးဟောင်းစေတီပုထိုးများ တည်ရှိရာ ပုဂံ...
29/07/2026

ဝါဆိုမိုးမိတ် အေးရိပ်မြုံတွင်... စိတ်ရွှင်လန်း၍ ကုသိုလ်တရားများ ပြည့်စုံကြပါစေ 🌧️🛕

ရှေးဟောင်းစေတီပုထိုးများ တည်ရှိရာ ပုဂံမြေတွင် ဝါဆိုလပြည့် မိုးဦးကျကာလ၏ အေးမြဆန်းသစ်မှုနှင့်အတူ ဘုရားဖူးမြော် ကုသိုလ်ယူရခြင်းသည် လွန်စွာစိတ်ချမ်းမြေ့စရာ ကောင်းလှပါသည်။ ဓမ္မစကြာနေ့ နေ့ထူးနေ့မြတ်မှစ၍ ဧည့်သည်တော်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ။

ပုဂံမြေသို့ ဘုရားဖူး ခရီးလှည့်လည်ရင်း စိတ်အေးချမ်းသာစွာ အနားယူနိုင်ဖို့ တုရင်တောင်ခြေက Myanmar Han တွင် အမြဲနွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။ 🌿

Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525

ပုဂံကို အခေါက်ခေါက်အခါခါ ရောက်ဖူးတဲ့ ပုဂံချစ်သူများအတွက် အပျော်တမ်း Quiz လေးတစ်ခု... 🤔💭"သမိုင်းမှတ်တမ်းတွေအရ တစ်ချိန်က ပ...
24/07/2026

ပုဂံကို အခေါက်ခေါက်အခါခါ ရောက်ဖူးတဲ့ ပုဂံချစ်သူများအတွက် အပျော်တမ်း Quiz လေးတစ်ခု... 🤔💭"

သမိုင်းမှတ်တမ်းတွေအရ တစ်ချိန်က ပုဂံခေတ် အထွတ်အထိပ် ရောက်ခဲ့စဉ်က ပုဂံမြေမှာ ဘုရား၊ စေတီ၊ ပုထိုးနဲ့ အုတ်ကျောင်းပေါင်း ဘယ်လောက်အထိ ရှိခဲ့မယ်လို့ ထင်လဲ?

အတိအကျ သိတဲ့သူတွေရော၊ ခန့်မှန်းကြည့်ချင်တဲ့သူတွေပါ Comment မှာ အဖြေလေးတွေ ချန်ခဲ့ပေးပါဦးနော်။ စိမ်းလန်းစိုပြေတဲ့ မိုးပုဂံကို လာလည်ဖို့အတွက်လည်း Myanmar Han က အမြဲစောင့်ကြိုနေပါတယ် ♡

Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525

ခရီးသွားဖို့အတွက် ချစ်သူရှိမှ ဖြစ်မှာမဟုတ်ပါဘူး။ တစ်ခါတလေကျတော့လည်း ဘယ်သူ့မျက်နှာမှ ကြည့်စရာမလို၊ ဘယ်သူ့စိတ်ကြိုက်မှ လို...
17/07/2026

ခရီးသွားဖို့အတွက် ချစ်သူရှိမှ ဖြစ်မှာမဟုတ်ပါဘူး။ တစ်ခါတလေကျတော့လည်း ဘယ်သူ့မျက်နှာမှ ကြည့်စရာမလို၊ ဘယ်သူ့စိတ်ကြိုက်မှ လိုက်စရာမလိုဘဲ ပုဂံရဲ့ မိုးတွင်းအလှကို တစ်ကိုယ်တော် ခံစားရတာက ပိုပြီး လွတ်လပ်ပေါ့ပါးစေပါတယ်။ မိုးအေးအေးလေးမှာ ဘုရားရင်ပြင်ပေါ် လမ်းလျှောက်ရင်း စိတ်အပန်းဖြေဖို့ ပုဂံထက် ကောင်းတာ ဘာရှိဦးမလဲ။ ☁️🍃

'ငါ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး' ဆိုပြီး စိတ်မကောင်းမဖြစ်ပါနဲ့... တုရင်တောင်ခြေက Myanmar Han ကို လှမ်းလာခဲ့ပါ။ အခန်းထဲ ရောက်ကတည်းက သန့်ရှင်းသပ်ရပ်မှုအပြည့်နဲ့ နွေးထွေးစွာ ကြိုဆိုနေမယ့်အပြင် လူကြီးမင်းအတွက် အကောင်းဆုံးသော အနားယူခြင်းဖြစ်စေဖို့ အမြဲတမ်း အနီးကပ် ဂရုစိုက်ပေးနေမှာပါနော် ✨🛌

Booking တင်ရန် (သို့) စုံစမ်းရန်
09 - 778 777 783, 09 - 458 422 086, 09 260 599 525

Address

33-B Kyauk Pa Daung-Nyaung Oo Highway, Near Mt. Tu-Yin Taung
Bagan

Alerts

Be the first to know and let us send you an email when Myanmar Han posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category