Raza Gyo Hotel

Raza Gyo Hotel Your Satisfaction is our reward.
(261)

11 ရက်မြောက်နေ့ဒီနေ့လည်း ကျန်းမာရေးအဖွဲ့အပူချိန်လာစစ်ပေးသွားပြီ အားလုံး OK ပါပဲရှင်ညွှန်ကြားတဲ့အတိုင်းနေပေးကြတဲ့ချစ်ရသောလ...
29/03/2020

11 ရက်မြောက်နေ့
ဒီနေ့လည်း ကျန်းမာရေးအဖွဲ့အပူချိန်လာစစ်ပေးသွားပြီ အားလုံး OK ပါပဲရှင်
ညွှန်ကြားတဲ့အတိုင်းနေပေးကြတဲ့ချစ်ရသောလုပ်ဖော်ကိုင်ဘက်လေးများဘေးဘယာ ဝေးကြပါစေ
နေ့တိုင်းပဲ ဒီ result မျိုးကြားရပါစေ
ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးအန္တရာယ် ကင်းကြပါစေ

အားလုံး အပူချိန်တိုင်းပြီးသွားပြီ... အားလုံး 36 ဝန်းကျင်ပါပဲရှင့်အချိန်နဲ့ တပြေးညီ ညွှန်ကြားဆောင်ရွက်ပေးပါသောဌာနဆိုင်ရာအြ...
28/03/2020

အားလုံး အပူချိန်တိုင်းပြီးသွားပြီ...
အားလုံး 36 ဝန်းကျင်ပါပဲရှင့်
အချိန်နဲ့ တပြေးညီ ညွှန်ကြားဆောင်ရွက်ပေးပါသောဌာနဆိုင်ရာအကြီးအကဲများ ၊ ဝန်ထမ်းများအားလုံးလေးစားဦးခိုက်လျှက်

ရာဇဂြိုဟ်ဟိုတယ်မှာအားလုံး safe ဖြစ်အောင်လုပ်ထားပါတယ် ချစ်ရတဲ့ရပ်ဝေး ရပ်နီးမှ မိတ်ဆွေ သူငယ်ချင်းများအားလုံး စိတ်မပူကြပါနဲ...
28/03/2020

ရာဇဂြိုဟ်ဟိုတယ်မှာအားလုံး safe ဖြစ်အောင်လုပ်ထားပါတယ်
ချစ်ရတဲ့ရပ်ဝေး ရပ်နီးမှ မိတ်ဆွေ သူငယ်ချင်းများအားလုံး စိတ်မပူကြပါနဲ့လို့
တိုင်းပြည်နဲ့ လူသားအားလုံးအတွက်
Now we are stay home and hotel lock down at the moment

ဒါရိုက်တာဦးညိုမင်းလွင်နဲ့ မြမြအဖွဲ့တော်သားများလာရောက်တည်းခိုသည့်အတွက်ရာဇဂြိုဟ်ဟိုတယ်မိသားစုကဂုဏ်ယူဝမ်းမြောက်စွာမှတ်တမ်း...
10/02/2020

ဒါရိုက်တာဦးညိုမင်းလွင်နဲ့ မြမြအဖွဲ့တော်သားများလာရောက်တည်းခိုသည့်အတွက်ရာဇဂြိုဟ်ဟိုတယ်မိသားစုကဂုဏ်ယူဝမ်းမြောက်စွာမှတ်တမ်းတင်ပါသည်။
မြမြဇာတ်ကားကြီးလည်းဝက်ဝက်ကွဲအောင်မြင်ပါစေကြောင်းရာဇဂြိုဟ်ဟိုတယ်မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါသည်🙏🏾🙏🏾🙏🏾

09/09/2019
ပုဂံမှာဘုရားဖူးသွားရင် အဝင်အထွက်လွယ်ကူပြီးသင့်တင့်တဲ့ဈေးနှုံး ⭐️သန့်ရှင်းကျယ်ဝန်းပြီး သက်သောင့်သက်သာဖြစ်တဲ့အိပ်ခန်း  🏩 ဟ...
16/06/2019

ပုဂံမှာဘုရားဖူးသွားရင် အဝင်အထွက်လွယ်ကူပြီးသင့်တင့်တဲ့ဈေးနှုံး ⭐️သန့်ရှင်းကျယ်ဝန်းပြီး သက်သောင့်သက်သာဖြစ်တဲ့အိပ်ခန်း 🏩 ဟိုတယ်တည်းပြီဆိုမှ Amenities ဆိုလည်းပြည့်စုံအုံးမှ 🏊🏻‍♀️ တစ်နေကုန်ဘုရားဖူးပြီးပင်ပန်းနွမ်းနေသမျှ ရေကူးရင်းလည်းအပန်းပြေချင် 👩‍👩‍👧‍👦 ကိုယ့်မိသားစုအိမ်လေးလိုလည်း လုံခြုံနွေးထွေးခြင်း စသည် ......စသည်....ခံစားချက်များကိုရှာဖွေနေတယ်ဆိုရင် တော့ ပုဂံမြို့သစ်ကရာဇဂြိုဟ်ဟိုတယ်မှနွေးထွေးစွာကြိုဆိုနေပါတယ်ရှင့် 🙏🏾🙏🏾🙏🏾

☀️Start your day with perfect breakfast 🥗🍜🍛🍩🍪☕️☀️နေ့သစ်တခုအစမှာ အရသာရှိလှပြီး ပြီးပြည့်စုံလင်လှတဲ့ Breakfast 😋 လေးကို စာ...
27/05/2019

☀️Start your day with perfect breakfast 🥗🍜🍛🍩🍪☕️
☀️နေ့သစ်တခုအစမှာ အရသာရှိလှပြီး ပြီးပြည့်စုံလင်လှတဲ့ Breakfast 😋 လေးကို စားသုံးပြီး အားအင်အပြည့်ဖြင့် လေ့လာစရာများ များပြားလှတဲ့ ရှေးဟောင်း ပုဂံမြို့တော်ကြီးကိုလျှောက်လည် စို့ 😊


ကဆုန်​လပြည့်​ ဗုဒ္ဓ​နေ့🌼🌼🌼🌼🌼🌼🌼🌸 မင်္ဂလာပါ သူတော်ကောင်းတို့..🌸 ယနေ့ ကဆုန်​ လပြည့်​​ နေ့ဟာ 🌸ဗုဒ္ဓဘာသာဝင်တို့ 🌸အလေးအမြတ်ထားရာ ဥ...
17/05/2019

ကဆုန်​လပြည့်​ ဗုဒ္ဓ​နေ့
🌼🌼🌼🌼🌼🌼🌼

🌸 မင်္ဂလာပါ သူတော်ကောင်းတို့..
🌸 ယနေ့ ကဆုန်​ လပြည့်​​ နေ့ဟာ
🌸ဗုဒ္ဓဘာသာဝင်တို့
🌸အလေးအမြတ်ထားရာ ဥပုသ်နေ့
🌸နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။

💐🌸🌷🍀🌹🌻🌺🌼🌺🌻🌹🍀🌷🌸💐

`` ကဆုန်​လပြည့်​ ဗုဒ္ဓ​နေ့. ´´
🌻🌻🌻🌻🌻🌻🌻🌻🌻🌻

`` ဆု . ဖွား . ပွင့်​ .စံ ဤ​လေးတန်
မှတ်​ရန်​ ကဆုန်​လပြည့်​​နေ့ ´´

ကဆုန်​လပြည့်​​နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့
နေ့ထူး​နေ့မြတ်​ကြီးတစ်​​နေ့ ဖြစ်​ပါတယ်​ ။
ဘာ​ကြောင့်​လဲဆို​တော့

(၁) " ဆု "
------

ဘုရားအ​လောင်း​တော်​ သု​မေဓာရ​သေ့ဟာ
ဒီဘဒ္ဒကမ္ဘာမှ ​လေးဆူ​မြှောက်​ ​ဂေါတမဘုရား စစ်​စစ်
ဖြစ်​လိမ့်​မယ်​လို့ ဒီပင်္ကရာမြတ်​စွာဘုရားထံ
ဘုရားဆုပန်​ပြီး ဗျာဒိတ်​ခံယူတဲ့​နေ့ဟာ
ကဆုန်​လပြည့်​​နေ့ ဖြစ်​ပါတယ်​ ။

(၂) " ဖွား "
------

ဂေါတမဘုရား အ​လောင်း​တော်​ သိဒ္ဓတ္ထမင်းသား​လေး
မွေးဖွားလာခဲ့တဲ့​နေ့ဟာလည်း မဟာသက္ကရာဇ်​( ၆၈)ခု
ကဆုန်​လပြည့်​​နေ့ ဖြစ်ပါတယ်။

(၃) " ပွင့်​ "
-------

ဂေါတမဘုရားအ​လောင်း ​ဗောဓိပင်​​အောက်​မှာ ဘုရား
ဖြစ်​တဲ့​နေ့လည်း မဟာသက္ကရာဇ်​ (၁၀၃) ခု ၊
ကဆုန်​လပြည့်​​နေ့ပဲ ဖြစ်​ပါတယ်​ ။

(၄) " စံ "
------

ဂေါတမဘုရား ပရိနိဗ္ဗာန်​စံတဲ့​နေ့လည်း
မဟာသက္ကရာဇ်​ (၁၄၈)ခု ၊ကဆုန်​လပြည့်​​နေ့သာ
ဖြစ်​ပါတယ်​ ။

ဒါ​ကြောင့်​ ​နေ့ထူး​နေ့မြတ်ဖြစ်​​သော
ကဆုန်​လပြည့်​​နေ့​မှာ ဗုဒ္ဓဘာသာဝင်​​များအ​နေဖြင့်
ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်​တရားများကို
ပွားများလာ​အောင် ​အားထုတ်​နိုင်​ကြပါ​စေ။
.............
ကဆုန်လ

ကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ ဖြစ်သည်။ ကဆုန်လတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလ ဖြစ်သည်။

ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ကဆုန်လ၏ အထိမ်းအမှတ် ပန်းမှာ စကားပန်း (Talauma Spongocarpa) ဖြစ်သည်။
ကျင်းပသောပွဲတော်

ကဆုန်လတွင် ထင်ရှားသော ပွဲတော်မှာ ညောင်ရေသွင်းပွဲ ဖြစ်သည်။
မှတ်သားဖွယ်ကြီး ၁၆-ချက်

ကဆုန်လနှင့်စပ်၍မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းတွေ့ရ၏။

အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။
အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။
တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)
သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။
ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။
ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။
စံကားပန်းပွင့်သော လ။
ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။
တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။
နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။
ရက်စုံသတ်သော လ။
နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့ ထားသော လ။
စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။
နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။
ပြိဿရာသီ မည်သော လ။
ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သော လ။
💐🌸🌷🍀🌹🌻🌺🌻🌹🍀🌷🌸💐

ဤ ကဆုန်​လပြည့်​ ဗုဒ္ဓ​နေ့
နေ့ထူးရက်မြတ်အတွက် သူတော်ကောင်းတရားများ ကျင့်ကြံအားထုတ်ခြင်း၊ ဒါန သီလ ဘာဝနာတရားများအတွက်
် ကြိုးစားအားထုတ်ခြင်း များပြုလုပ် နိုင်ပါရန်
နိဗ္ဗာန် အကျိုးမျှော်၍
အသိပေးနိုးဆော်အပ်ပါသည်
ဓမ္မမိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့ခင်ဗျာ………………

ဥပုသ် သီလအကျိုး
💐🌸🌷🌹🌻🌺🌼🌺🌻🌹🌷🌸💐
ဥစ္စာ ရလွယ်
ဂုဏ် ကောင်း ကြွယ် ၍
မငယ် မျက် နှာ
မ တွေကာ သေ
ရောက် လေနတ် ရွာ
ဤ ငါး ဖြာ မှန်စွာ သီလ အ ကျိုးတည်း တဲ့……
ဥပုသ် သီတင်း သီလ များ ကျင့် သုံးနိုင်
ကြပါ စေ ……
🍀🍁🍃🍂🌿🌾🌱🌳🌲🌴🌾🌿🍂🍃🍁
*************************
ရှေးကကောင်းလို့ ခုကောင်းပါတယ်,
အခုကောင်းမှ နောင်ကောင်းပါလိမ့်မယ်၊

ရှေးကဆိုးလို့. ခုဆိုးပါတယ်,
အခုဆိုး နောင်ဆိုးပါလိမ့်မယ်၊

`` နောင်ကိုကောင်းဖို့..
ခုကောင်းလိုက်ကြပါစို့ကွယ်..´´
★ အရှင်ဇနကာဘိဝံသ ★
💐🌸🌷🌹🌻🌺🌼🌺🌻🌹🌷🌸💐

ပြန်လည်​မျှ​ဝေပါသည်
#သုတရသနှင့်သတင်းစုံလင်

Address

Myat Lay Street
Bagan
061

Alerts

Be the first to know and let us send you an email when Raza Gyo Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category