Ngwe Sal Hotel,Bagan

Ngwe Sal Hotel,Bagan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngwe Sal Hotel,Bagan, Hotel & Lodging, (C-13)Khwar Nyo Street , Shwe Laung Ward, Bagan.
(235)

🩶Good Location🌟
🌳Close to Pagoda🙏
☀️Early Check-in🎀
🌈 Breakfast Included🍲
🌸Monthly Promotions🎁
🌻Rental Services 🚕🛵🛺✈️🚲
🎊Tickets Services🔮
💫Nice Services🥇
🌤️Nice Kitchen🍜
🧸Enjoy Clean Rooms🪁
☃️Stay,Save & Satisfy ☀️

မြန်မာဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့) မှာမြန်မာပြည်သူ၊ပြည်သားများ စိတ်၏ချမ...
29/07/2026

မြန်မာဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့
(ဓမ္မစင်္ကြာအခါတော်နေ့) မှာ
မြန်မာပြည်သူ၊ပြည်သားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ လို့ ငွေဆယ်မိသားစုမှ ဆုတောင်းပေးလိုက်ပါရစေ🙏🏻

ငွေဆယ်ဟိုတယ် (ပုဂံ)
ခွါညိုလမ်း၊ ရွှေလောင်းရပ်ကွက်၊ ပုဂံမြို့။
၀၉-၂၅၆၆၁၄၁၁၅
၀၉-၂၅၆၆၁၄၁၁၆

28/07/2026

၂ယောက်ခန်း ၃၅၀၀ဝိ
ဒီ(၇)လကုန်ထိပဲနော်🥰
၀၉-၂၅၆၆၁၄၁၁၅/၆

22/07/2026

မျှော်နေရတဲ့ မိုးလေး☔️🌧️🌈

22/06/2026

#ငွေဆယ်ဟိုတယ် ဟာ ချစ်စရာဘွတ်ငှက် မိသားစုလေးတို့ရဲ့လည်း ပျော်စရာဘုံလေး ဖြစ်နေပြန်တာပေါ့ဗျာ💟🐣🐧🐦🪹

သေချာလေး ဖတ်စေချင်
23/05/2026

သေချာလေး ဖတ်စေချင်

"အခုတလော ပြန်ပေးဆွဲနေတယ်ဆိုတဲ့ ဗျတ္တပန်းဆက်လမ်းက ပုဂံရှေးဟောင်းနယ်မြေထဲမှာလား?"

"ပုဂံကို ဒီအချိန် အလည်လာသင့်ပါသလား? "

ပုဂံနယ်ခံတစ်ဦးအနေနဲ့ ဒီစာကို ရေးသားပြီး မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ 🙏

အခုတစ်လော ပုဂံမှာ ပြန်ပေးဆွဲနေတယ်ဆိုပြီး သတင်းတွေအများကြီး ထွက်ပေါ်နေပါတယ်။ ဒီအကြောင်းအရာများကို တပ်အပ်မပြောနိုင်ကြပေမဲ့ ဒီသတင်းတွေကြောင့် ပုဂံကို ချစ်မြတ်နိုးသူတွေ စိုးရိမ်ပူပန်နေကြတာကို ကြားသိနေရပါတယ်ဗျ။

အခက်အခဲအမျိုးမျိုးကြောင့်ရော၊ ဒီသတင်းတွေကြောင့်ပါ ပုဂံကို လာရောက်လည်ပတ်ချင်သူတွေခမျာ မလာရဲကြဘဲ ချင့်ချိန်နေကြရတယ်ဆိုတဲ့ အသံမျိုးစုံကို ကြားနေရပါတယ်ဗျာ။

အွန်လိုင်းပေါ်က သတင်းတွေအရ ပြန်ပေးဆွဲတဲ့ပြဿနာတွေ ဘယ်မှာဖြစ်တာလဲဆိုတော့ "ဗျတ္တပန်းဆက်လမ်း" မှာ ဖြစ်တာလို့ ဆိုပါတယ်။
ဗျတ္တပန်းဆက်လမ်းဆိုတာ ပုဂံ-ကျောက်ပန်းတောင်း လမ်းမကြီးရဲ့ အလယ်တစ်ဖြတ်ကနေ ပုပ္ပါးဘက်ကို တက်တဲ့ ဖြတ်လမ်းတစ်ခုပါဗျ။ ပုဂံကနေဆိုရင် မိုင် ၂၀ ခန့်ဝေးပြီး မိနစ် ၄၀ ခန့် ကားမောင်းရပါတယ်။

ပုပ္ပါးနဲ့ ပုဂံဆိုတာ ခွဲခြားလို့မရဘူးဆိုပေမဲ့ ပုဂံလာလည်သူတိုင်းလည်း ပုပ္ပါးကို မသွားကြပါဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဝေးလို့ပါ။ ပုပ္ပါးကို သွားမယ်ဆိုရင် တိုက်ရိုက်ကားမောင်းရင်တောင် ၁ နာရီ ၂၀ မိနစ်ခန့် မောင်းရပြီး ပုဂံကနေတစ်ဆင့် သွားရောက်လည်ပတ်မယ်ဆိုရင် တစ်နေ့ကုန်နီးပါး ကြာတတ်ပါတယ်ဗျ။

ဒါကြောင့် ပုဂံဟာ ပုဂံသပ်သပ်ပါပဲ ခင်ဗျာ။

ဒါ့ကြောင့်-

"ပြန်ပေးဆွဲနေတယ်ဆိုတဲ့ ဗျတ္တပန်းဆက်လမ်းဟာ ပုဂံရှေးဟောင်းနယ်မြေထဲမှာ မဟုတ်ပါဘူး"

ပုပ္ပါးသွားမယ့်သူတွေဟာ ပုဂံကနေ သီးသန့်တစ်ဆင့် သွားကြသလို၊ ပုဂံမရောက်ခင် လမ်းခရီးမှာတင် တစ်ခါတည်း ဝင်ရောက်လည်ပတ်သူတွေလည်း ရှိကြပါတယ်။
အခုနောက်ပိုင်း လုံခြုံရေး စိတ်ချချင်သူတွေကတော့ ပုပ္ပါးသွားတဲ့အခါ - ပုပ္ပါး↔️ကျောက်ပန်းတောင်းမြို့↔️ ပုဂံကို လမ်းမကြီး (Main လမ်း) ကနေပဲ သွားလာကြပါတယ်။
ဒီလမ်းမကြီးက အနည်းငယ် မောင်းနှင်ချိန် ပိုကြာပေမဲ့ လမ်းတစ်လျှောက် ရှုခင်းတစ်မျိုးလှပပြီး လက်ရှိအခြေအနေအရဆိုရင် ပိုပြီး စိတ်ချရတာပေါ့လေ။

🔹 ပုဂံကို လာလည်သင့်သလား?

ပုဂံဟာ သုံးရာသီလုံး လှပတဲ့ ဒေသတစ်ခုပါဗျ။

လက်ရှိခေတ်ကာလ အခက်အခဲတွေကြားထဲက ဝမ်းစာအတွက် ရုန်းကန်တောင့်ခံနေရသူတွေထဲမှာ ပုဂံသူ ပုဂံသားတွေလည်း အပါအဝင် ဖြစ်ပါတယ်။

ဟိုးအရင် နိုင်ငံခြားသား ခရီးသွားတွေ အများအပြား ဝင်ရောက်လည်ပတ်စဉ်ကတည်းက ပုဂံဟာ "၆ လလုပ်၊ ၆ လနား" တဲ့ ဘဝမျိုးမို့ ပုဂံသူ ပုဂံသားအများစုဟာ ခရီးသွားလုပ်ငန်းကြောင့် ကြီးပွားချမ်းသာသွားတာမျိုး မရှိကြရှာပါဘူး။ ရရာလေးနဲ့ပဲ စားသောက်ရုန်းကန်ကြရတာပါဗျ။

ရှေးဟောင်းစေတီပုထိုးတွေနဲ့အတူ ခရီးသွားလုပ်ငန်းကိုပဲ မှီခိုစားသောက်ရတာမို့ အခုခေတ်လို အခက်အခဲတွေ များပြားလာတဲ့အခါ မြန်မာပြည်တွင်းက ဘုရားဖူးခရီးသွားတွေကိုပဲ ပြန်လည်မှီခိုနေရပါတယ်။ ဒါတောင်မှ ဝမ်းဝဖို့ မလွယ်ကူလှဘူးဆိုတာ ယုံကြည်ပေးစေချင်ပါတယ်ဗျာ။

ဒီဒေသက တောင်ယာ လယ်ယာ လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေတဲ့နေရာလည်းမဟုတ်၊ တောထဲတိုးပြီး ဟင်းရွက်ခူးစရာ တောတောင်လည်း မရှိတာမို့ ခရီးသွားလုပ်ငန်းကလွဲရင် အခြားမှီခိုစရာ အလုပ်အကိုင် မရှိပါဘူး။

စီးပွားရေး အဆင်မပြေကြတာကြောင့် မိသားစုကို ထောက်ပံ့ဖို့အတွက် မိမိမြေမှာ မနေနိုင်ကြတော့ဘဲ မွေးရပ်မြေကို စွန့်ခွာကာ နယ်ဝေးတွေမှာ အလုပ်သွားလုပ်ကြရလို့ အခုဆိုရင် လူငယ်တွေလည်း ပုဂံမှာ တော်တော်လေး နည်းပါးသွားပါပြီ။

အခုလို သတင်းတွေကြောင့် လက်ရှိမှာ ပုဂံမြို့လေးရဲ့ လမ်းမတွေနဲ့ ဘုရားစေတီတွေဟာ ခြောက်ကပ်နေပြီး၊ ဘုရားဖူးတွေကိုပဲ မှီခိုနေရတဲ့ ပုဂံသူ ပုဂံသားတွေခမျာ စားဝတ်နေရေး အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပါတယ်ခင်ဗျာ။

ဒါကြောင့်မို့လို့...

🔹 ပုဂံကို ဘုရားဖူး လာစေချင်သလားဆိုရင်?

ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့ ပုဂံသားတစ်ယောက်အနေနဲ့ လာလည်စေချင်ပါတယ်ခင်ဗျာ။

ဒီလိုအချိန်မှာ အပျော်အပါးတွေမလုပ်သင့်ဘူးလို့ ပြောကြတာကို နားလည်ပေမဲ့၊ လူအချို့ကတော့ ဘဝရဲ့ ရုန်းကန်ပင်ပန်းမှုတွေကြောင့် မွန်းကြပ်နေတဲ့ စိတ်အစဉ်ကို ထွက်ပေါက်ပေးဖို့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ခရီးနီး/ဝေး သွားလာရင်းနဲ့ တစ်ဖက်လူကို မထိခိုက်စေဘဲ စည်းစနစ်တကျ သွားလာနေကြတာကို တွေ့ရပါတယ်ခင်ဗျာ။

ဒါကြောင့်လည်း ခရီးသွားကြမယ့်အတူတူတော့ ပုဂံမြို့လေးကို လာလည်စေချင်ပါတယ်လို့ ပြောမိတာပါဗျ။

အွန်လိုင်းပေါ်မှာ ပုဂံက အစ်ကိုတစ်ယောက် ရေးသားထားသလိုပါပဲ၊ "ပုဂံရှေးဟောင်းမြို့လေးဟာ မကြီးပါဘူး၊ ဇီးရွက်သာသာလေးပါ" တဲ့...

မှန်ပါတယ်...

အလျား ၄ မိုင်၊ အနံ ၄ မိုင်သာသာပဲ ရှိတဲ့ ဒီရှေးဟောင်းမြို့လေးဟာ ကားဂိတ်၊ လေဆိပ်၊ ဘူတာရုံတွေနဲ့ဆိုရင်တောင် ပုဂံမြို့ထဲနဲ့ အနည်းဆုံး ၅ မိုင်လောက်ဝေးတဲ့နေရာတွေမှာ ရှိကြတာပါ။

ကြားသိနေရတဲ့ ပြဿနာတွေဟာ ထိုအထက်ပါနေရာတွေရဲ့ အဝေးမြို့ပြင် (မြို့နဲ့ အလှမ်းဝေးတဲ့နေရာတွေ) မှာ ဖြစ်ပွားနေတာဖြစ်ပြီး ပုဂံမြို့လေးရဲ့ အတွင်းထဲမှာ မဟုတ်ပါဘူး ခင်ဗျာ။ ဟိုအစ်ကိုပြောသလို မြို့အပြင်လို့ ဆိုရပေမဲ့ ပုဂံနဲ့ မိုင် ၂၀ ကျော်လောက် ဝေးကွာတဲ့ နေရာတွေမှာ ဖြစ်ပွားတာပါဗျ။

နေဝင်တာနဲ့ မြို့ပြတွေလို ညဘက် လည်ပတ်စရာ (City Night Life) မရှိတဲ့ ဒီရှေးဟောင်းမြို့လေးမှာ ညဘက်ဆိုရင် ဘုရားတွေကြားထဲ အပြင်မထွက်တတ်ကြသလို၊ တည်းခိုတဲ့ ဟိုတယ်နဲ့ နီးစပ်ရာမှာပဲ ညစာစားပြီး အနားယူကြတာမို့ ညဘက်အန္တရာယ်တွေကို တကူးတက သတိပေးရတာမျိုး မရှိပါဘူးဗျ။
(အရက်သေစာသောက်စားပြီး အိမ်ပြန်နောက်ကျတတ်သူတွေအတွက်ကတော့ ပုဂံမှ မဟုတ်ပါဘူး၊ ဘယ်နေရာမှာမဆို လုံခြုံရေး စိတ်မချရပါဘူးလေ)

အန္တရာယ်ရှိတယ်လို့ သတင်းထွက်နေတဲ့ မြို့ပြင်က အချို့နေရာတွေကို မသွားဘူးဆိုရင်တော့ ရှေးဟောင်းယဉ်ကျေးမှုနဲ့ စေတီပုထိုးတွေရဲ့ အလှအပကို မြတ်နိုးတန်ဖိုးထားသူတွေအတွက် ပုဂံမြို့လေးဟာ စိတ်အေးချမ်းသာစွာ လာရောက်လည်ပတ်လို့ ရနေပါသေးတယ် ခင်ဗျာ။

ခုလိုခေတ်ကြီးထဲမှာတော့ ပုဂံမြို့အပြင်တင် မဟုတ်ပါဘူး၊ ဘယ်နေရာကိုပဲ သွားသွား သွားသတိ၊ လာသတိနဲ့ သွားလာလှုပ်ရှားကြရတာမို့ အားလုံးလည်း ကျင့်သားရနေလောက်ကြပါပြီလေ။

🔹နိဂုံးအနေနဲ့...

ခရီးသွားမယ့်သူတွေကတော့ သွားလာနေကြဦးမှာပါပဲ။ သွားမယ့်သွား ပုဂံမြို့လေးကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

အကြံပြုချင်တာကတော့— ပုပ္ပါးသွားတဲ့ ဖြတ်လမ်းဖြစ်တဲ့ "ဗျတ္တပန်းဆက်လမ်း" ကို ရှောင်မယ်၊ ပုဂံမြို့တွင်းမှာပဲ လည်ပတ်မယ်၊ ပုဂံမြို့စွန်တွေဖြစ်တဲ့ ချောက်မြို့အထွက်လမ်း စေတနာကြီးဘုရား တောင်ဘက်ပိုင်းနဲ့ ညောင်ဦးမြို့အထွက် ကျောက်ကူးဥမင်ဘက်တွေကို ရှောင်မယ်၊ ညဘက် အိမ်ပြန်နောက်ကျတာမျိုးတွေကို သတိထားမယ်ဆိုရင် အန္တရာယ်မရှိပါဘူး ခင်ဗျာ။

ပုပ္ပါးကို သွားချင်တဲ့သူတွေလည်း ပုဂံ-ကျောက်ပန်းတောင်း-ဆယ်ပေါက်-ပုပ္ပါး လမ်းမကြီးအတိုင်း ပုပ္ပါးရဲ့ စိမ်းစိုတဲ့ သဘာဝအလှအပတွေကို ကြည့်ရှုရင်း စိတ်အေးချမ်းသာစွာ သွားလာနိုင်ပါတယ်ခင်ဗျ။

ပုဂံရဲ့ ရှေးဟောင်းအမွေအနှစ်များနဲ့အတူ ပုဂံသူ ပုဂံသားတွေကလည်း ပုဂံရဲ့အရောင်စုံသော မိုးရာသီအလှများနှင့် နွေးထွေးပျူငှာစွာနဲ့ ကြိုဆိုနေကြရင်း မြန်မာပြည်သူ ပြည်သားများ ဘေးအန္တရာယ်ကင်းလို့ ကျန်းမာ ချမ်းသာကြပါစေခင်ဗျာ....

#သုတပူရ #ပုဂံ #မိုးရာသီပုဂံ

  Sal Hotel   Myanmar ☎️ 0️⃣9️⃣ 2️⃣5️⃣6️⃣6️⃣1️⃣4️⃣1️⃣1️⃣5️⃣☎️ 0️⃣9️⃣ 2️⃣5️⃣6️⃣6️⃣1️⃣4️⃣1️⃣1️⃣6️⃣
30/04/2026

Sal Hotel
Myanmar
☎️ 0️⃣9️⃣ 2️⃣5️⃣6️⃣6️⃣1️⃣4️⃣1️⃣1️⃣5️⃣
☎️ 0️⃣9️⃣ 2️⃣5️⃣6️⃣6️⃣1️⃣4️⃣1️⃣1️⃣6️⃣

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့ မှစ၍ ၇ ရက်သား/ သမီး မိဘပြည်သူအပေါင်း ...
17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊
မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့ မှစ၍ ၇ ရက်သား/ သမီး
မိဘပြည်သူအပေါင်း များ
ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာလန်းဖြာကြပါစေကြောင်း
ငွေဆယ်ဟိုတယ် မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ🙏🏻🥰

#ငွေဆယ်ဟိုတယ်

#ပုဂံ

Address

(C-13)Khwar Nyo Street , Shwe Laung Ward
Bagan

Telephone

+959256614115

Website

Alerts

Be the first to know and let us send you an email when Ngwe Sal Hotel,Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share