GREAT ONE Motel

GREAT ONE Motel Hotel

ရှေးဟောင်းယဥ်ကျေးမှု့များ နှင့် ပုဂံပုဂံ  (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍...
27/04/2024

ရှေးဟောင်းယဥ်ကျေးမှု့များ နှင့် ပုဂံ

ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောငျး၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

ဝေါဟာရရင်းမြစ်

များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု လည်းကောင်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု လည်းကောင်း ပါရှိသည်။

တည်နေရာ

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။

သမိုင်းကြောင်း

ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။

ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။

ပုဂံနိုင်ငံတော်

အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

ပုဂံနိဂုံး

အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက်၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။

ယနေ့ပုဂံ

ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်း၊ ပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အဓိကလှည်ပတ်ရာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားသည်။ ညောင်ဦးမြို့သည် ယခင်က ရွာကြီး ၁၉ရွာစုစည်း၍ ယုန်လွှတ်ကျွန်းအရပ်၌ နန်းတည်စဉ်က ညောင်ဦးရွာဟူ၍ ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၅)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။

မြေမျက်နှာသွင်ပြင်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မြောက်ဘက်တွင် ညောင်ဦး နှင့် တောင်ဘက်တွင် ပုဂံမြို့သစ်တို့ တည်ရှိပြီး ဧရာဝတီမြစ်ဘေး မြန်မာနိုင်ငံအထက်ပိုင်း ကျယ်ပြောလှသော လွင်ပြင်တွင် တည်ရှိသည်။ မန္တလေးမြို့ မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) ကွာဝေးပြီး ရန်ကုန်မြို့မှ မြောက်ဘက် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) အကွာတွင် တည်ရှိသည်။

ရာသီဥတု

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးဖြစ်သည်။

ယဉ်ကျေးမှု

ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မီ အထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။

ပြတိုက်

ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တစ်ခုတည်းသော ရှေးဟောင်းသုတေသနပြတိုက်ဖြစ်သည်။ (၃) ထပ်အဆောက်အဦးဖြစ်ပြီး မြစေတီကျောက်စာမူရင်း အပါအဝင် ရှေးဟောင်းအမွေအနှစ်များကို ပြသထားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏မြောက်ဘက်စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင် ကန်တော့ပလ္လင်ဘုရား တောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကမ္ဘာ့အဆင့်မီ ရှေးဟောင်း သုတေသနပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင်ဖွင့်လှစ်ပြသနိုင်ခဲ့သည်။ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားသည်။၂၀၁၇ခုနှစ်တွင် ကလေးများပြတိုက်ကို ပြတိုက်ကြီး၏ မြောက်ဘက်ရှိရှစ်မြှောင့်ပုံသဏ္ဌာန်အဆောက်အဦ၌ ခင်းကျင်းပြသထားသည်။

နန်းတော်

အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။

သယ်ယူပို့ဆောင်ရေး

ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။ လည်ပတ်စရာအနေဖြင့် e-bike ငှားရမ်းအသုံးပြုနိုင်သည်။

လေကြောင်းလိုင်း

နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။ ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် ၈၀ ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ ရောက်ရှိရန် ကားဖြင့် (၁၅) မိနစ် ခန့် ကြာမြင့်မည် ဖြစ်သည်။

ရထား

ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖောက်ထားသောလမ်းဖြစ်ပြီး ယ္ခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။]မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။

ကားလမ်း

ရန်ကုန်မှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၁၀ နာရီ အသီးသီးကြာမြင့်သည်။ မန္တလေးမှ ပုဂံသို့ ကားလမ်းမှသွားလျှင် ၃ နာရီ နှင့် ၄ နာရီ ကြာမြင့်သည်။
ရေကြောင်း

မန္တလေး - ပုဂံ အသွားအပြန် သင်္ဘောများ ရှိပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ် ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါ ရှိသည်။

ထင်ရှားသည့် ပုဂံဘုရားပုထိုးများ

ရွှေစည်းခုံစေတီ
အလိုတော်ပြည့်ဂူဘုရား
ထီးလိုမင်းလိုဘုရား
အာနန္ဒာဘုရား
ကန်တော့ပလ္လင်ဘုရား
သဗဗြညုဘုရား
ဗူးဘုရား
ရွှေဆံတော်စေတီ
ဓမ္မရံကြီးဘုရား
လောကထိပ်ပန်ဘုရား
မြစေတီ
မနူဟာဘုရား
နန်းဘုရားကျောင်း
လောကနန္ဒာဘုရား
ပြဿဒါးကြီး (ပြဿဒ်ကြီး)
သကျမုနိ
ရှင်ပင်သာလျောင်း
ဂူပြောက်ကြီး
ငှက်ပစ်တောင်ဘုရား(ညောင်ဦး)
စူဠာမဏိဘုရား
ဘုရားသုံးဆူ(ပုဂံ)
သမ္ဘူလဘုရား
တရုတ်ပြေးဘုရားကြီး
အပယ်ရတနာဘုရား
ရွှေဂူကြီး( နန်းဦး) ဘုရား

စွယ်တော်လေးဆူ

ရွှေစည်းခုံစေတီ
တန့်ကြည့်တောင်စေတီ
လောကနန္ဒာစေတီ
တုရင်တောင်စေတီ

ဘုရားပုထိုးများ

ဂူပြောက်ကြီး (ဝက်ကြီးအင်း)
ဂူပြောက်ငယ် (ဝက်ကြီးအင်း)
ဆပဒစေတီ
ကျောက်ဂူဥမင်ဘုရား
ကုန်းတော်ကြီးဂူဘုရား
သကျမုနိဂူဘုရား
ထီးလိုမင်းလိုဘုရား
အာနန္ဒာဘုရား
ရွှေဂူကြီးဘုရား
သံတော်ကြားဘုရား
သဗဗြညုဘုရား
ဓမ္မရံကြီးဘုရား
ရွှေဆံတော်စေတီ
ရှင်ပင်သာလျောင်း
မင်္ဂလာစေတီ
ပုထိုးသားများဂူဘုရား
ကန်တော့ပလ္လင်ဘုရား
မဟာဗောဓိစေတီ
ဗူးဘုရား
ဂူပြောက်ကြီး (မြင်းကပါ)
ဂူပြောက်ငယ် (မြင်းကပါ)
မြင်းကပါစေတီ
ပေါ်တော်မူဘုရား
မနူဟာဘုရား
နန်းဘုရားကျောင်း
အပယ်ရတနာဘုရား
နဂါးရုံဂူဘုရား
စိမ်းညက်အစ်မဘုရား
စိမ်းညက်ညီမဘုရား
နန္ဒာမညာဂူဘုရား
သမ္ဘူလဘုရား
ဘုရားသုံးဆူ
လေးမျက်နှာဂူဘုရား
ဓမ်မရာဇိကဘုရား
စူဠာမဏိဘုရား
မြစေတီ
ပြဿဒါးကြီး (ပြဿဒ်ကြီး)
အလိုတော်ပြည့်ဂူဘုရား
ရှင်မထီးဘုရား
ငကျွဲနားတောင်းစေတီ
လောကထိပ်ပန်ဘုရား
စိုးမင်းကြီးစေတီ
ဖက်လိပ်ဘုရားများ
စေတနာကြီးဘုရား (စည်စနာ)
ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)
တရုတ်ပြေးဘုရားကြီး
ရပ်စောက်ဂူဘုရား
တောင်ပုံလောကနာထ ဂူဘုရား
တိုင်းချွတ်ဂူဘုရား
ပုတ္တလင်ပုထိုး
မြင်းပြဂူဘုရား
ကျဆင်းဂူဘုရား
အဇ္ဇဂေါဏဂူဘုရား
ငလူးဂူဘုရား
စောလှဝန်းဂူဘုရား
မလာဖြစ်ဂူဘုရား
မလုံးဖြစ်ဂူဘုရား
လက်ပွတ်ကန်ဂူဘုရား
သင်္ကန်းရုံဂူဘုရား
သမန်းဂူဘုရား
ဇံသီးဂူဘုရား
ထောက်လှော်ကားဂူဘုရား
တပ်ခလေးဂူဘုရား
ပိန်နဲဂူဘုရား
ဇေယျသွတ်ဂူဘုရား
ကဇွန်းအိုဘုရား
သုံးနယ်ခြားဂူဘုရား
ဆင်များရှင်ဘုရား
ရှင်ပင်သက်ရှည်ဘုရား
သက်တော်ရစေတီတော်
ထီးတန်ဆောင်ဘုရား
ငှက်ပစ်တောင်ဘုရား
နရသီဟပတေ့မင်းကောင်းမှုဘုရား
အိမ်ရာကျောင်းငါးမျက်နှာ
တန်ဆောင်းဂူဘုရား
မြေပုံသာဘုရားလှ(လောကမုနိ)
တာမနိဘုရား
ချောက်ဘုရားလှ
ချောက်ဘုရားလှငယ်
ဂူနီဘုရား

အထင်ကရ နေရာများ

ပုဂံမြို့ဟောင်း
ပုဂံမြို့သစ်
ပုဂံရှေးဟောင်းသုတေသနပြတိုက်
ပုဂံနန်းတော်ရာ
သရပါတံခါး
ငှက်ပစ်တောင်
မြင်းကပါ
ဥပါလိသိမ်
နတ်လှောင်ကျောင်း
ရှင်အာနန္ဒာအုတ်ကျောင်း
ကျန်စစ်သားဥမင်
မြကန် -ပိဋကတ်တိုက်
မီးမလောင်ကျောင်း
စိုးမင်းကြီးကျောင်း
အာမနာကျောင်း -ဖွားစောရွာ -မင်းနန်သူရွာ
သူဌေးမုခ်ဂူ
ကျောက်စာဂူ
စာသင်ဂူ
တုရင်တောင်
မြကန်စက္ကူတိုက်
တန့်ကြည့်တောင်
သမီးဝှက်ဥမင်နှင့် မြားသဂူ
သီရိပစ္စယာ

#သွားမယ်&တည်းမယ်

Credit
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

15/04/2024

မဂ်လာပါ

15/04/2024

မဂ်လာပါ ။

14 May 2023After Cyclone Mocha.
19/05/2023

14 May 2023
After Cyclone Mocha.

၁၃၈၅ ခုနှစ် နှစ်သစ်မဂ်လာ မှ စချစ်ရတဲ့ မိတ်ဆွေ များ ဧည့်သည်များကျန်းမာ ချမ်းသာကြပါစေ အောင်မြင်ကြပါစေ။၀၉၉၄၀၀၆၅၅၇၇၀၉၉၄၀၀၆၅၅...
16/04/2023

၁၃၈၅ ခုနှစ် နှစ်သစ်မဂ်လာ မှ စ
ချစ်ရတဲ့ မိတ်ဆွေ များ ဧည့်သည်များ
ကျန်းမာ ချမ်းသာကြပါစေ အောင်မြင်ကြပါစေ။
၀၉၉၄၀၀၆၅၅၇၇
၀၉၉၄၀၀၆၅၅၈၈
ဝ၉၆၆၂၅၀၅၅၇၇
၀၉၆၆၂၅၀၅၅၈၈

14/04/2023
Great One Motel ထိမ်းမြားခြင်း မဂ်လာပွဲ ပြုလုပ်ပေးသည့်အစီအစဥ် မှာ ကြွရောက် ချီးမြှင့် ဂုဏ် ပြု အားပေး ခဲ့ကြသောဆွေမျိုး မ...
02/12/2022

Great One Motel
ထိမ်းမြားခြင်း
မဂ်လာပွဲ ပြုလုပ်ပေး
သည့်အစီအစဥ်
မှာ ကြွရောက် ချီး
မြှင့် ဂုဏ် ပြု အားပေး ခဲ့ကြသော
ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်း များ အား အထူးကျေးဇူး တင်ရှိပါသည်။

🎍🌷🎍သာသနာတော်နှစ် ၂၅၆၆🎍🌷🎍        🌻ကောဇာသက္ကရာဇ် ၁၃၈၄-ခုနှစ်🌻              ဝါခေါင်လ‌ပြည့်ကျော် (၂) ရက်နေ့၊🔸..................
13/08/2022

🎍🌷🎍သာသနာတော်နှစ် ၂၅၆၆🎍🌷🎍
🌻ကောဇာသက္ကရာဇ် ၁၃၈၄-ခုနှစ်🌻
ဝါခေါင်လ‌ပြည့်ကျော် (၂) ရက်နေ့၊
🔸.........................🔹🎍🔹....….................🔸
ခရစ်နှစ် ၂၀၂၂ - ခုနှစ် ၊ ​ဩဂုတ်လ (၁၃) ရက် ၊
(စနေနေ့)
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

🍚 ၁၇ - ကြိမ်မြောက် အရုဏ်ဆွမ်းကုသိုလ်ရှင် 🍚
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

#ဦးစိုးပိုင် (မွေးနေ့ကုသိုလ်) + ဒေါ်စန်းစန်းတင့်
(သား) ကိုလှိုင်မျိုးအောင် ၊
(သမီး) မလဲ့ရည်နှင်း ၊ မသိမ့်သိမ့်သူ
🍁ရွှေမြို့သူ - ဆန်ပွဲရုံ နှင့် Great One Motel🍁
မိသားစု ကောင်းမှု။
တိုးချဲ့ရပ် ၊ ချောက်မြို့ တို့က

🍚 အရုဏ်ဆွမ်းအလှူတော်ကို

#မြို့ပေါ်ကျောင်းတိုက်များ၌
ဘုရားအမှူးရှိသော_သီတင်းသုံး_သာသနာပြုတော်မူကြကုန်သည့် စာချ / စာသင်
သံဃာတော် အရှင်မြတ်များ၏
ပဋိပတ်၊ ပရိယတ် အစရှိသော ဂုဏ်တို့ကို
အာရုံယူ၍ ကြွသံဃာတော်အပါး (၂၉၁) တို့အား ကျန်းမာချမ်းသာစွာ သာသနာ ပြုနိုင်ပါစေခြင်းအကျိုးငှါ သဒ္ဓါကြည်ဖြူ ကုသိုလ်ယူ လှူဒါန်းဆက်ကပ်ပါသည်။

#ဆွမ်း
#ကြက်သားကြော်
#ရွှေဖယုံသီးနှပ်
#သရက်ချဉ်သုပ်
#ငရုတ်သီးကြော်

မြတ်ဆုမွန်
🌷🌷🌷🌷

#ကုသိုလ်ရှင်မိသားစုများ ၊ ဆွေမျိုးမိတ်ဆွေ ညီအစ်ကို မောင်နှစ်မများ ၊ မြန်မာနိုင်ငံသူ ၊ မြန်မာနိုင်ငံသား ၊ ကမ္ဘာသူ/ကမ္ဘာသားအားလုံး အန္တရာယ်အပေါင်း ၊ ဘေးအပေါင်း ၊ ရန်အပေါင်း ၊ အနှောက်အယှက်ပေါင်း ၊ ရောဂါအပေါင်းနှင့်တကွ အမျိုးမျိုးသော ဒုက္ခအပေါင်းတို့မှ ကင်းစင်လွန်မြောက် ဘေးမရောက်ကြကုန်သည်ဖြစ်၍ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ။

#မဂ်ချမ်းသာ_ဖိုလ်ချမ်းသာ_နိဗ္ဗာန်ချမ်းသာ
မြတ်ကိုလည်း လွယ်ကူသောအကျင့် ၊ လျင်မြန်သောအသိဉာဏ်တို့ဖြင့် မိမိတို့ ရည်မှန်းထားသည့်အတိုင်း မျက်မှောက်ပြုနိုင်ကြပါစေ။

သက်ရှည်ကျန်းမာ
စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ
🌷🌷🌷🌷🌷

#နတ်လူသာဓုခေါ်စေသောဝ်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Address

No. 15, Yangon/Pyay Road 2
Chauk
123456

Telephone

+959940065577

Website

Alerts

Be the first to know and let us send you an email when GREAT ONE Motel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GREAT ONE Motel:

Share

Category