Sayar Thadoe Oo

Sayar Thadoe Oo ဂမ္ဘီရ ​လောကီပညာ

ရှေးမိဖုရားများပင် ရှင်ဘုရင်ကိုမိမိအလိုသို့ပါလာအောင် အသုံးပြုလေ့ရှိသော        " လင်ချစ်မန္တာန် "ဥုံ ဣရန္ဓသီနာမံ မိဓါကိလက...
15/06/2025

ရှေးမိဖုရားများပင် ရှင်ဘုရင်ကိုမိမိအလိုသို့ပါလာအောင် အသုံးပြုလေ့ရှိသော

" လင်ချစ်မန္တာန် "

ဥုံ ဣရန္ဓသီနာမံ မိဓါကိလကိလာဟိ
မယာနုဘာဝေန သဗ္ဗေဒေဝါ
သဗ္ဗရောဇာ သဗ္ဗနောဂါ
ပီယာဟောန္တု ပီယာဟောန္တု
ပီယဝဂနေ မမသန်တိကေ
ဧဟိ ဧဟိ မမ ဗျာပါရေ
ပါနေတု ပါနေတု
ပါလရတု ပါလရတု
ဣဒံဝတွာ ပုရိသံ
သန်တဟေိ ဧဟိ ဧဟိ။

မိမိချစ်သူ၊ ​ယောကျ်ား စားမည့်အစာကိုနေ့စဥ်တစ်ခေါက်မန်းပေးပါ
မိမိကိုယ်တိုင်လဲစားပါ (45)ရက်အတွင်း
သိသိသာသာထူးခြားလာပါလိမ့်မည်။

အကျိုးသွားကတော့
- မိမိအပေါ်တုံနေအောင်ချစ်ပြီး
- ဖောက်ပြန်တာမရှိ
- အနိုင်ယူတာမရှိ
- အော်ငေါက်တာမရှိ
- ငွေထိန်ချန်တာမရှိ
- အိမ်ထောင်ရေးသာယာပြီး
ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ရစေပါတယ်ဗျ

🙏EverSmile 🙏

ဆရာသတိုးဦး(​လောကီပညာ)

အိမ်ထောင်ရေးအချစ်​ရေးအဆင်ပြေချင်တယ်ဆို ဒီလိုလေးလုပ်ကြည့်..🍀သိပ်​ထွေ​ထွေထူးထူးရယ်မဟုတ်ပါဘူး ဂါထာ​လေး​တွေပါပဲ..ဒီဂါထာ​တွေန...
13/06/2025

အိမ်ထောင်ရေးအချစ်​ရေးအဆင်ပြေချင်တယ်ဆို ဒီလိုလေးလုပ်ကြည့်..

🍀သိပ်​ထွေ​ထွေထူးထူးရယ်မဟုတ်ပါဘူး ဂါထာ​လေး​တွေပါပဲ..
ဒီဂါထာ​တွေနဲ့ပတ်သတ်လို့ကျ​နော့ကိုယ်တွေ့​လေးတွေထဲကတချို့​ပြောရရင်​ပေါ့...

ကျွန်တော် ဆရာပေါက်စတုန်းက
ပညာအသစ်​လေးများရရင်အရင်ဆုံးလက်တည့်စမ်းချင်စိတ်​လေးရှိတယ်။ တ​နေ့ဒီဂါထာလေးကို တွေ့တော့ လက်တည့်စမ်းကြည့်ချင်စိတ်က​ပေါ်လာ​တော့ တားမရ​တော့ဘူးပေါ့ဗျာ ...
သစ်ရွက်လှုပ်ရင်​တောင်ရင်ခုန်တတ်တဲ့ဆယ်ကျော်သက်လူငယ်တ​ယောက်အဖို့ အချစ်ရေးဆို​တော့ ပိုလို​တောင်​ပေါ့​လေ..

ဆိုတော့ကား...
တတ်သည့်ပညာ မနေသာ ဆိုသလို ဂါထာလေး​တွေကို ကျ​နော်တတ်တဲ့ တခြားပီယနည်းလမ်းလေးနဲ့ ပေါင်းစပ်ပြီး သုံးလိုက်တာ ဘာပြောကောင်းမလဲ ၁လ မကြာဘူး အဆင်ကို ပြေလို့...

🍀ကျ​နော်တွဲသုံးခဲ့တဲ့နည်းလေးက​တော့

အပေါင်းကိစ္စများအတွက် အမြဲလိုလို မြတ်စွာဘုရားကိုကောက်ညှင်း(ခြင်း)ပေါင်း
ငှက်ပျောပေါင်း
အုန်းပြန်​ပေါင်း တစ်ခုခုကို ဆွမ်းအဖြစ်ကပ်လှူတယ်။ကပ်လှူပြီးရင် မိမိ လိုချင်တဲ့ ဆုကို တောင်းတယ်။
ဥပမာ ဘုရားတပည့်တော် ( ) နေ့သား ( ) နှင့် ဘုရားတပည့်တော် ချစ်ရသော ( ) သမီး ( ) တို့အချစ်ရေး မေတ္တာရေး အဆင်ပြေရပါလို၏)စသဖြင့်ဆုတောင်းတယ်

ပြီးရင် ဘုရား​ကျောင်း​ဆောင်ရှေ့ အခု ဂါထာ​တွေကို ရွတ်တယ်ပေါ့
မိမိမွေးနေ့ နံနက် ၇ခွဲလောက်ကနေ စရွတ်တယ် ၉ရက် အဓိဋ္ဌာန်လေးနဲ့ ရွတ်လိုက်တယ်
ဘာပြောကောင်းမလဲဗျာ မာနကြီးပါတဲ့ ဆိုတဲ့ မိန်းကလေးတောင် ပြောရရင် ကပ်ပါတယ် အဆင်ပြေပါတယ်....

ကဲဂါထာ​လေး​တွေက​တော့

🍀 မေတ္တာ မဥ္ဇူသကော လောကေ
သုဖုလ္လော ဟောတုသဗ္ဗဒါ
​မေတ္တာ ပုပ္ဖ သုဂန္ဓ​နေ
သုခန္တု ဝါသိကာ ပဇာ

🍀 မေတ္တဥ္စ သဗ္ဗလောကသ္မိံ ပိယာဝါယေ ပိယေ မ မ ကပ်

🍀 ​မေတ္တဥ္စ သဗ္ဗလောကသ္မိံ နယပေရံ
ယု​တ္တေ မ မ သန္တ​ကေ ဧဟိ ဧဟိ ကပ်

🍀 ​မေတ္တဥ္စ သဗ္ဗ လောကသ္မိံ ဣမံကာယ ဗန်ဓနံ ပီယံ မ မ ကပ်

🍀 ဥုံ သူရဿတီ ဒေဝါနံ ရုက္ခဒေဝါနံ အာကာသဒေဝါနံ သမဏေ ဗြဟ္မာနံ အမ္မစ္စ ရာဇာနံ သဗ္ဗဣတ္ထိနံ သဗ္ဗပုရိသာနံ သြောင်း ဧဟိ ဧဟိ ချဥ်းကပ်

အခုဂါထာတော် ၅ပုဒ်ကို မိမိကိုးကွယ်တဲ့ အိမ်ဘုရား​ကျောင်း​ဆောင်ရှေ့တော်မှာ ဣရိယာပုတ် တစ်ပါးတည်း(အထိုင်တစ်မျိုးတည်း ပြင်၍ မထိုင်ရ) ဖြင့် ရွတ်ဖတ် ပူဇော်ရပါမည်။ တစ်ပိုဒ်လျှင် ၅၄ ခေါက် ရွတ်ပေးရပါမယ်။

အကျိုးအာနိသင်ကား
* မိသားစုစည်းလုံး ညီညွတ်ချစ်ခင်စေတယ်
* အိမ်ထောင်ရေး အဆင်ပြေတယ်
* ချစ်သူရည်းစားများ အထူးမေတ္တာသက်ဝင်စေတယ်​ပေါ့ဗျာ

ကဲစာရှည်ပီမလို့ ဒီ​လောက်ပါပဲ
ချစ်​သောသူတိုင်းညားကြပါ​စေ....
ဆရာသတိုးဦး(​လောကီပညာ)

လက်နက်ဘေးနှင့်အန္တရာယ်အပေါင်းကင်းဝေးစေသော ( ၁၀၈ ) ကွက်စက်လက္ခဏာတော်ဂါထာလက်ဖွဲ့🍀''မုနိန္ဒဿ ပါဒဒန္တံ ဒတုဝဇ္ဇယံမမ ခရံသိဝရကန...
09/06/2025

လက်နက်ဘေးနှင့်အန္တရာယ်အပေါင်းကင်းဝေးစေသော ( ၁၀၈ ) ကွက်
စက်လက္ခဏာတော်ဂါထာလက်ဖွဲ့

🍀''မုနိန္ဒဿ ပါဒဒန္တံ ဒတုဝဇ္ဇယံမမ ခရံသိဝရကန္တာ ယဿပါပဇယဒ္ဓဇော''

🍀 ​ယခုဂါထာကို ရွှေ ငွေ ကြေးပြားတွင် လက်ဖွဲ့ထိုးဆောင်ပါ။
ပြီးလျှင်ထိုဂါထာနှင့် ( ၁၀၈ ) ခေါက်မန်းဆောင်ပါ။သေနတ် အမြှောက် အပါး ( ၃၀ )ပြီး၏ဟုကျမ်းအဆိုပါရှိပါသည်။
​ခေတ်ကာလနှင့်အထူးသင့်​လျော်ပါသည်

အိမ်ပူအိမ်ဆူတာ​တွေ​ပျောက်ပြီးHome Sweet Home ဖြစ်ချင်သူများအဖို့ ​လောကီနည်း၂သွယ်စာရှု့သာတို့နေထိုင်တဲ့အိမ်မှာမိသားစုဝင်ခ...
08/06/2025

အိမ်ပူအိမ်ဆူတာ​တွေ​ပျောက်ပြီး
Home Sweet Home ဖြစ်ချင်သူများအဖို့ ​လောကီနည်း၂သွယ်

စာရှု့သာတို့နေထိုင်တဲ့အိမ်မှာ
မိသားစုဝင်ချင်းမသင့်မြတ်လို့အိမ်ပူ
အိမ်ဆူနေရင် အဲ့ဒီအိမ်ဟာ
ကျက်သရေယုတ်စေပြီး
လာဘ်လာဘပါ ပိတ်စေပါတယ်
အဲ့ဒါ​ကြောင့်
နေအိမ်တွေမှာဘာ့ကြောင့်ပဲပူပူဆူဆူ
ဆူတာ ပူတာတွေရပ်တန့်စေဖို့ရာ
ဆောင်ရွက်ရမည့် နည်းလေးကို
လက်​ဆောင် ​ပေးလိုက်ပါတယ်ဗျာ
လွယ်ကူရိုးရှင်းပြီးအစွမ်းထက်လို့ယုံကြည်စွာပြုလုပ်စေချင်ပါတယ်

ကဲ စလိုက်ရ​အောင်...

🍀ရေနွေးပူပူထဲမှာလက်ဖက်ခြောက်ခပ်အဲ့လက်ဖက်ခြောက်ဖတ်ကိုအအေးခံပြီး
မိမိတို့နေအိမ်ရဲ့အဆင်ပြေတဲ့သစ်ပင် ၊ ပန်းပင် ​တွေရဲ့အ​ခြေမှာ ထား​ပေးပါ။

🍀လက်ဖက်ခြောက်ကိုပုဝါဖြူလေးနဲ့ထုတ်ပြီးမိမိတို့ရဲ့နေအိမ်ရဲ့ခေါင်တန်း ထုတ်တန်း(သို့မဟုတ်)အိမ်အတွင်းအပြင်
အဝင်အထွက်လုပ်သည့်တံခါးပေါက်ရဲ့အဆင်ပြေတဲ့နေရာရာမှာ ချိတ်ရပါမယ်

🍀​​ကြွေပန်းကန်ပြားအလည်မှာ ​ဆော့ပင်အပြာနဲ့ "က" ​လေး​ရေး
ထို "က" အား​ရေးရင်း '' ဥုံ ကကြီးဟူ​သောစာတလုံးဘုရားတဆူ​မေတ္တာ​တော်ဖြင့်အိမ်​အေးချမ်း​စေသတည်း '' ဟု "က" ရေးရင်း ရွတ်​ရေးပါ။ ဂါထာစတာနဲ့ စ​ရေး ဂါထာဆုံး ​ရေးအပြီး လက်အကြွဖြစ်​စေရပါမယ်။ ပြီးတာနဲ့ ​နေ့စဥ် ဘုရား​ကျောင်း​ဆောင်​ပေါ်​ထို​ကြွေပန်းကန်တင်ပီး"က" ​ပေါ်မှဖ​​ယောင်းတိုင် တင်ထွန်း၍ ဘုရားမီးပူ​ဇော်ပါ ။

** အင်းဆွဲတတ်ပါက "က"အလယ်​သေ အိမ်​အေး​စေ အင်းအားဆွဲနိုင်သည်။
ပို၍​အေးချမ်းအဆင်​ပြေစီးပွားတက်လာတာမြင်​တွေ့ရပါလိမ့်မယ်**

အကုန်ပြီးစီးပါကမကြာခင်အိမ်လေး
အေးချမ်းသာယာလာပါလိမ့်မယ်ဗျာ..

ခင်များတို့အကျိုးအစဥ်လို​လား​သော
ဆရာသတိုးဦး
၈.၆.၂၀၂၅

🚨လက်ရှိ​ခေတ်ကာလအ​နေထားအား​  ကျော်လွှားလွန်​မြောက်​နိုင်စေရန်🚨*စာရှည်မှာဖြစ်​ကြောင်း ကြိုအသိ​ပေးပါတယ်ကိုယ့်အသက်အန္တရာယ်ဂရ...
29/06/2024

🚨လက်ရှိ​ခေတ်ကာလအ​နေထားအား​ ကျော်လွှားလွန်​မြောက်​နိုင်စေရန်🚨

*စာရှည်မှာဖြစ်​ကြောင်း ကြိုအသိ​ပေးပါတယ်
ကိုယ့်အသက်အန္တရာယ်ဂရုစိုက်မှသာ ​​
လေး​လေးနက်နက်ဖတ် ဆက်​လေ့လာပါ
ဖတ်ပါမှတ်ပါ*******

၂၀၂၄ ခုနှစ်(၆) လပိုင်းကုန်ပါကနှစ်
တဝက်ခန့်ကုန်လွန်ခဲ့ပြီမို့အနာဂါတ်ဖြတ်သန်း
ကြရမယ့် (၆) လအတွင်း
စနေဂြိုဟ် ကုမ်ရာသီကြယ်စုမှာ ဝကြသွား
မှာဖြစ်လို့

'' ပြည်တွင်း တိုက်ပွဲအခြေနေဟာပိုမိုမြင့်တက်လာမယ့် အခြေနေပဲဖြစ်ပါတယ် ''

ထိုသို့ တိုက်ပွဲများမြင့်တက်လာသည်နှင့်အမျှ ၊စစ်ဘေး စစ်ဒဏ် ခံနေကြရတဲ့ လက်
နက်မဲ့ ပြည်သူများအရေတွက်လည်းပိုမိုများပြားလာမှာဖြစ်ပါတယ်

လက်နက်မဲ့ပြည်သူများအတွက် အန္တာရာယ်အတတ်နိူင်ဆုံးနည်းပါးစေမယ့်
နည်းလမ်း (၂) ခု အားစဉ်းစားမိပါတယ်

(၁)တိုက်ပွဲထိတွေ့မှုများသောမငြိမ်သက်
သည့် နေရာများမှတွယ်ကပ်မနေစေလို ၊ နေထိုင်ပါကလည်း တိုက်ပွဲကြားမညှပ်အောင် အထူး သတိပြုနေထိုင်သွားကြဖို့ လိုပါတယ်

(၂) နည်းလမ်းကတော့လက်နက်ကပ်ဘေးမှ သက်သာစေသော
(က) ဘာသာရေးနည်းလမ်းဖြစ်သည့် ပရိတ် ပဌာန်းရွတ်ဖတ်ပေးခြင်း
ကပ်ဘေးတခုဖြစ်ပွါးရာတွင်မမြင်အပ်သော ပရလောကသားများပါ ပါဝင်စေ့ဆော်
တတ်ကြောင်း ဗုဒ္ဓဝင် ဇတ်နိပါတ် ရာဇဝင် များတွင်ပညာရှိ သူတော်ကောင်းများ
သတိပေးခဲ့ပါ​ကြောင်း..

(ခ) ယတြာနည်းလမ်းများဆောင်ရွက် ခြင်းများဖြင့်ကာကွယ်ခြင်း

မည်သည့်ယတြာပြုလုပ်ရမလဲ????

''စစ်ဘေး'' ဟူသည် နံ အားဖြင့် အင်္ဂါနံ
စစ်ဘေးသင့်မြို့ ရွာ လူ များသည် အင်္ဂါ
နံ ညံ့ ၍ ဖြစ်ကြောင်းပညာရပ်အမြင်အရယူဆနိူင်ပါတယ်

ထိုကြောင့်လက်နက်မဲ့ ပြည်သူများ စစ်ဘေး
ကြားသင့်မှု့ သက်သာစေဖို့ ယတြာပြုလိုပါက

အင်္ဂါဂြိုဟ် ဓာတ်ပြန်ဌာနတွင် တည်ရှိနေမယ့် အချိန်အခါများကိုရွေးခြယ်ယတြာပြုခြင်း ပရိတ် ပဌာန်းစတင်ရွတ်ဖတ်ခြင်းအမှု့
ကိုပြုရပါမယ်

လာဘ်ရွှင်​စေဖို့ ဓါတ်ပန်းအိုးဆင်နည်းယခု ဓါတ်ပန်းအိုး ဆင်နည်းကို မည်သူမဆို မည်သည့်လုပ်ငန်းမဆို စီရင်နိုင်သည်။အရောင်းဝယ် ပ...
12/06/2024

လာဘ်ရွှင်​စေဖို့ ဓါတ်ပန်းအိုးဆင်နည်း

ယခု ဓါတ်ပန်းအိုး ဆင်နည်းကို မည်သူမဆို မည်သည့်လုပ်ငန်းမဆို စီရင်နိုင်သည်။
အရောင်းဝယ် ပြုနေသူများ၊ ကုမ္ပဏီ၊ ရုံးခန်း၊ စျေးဆိုင်၊ စတိုးဆိုင်၊ mini mart ၊
super martစသည်အထိ တွင်ကျယ်စွာ ပြုလုပ်နိုင်သည်။ အကုန်ကျလည်း မများ

မည်သူမဆို ပြုလုပ်သူသည် မိမိမွေးနေ့ နံနက် ၉ နာရီ ၄၅ မိနစ် တွင် အသင့်ပြီးနေသော ဓါတ်ပန်းအိုးကို ထားရှိမည်။ သင့်ရာနေရာမှာ ထားနိုင်သည်။

( မှတ်ချက်။ ။ မွေးနေ့ နံနက် ၉:၄၅ ဟု ဆိုသော်လည်း မူကွဲ မှတ်ရန်မှာ သာမညဆရာတော်ဘုရား ၏ " မုဆိုးရွှေအိုးရကိန်း" အချိန်တွင်လည်း စီရင်နိုင်ကြောင်း )

ပန်းအိုးထိုးပုံ

တနဂ်နွေ သားသမီးများက သက်ရင်း/ သလဲ/ သစ်ရာ စသော သောကြာနံ နှင့်စ၍ ရာဟုနံ
နှင့်ဆုံးသော အရွက်အညွှန့် ကိုပန်းအိုးထိုးကာ မြောက် အရပ်၌ ဓါတ်ဆင်ထားရမည်။

တနလာ်သားသမီးများက တမာ/နံ့သာဖြူ/တတိုင်းမွှေး စသော စနေနံဖြင့်စ ၍ ကြာသပတေးနံဖြင့်ဆုံးသော အရွက် အညွှန့်တို့ကို ပန်းအိုးထိုးကာ အနောက်တောင်အရပ်၌ ဓါတ်ဆင်ထားရမည်။

အဂ်ါသားသမီးများက အင်/ အုန်းစသည်တနင်္ဂနွေနံ အရွက်ဘအညွှန့်ကို ပန်းအိုးထိုးကာ အရှေ့မြောက် အရပ်၌ ဓါတ်ဆင်ထားရမည်။

ဗုဒ္ဓဟူးသားသမီးများက ကတက်/ ဂွေးတောက် စသော အရွက် အညွှန့်တို့ ကို ပန်းအိုးထိုးကာ အရှေ့အရပ်၌ ဓါတ်ဆင်ထားရမည်။

ကြာသပတေးသားသမီးများက ညောင်အုပ် စသော အင်္ဂါနံဖြင့်စ၍ တနင်္ဂနွေနံ ဆုံးသော အရွက် အညွှန့်စသည်တို့ကို ပန်းအိုးထိုးကာ အရှေ့တောင် အရပ်တွင် ဓါတ်ဆင်ထားရမည်။

​သောကြာသားသမီးများသည် လက်ခုပ်/ ဝက်သစ်ချ စသော ဗုဒ္ဓဟူးနံဖြင့် စ၍ တနင်္လာနံဖြင့် ဆုံးသော အရွက် အညွှန့်တို့ကို ပန်းအိုးထိုးကာ တောင် အရပ်၌ ဓါတ်ဆင်ထားရမည်။

စနေ သားသမီးများက ပင်စိမ်း/ ပုန်းညက်/ မုန်ညင်း စသောအရွက်များ ကို ပန်းအိုးထိုးကာ အနောက်အရပ်၌ ဓါတ်ဆင်ထားရမည်။

မှတ်ချက်။ ။ အရွက် အညွှန့်များကို သတ်မှတ်ပြသည့်အတိုင်း နှစ်မျိုး သုံးမျိုး ထိုထက်မက တွဲစပ်ထိုးနိုင်သလို အရွက်အညွှန့် အရေတွက်မှာ ကာယကံရှင် မွေးနံ၏ ဂြိုဟ်သက်အတိုင်း ဖြစ်သည်။

တနင်္ဂနွေဂြိုဟ်သက် (၆) နှစ်
တနင်္လာဂြိုဟ်သက် (၁၅) နှစ်
အင်္ဂါဂြိုဟ်သက် ( ၈) နှစ်
ဗုဒ္ဓဟူးဂြိုဟ်သက် (၁၇) နှစ်
ကြာသပတေးဂြိုဟ်သက် ( ၁၉) နှစ်
သောကြာဂြိုဟ်သက် (၂၁) နှစ်
စနေဂြိုဟ်သက် (၁၀) နှစ်
ရာဟုဂြိုဟ်သက် (၁၂) နှစ်

အကယ်၍ အရေတွက်များနေပါက
(ဥပမာ ၁၅-၁၇-၁၉-၂၁)
စသည့်၌ တစ်လုံးတည်းကျန်အောင်ပေါင်း၍
၁၅ ဆိုလျှင် (၆)
၁၇ ဆိုလျှင် (၈)
၁၉ ဆိုလျှင် (၁၀)
၂၁ ဆိုလျှင် (၃) စသဖြင့် ကွန့်ယူနိုင်သည်။

ဓါတ်ပန်းအိုးထိုးခြင်းဖြင့် အလုပ်ကိုင် ချောမွေ့လာခြင်း။ အရောင်းအဝယ် လိုက်လာခြင်း။ ရောင်းကောင်းခြင်း။ လုပ်ငန်းအတွင်း အဖုထစ် နည်းလာခြင်း စသော အကျိုးတို့ ဖြစ်စေသည်။
သို့သော် အခုချက်ခြင်း ဝုန်းဒိုင်းအစွမ်းပြသည်မျိုးတော့ မဟုတ်။ တဖြည်း ဖြည်း ပြောင်းလဲလာခြင်း ဖြစ်မည်။

🙏🏼ဆရာမြစကြာ🙏🏼

မွေးနံမသိသူကို ဓာတ်ဆင်၍ ပြန်ခေါ်နည်းဉာဏ်နှင့်ကြံစည်ချိန်ဆမှု သုံးရသော အဂ်ဝိဇ္ဇာပညာ ဖြစ်၍ အခြေခံရှိသူများပိုနားလည်လွယ်ပါလ...
20/05/2024

မွေးနံမသိသူကို ဓာတ်ဆင်၍ ပြန်ခေါ်နည်း

ဉာဏ်နှင့်ကြံစည်ချိန်ဆမှု သုံးရသော
အဂ်ဝိဇ္ဇာပညာ ဖြစ်၍ အခြေခံရှိသူများ
ပိုနားလည်လွယ်ပါလိမ့်မယ်
လူအများအတွက် နားလည်လွယ်အောင် တတ်နိုင်သမျှ ဥပမာများဖြင့်ရှင်းပြပါမယ်

စိတ်ဆိုး၍ ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ ထွက်ခွါသွားသူကို ပြန်ခေါ်မယ် ဆို​တော့ကားးးး
ပြန်ခေါ်နိုင်သော အင်းပညာ၊ စမ ပညာ၊ ဓါတ်ရိုက်ဓါတ်ဆင် ပညာ၊ နာမ်လောကစွမ်းအား ပညာဟူ၍ အမျိုးမျိုး ရှိသည့်အနက် ယခု ပြသမည့်နည်းမှာ အဂ်ဝိဇ္ဇာပညာ၏ ဓါတ်ရိုက်ဓါတ်ဆင်နည်း တစ်ခုပင်...

ထူးခြားတာလေးတစ်ခု၊ အားသာချက်လေးတစ်ခုကပုံမှန်အားဖြင့် အစီရင်​​တော်​တော်များက ထွက်သွားသူက ဘာနေ့သားသမီးလည်း သိရန်လိုသော်လည်း ယခု ပညာကွက်တွင် မသိလည်းရပါတယ်

ကဲ ဥပမာပြကွက်လေး စ လိုက်ရ​အောင်...

ထွက်ခွါသွားသော
( မောင်ထွန်းမောင် ) ( မွေးနေ့ မသိ ) ကို ပြန်ခေါ်မည် ဆိုပါစို့။
" ထွန်းမောင် " ( ၇+၅ ) အတွဲ ကို ဓာတ်ပြန်ရမည်။ ၇+၅ ကို ၅+၇ အဖြစ် ဓာတ်ပြန်ရမည်၊

ထိုကြောင့် ၅+၇ အတွဲကို စဉ်းစားသော်
" ပိတောက် " ကိုရသည်။
( ပိ = ၅ ။ တောက် = ၇)

ထိုကြေင့် ပိတောက်ကိုင်း တစ်တောင်ခန့်တွင်
" ထွန်းမောင် အမြန်ပြန်ရောက်လာစေ " ဟု တစ်ခုခုဖြင့် ရေးရမည်။

ရေးရမည့်အချိန်က မည်သည့်နေမဆိုသောကြာအခါ ( စရေဓာတ်ပေါ်ချိန် )
ဖြစ်သည်။
နေ့အလိုက် သောကြာအခါပေါ်ချိန်ကို
ဖေါ်ပြ​ပေးပါမယ်

ထိုပိတောက်ကိုင်းကို သောကြာအခါမိသော အချိန်တွင် နေအိမ်လှေကားရင်းတွင် စိုက်ထောင်ပါ။ မောင်ထွန်းမောင် ကိုလည်း စူးရှစွာ အာရုံပြု၍ အမြန်ပြန်လာပါဟု ၇ ခွန်းပြောရင်း ပိတောက်ကိုင်းကို ရေလောင်းပေးပါ။

ရေဘယ်နှစ်ခွက် လောင်းရမလည်းမေးရင် သူဘာနေ့သားမှန်း သေချာမသိပေမယ့် သူ့နာမည်က ထွန်းမောင်။ " သက်ရှိအရင်း - သက်ကင်းအဖျား " သဘောအရ စဦးအက္ခရာ { ထွန်း } ကို စနေအဖြစ် ယူကာ စနေနံစဉ်အတိုင်း ၇ ခွက်လောင်းရမည် ဖြစ်သည်။

( တနဂ်နွေကို ၁၊ တနလ်ာကို ၂ စသဖြင့် အစဉ်တိုင်းယူ )

ထိုဓာတ်ဆင်သော် ဆယ်ရက်ခန့်အတွင်း သူပြန်လာတတ်သလို ပြန်လာမရအောင် ခရီးဝေးရောက်နေသော် သတင်းအဆက်သွယ်ရမည်။
သာမန်စိတ်ဆိုးစိတ်ကောက်အဆင့်က ဤမျှနှင့်ပင် ပြန်လာနေကျဖြစ်၏။

ဤ ဥပမာပြချက်အတိုင်းပင် မိမိအလိုရှိသူကို သေချာသုံးသပ်ကာ ဓာတ်ဆင်ပါလေ။
ရှေးသမားစဉ် ပညာရပ်ဖြစ်ပြီး ဉာဏ်ကြီးရှင်တို့အရာတည်း ဟု ကျမ်းရင်းကပြဆိုသလို ဉာဏ်အားစိုက်သူတို့အတွက် တန်ဖိုးရှိသော အသုံးဝင်သော ပညာကွက် ဖြစ်ပေလိမ့်မည်။

သောကြာအခါ ( စရေဓာတ်ပေါ်ချိန် )

Sun - ၇ နာရီခွဲမှ ၉ နာရီအတွင်း
Mon - ၁ နာရီခွဲမှ ၃ နာရီအတွင်း
Tue - ၉ နာရီမှ ၁၀ နာရီခွဲ အတွင်း
Wed - ၃ နာရီမှ ၄ နာရီခွဲအတွင်း
Thu - ၁၀ နာရီခွဲမှ ၁၂ နာရီအတွင်း
Fri - ၄ နာရီခွဲမှ ၇ နာရီခွဲအတွင်း
Sat - ၁၂ နာရီမှ ၁ နာရီခွဲအတွင်း

( နေ့ရော ညပါ အကျုံးဝင်သည် )

ဆရာ​ဇေယျာနိုင်
​လောကီပညာ

ဂြိုဟ်ပြောင်းချိန် ဓာတ်ညှိခြင်း။   ကျနော်တို့အမြဲဆောင်ရွက်လာခဲ့တဲ့ ကောင်းကင်ဂြိုဟ်နက္ခတ်၊ဓာတ်ရာသီနဲ့အတူ မိမိရဲ့ကိူယ်တွင်...
14/05/2024

ဂြိုဟ်ပြောင်းချိန် ဓာတ်ညှိခြင်း။

ကျနော်တို့အမြဲဆောင်ရွက်လာခဲ့တဲ့ ကောင်းကင်ဂြိုဟ်နက္ခတ်၊ဓာတ်ရာသီနဲ့အတူ မိမိရဲ့ကိူယ်တွင်းကိုယ်ပ ဓာတ်သဘာဝတွေကို ချိန်ညှိပြီး ကြီးပွားရေးကစလို့ နှလူံးသားရေးရာအထိ ဘေးဥပဒ်ကင်းစင်ရေးပါမကျန် ယတြာတွေအများကြီး လုပ်စရာမလိုတော့ပဲ ဓာတ်ညှိခြင်းတခုထဲနဲ့ပဲ အေးအေးချမ်းချမ်းဖြတ်သန်းလာခဲ့တာ အချိန် ခြောက်နှစ် ထဲ ရောက်လာပါပြီ။

လက်ရှိ ဂြိုဟ်အထိုင်၊ဓာတ်အထိုင်တွေက အချိန်ငါးနှစ်အတွင်းမှာ အတော်လေးအဆိုးဖက်ကို ရောက်နေတယ်လိူ့ပြောလို့ရပါတယ်။သို့သော်လည်း ပုစ္ဆာရှိအဖြေရှိ ဆိုတဲ့အတိုင်း ဒီတခါ ဓာတ်ညှိခြင်းကို ပညာရှင်တွေနဲ့ သေခြာအချိန်ယူ စီစဉ်ပေးထားပါတယ်။

ဒီတခါ ပြောင်းလဲလာတဲ့ဂြိုဟ်၊နေစီးနက္ခတ်၊စန်းစီးနက္ခတ်၊ဓာတ်တိုင်များ အပြောင်းအလဲအတိုင်း ပညာရှင်ခုနစ်ဦးနဲ့အတူ အချိန်တစ်လယူပြီးစီစစ်ထားတဲ့အတိုင်း ကျနော့ရဲ့မိတ်ဆွေများအတွက်တင်ပြပေးလိုက်ပါတယ်။

ဒီကာလမှာ ဂြိုဟ်စီးတွေထက် ဓာတ်တိုင်တွေက အဓိက ဖောက်ပြန်နေတာဖြစ်ပါတယ်။ဒါကြောင့် ဓာတ်ကို ဓာတ်နဲ့ညှိဖို့ပဲ ဩသဓဟိတ်အထိုင်ရှိတဲ့ သပြေညွှန့်၊ကံကော်ညွှန့်နှစ်မျိုးကိုပဲ အဓိကသူံးပါမယ်။

ဓာတ်ညှိဖို့အကောင်းဆုံးနေ့ရက်နဲ့ အချိန်အခါတွေကတော့ မေလ ၁၆ ရက် ည ၈ ၂၂ မှ ၉ ၃၄ အတွင်း၊
မေလ ၂၀ ရက် ညည့် ၁၁ နာရီ ၅၄ မိနစ်တိတိ၊မေလ ၂၁ ရက်နေ့ နံနက် ၆ ၃၃ ကနေ ၉ ၁၁ အတွင်း၊ မေလ ၂၄ ရက်နေ့ ည ၇ ၂၂ ကနေ ၈ ၅၆ အတွင်း၊မေလ ၂၈ ရက်နေ့ ည ၆ ၅၅ ကနေ ည ၇ ၄၀ အတွင်း ဒီအချိန်တွေမှာ စီရင်လို့ရပါမယ်။

(တခြားနိုင်ငံများ မိမိတို့နိုင်ငံအလိုက်အချိန်ပြောင်းယူကြပါ။)

ဖော်ပြခဲ့တဲ့ နေ့တိုင်းမဟုတ်ရင်တောင် သူံးရက်လောက်ဆောင်ရွက်နိုင်ရင် ဓာတ်ညှိခြင်းအောင်မြင်ပါတယ်။ရက်တိုင်းဆောင်ရွက်နိုင်ရင် ပိုကောင်းပါတယ်။

ဆောင်ရွက်ရမှာကတော့ ဖော်ပြခဲ့တဲ့ အညွှန့်ပန်းနှစ်မျိုးကို တအိုးထဲ ‌အရေအတွက်မလိုလို ဝေဝေဆာဆာထိုးစိုက်ပြီး နေအိမ်ဘုရားမှာ ရေချမ်း ဆယ်ခွက်နဲ့အတူပူဇော်ရပါမယ်။ ပရိတ်ပဌာန်းတွေ ရွတ်လိုကရွတ်နိုင်ပါတယ်။

အမြဲတမ်းဓာတ်ညှိခဲ့တဲ့ ကျနော့ရဲ့မိတ်ဆွေတွေအတိုင်းပဲ ဓာတ်သဘာဝတွေ ညီညွှတ်လာတဲ့အခါ အေးချမ်းသာယာတိုးတက်တဲ့ ဘဝတခုကို ပိုင်ဆိုင်လာမှာမလွဲဧကန်ပါပဲ။

ဒီနေရာမှာ ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ မြေရေအိူး နှစ်လုံးခန့်ဝယ်ထားပြီး ရေအပြည့်ဖြည့်ပြီး တလူံးကိုအိမ်အပြင်မှာ ခုံတလုံးပေါ်တင်ပြီးလှလှထားပြီး အပြင်ကဘေးဒဏ်ကာ ဓာတ်ကာအဖြစ်လည်းကောင်း၊အိမ်အတွင်းမှာလဲ တအိူးထဲပြီး အိုးနှတ်ခမ်းဝ ထုံးသုတ်ပြီး အတွင်း ရင်အေးအိုး အဖြစ်ထားပြီး သောက်သင့်ပါတယ်။ အပြင်ဓာတ်ကာအိူးထဲကရေကတော့ မသောက်သင့်ပါ။အတွင်းရင်အေးအိူးကပဲ အိမ်သူအိမ်သားသောက်ပါ။

ရေဖြန်းပန်းလို လန်းကြပါစေ။

🙏🏼ဆရာနိုင်🙏🏼

2024ခုနှစ်အတွက် ဖှူန်းရွှေပညာအရ စီပွါးလာဘ်လာဘတိုးမြင့်စေနိုင်သောနည်းလမ်းများ၂၀၂၄ခုနှစ်မှာ လာဘ်နေအရပ်ဟာ မြောက်အရပ်ဖြစ်ပါတ...
24/02/2024

2024ခုနှစ်အတွက် ဖှူန်းရွှေပညာအရ စီပွါးလာဘ်လာဘတိုးမြင့်စေနိုင်သောနည်းလမ်းများ

၂၀၂၄ခုနှစ်မှာ လာဘ်နေအရပ်ဟာ မြောက်အရပ်ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ကြားပေါက်လာဘ်ကံအရပ်(ထီ၊ လောင်းကစား၊ ပြင်ပလာဘ်)ကတော့ အရှေ့မြောက်အရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာတော့ မြောက်နဲ့အရှေ့မြောက်အရပ်တို့မှာ မခက်ခဲတဲ့ အစီအရင်အထားအသိုများ ပြုလုပ်ပေးခြင်းဖြင့် စီးပွါးလာဘကိုအထောက်အကူဖြစ်စေပါလိမ့်မယ်။

正財位秘法 စီးပွါးတိုးတက်စေရန်နည်းများ

၁။ နေအိမ်တွင်းမြောက်အရပ်မှာ ရွှေရောင်အကြွေစေ့၊ ရွှေရောင်ရွှေတုံးပုံရွှေချောင်းပုံနဲ့ ရတနာအိုးအစီအရင်များ ထားပေးပါ။ ရတနာကိုဆွဲဆောင်စေတဲ့နိမိတ်အဆောင်ဖြစ်ပါတယ်။

၂။ မြောက်အရပ်မှာ အစိမ်းရောင် အပင်အစစ်တပင်ထားပေးပါ။ လှပပြီးရှင်သန်နေရပါမယ်။ ဇော်လုံးစေတီ သို့ ဝါးပင်လေးတွေ၊ lucky plantလေးတွေ ထားရှိနိုင်ပါတယ်။ စီးပွါးဥစ္စာစည်ကားနေတဲ့နိမိတ်ဖြစ်ပါတယ်။

၃။ မြောက်အရပ်မှာ သလင်းကျောက်အလုံးလေး ချိတ်ဆွဲထားပါ။ အရောင်သတ်မှတ်ချက်မရှိပါ။ ကြည်လင်နေဖို့သာလိုပါတယ်။ လာဘ်ကံကိုတိုးတက်စေပါတယ်။

၄။ မြောက်အရပ်မှာ နေ့စဉ် နံ့သာတတိုင်ထွန်းပေးပါ။ စီးပွါးနတ်(ချိုင်းစံ)တို့ကိုပူဇော်ပေးလို့လည်းရသလို ဒီတိုင်းထွန်းညှိထားလည်းရပါတယ်။ ဒါဟာလည်း တမိသားစုလုံးအတွက် မင်္ဂလာဖြစ်စေပါတယ်။

၅။ အိမ်မြောက်အရပ်မှာ အသံသာဆွဲလဲလေးတတွဲချိတ်ဆွဲထားပေးပါ။ ချိအဆိုးများကိုဖယ်နိုင်ပြီး ကံကောင်းခြင်းများကိုဆွဲဆောင်နိုင်ပါတယ်။

偏財位秘法 ပုံမှန်မဟုတ်သောစီးပွါးရေးကံအတွက်စီရင်နည်းများ

၁။ အရှေ့မြောက်အရပ်မှာတော့ အနီရောင်ပိုက်ဆံအိတ်တလုံးထားပေးပါ။ မမျှော်လင့်တဲ့လာဘ်လာဘများဝင်ရောက်တတ်ပါတယ်။ အထဲမှာပိုက်ဆံအချို့ထည့်ထားပါ။

၂။ အိမ်ရဲ့အရှေ့မြောက်မှာတော့ ခရမ်းရောင်မီးလုံး၊ မီးဆိုင်း၊ ဖယောင်းတိုင်များ အမြဲထားရှိထွန်းလင်းပေးသင့်ပါတယ်။ အဝိုင်းသဏ္ဍာန်ကိုသာသုံးပါ။

၃။ အရှေ့မြောက်အရပ်မှာ ငါးရုပ်ပုံစံအလှဆင်ပစ္စည်းများ ထားရှိသင့်ပါတယ်။

၄။ အရှေ့မြောက်အရပ်မှာ အရောင်အသွေးစုံတဲ့ ပန်းပွင့်များပါတဲ့ပန်းချီကား ချိတ်ဆွဲသင့်ပါတယ်။ နှင်းဆီ၊ ချယ်ရီ စသဖြင့်

၅။ အရှေ့မြောက်အရပ်မှာ ပြုံးရွှင်နေတဲ့အရုပ်ထားရှိသင့်ပါတယ်။ မီလပ်ဖှော်၊ ပြုံးရယ်နေတဲ့ကစားစရာအရုပ်လေးတွေစသဖြင့် ချစ်စရာကောင်းတဲ့အရုပ်လေးတွေဖြစ်ရပါမယ်။

【2024年4大招財祕法】
၂၀၂၄ခုနှစ်အတွက် လာဘ်ခေါ်အစီအမံ၄မျိုး

၁။ ၂လပိုင်း ၄ရက်နေ့立春မှာ မိမိပိုက်ဆံအိတ်၊ မိမိဘဏ်အကောင့်၊ မိမိစုဘူးထဲကို ငွေ ၁၆၈၀၀ သို့ ၁၆၈၀၀၀ စသည် ထည့်ထားလိုက်ပါ။ တနှစ်တာအတွက် လာဘ်ခေါ်နိမိတ်ဖြစ်ပါတယ်။ ဒါ့အပြင် မိဘ ဆရာသမား ပူဇော်ထိုက်သူတို့ကိုလည်း ၁၆၈၀၀၊ ၁၆၈၀၀၀၊ ၁၆၈၀၀၀၀ စသဖြင့် လှူဒါန်းကန်တော့ပါ။

၂။ မြောက်အရပ်မှာ ရေသန့်သန့်ကို ပန်းအိုးနဲ့ထည့်ထားပေးပါ။ ဖြစ်နိုင်ရင် ဘဏ်တဘဏ်ကတိုက်တဲ့ဝေပေးတဲ့ရေသန့်ဘူးကရေကိုသုံးရင်ပိုကောင်းပါတယ်။ ဘဏ်ဆိုတာ ငွေကြေးစီးဆင်းမှုအများဆုံးဖြစ်ပြီး ရေဟာလည်းငွေရဲ့သင်္ကေတပါဘဲ။ အဲဒိပန်းအိုးဘေးမှာတော့ စားပွဲတင်မီးအိမ်လေးတခု သို့ ဆီမီးကို၄၉ရက်တိုင်အောင် ထွန်းညှိပေးပါ။ လာဘ်ခေါ်အစီအရင်တခုဖြစ်သွားပါတယ်။

၃။ မြောက်အရပ်မှာ ဖီးရှိုးသတ္တဝါရုပ်တစုံထားရှိပေးပါ။ နေ့ဘက်မှာအိမ်အပြင်ဘက်လှည့်၊ ညဘက်မှာ အိမ်အတွင်းဘက်ပြန်လှည့်ပါ။

၄။ ပိုက်ဆံအိတ်ထဲမှာ ခြေထောက်၃ချောင်း ဖားရုပ်/ပုံလေးထည့်ထားပါ။ လပြည့်နေ့တိုင်းထုတ်ယူသန့်စင်ပေးပါ။ သို့မဟုတ် ပိုက်ဆံအိတ်ထဲ ဟုန်ပေါင်းအိတ်နီလေးထည့်ဆောင်ထားပါ။ အိတ်အနီထဲမှာ ၈၈၀၀၊ ၁၆၈၀၀ ထည့်ထားပါ။ အိတ်အပြင်မှာတော့ 2024年財運大發 သို့ ၂၀၂၄ခုနှစ်မှာ ကြီးပွါးတိုးတက်ပါစေ လို့ ရေးထားပါ။ တနှစ်ပြည့်ပြီးရင် ဖယ်ထုတ်လို့ရပါပြီ။

မှတ်ချက်
မြောက်အရပ်မှာ စီးပွါးလာဘ်ဖွင့် အင်းစာမစီရင်ပူဇော်ချိတ်ကပ်ထားခြင်းဖြင့် ဖှူန်းရွှေပညာအရရော၊ လောကီပညာအာနိသင်အရရော ကောင်းကျိုးကိုရရှိစေနိုင်ပါလိမ့်မယ်။
နေအိမ်တွင်း မြောက်အရပ်ကို သန့်ရှင်းစွာထားပေးဖို့လည်းသတိပြုပါ။

Share နိုင်ပါတယ်။ ရေးသားသူcredit မပါဘဲ ခွင့်မတောင်းဘဲ စာဖြတ်တောက်ကူးချခြင်းမပြုဖို့ မေတ္တာရပ်ခံပါတယ်။

ဆရာအောင်သူရ ပညာအား​လေးစားစွာဖြင့်ပြန်လည်​ဖော်ပြပါသည်။

သစ်တံခါး ဆရာတော်ပေးတော်မူသည့် မိမိအိမ်ဂေဟာ ကျက်သရေတိုး၍မင်္ဂလာရှိလာဘ်ပွင့်အောင်လုပ်ဆောင်ရန်၁။ နံနက်အိပ်ယာထသည်နှင့်တစ်ပြိ...
23/02/2024

သစ်တံခါး ဆရာတော်ပေးတော်မူသည့်
မိမိအိမ်ဂေဟာ ကျက်သရေတိုး၍
မင်္ဂလာရှိလာဘ်ပွင့်အောင်လုပ်ဆောင်ရန်

၁။ နံနက်အိပ်ယာထသည်နှင့်တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရားသောက်တော်ရေလဲ ဆီမီးပူဇော်ပါ ဘုရားကျောင်းဆောင် သန့်ရှင်းရေးပြုလုပ်ပါ

၂။ ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ။ သစ်သီးလှူလည်းရပါတယ်။

၃။ ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်)ကိုးပါးလုံးပွားလည်းရ၊ ပုတီးစိပ်ရင်ပိုကောင်းပါသည်။

၄။ ကိုယ်လုပ်သောကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ စက်ရုံတွေ ဆိုင်တွေမှာ စောင့်သော နတ်မြတ်နတ်ကောင်းအား အမျှပေးဝေပါ။

၅။ အိမ်မှာ နံနက်ခင်း စိတ်တိုစရာစိတ်ညစ်စရာ မတွေးဘဲ မပြောဘဲ မဆဲမိ ,မအော်မိ , မဆူမိအောင် ကြိုးစားပြီး စောင့်ထိန်းပါ လေ့ကျင့်ပါ မေတ္တာထားပါ အောင်မြင်ပါမည်

၆။ လာဘ်ခေါ်ဂါထာ ကို ရွတ်ပါ

အရဟံဗုဒ္ဓေါ အရဟံဗုဒ္ဓေါ
ဗုဒ္ဓသ ဂုဏတေဇဿ
သဗ္ဗသဒ္ဓိလာဘံမေ ဘာဝိဿတိ

ကို ၁၀ ကြိမ်ရွက်ပါ ရွတ်ပြီး ပါ က အရပ်ရှစ်မျက်နှာ အရပ်ကိုး မျက်နှာ အရပ်ဆယ်မျက်နှာမှ လာဘ်ဝင်ပါစေ မိတ်ဆွေ ကောင်းတွေ ဝင်ပါစေ။
ငွေဝင်ပါစေ ဘေးရန်ဟုသမျှ ကင်းကြပါစေ ကောင်းသတင်းကြား၍ ကျော်ပါစေဟု အရပ် လေးမျက်နှာ ကို အာရုံပြုပြီးပြောပါ။

၇။ နံနက်ချိန်ခါ တေးသံသာ ကျက်သရေ မင်္ဂလာသာယာ နာပျော်ဖွယ် ဖွင့်ပီးမင်္ဂလာယူပါ ဆရာတော်ကြီးများ၏ တရားတော်များဖွင့်ပီး နံနက်စာစားပါ ။

သစ်တံခါးဆရာတော်၏မေတ္တာဓာတ်ကိုခံယူကာ ဆရာတော်၏ လုပ်စဉ်များကို တကယ် ယုံကြည်စွာ လုပ်ကြည့်ပါ ဆောင်ရွက်ကြည့်ပါ ထူးခြားစေရပါမည် သစ်တံခါးဆရာတော်၏စာအုပ်ထဲမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်

အားလုံးဘဲ ခုနှစ်ရက်သားသမီးအပေါင်း နေအိမ်မှာနေထိုင်ကြသူ အိမ်သူအိမ်သားအားလုံးကျက်သရေတိုးပါစေ လာဘ်ပွင့်ကြပါစေ အဆင်ပြေကြပါစေ အပူအပင်ကင်းအေးကြပါစေ ။

Sayar Zayar Naing

"ပြောင်းလဲသွားတဲ့ဂြိုဟ်စီးမှာ လုပ်သင့်၊သိသင့်တာတွေ"   ယခု နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလတွေမှာ ပုံမှန်မဟုတ်တဲ့ ဂြိုဟ်အစီးအနင်...
30/11/2023

"ပြောင်းလဲသွားတဲ့ဂြိုဟ်စီးမှာ လုပ်သင့်၊သိသင့်တာတွေ"

ယခု နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလတွေမှာ ပုံမှန်မဟုတ်တဲ့ ဂြိုဟ်အစီးအနင်းတွေရှိလာပြီဖြစ်သလိူ နေကထွက်တဲ့ တေဇောလှိုင်းကလဲ အကျိုးပေးတာကြမ်းလာတာဖြစ်ပြီး မြင်တွေ့နေကြစီရင်ထုံးတွေနဲ့ ကာကွယ်ဖို့ခက်လာသလို တချို့တွေမှာ လက်ငင်းမကောင်းကျိူးတန်းပေးနေတာဖြစ်ပါတယ်။

သူပေးနေတဲ့ အကျိူးကတော့ မီးခဲကြီးလို စိတ်ထဲမှာ တစုံတခုကို ပူပန်နေရတာတွေ။တဖက်မှာ မကောင်းကျိုးဖြစ်နေပေမယ့် တဖက်မှာ ပျော်စရာတွေ အနဲငယ်ပြန်ရောက်လာတာမျိုးတွေ၊တအိမ်ထဲ တလုပ်ထဲလုပ်ကြတဲ့သူတွေတောင် တချို့ကအခြေအနေတအားဆိုးပေမယ့် တချို့က အခြေအနေကောင်းနေသလိုဖြစ်တာတွေ။

*ချက်ခြင်းဆိုသလို လုပ်ငန်းကအရှူံးပေါ်ပြီး သိန်းရာချီအကြွေးတင်သွားတာတွေ၊နေရင်းထ်ုင်ရင်းကနေ ဘဝအခြေအနေ ပြောင်းပြန်ဖြစ်သွားတာတွေ အများစုကြုံရပါမယ်။*

ဒီအခြေနေဆိုးတွေ မိမိထံ မရောက်ရှိလာစေဖို့အတွက်ကတော့ ဒီကာလမှာ ကယ်ဆယ်စေတဲ့ ဓာတ်သင့်နေတဲ့ ကံကော်၊သင်္ဘောပင် နှစ်မျိုးရှိတာဖြစ်လို့ အကျိူးပေးလှိုင်းအားလျော့နေတဲ့ တနင်္ဂနွေနေ့မှာဖြစ်စေ သောကြာနေ့မှာဖြစ်စေ မနက် ၈ နာရီမတိုင်မီ ကိုယ်တိုင် မြတ်ဘုရားကို
သ​ဘော်သီးနဲ့
ကံ့​ကော်ညွန့်
ကပ်လှုပူဇော်တာ ဂြိုဟ်မင်းကိုးပါး ကို မေတ္တာပို့တာတွေ စသဖြင့် ဒီဇင်ဘာလမကုန်မီအထိဆောင်ရွက်ပေးသင့်ပါတယ်။

နဂါးစက်ပင်​တွေ ဂမုန်း​တွေ နှင်းဆီ​တွေကို​ရှောင်ပါ အဆိပ်ဓါတ် အရမ်းများ​နေပါသည်။

🙏🏼ဆရာနိုင်ထက်အောင်🙏🏼
ဆရာ​ဇေယျာနိုင်
​လောကီပညာ

"ယခုကာလမှာ စိုးရိမ်နေရတဲ့ပြဿနာတွေတကယ်ဖြစ်မလာဖို့ လုပ်သင့်တာတွေ"Sayar Zayar Naing  is comeback!!ဒီတစ်​လော လူ​ရောစိတ်​ရော ...
25/11/2023

"ယခုကာလမှာ စိုးရိမ်နေရတဲ့ပြဿနာတွေတကယ်ဖြစ်မလာဖို့ လုပ်သင့်တာတွေ"

Sayar Zayar Naing is comeback!!
ဒီတစ်​လော လူ​ရောစိတ်​ရော ​
နေမ​ကောင်းလို့ နား​နေရာက​နေ ပြန်လာပြီမလို့ လူတိုင်းအတွက် အကျိုးရှိမဲ့post ​လေးနဲ့ comeback လာခဲ့ပါပြီ

ကဲ အဲ့​တော့ စလိုက်ရ​​အောင်......

အခုတော်တော်များများ ပူပန်နေရတဲ့ ငွေကြေးနဲ့ စီးပွားရေးအပါအဝင်ပြသနာအတော်များများက လက်ရှိဂြိုဟ်အစီးအနင်းတွေ ဆိုးရွားမူ၊တေဇောလိုင်းကြီးကြီးမားဖောက်ပြန်မူကြောင့်ပဲဖြစ်ပါတယ်။

တေဇော‌လိုင်းဖောက်ပြန်မူပါပါဝင်နေတာဖြစ်လို့သာမာန်ယတြာတွေ၊ဂါထာ‌​တွေနဲ့ကာကွယ်မယ်ဆိုရင် အကျိုးထူးလာမှာမဟုတ်တဲ့အတွက်
ကောင်းကင်ဂြိုဟ်သွားအကျိုးပေးကိုတောင်ပြောင်းပစ်နိုင်တဲ့ တခုတည်းသောပညာရပ် အောင်ပညာစီရင်နည်းနဲ့ အချိန်ယူစီစစ်ပြီးဖော်ပြပေးလိူက်ပါတယ်။

ဒီကာလရဲ့ ငွေကြေးဆိုင်ရာပြသနာတွေ
ချစ်ရခင်ရတဲ့သူတွေအတွက်ပူပန်နေရတာတွေ
‌ဘဝကို ရှေ့ဆက်ဖို့ပျောက်နေတာတွေအကုန်လူံးက တေဇောဂိုဏ်းဖောက်ပြန်မူကြောင့်ဖြစ်တာကို ဂိုဏ်းခြင်းပိတ်မှကိစ္စပြတ်မှာဖြစ်တာကြောင့်။

မည်သူမဆို ယခု နိုဝင်ဘာနဲ့ဒီဇင်ဘာလအတွင်း တနင်္ဂနွေနေ့ အင်္ဂါနေ့ ဗုဒ္ဓဟူးနေ့ ညပိုင်း စနေနေ့ နေ့များအနက် မိမိနှစ်သက်ရာ နေ့ရက်ရဲ့ နံနက် ၆ ၄၃ မှ ၈ ၂၂ အတွင်း သပြေညွန့်၊ကံကော်ညွန့်များကိူ ဝေဝေဆာဆာ ပန်းတအိုးထဲထိုး၍ ဘုရားလှုဆုတောင်းတာ။ သပြေသားကို အဆောင်အဖြစ်ဆောင်တာ ။ ပြုလုပ်ခြင်းဖြင့် စိုးရိမ်နေတဲ့ ကိစ္စတွေ တဖြေးဖြေးလျော့ပါးပြီးပြသနာအသွယ်သွယ်မှ မိမိကိုယ်တိုင်လွတ်မြောက်လာမှာဖြစ်ပါတယ်။

ဒီနေရာမှာ ပုံမှန် နာမ်ကောက်ယတြာငယ်ကိုပေးထားတာမဟုတ်ပဲ စကြာဝဠာရဲ့ အင်အားပြင်းတဲ့ ဓာတ်ဂိုဏ်းနဲ့စီရင်ထားတဲ့ဖြစ်တဲ့အတွက် မကျန်းမာနေသူတွေ စီရင်ဖို့မသင့်တော်ပါဖူး။

***အထူးသိထားဖွယ်ရာက​တော့...
စိုးရိမ်နေတဲ့ပြသနာတွေကို ပိုကြိးလာစေမယ့် အခိုက်သဘာဝဖြစ်တဲ့ နှင်းဆီပန်း၊ဂမုန်းတွေကိုအထူးရှောင့်သင့်ပါတယ်***

ဆရာနိုင်ထက်အောင်နဲ့အဖွဲ့အား
​လေးစားစွာဖြင့်

ဆရာ​ဇေယျာနိုင်
​လောကီပညာ

Address

Bago

Telephone

+959444556962

Website

Alerts

Be the first to know and let us send you an email when Sayar Thadoe Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share